Mei Awm Law
Showing posts with label ကဗျာဘွဲ့မှူး. Show all posts
Showing posts with label ကဗျာဘွဲ့မှူး. Show all posts

(၁) နှစ်ပြည့်ခရီးသည်


ဘာလိုလိုနဲ့ တစ်နှစ်ပြည့်သွားပြီ
ကဗျာလေးတွေ စာလေးတွေ
နဲ့
ရင်ထဲက ဘာညာ ဘာညာ
တွေပေါ့.....

ဘာလိုလိုနဲ့ တစ်နှစ်ပြည့်သွားပြီ
လူသူကင်းမဲ့ မြို့မကျလည်း
တစ်ပိုင်းတစ်စ အလွမ်းသီချင်းလေးကျူးရင်း
အသည်းကွဲ ကဗျာလေးတွေ
တစ်ပိုင်းတစ်စသီကုံးရင်း
နေ့ရွေ့ ညရွေ့ ကိုယ်တစ်တည်း
ဒီခရီးမှာ ပျော်တတ်ပြီ....

ဘာလိုလိုနဲ့ တစ်နှစ်ပြည့်သွားပြီ
မီးရောင်စုံတွေ လင်းလက်
ပျိုမေတွေ ယိမ်းနွဲ့နေတဲ့
နိုက်ကလပ်ထက်
ဒီနေရာမှာ ငါပျော်တယ်
ဒီနေရာက ငါ့အသည်းနှလုံး
ဒီနေရာက ငါ့အဖော်
ဒီနေရာမှာ ငါရှိနေမယ်
နက်ဖြန် ဆိုတာ ပိုင်ဆိုင်သရွေ့ပေါ့....

၂၆.၃.၂၀၁၁ မှာဖွင့်လိုက်တဲ့ ဒီဘလောက်လေးဟာ ဒီနေ့တော့ တစ်နှစ်ပြည့်သွားပြီ။ကျနော် ဆိုက်ဖွင့်စက ဘလောက်လုပ်နည်း စာအုပ်ကို ပို့ပေးတဲ့ ကို မင်းသုခ၊ ဘလောက်လုပ်စက header logo ထည့်တာ ဓာတ်ပုံကြီးလွန်းတယ် ဘယ်လိုလုပ်မလဲလို မေးတော့ paint နဲ့ ဖွင့်ပြီးဓာတ်ပုံကို ပြန်ညှိပေးပါ ဆိုတဲ့ ကိုသံလုံငယ် နည်းပညာ၊ သူ့ရဲ့ blogg scoll ကိုသဘောကျလို ကျနော်လည်းလိုချင်တယ်လို မေးပို့လိုက်တော့ ကုတ်တွေရေးပေးပြီ မထည့်တတ်ဘူးလုပ်ပါဦးလို့ ပြန်ပြောတော့ b-skin ရဲ့အပေါ်လေးနားမှာ ထားပေးပါ ဆိုတဲ့ ကို kp3၊

ကျနော့်ဆိုက်လေးမှာ ပထမဦးဆုံး မင်ဘာ ၀င်ပေးတဲ့ သူငယ်ချင် မောင်မောင်နဲ့ နော်ဆုံး မင်ဘာဝင်ပေးတဲ့ Swe Swe Tin၊ Cbox မှာ ပထမဆုံး တောင့်တလွန်းလို့ ကိုယ်ထင်ပြတာ အရှင် ရုပ်ဆိုး ဆိုတဲ့ ကိုမင်းဧရာ အခုတော့ နွေတေးရှင်၊
ကျနော်က comment ရမှာမဟုတ်ဘူး ဆိုပြီး ပိတ်ထားတာ ကော်မင် ဖွင့်ပေးပါ မန့်ချင်လို့ဆိုပြီး ဖွင့်လိုက်တော့ တစ်ယောက်တည်း မညိုမညင် ကော်မန် တွေလာလာပေးပြီး ဂီတာတီးပြီး ပြန်သွားတတ်တဲ့ အစ်မ စပါယ်ချို၊ဆိုက်ကို ရောက်လာတိုင်း လက်နှစ်ချောင်းထောင်လိုက် လက်မ ထောင်လိုက်နဲ့ အားပေးတတ်တဲ့ ညီမလေး ကန်ဒီခိုင်၊

cbox နောက်ခံ ဓာတ်ပုံထည့်နည်းကို ပုံနှင့်တကွ စိတ်ရှည် လက်ရှည် ရေးပေးပြီး ဘလောက်ကာ စုစည်းမှုမှာ လိဒ်ချိတ်ပေးတဲ့ အစ်ကို နေမင်းမောင် နည်းပညာ၊ ဘလောက်ဂါ များရဲ့ပိုစ်များမှာလိဒ်ချိတ်ပေးတဲ့ ကိုဇော်၊ISSUU.COM မှာ စာအုပ်တင်နည်းကိုရေးပေးတဲ့ ပုသိမ်သားလေး ဖြိုးဝေ နည်းပညာ၊

Blogg template ခဏ ခဏ ပျက်တာနဲ့ မပျက်အောင် လုပ်နည်းရေးပေးတဲ့ ကိုစံပီး နည်းပညာ၊မေးလိုက်တိုင်းပြန်ဖြေပေးပြီး ဓာတ်ပုံတွေ edit လုပ်လို့ရတဲ့ ဆောပ်ဝေးယားတွေ တင်ပေးတဲ့ အစ်ကို မောင်းတစ်လုံး၊ဆိုက်ကိုရောက်လာတိုင်း ခြေရာ လက်ရာတွေ အမြဲချန်ထားတတ်တဲ့ အန်တီတင့် နှင့် နာမည်မဖော်ပြပဲ မေ့ကျန်တဲ့ သူငယ်ချင်း ဘလောက်ကာများ နေ့တိုင်းလာရောက် အားပေးတဲ့ သူငယ်ချင်းများ

စတဲ့ စတဲ့ သူငယ်ချင်းများ အားလုံး အားလုံးကို အထူး အထူးပဲ ကျေးဇူးတင်ရှိကြောင်း.................
ဇက်ဗီလင်းတန်း


Thank.

ရင်ခုန်မှတ်တမ်းများ-ကဗျာဘွဲ့မှူး



01-ရှင်နဲ့ကျွန်မ
02-မင်းရည်းစားသိရဲ့လား
03-တစ်ခါတစ်လေတော့လည်း
04-ကို
05-ပုံပြင်ဟောင်း
06-တစ်ယောက်တည်းငိုမယ်
07-သတိရရင်ပြီးတာပဲ
08-ဟန်ဆောင်သူအနမ်း
09-မောင်အသည်းမခွဲနဲ့
10-အသက်လို

သီချင်းအသစ်တော့ မဟုတ်ဘူး။ကျွန်တော် နားဆင်ဖူးတဲ့ သီချင်းဟောင်းတွေကို အွန်လိုင်းပေါ်မှာ ရှာဖွယ်စုစည်းထား ပါတယ်။ ဒီသီချင်းကတော့ http://www.myanmarmusic.homeip.net/music_vcds/Kabyar/index.htmlမှဆွဲလာတာပါ။အားလုံးပျော်ရွှင်နိုင်ကြပါစေ။
Back to Top