Showing posts with label ဇက်ဗီလင်းတန်း. Show all posts
Showing posts with label ဇက်ဗီလင်းတန်း. Show all posts
သူငယ်ချင်းများသို့ အထူးတောင်းပန်ခြင်း
ဓမ္မသီချင်းများစုစည်းထားတဲ့ ဘလောက်လေး ဆိုက်နာမည် စမ်းကြည့်ရင်းနဲ့ ပြောင်းသွားလို့ လိဒ်ချိတ်ပေးသူများကို အားနာလို့ တောင်းပန်ပါတယ်။အားပေးချင်ရင်တော့ အသစ်ပြန်ချိတ်ပေးကြပါလို့ တောင်းဆိုပါရစေ။လိဒ်စာကတော့ atetsanyei.blogspot.no ဖြစ်ပါတယ်။ ဓမ္မတေးသီချင်းတွေကို album အလိုက် စုစည်းထားပါတယ်။ လမ်းကြုံရင် ၀င်ရောက်အားပေးကြပါလို့။ ဘလောက်နာမည် ကိုလည်းပြောင်းထားပါတယ်။ အသက်စမ်းရေပါ။အားလုံးကိုကျေးဇူးတင်လျက်
(၁) နှစ်ပြည့်ခရီးသည်
ဘာလိုလိုနဲ့ တစ်နှစ်ပြည့်သွားပြီ
ကဗျာလေးတွေ စာလေးတွေ
နဲ့
ရင်ထဲက ဘာညာ ဘာညာ
တွေပေါ့.....
ဘာလိုလိုနဲ့ တစ်နှစ်ပြည့်သွားပြီ
လူသူကင်းမဲ့ မြို့မကျလည်း
တစ်ပိုင်းတစ်စ အလွမ်းသီချင်းလေးကျူးရင်း
အသည်းကွဲ ကဗျာလေးတွေ
တစ်ပိုင်းတစ်စသီကုံးရင်း
နေ့ရွေ့ ညရွေ့ ကိုယ်တစ်တည်း
ဒီခရီးမှာ ပျော်တတ်ပြီ....
ဘာလိုလိုနဲ့ တစ်နှစ်ပြည့်သွားပြီ
မီးရောင်စုံတွေ လင်းလက်
ပျိုမေတွေ ယိမ်းနွဲ့နေတဲ့
နိုက်ကလပ်ထက်
ဒီနေရာမှာ ငါပျော်တယ်
ဒီနေရာက ငါ့အသည်းနှလုံး
ဒီနေရာက ငါ့အဖော်
ဒီနေရာမှာ ငါရှိနေမယ်
နက်ဖြန် ဆိုတာ ပိုင်ဆိုင်သရွေ့ပေါ့....
၂၆.၃.၂၀၁၁ မှာဖွင့်လိုက်တဲ့ ဒီဘလောက်လေးဟာ ဒီနေ့တော့ တစ်နှစ်ပြည့်သွားပြီ။ကျနော် ဆိုက်ဖွင့်စက ဘလောက်လုပ်နည်း စာအုပ်ကို ပို့ပေးတဲ့ ကို မင်းသုခ၊ ဘလောက်လုပ်စက header logo ထည့်တာ ဓာတ်ပုံကြီးလွန်းတယ် ဘယ်လိုလုပ်မလဲလို မေးတော့ paint နဲ့ ဖွင့်ပြီးဓာတ်ပုံကို ပြန်ညှိပေးပါ ဆိုတဲ့ ကိုသံလုံငယ် နည်းပညာ၊ သူ့ရဲ့ blogg scoll ကိုသဘောကျလို ကျနော်လည်းလိုချင်တယ်လို မေးပို့လိုက်တော့ ကုတ်တွေရေးပေးပြီ မထည့်တတ်ဘူးလုပ်ပါဦးလို့ ပြန်ပြောတော့ b-skin ရဲ့အပေါ်လေးနားမှာ ထားပေးပါ ဆိုတဲ့ ကို kp3၊
ကျနော့်ဆိုက်လေးမှာ ပထမဦးဆုံး မင်ဘာ ၀င်ပေးတဲ့ သူငယ်ချင် မောင်မောင်နဲ့ နော်ဆုံး မင်ဘာဝင်ပေးတဲ့ Swe Swe Tin၊ Cbox မှာ ပထမဆုံး တောင့်တလွန်းလို့ ကိုယ်ထင်ပြတာ အရှင် ရုပ်ဆိုး ဆိုတဲ့ ကိုမင်းဧရာ အခုတော့ နွေတေးရှင်၊
ကျနော်က comment ရမှာမဟုတ်ဘူး ဆိုပြီး ပိတ်ထားတာ ကော်မင် ဖွင့်ပေးပါ မန့်ချင်လို့ဆိုပြီး ဖွင့်လိုက်တော့ တစ်ယောက်တည်း မညိုမညင် ကော်မန် တွေလာလာပေးပြီး ဂီတာတီးပြီး ပြန်သွားတတ်တဲ့ အစ်မ စပါယ်ချို၊ဆိုက်ကို ရောက်လာတိုင်း လက်နှစ်ချောင်းထောင်လိုက် လက်မ ထောင်လိုက်နဲ့ အားပေးတတ်တဲ့ ညီမလေး ကန်ဒီခိုင်၊
cbox နောက်ခံ ဓာတ်ပုံထည့်နည်းကို ပုံနှင့်တကွ စိတ်ရှည် လက်ရှည် ရေးပေးပြီး ဘလောက်ကာ စုစည်းမှုမှာ လိဒ်ချိတ်ပေးတဲ့ အစ်ကို နေမင်းမောင် နည်းပညာ၊ ဘလောက်ဂါ များရဲ့ပိုစ်များမှာလိဒ်ချိတ်ပေးတဲ့ ကိုဇော်၊ISSUU.COM မှာ စာအုပ်တင်နည်းကိုရေးပေးတဲ့ ပုသိမ်သားလေး ဖြိုးဝေ နည်းပညာ၊
Blogg template ခဏ ခဏ ပျက်တာနဲ့ မပျက်အောင် လုပ်နည်းရေးပေးတဲ့ ကိုစံပီး နည်းပညာ၊မေးလိုက်တိုင်းပြန်ဖြေပေးပြီး ဓာတ်ပုံတွေ edit လုပ်လို့ရတဲ့ ဆောပ်ဝေးယားတွေ တင်ပေးတဲ့ အစ်ကို မောင်းတစ်လုံး၊ဆိုက်ကိုရောက်လာတိုင်း ခြေရာ လက်ရာတွေ အမြဲချန်ထားတတ်တဲ့ အန်တီတင့် နှင့် နာမည်မဖော်ပြပဲ မေ့ကျန်တဲ့ သူငယ်ချင်း ဘလောက်ကာများ နေ့တိုင်းလာရောက် အားပေးတဲ့ သူငယ်ချင်းများ
စတဲ့ စတဲ့ သူငယ်ချင်းများ အားလုံး အားလုံးကို အထူး အထူးပဲ ကျေးဇူးတင်ရှိကြောင်း.................
ဇက်ဗီလင်းတန်း
Thank.
သူတို့ စိတ်ထား
လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကပါ။ ဆရာမက ပရိဘောဂတွေ လိုချင်သလားတဲ့....ပေးမလား.. လိုချင်တာပေါ့။ အလကားရမယ် ဆိုရင် ခြေမြန်လက်မြန် ယူတတ်တဲ့ ကျနော်။ အလကား ရတာလေ... မကြိုက်ရင်လည်း အမှိုက်ပစ်တဲ့ နေရာမှာ သွားပစ်ရုံပေါ့...ဘာပင်ပန်းတာ မှတ်လို့ ဟဲဟဲ။
ဆရာမက ဒါဆိုရင် စနေနေ့မှာ လာကြည့်ပေါ့။ ဆရာမ ဘယ်ကို လာကြည့်ရမလဲ။ ဆရာမက မင်းအိမ်နားမှာပါ..... အော်ခက်လိုက်တာ... ဒီနိုင်ငံမှာက ကိုယ့်အိမ်နီးနားချင်းတွေ တောင် မရင်းနှီးကြတာ။ ကိုယ့်အိမ်မှာနေ ကိုယ့်ထမင်းကိုစား ကိုယ့်အလုပ်ကိုလုပ် တစ်သက်လုံးပေါ့နော်။
အိမ်နီးနားချင်းတွေနဲ့ ခင်မင်ဘို့က မလွယ်ဘူး။ ခင်မင်ရင်းနှီးရင်တောင်မှ မနက်ညနေ အလုပ်သွား အလုပ်ပြန် လမ်းမှာဆုံဖြစ်ရင် ဟဲလိုး...နေကောင်းလား ဒီလောက်ပဲ ပြောဖြစ်တယ်။ လူတိုင်းက နာရီနဲ့ အလုပ်လုပ်တော့လည်း လေကြိုးရှည်ဖို့က အချိန်မရှိဘူး။
ကျနော်က ဆရာမနဲ့ ကျောင်းမှာ သိတာပါ.... ကျနော့်အိမ်နီးနားချင်းက ဆရာမရဲ့ မိတ်ဆွေ ဆိုတော့က အားလုံး ချိတ်ဆက်ကုန်တော့တာပေါ့။ သူတို့က အဝေးကို ပြောင်းရွှေ့ချင်လို့တဲ့။ ပရိဘောဂတွေ မသယ်နိုင်ကြဘူး။ သယ်ခနဲ့ အသစ်ဝယ်ရင် ကုန်ကျစရိတ်က မထူးလို့ပါ။ ထမင်းအိုး ကွဲလို့ ခွေးကံကောင်းတယ် ဆိုသလိုပေါ့....ကျနော် ကံကောင်းတော့တာပဲ ဟဲဟဲ......
သူတို့ပစ္စည်းတွေက အဟောင်းဆိုင်မှာ သွားပေးဖို့လည်း သူတို့နှမျောတယ်တဲ့။
ဒီလိုနဲ့ စနေနေ့မှာ သွားကြည့်တော့ ပရိဘောဂတွေက တကယ့်အကောင်းစားတွေပဲ။ ကျနော့မှာလည်း ရှိပါတယ်။ ဒါပေမယ့် ကျနော်က ဈေးပေါတဲ့ ဟာတွေဝယ်တော့ အသားကညံ့တာပေါ့။ အခုသူပေးမယ့် ပရိဘောဂတွေက သစ်သားစစ်စစ်တွေ။ အခုပေါက်ဈေးနံ့ အသစ်သွားဝယ်မယ်ဆိုရင် အနည်းဆုံး သောင်းဂဏန်းတော့ ပေးရမှာ သေချာတယ်။ အလကားရမယ် ဆိုတော့လည်း အေး ယူမယ် ယူမယ် ပြောတာပဲ။
ဒါနဲ့ သူက ဒီနေ့တော့ ကျနော် ခေါက်တုတ် ခေါက်ပြန် ကားမောင်း စရာရှိတယ် ...နောက်နေ့ တနင်္ဂနွေနေ့ ၁၀ နာရီမှာ အေးဆေး လာသယ်ပါတဲ့။ ကျနော်လည်း ပစ္စည်းတွေ သဘောကျတော့ မြန်မြန် အေးအေးးးး ပြောတာပဲ။
နောက်နေ့ တနင်္ဂနွေနေ့ ၁၀ နာရီ ကွက်တိ သွားတယ်... အိမ်ရှေ့ ခေါင်းတီးတယ်။ အိမ်ရှင် တံခါးလာဖွင့်ပေးတယ်... မင်္ဂလာ နံနက်ခင်းပါတဲ့ သူကနှုတ်ဆက်တယ် ကျနော်ကလည်း ပြန်နှုတ်ဆက်တယ်... အိမ်ရှင်က အထဲကို ကြွပါ ကြွပါတဲ့။
အထည်းကိုရောက်တော့ ဒီလောက်များတဲ့ ပရိဘောဂတွေ... သူသေချာ ဖုန်တွေ ညစ်ပတ်တံ့ ဟာတွေ အကုန်ဆေးတယ်။ ဖုန်တွေ သုတ်တယ်။ ကျနော်ရောက်တော့ အားလုံး ပြီးခါနီးပြီ စာအုပ်စင်တစ်ခုပဲ ကျန်တယ်။ ကျနော်က ပြောတယ် အိမ်ရောက်ရင် သုတ်ပါ့မယ် မလုပ်ပါနဲ့ ပြောတော့ သူက...ရတယ် ရပါတယ်တဲ့...........
သူက အကုန်လုပ်တယ် အိမ်ရောက်ရင် ဘာမှ ထပ်လုပ်စရာ မလိုဘူး။ဒီနေရာမှာ ကျနော့စိတ်ထားနဲ့ သူတို့ စိတ်ထား လုံးဝလုံးဝ ခြားနားလွန်းတယ်။
ဒီနေရာမှာ ကျနော်သာဆိုရင်...ဒီလောက်ကောင်းပြီး ဒီလောက်ဈေးကြီးတဲ့ ပစ္စည်းတွေ အလကားပေးတာပဲ.... ဖုန်လေးကတော့ အိမ်ရောက်ရင် သူ့ဟာသူ သုတ်ပါစေ..ဒီလိုလုပ်မှာ...ဒါငါ့ စိတ်ထဲရှိတဲ့ စိတ်ထား အမှန်ပဲ။
ဒါပေမယ့် သူတို့ဆီမှာတော့ ဒီလို မဟုတ်ဘူး။သူတို့ပေးတဲ့ ပစ္စည်း သန့်သန့် ရှင်းရှင်း လှလှပပ ပေးမှ သူတို့ကျေနပ်တာ။ သူတို့ဆီမှာ ဒီလို စိတ်ထားရှိတာကိုး။ကျနော် သဘောပေါက်လိုက်တယ်။ ကျနော့ စိတ်နဲ့ နှိုင်းယှဉ်ကြည့်တော့ ကျနော် ရှက်မိတယ်။
ကျနော်ကတော့ ပစ္စည်းတွေ အလကားရလာတာ ပျက်ချင်ပျက် မယ် လွှတ်ချင် လွှတ်ပစ်မယ်.... ဒါပေမယ့် သူတို့ဆီက ရလာတဲ့ စိတ်ဓာတ်လေးကိုတော့ ကျနော် မလိုက်လျှောက်နိုင်ရင်တောင်မှ ဘယ်တော့မှ မေ့မှာတော့ မဟုတ်ဘူး။
ကျနော့် စိတ်ထားနဲ့ သူတို့ စိတ်ထား လုံးဝ ခြားနားသောကြောင့် သူတို့ စိတ်ထားကို မချီးကျူးပဲ မနေနိုင်လို့ မရေးတတ်ပေးမယ့် ဒီပိုစ်လေးကို ကြိုးစားပြီးရေးလိုက်ပါတယ်။
အားလုံးကို ခင်မင်လျက်
ဇက်ဗီလင်းတန်း
ရှက်စရာကျွန်ုပ်ဘဝ နဲ့ မြန်မာ့လျှပ်စစ်မီး
နားကြားများလွဲနေသလားတော့ မသိဘူး။ BBC ကိုနားထောင်ရင်း မြန်မာပြည်မှာ လျှပ်စစ်မီးတွေ ပိုလျှံလို့ တရုတ်ပြည် ကိုထုတ်ရောင်းတော့ မယ်ဆို။ ကျွန်တော် ပထမတန်း ကစပြီး ၄ တန်းအထိ ထင်းရှူးမီးနဲ့ပဲ စာဖတ်ခဲ့ရတယ်။ ထင်းရှူးမီးနဲ့ စာဖတ်တယ် ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ နာရီ ၃ချက်လောက်ဖတ်ရင် နှာခေါင်းပေါက်တွေ အကုန်မဲ၊မျက်ခွက်တွေ လည်း အကုန်မဲ တစ်ကိုယ်လုံး ထင်းရှူးနံ့နဲ့ သင်းတော့ တာပါပဲ။ အာခေါင်ခြောက်ပြီး ချောင်းတွေ ဆိုးတတ်ပါတယ်။
ထင်းရှူးတိုင်းလည်း မီးထွန်းလို့မရပါ။ တောတောင်တွေ ထဲသွားပြီး ခက်ခက်ခဲခဲရှာဖွယ်ရတယ်။ အသက်ကြီးပြီး သေဆုံး တဲ့ထင်းရှူးတွေ ပုပ်ပြီးမှ အဆီစုတဲ့ နေရာတွေတာ မီးထွန်းလို့တာပါ။ ဒီလို မူလတန်း ဘဝကို ဖြတ်သန်းခဲ့ရတယ်။
အလယ်တန်းရောက်တော့ ရေနံဆီ၊ဓာတ်ဆီ၊ဒီဇယ်နှင့် ဖယောင်းတိုင် တွေ နဲ့ ဖတ်ရတယ်။ ဓာတ်ဆီ ကို မီးခွက်ထဲထည့် တာ အရန်းလည်း အန္တရာယ် ကြီးပါတယ်။ မြို့ကြီး ပြကြီးမှာ နေတဲ့ သူငယ်ချင်းတွေကတော့ သိမှာ မဟုတ်ဘူး။ ၁ နှစ်အတွက် ရေနံဆီ ၁ ပုလင်း ၂ ပုလင်း လောက်ပဲ ဝယ်ပေးကြတာ ဆိုတော့။ မိုးမချုပ်မီ သေချာ အိမ်စာတွေ ပြီးအောင်လုပ်ပေါ့။ ရေနံဆီ ဟာ တကယ့် စာမေးပွဲ နီးခါမှ သုံးရတယ်။ဖရောင်းတိုင် သုံးနိုင်တံ့ လူတွေ ကတော့ ဝန်ထန်းသားသမီးတွေပါ။ ဒီလိုနဲ့ အလယ်တန်းကို ကျော်ဖြတ်ခဲ့ရတယ်။
အထက်တန်းရောက်တော့မှ လျှပ်စစ်မီးဆိုတာ မြင်ဖူးတယ်။ ကျွန်တော်တို့ ချင်းပြည်မှာ လောပီတ ရေအားလျှပ်စစ်မရောက်လာပါ။ ရောက်တဲ့ နေရာ ရှိသလားမသိဘူး။ကျွန်တော်တို့မြို့ဘက်တော့ မရောက်လာပါ။ ဆီ၊စက်နဲ့ ထွန်းတဲ့ လျှပ်စစ်မီးပါ။ စာမေးပွဲကြီးနီးပြီ ကျောင်းသားတွေ စာကျက်ချိန် ဆိုပေမယ့် မီးက ၁၂ နာရီ အထိပဲလာတယ်။ မီးလာတယ် ဆိုပေမယ့် စာဖတ်မယ့် မီးသီးက ခရမ်းချည်သီးလိုပဲ။ မလင်းဘူး နီပဲနီတယ်။ ခရမ်းချည်သီးကတော့ အားလုံးသိမယ်ထင်တယ်။
ဒီမှာ ခရမ်းချင်သီး
စာကြည့် စာပွဲပေါ်မှာ ခရမ်းချည်သီး တစ်လုံး သီးခိုင်းပြီး အောက်မှာ ဖယောင်းတိုင် ပြန်ထွန်းပေးတယ်။ မလေးရှား နည်းပညာနဲ့ ပြောင်းပြန်ပေါ့။ မလေးရှားမှာတော့ အပေါ်မှာ မီးထွန်းပေးပြီး အောက်မှာ ခရမ်းချည်သီး သီးခိုင်းတာ။
ကျွန်တော်ရောက်တဲ့၊ကချင်ပြည် ရှမ်းပြည် မှာလည်း စက်မီးတွေ သုံးတာများပါတယ်။ ကျွန်တော်တို့မြို့မှာ ဗီဒီယို ကြည့်ရင် ၁၀ နာရီ ဆိုရင် ဇာတ်လမ်းမပြီးခင် မီးက ပြတ်နေပြီ။ ပိုင်ရှင်က ကိုယ်ပိုင် စက်လေးပြန်နိုးရ။ လာကြည့်တဲ့ အမူးသမားတွေ ဆူလိုက် ဆဲလိုက်နဲ့ ဆိုင်ရှင်ခများ သနားစရာပဲ။
ရန်ကုန်ရောက်တော့လည်း လျှပ်စစ်မီးပဲ။ ကျွန်တော်တည်းတဲ့ အိမ်မှာ သူတို့မိသားစုက ၁၀ ယောက် ဧည့်တည်ကလည်း ၁၀ ယောက်လောက် ဆိုတော့ မီးမလာရင် ငရဲပြည်လိုပါပဲ။ ပန်ကာက မလှုပ်နိုင် ပူလိုက်တာ။ လျှပ်စစ်မီးလာရင် တော့ စားဖို့ ထမင်း ဟင်း ခလုပ်ကလေး နှိပ်လိုက်ရုံပဲ။ မီးမလာတဲ့ နေ့မှာ အိမ်ရှင်မ ခများ လူ ၂၀ ယောက်စားဖို့ မီးသွေးနဲ့ ထမင်းဟင်းချက်ရရှာတယ်။ တိုက်ခန်းမှာ ပူတဲ့ကြားထဲ မီးမွှေးတော့ ပိုပူလာတာပေါ့။ အမလေး ငရဲ ငရဲ...
မနက်မိုးလင်းခါနီး နည်းနည်းအေးတဲ့ အချိန်လေးမှာ ခဏလေးမှေးချင်ပေမယ့် အိမ်ရှင်မက မီးလာတုန်း မော်တာနဲ့ ရေတင်ကြပါတဲ့။ အိပ်မက်လိုလို တကယ်လိုလို မကြားတကြား မရမက ထပြီး ရေကန်မှာ ရေအပြည့်ထည့် ရှိသမျှ ဗူး အကြီးအသေးမှာ ရေဖြည့်ပေးရတယ်။ အပါပါ...ရန်ကုန်လျှပ်စစ်ပြဿနာ။
ဟုတ်မဟုတ်တော့ သေချာ မသိဘူး။ ကျွန်တော် ကြားဖူးတာက လောပီတ ရေအားလျှပ်စစ် သူတို့မရလို့ အဆိုတော် စိုင်းထီးဆိုင်...(ဖြတ်တော့ဖြတ်တယ် မနားတယ်) လို့ သီချင်းလေး ဆိုတာနဲ့ အဲဒီအခွေ ထွက်ခွင့် မပေးဘူးလို့ ကြားဖူးတယ်။ဟိုမှာလည်း မရဘူးနဲ့ တူတယ်။
အခု ဒီမှာ ဖယောင်းတိုင် တစ်တိုင်ထွန်းတော့ ဘာမှ သိပ်မမြင်ရဘူး မှောင်နေတာပဲ။ ဖယောင်းတိုင် တစ်တိုင်ထွန်းလိုက်တိုင်း ကျွန်တော် ငယ်ငယ်တုန်းက ဘယ်လို စာဖတ်ခဲ့သလဲ လို့ ကိုယ့်ကိုကိုယ် ပြန်မေးနေမိသည်။
အခုတော့ တိုးတက်နေပြီးလို့ ကျွန်တော် ပြောနေတာ မဟုတ်ဘူး။ အခုလည်း ကျွန်တော့်လို ခက်ခဲနေဆဲ လူတွေ ရှိနေဆဲပါ။ ဒါပုံပြင် မဟုတ်ပါ...တကယ်လို့ ကျွန်တော် ပြောတာ မယုံရင် တခြားသွားစရာမလို ပါ။ ချင်းပြည်မှာ သွားရောက်လေ့ လာနိုင်ပါတယ်။
မြန်မာပြည်မှာ လျှပ်စစ်မီးပိုလျှံတယ် ဆိုတာ လုံးဝလုံးဝ မဟုတ်ကြောင်းပါ။
လာဖတ်ပေးသူကို ကျေးဇူးတင်လျက်.......ဇက်ဗီလင်းတန်း
ရေသူမလေးပုံပြင်
ဒီပုံကတော့ ရေသူမ ပုံမဟုတ်ဘူး။ချင်းမလေး ဂျပ်ခုပ်ပုံပါ။
ရေသူမလေးပုံပြင်ကို ပြောပြမယ်။ ပထမဦးစွာ အရေးအသား ညံ့တာရယ်၊စာလုံးပေါင်းမမှန်တာတွေ အတွက် နားလည်ပေးကြပါ လို့တောင်းပန်ပါရစေ။ ဒီပုံပြင်လေးကတော့ တကယ်လိုလို ဒဏ္ဍာရီလိုလို ဖြစ်နေတယ်။
ပုံပြင်လေးကတော့ ဒီလိုပါ...
ရှေးရှေးတုန်းက ကောင်လေးတစ်ယောက်က ချောင်းသွားတယ်။ ငါးထွက်ရှာတာပေါ့။ သူငါးရှာတဲ့ ရေကန်ဘေးမှာ ကောင်မလေး ဂျပ်ခုပ်၊ယက်ကန်းယက်နေတာ နောက်ဘက်ကနေ မြင်လိုက်တယ်။ ကောင်မလေးက နောက်ဘက်မှာ ကြည့်တော့ အရမ်းလှနေတယ်။ အလွန့်အလွန် လှလွန်းတော့လည်း ကောင်လေးက သူမ မျက်နှာကို မြင်ချင်တာပေါ့။ အမှန်တော့ မြင်မြင်ချင်းချစ်တာပေါ့။
ကောင်လေးကစပြောတယ်...ကောင်မလေးရေ မင်းမျက်နှာလေး မြင်ခွင့်ရမယ် ဆိုရင် ခဏလေး မြင်ပါရစေ။ ကောင်မလေးက...ငါက မလှဘူး မမြင်ချင်ပါနဲ့။ အဲဆေး ကိုယ့်လမ်းကို သွားစမ်းပါကွာ။ ဒါပေမယ့် ကောင်လေး အကြိမ်ကြိမ် ပူဆာတာနဲ့ နောက်ဆုံးတော့...ကောင်မလေးကပြောတယ်...ငါ့မျက်နှာမြင်ရင် မင်းမပြေးနဲ့နော်။ ဘယ်ပြေးမလဲ...နောက်ဘက်မှာ ကြည့်ရင်တောင် ဒီလောက်လှတဲ့ ကောင်မလေး။ မပြေးဘူး ကတိ ကတိ။ တကယ်မပြေးနဲ့နော်။ မပြေးဘူး မြန်မြန်တာ ဖူးမြှော်ခွင့်ပြုပါ။
ဒါနဲ့ကောင်မလေးလည်း မတတ်နိုင်လို့ ကောင်လေးရှိရာဖက်ကို လှည့်လာတယ်။ သူ့မျက်နှာက ချောက်ကမ်းပါးကြီးပဲ။
ရေတံခွန်လို ရေတွေကျ လာတာကောင်လေးတွေ့လိုက်တယ်။ သူမျှော်လင့်တဲ့ ကောင်မလေး မျက်နှာနဲ့တော့ ခစီးတခြား လီးတခြား ဆိုသလိုပေါ့ဗျာ။
ကောင်လေးက ကြောက်လန့်တကြားနဲ့ အိမ်ကိုပြေးသွားတော့တယ်။ လမ်းမှာ သူ့ခြေမ ကျောက်ခဲကို ကန်မိတာနဲ့ အဲဒီနေရာမှာ သွေးတွေ ကျကျန်နေတယ်။ နောက်ကနေ တကောက်ကော် လိုက်လာတဲ့ ကောင်မလေးက ကျကျန်ခဲ့တဲ့ သူ့သွေးကို လျှာနဲ့ယက်တယ်။ ကောင်လေးက အိမ်ကို ရောက်ပြီး သူ့အဖြစ်အပျက်တွေ ကို သူ့မိဘတွေ ပြောပြပြီးမှတော့ အသက်ကို ရှုံးသွားရှာတယ်တဲ့။အဲဒီရေ ကန်ကို အခုထိ ရေသူမလေးရဲ့ ဂျပ်ခုပ်စင်၊ယက်ကန်းစင် လို့ အမည်တွင် လျက်ရှိပါတယ်။
ပုံပြင်လေး ကတော့ ဒါပါပဲ.....
google မှာ သွားရှာကြည့်တော့ ရေသူမလေးတွေ လှနေတာပဲ။
ချင်းပြည်က မုန်းချောင်းမှာပါ။ မုန်းချောင်းက ချင်းပြည် တောင်ပိုင်းမှာ မြစ်ဖျားခံပြီး ဧရာဝတီမြစ်ထဲ ကိုစီးဝင်ပါတယ်။ ခေတ်အခြေအနေကောင်းလာလို့ မြန်မာပြည် ပြန်ဖြစ်ရင်တော့ ဓာက်ပုံကိုပါ တင်ပေးမယ်။ အဲဒီ ရေကန်နားမှာ လူအုပ်လိုက် သွားရင်တော့ မကြောက်ဘူး။ တယောက်တည်းသွားရင်တော့ ပုံပြင်ထဲက ရေသူမလေးကို မြင်တော့ မလိုလို ရေကန်ကြည့်ရင် စိမ်းသလိုလို ပြာသလိုလို ကြက်သီးတွေ ထတတ်ပါတယ်။ အပေါ်ကပုံ ကိုကြည့်လိုက်ရင် ရေသူမလေး ယက်ကန်းယက်တဲ့ပုံစံ ကွက်တိပဲ။ ရေသူမလေးထိုင်တဲ့နေရာ ယက်ကန်းသွား ချိတ်တဲ့နေရာ ကွက်တိဖြစ်နေတယ်။ အဲဒီယက်ကန်းစင်ရှိတဲ့ ဘက်ကို သွားလာလို့ အဆင်မပြေဘူး။ချောက်ကြီး ဖြစ်နေတယ်။ တဖက်ကမ်း မှာတော့ သွားလာလို့ အဆင်ပြေတယ်။ကောင်လေးလည်း သွားလာလို့ရတဲ့ ဘက်မှာ ရပ်မှာကတော့ သေချာတယ်။သဘာဝရဲ့ ဖန်တီးမှု နဲ့ ပုံပြင် ကတော့တိုက်ဆိုင်မှု လား။တကယ်လား တော့ကျနော် လည်းမသိဘူး။
အားလုံးကို ကျေးဇူးတင်လျက်....ဇက်ဗီလင်းတန်း

နတ်သမီးလေးသို့.....ပြန်စာ
ဒီမနက်စောစောပဲ ငါ့ရဲ့သေတ္တာဟောင်းလေး ဖွင့်ကြည့်တယ်။
သေတ္တာရဲ့အောက်ခြေကြမ်းပြင်မှာ လှလှလေး ခေါက်ထားတဲ့ စာ
လေးတစ်စောင် ငါတွေ့လိုက်တယ်။
ဘာစာများလဲလို့ ဖောက်ဖတ်ကြည့်တော့........
သြော်....ရက်စက်တတ်သော မင်းကို.........
မင်းကွာ.....မင်းက လှသလောက် မင်းရဲ့လက်ရေးလေး ကလည်း
လုံးလုံးဝိုင်းဝိုင်းလေးနဲ့...သိပ်လှနေတယ်ကွာ........
မင်းကွာ....မင်းရေးခဲ့တဲ့စာတွေ ဖတ်လိုက်ရင်းနဲ့ မင်းနဲ့ငါ့ရဲ့ အတိတ်
တွေဟာ ပြန်ဆန်းသစ်စေပါလား...မင်းကို လွမ်းလိုက်တာကွာ..........
မင်းကွာ...ငါ့ကို ဘယ်လောက်ထိချစ်တာလဲလို့.....မေးတော့...တစ်သက်စာ
အတွက်လေတဲ့...မင်းဖြေခဲ့တယ်နော်။မင်းက ဘာမဆို ပြောရင် အ
ကြောင်းပြချက်တွေ ခိုင်လုံအောင် မင်းပြောတတ်တယ်နော်။
အခုလည်း...ငါ့ကို ချစ်သေးရဲ့လား လို့ ပြန်မေးလိုက်ချင်တယ်။
အမြဲတမ်း အကြောင်းပြချက်တွေ ခိုင်လုံအောင် ပြောတတ်တဲ့ မင်းရဲ့
ဆင်ခြေတွေ တစ်ခါလောက်တော့ ပြန်ကြားချင်လိုက်တာ.............
ယုံချင်ယုံ မယုံချင်နေ...မင်းရဲ့ တစ်ချက်တစ်ချက် ပြုံးလိုက်တဲ့ အပြုံးဟာ
ငါကြည့်ကြည့်လိုက်တိုင်း လောကကြီးကို တကယ် ငြိမ်းချမ်းစေတာပဲ...ကွာ။
ငါ့ရဲ့ ပိုက်ဆံအိတ်ထဲမှာ ဆေးရောင်တွေ လွင့်ပြယ်နေတဲ့ မင်းရဲ့ဓာတ်ပုံဟောင်း
လေးက အတိတ်ကို လှောင်ပြောင်နေ သလိုပါပဲ...........
မင်းအတွက် ငါရေးတဲ့ ကဗျာရဲ့ အောက်မှာ မင်းရေးထိုးထားတဲ့ မင်းရဲ့
နာမည်လှလှလေး............
အဲဒီ စာအုပ်လေးထဲမှာပဲ...မင်းထည့်ထားတဲ့ အနက်ရောင်နှင်းဆီ သေးသေး
လေးရယ်......ဆယ်တန်းတုန်းက ဟာနေတဲ့ ငါ့ရဲ့မှတ်စုတွေ ထဲမှာ မင်းကူးပေးတဲ့
မင်းရဲ့လက်ရေး လှလှလေးတွေ.........
မကြည့်ပါနဲ့လို့ အကြိမ်ကြိမ်တားတဲ့ ကြားက မကြည့်ခိုင်းရင် ငါစိတ်ကောက်မယ်နော်
ဆိုပြီး ငါကြည့်ခိုင်းတဲ့ ဒိုင်ရာရီ ထဲမှာ မင်းချမှတ်တားမြစ်ထားတဲ့ အမိန့်တော် စည်းကမ်း
ချက်တွေ......
ငါ့ရဲ့ခေါင်းရင်းမှာ တန်းစီနေတဲ့ မင်းရဲ့ ခရစ္စမတ်လက်ဆောင်လေးတွေ.....
ဒါတွေ အားလုံးဟာ ပုံပြင်တော့ မဟုတ်လောက်ဘူးနော်.......
ဒါပေမယ့်...တခါခါ ဒါတွေဟာ ပုံပြင်တွေပဲလား...
အိပ်မက်တွေလားလို့ ငါ့ကိုငါ မေးနေမိတယ်။
မင်းကို စိတ်နာပေမယ့် ဒီနေ့မနက်စောစော မင်းရဲ့စာလေးဖတ်လိုက်တော့.....
မင်းကို သတိရလိုက်တယ်ကွာ။
ဒီလိုနဲ့ပဲ....ဒီပြန်စာကို ငါချက်ချင်းရေးလိုက်တယ်။
ဒီစာကို ဖတ်ဖြစ်တယ် ဆိုရင်.....အတိတ်က ဇာတ်လမ်းတွေဟာ
ဝတ္တုတစ်အုပ်(သို့မဟုတ်)ပုံပြင်တစ်ခု(သို့မဟုတ်)ကဗျာ လေးတစ်ပုဒ်
လိုပဲ သဘော ထားပြီး ဖတ်လိုက်ပါ......။ ။
ဇက်ပီလင်းတန်း
နော်ဝေရေနံဆီ နှင့်မြန်မာကျောက်စိမ်းတုန်းကြီး
နော်ဝေ ရေနံထုတ်လုပ်ပုံ ဂူဂယ်မှ
အစကတည်းက စာရေးညံ့တဲ့ စာရေးဆရာ...ဟီး..ကျောင်းထွက်ပြီး စာအုပ်နဲ့ဝေးတာ(၁၃)နှစ်ရှိလာတော့ စာလုံးပေါင်းတွေ သေချာပေါက်မှားမှာပဲ။ပြင်ဖတ်ပေးကြပါလို့ ဦးစွာ ပထမ တောင်းပန်ပါတယ်။
နော်ဝေနိုင်ငံသည် ၁၉၇၁ လောက်က ပင်လယ်ထဲ ရေနံတွေ အမြောက်အများတွေ့တာ နဲ့ ကမ္ဘာမှာ ချမ်းသာတဲ့ နိုင်ငံတစ်ခု ဖြစ်လာတယ်။ ၇၁ မတိုင်ခင်မှာ နော်ဝေနိုင်ငံလည်း ဆင်းရဲပြီး လူပေါင်းများစွာ အမေရိကန် ကိုပြောင်းရွှေ့နေထိုင်ကြသည်။ဟိုတစ်နေ့က နော်ဝေ ရေနံဆီ အကြောင်း သင်ပါသည်။ရေနံ ဖြစ်ပေါ်လာ ပုံကတော့ အားလုံးသိမယ်ထင်တယ်။ရေနံသည် သဘာဝဖြစ်တာမဟုတ်ဘူး။သဘာဝက ဖန်တီးတာပါ။အကြမ်းဖြင်း ပြောမယ်ဆိုရင် ဟိုရှေးရှေးတုန်း သေကြေးပျက်စီးကြတဲ့ အကောင်၊အပင်တွေကထွက်လာတဲ့ အညစ်အကြေးတွေ မိုးရေ ကြောင့် ပင်လယ်ဆီရောက်သွားတယ်။အောက်ခြေ စုစည်းရာကနေ အပေါ်မှာ များစွာသောမြေသားတွေက ဖိ၊ကြာလာတော့ ရေနံပေါ့ဗျာ။
ဒါကျနော် ထောက်ခံပါတယ်။မြန်မာ ပြည်မှာလည်း မြေနိပ်ပိုင်းမှာ ရေနံထွက်လို့ပါ။နော်ဝေလူတွေကတော့ တစ်နေ့ ရေနံ ကုန်လာမယ် ဆိုတာ သေချာသိကြတယ်။(ရေနံကုန်ရင် ရေနံမကုန်နိုင်အောင်လုပ်တံ့နည်းသူတို့သိကြတယ်)။
ပုံ..http://tunyadanaseinn.com/news/all-postsမှ
မြန်မာနိုင်ငံမှာ တွင်းထွက်များရှိသည့်အနက် ကျောက်စိမ်းတုန်းကြီးရွေးရတာ ကျောက်စိမ်းတွေနဲ့ရင်နှီးလို့ပါ။ဒီမှာ နည်းနည်း ရှည်လိုက်ဦးမယ်။ကျနော်၎တန်းကနေ ဆယ် တန်းအထိ နွေရာသီ ကျောင်းပိတ်တိုင်း ကချင်ပြည် ကိုရောက်နေလို့ပါ။ကျောက်သွားတူးတာ မဟုတ်။အစ်ကိုဆီ ငွေသွားတောင်းရင်း ရွာမှာကောင်မလေးတွေနဲ့ ရန်ဖြစ်လို့ သွားပုန်းတာပါ..ဟိ..
မြန်မာပြည်မှာလည်းတွင်းထွက် ပစ္စည်းကြောင့် ဝင်ငွေအမျောက်အများရ ရှိပါသည်။
ပုံ..http://www.lankamsma.org/2010/01/blog-post_19.html မှ
ကျနော် ဆရာမကိုမေးမိပါတယ်။နော်ဝေနိုင်ငံက ရေနံကြောင့်ချမ်းသာတယ်။ရေနံကရလာ တဲ့ငွေကို ဘယ်လို အသုံးပြုကြသလဲ။ဆရာမကပြောတယ်။ရေနံက ရလာတဲ့ဝင်ငွေရဲ့3% ကသာ နိုင်ငံအတွင်းလိုအပ်တဲ့ နေရာမှာ သုံးကြတယ်။ကျန်တဲ့ငွေနဲ့တော့ နိုင်ငံခြားမှာ စက်ရုံ(သို့)မြေနေရာ၊ဟိုတယ် စသဖြင့်ပေါ့ ဝင်ငွေရနိုင်တဲ့ နေရာ မျိုးမှာသာ သုံးကြတယ်တဲ့။ဥပမာ။ ။နိုင်ငံခြားမှာ ဟိုတယ် တစ်လုံးဝယ်မယ်။အဲဒီဟိုတယ်မှာ ဝင်ငွေ မကောင်းရင် တော့ ပြန်ရောင်းလိုက်ပေါ့။အမြတ်မရရင်တောင် အနည်းဆုံး အရင်းပေါ့။ဒီနည်းက ရေနံကုန် ရင်တောင် ရေနံ မကုန်တဲ့ နည်းပဲ။
ဒါနဲ့ ကျနော်တို့ကျောက်စိမ်းတုန်းကြီးတွေ ပြေးသတိရတယ်။ဟုတ်တယ် ကျောက်တွေလည်း တစ်နေ့တော့ ကုန်လာမှာပဲ။ ဒါဆိုရင် မြန်မာ ပြည်က ဘာနဲ့ ချမ်းသာတော့မလဲ။ကုမ္မဏီတွေ ဘာတွေ ညာတွေ ဆိုတာ လူတစ်ဦးတစ် ယောက်ကိုသာ ချမ်းသာစေတယ်။နော်ဝေမှာ ထွက်တဲ့ရေနံတွေ ကတော့ နော်ဝေ သား အားလုံးကပိုင်တယ်။ဒါဆိုရင် မြန်မာ ပြည်မှာထွက်တဲ့ တွင်းထွက်တွေရော လောပန်းတွေ ဟိုချောက်မှာ ငတ်ပြတ်နေတဲ့ မြန်မာနိုင် သားတွေ အားလုံး ပိုင်ဆိုင်သင့်တယ်။
ဒီရနာတွေကုန်ရင် မြန်မာနိုင်ငံရဲ့ အနာဂတ် ဘယ်လိုဖြစ်မယ် ဆိုပြီး ကျနော်ရဲ့ အတွေးသက်သက်ပါ။ကျနော်တောင်ဒီလိုတွေးတယ် ဆိုရင် မြန်မာပြည်က တာဝန်ရှိသူတွေကို နည်းနည်းလေး စဉ်းစားစေချင် သည်။
ဇက်ပီ လင်းတန်း

Subscribe to:
Posts (Atom)