Mei Awm Law

အစိမ်းရောင်များနှင့်ကခုန်ခြင်း


ခေတ်ပျက်သူဌေးတွေကြား
လည်ညှစ် ခံရတဲ့အကောင်
အတောင်ပံ မစုံခင်
အဝေးကို ပျံသန်းရှာတယ်။

မုန်တိုင်း လှိုင်းထန်
လောကဓံကြား
ဘဝရဲ့ရိုက်ချက်ပြင်းပြင်းနဲ့
ဘဝဆိုတာ သင်ယူနေဆဲ။



သူများနိုင်ငံ
တိုင်းတပါးမှာ
မျက်နှာမရ
အနှိမ်ခံလည်း
ခံတာပါတယ်
သူငယ်ချင်းရာ
အစိမ်းရောင်
သရဲတွေ ချောက်တာနဲ့ စာရင်။

မွေးရပ် ဌာနေ
ချက်ကြွေ စာတိ
လွမ်းတာမှန်၏
သို့ပေမယ့်လည်း
သူငယ်ချင်းရာ
ပိုးစုန်းကြူးလို
မီးကို မတိုးချင်ပါနဲ့
စာနာမှုကင်းမဲ့တဲ့
ငရဲမီးဟာ
ပူလောင်လွန်းတယ်။

ဘာမစ်သက်တမ်းလေး
တိုးလို့ရရင်
ပြန်တိုးလိုက်ပါ
သူငယ်ချင်းရာ
မျက်လှည့်ပြပွဲ
မပြီးသေးဘူး
ဟိုးအဝေးမှာ
သေနတ်သံတွေလည်း
ကြိုကြား ကြိုကြား
ငါကြားနေတယ်
မပြန်နဲ့ဦး
သူငယ်ချင်းရာ။

အမှတ်တရ...11.11.11
ZP.LINTAN
ပုံလေးကတော့ အစိမ်းရောင်လွင်ပြင် ဆီကယူလာတာပါ။
Back to Top