Mei Awm Law

MM-Top Ten


01.Intro
02.သနပ်ခါး(Blackhole)
03.တကယ်ဆိုရင်(ချစ်သုဝေ)
04.ချစ်သူ(L.လွန်းဝါ)
05.အိပ်မက်ထဲက အိပ်မက်များ(အဲလက်စ်)
06.အကြင်နာစစ်ရင်(ဆုန်သင်းပါရ်)
07.မင်းတစ်ယောက်တည်း(ဆင်ပေါက်)
08.တစိမ့်စိမ့်ကြည့်(ဖိုးကာ)
09.အချစ်ရေပြန်ခဲ့တော့(ခင်ဘုန်း N ရှင်ဖုန်း)
10.နေချင်တာမင်းအနား(IMP)
11.ကြင်ရာဖက်(ဟဲလေး)

ဟိုတုန်းကထက်ပို ချစ်မယ်


01.စိတ်ကူးလေးရွက်လွှတ်မယ်
02.အပြိုင်အဆိုင်ဖူးစာ
03.ကိုကိုစိတ်ကူးယဉ်
04.လက်ဖက်ရည်ဆိုင်ကိုသွားကြစို့
05.ဟိုတုန်းကထက်ပိုချစ်မယ်
06.ရွှေရတုအချစ်
07.ဘယ်သူ့ဘက်မှာ
08.နှလုံးသားရဲ့အလို
09.တနေ့တော့ဆုံမှာပဲ
10.အချိန်နှင့်နေရာ
11.အချစ်ပိုသူ
12.သူငယ်ချင်းတွေ

စိုင်းဆိုင်မောဝ်အကောင်းတကာ့အကောင်းဆုံးတေး(၂)


01. Intro
02. ချစ်ဇနီးလေးအေး
03. မခွဲကြခင်လေး ပြောချင်တယ်
04. တစ်ရွာသားနဲ့ပ၀ါပါး
05. ဇရာအိုရဲ့အလွမ်းတေး
06. ဖြစ်တတ်တဲ့သဘော
07. ရွှေဖီချိန်
08. ကြိုးမဲ့ပန်း
09. ဧပြီအချစ်ရဲ့အမုန်း
10. ရှမ်းဘောင်းဘီနဲ့ရှမ်းတိုက်ပုံ
11. အချစ်၏အားနည်းချက်
12. ရိုးရာလေးကိုသတိရတယ်
13. ကိုယ်အရင်ရှောင်တိမ်းပေးပါ့မယ်
အဝေးရောက် အလွမ်းသမားတွေ နားဆင်ဘို့ အတွက် စိုင်းဆိုင်မောဝ်ရဲ့ အလွမ်းသီချင်းတွေ စုစည်းမိပါသည်။ ကျနော်အကြိုက်တွေပဲ။

စိုင်းဆိုင်မောဝ်အကောင်းတကာ့အကောင်းဆုံးတေး(၃)





01. Intro
02. နေရာပောာင်းသို့အပြန်
03. ကျမျက်ရည်မကြေညာတော့ဘူး
04. ကျွန်တော်နဲ့မမနှင်းဆီ
05. ကျွန်တော်ကျွန်တော်နှင့်မန္တလေးသူ
06. ငွေတောင်တန်းဆီပြန်လာပါ
07. ဝေးရယ်
08. အမိမဲ့သားဥသြငယ်
09. မိစိမ်းသူ
10. စိမ်းဆိုမှစိမ်း
11. အမုန်းအက္ခရာမပါတဲ့အချစ်
12. ဘာကြောင့်များလွမ်းရတယ်
13. တစ်ဖက်သတ်ချစ်သူ
14. မျက်လုံးစိမ်းနဲ့မိန်းကလေး
15. ပါဝင်သရုပ်ဆောင်သူများ

borderများပါသည့်scroll boxလုပ်နည်း ၇ မျိုး

ရိုးရိုးscroll boxထပ်တစ်မျိုးဆန်းနေတာကိုတွေ့ ၇ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ဘေးဘက်မှာကာရန်ထားတဲ့
borderတွေပါလို့ဘဲဖြစ်ပါတယ်။
နည်းကတော့၇မျိုးရှိပါတယ်။previewပါကြည့်လို့ရအောင်ထည့်ပေးလိုက်ပါတယ်။
ကိုယ်လိုချင်တဲ့နည်းလမ်းတွေကိုယူသွားနိုင်ပါတယ်။

နည်းလမ်း(၁)
Your Text Here
<div style="height:80px;width:180px;overflow:scroll;border:9px solid
#60D6F3;">Your Text Here</div>



ရေသူမလေးပုံပြင်

ဒီပုံကတော့ ရေသူမ ပုံမဟုတ်ဘူး။ချင်းမလေး ဂျပ်ခုပ်ပုံပါ။

ရေသူမလေးပုံပြင်ကို ပြောပြမယ်။ ပထမဦးစွာ အရေးအသား ညံ့တာရယ်၊စာလုံးပေါင်းမမှန်တာတွေ အတွက် နားလည်ပေးကြပါ လို့တောင်းပန်ပါရစေ။ ဒီပုံပြင်လေးကတော့ တကယ်လိုလို ဒဏ္ဍာရီလိုလို ဖြစ်နေတယ်။

ပုံပြင်လေးကတော့ ဒီလိုပါ...
ရှေးရှေးတုန်းက ကောင်လေးတစ်ယောက်က ချောင်းသွားတယ်။ ငါးထွက်ရှာတာပေါ့။ သူငါးရှာတဲ့ ရေကန်ဘေးမှာ ကောင်မလေး ဂျပ်ခုပ်၊ယက်ကန်းယက်နေတာ နောက်ဘက်ကနေ မြင်လိုက်တယ်။ ကောင်မလေးက နောက်ဘက်မှာ ကြည့်တော့ အရမ်းလှနေတယ်။ အလွန့်အလွန် လှလွန်းတော့လည်း ကောင်လေးက သူမ မျက်နှာကို မြင်ချင်တာပေါ့။ အမှန်တော့ မြင်မြင်ချင်းချစ်တာပေါ့။

ကောင်လေးကစပြောတယ်...ကောင်မလေးရေ မင်းမျက်နှာလေး မြင်ခွင့်ရမယ် ဆိုရင် ခဏလေး မြင်ပါရစေ။ ကောင်မလေးက...ငါက မလှဘူး မမြင်ချင်ပါနဲ့။ အဲဆေး ကိုယ့်လမ်းကို သွားစမ်းပါကွာ။ ဒါပေမယ့် ကောင်လေး အကြိမ်ကြိမ် ပူဆာတာနဲ့ နောက်ဆုံးတော့...ကောင်မလေးကပြောတယ်...ငါ့မျက်နှာမြင်ရင် မင်းမပြေးနဲ့နော်။ ဘယ်ပြေးမလဲ...နောက်ဘက်မှာ ကြည့်ရင်တောင် ဒီလောက်လှတဲ့ ကောင်မလေး။ မပြေးဘူး ကတိ ကတိ။ တကယ်မပြေးနဲ့နော်။ မပြေးဘူး မြန်မြန်တာ ဖူးမြှော်ခွင့်ပြုပါ။

ဒါနဲ့ကောင်မလေးလည်း မတတ်နိုင်လို့ ကောင်လေးရှိရာဖက်ကို လှည့်လာတယ်။ သူ့မျက်နှာက ချောက်ကမ်းပါးကြီးပဲ။
ရေတံခွန်လို ရေတွေကျ လာတာကောင်လေးတွေ့လိုက်တယ်။ သူမျှော်လင့်တဲ့ ကောင်မလေး မျက်နှာနဲ့တော့ ခစီးတခြား လီးတခြား ဆိုသလိုပေါ့ဗျာ။

ကောင်လေးက ကြောက်လန့်တကြားနဲ့ အိမ်ကိုပြေးသွားတော့တယ်။ လမ်းမှာ သူ့ခြေမ ကျောက်ခဲကို ကန်မိတာနဲ့ အဲဒီနေရာမှာ သွေးတွေ ကျကျန်နေတယ်။ နောက်ကနေ တကောက်ကော် လိုက်လာတဲ့ ကောင်မလေးက ကျကျန်ခဲ့တဲ့ သူ့သွေးကို လျှာနဲ့ယက်တယ်။ ကောင်လေးက အိမ်ကို ရောက်ပြီး သူ့အဖြစ်အပျက်တွေ ကို သူ့မိဘတွေ ပြောပြပြီးမှတော့ အသက်ကို ရှုံးသွားရှာတယ်တဲ့။အဲဒီရေ ကန်ကို အခုထိ ရေသူမလေးရဲ့ ဂျပ်ခုပ်စင်၊ယက်ကန်းစင် လို့ အမည်တွင် လျက်ရှိပါတယ်။

ပုံပြင်လေး ကတော့ ဒါပါပဲ.....

google မှာ သွားရှာကြည့်တော့ ရေသူမလေးတွေ လှနေတာပဲ။
ချင်းပြည်က မုန်းချောင်းမှာပါ။ မုန်းချောင်းက ချင်းပြည် တောင်ပိုင်းမှာ မြစ်ဖျားခံပြီး ဧရာဝတီမြစ်ထဲ ကိုစီးဝင်ပါတယ်။ ခေတ်အခြေအနေကောင်းလာလို့ မြန်မာပြည် ပြန်ဖြစ်ရင်တော့ ဓာက်ပုံကိုပါ တင်ပေးမယ်။ အဲဒီ ရေကန်နားမှာ လူအုပ်လိုက် သွားရင်တော့ မကြောက်ဘူး။ တယောက်တည်းသွားရင်တော့ ပုံပြင်ထဲက ရေသူမလေးကို မြင်တော့ မလိုလို ရေကန်ကြည့်ရင် စိမ်းသလိုလို ပြာသလိုလို ကြက်သီးတွေ ထတတ်ပါတယ်။ အပေါ်ကပုံ ကိုကြည့်လိုက်ရင် ရေသူမလေး ယက်ကန်းယက်တဲ့ပုံစံ ကွက်တိပဲ။ ရေသူမလေးထိုင်တဲ့နေရာ ယက်ကန်းသွား ချိတ်တဲ့နေရာ ကွက်တိဖြစ်နေတယ်။ အဲဒီယက်ကန်းစင်ရှိတဲ့ ဘက်ကို သွားလာလို့ အဆင်မပြေဘူး။ချောက်ကြီး ဖြစ်နေတယ်။ တဖက်ကမ်း မှာတော့ သွားလာလို့ အဆင်ပြေတယ်။ကောင်လေးလည်း သွားလာလို့ရတဲ့ ဘက်မှာ ရပ်မှာကတော့ သေချာတယ်။သဘာဝရဲ့ ဖန်တီးမှု နဲ့ ပုံပြင် ကတော့တိုက်ဆိုင်မှု လား။တကယ်လား တော့ကျနော် လည်းမသိဘူး။

အားလုံးကို ကျေးဇူးတင်လျက်....ဇက်ဗီလင်းတန်း

Len Lim Cia

Hung Kir Than law...Pu Kio Hmung


Lamdang Itna

A Mingthang Lennak Lairam(1)

A Mingthang Lennak Lairam(2)

အကြင်နာ


အကြင်နာ မင်းအမုန်းတွေ အညှိုးတွေ
ရပ်တန့်ရင် ရပ်လိုက်ပါလား
တကယ် ဆိုရင် လူ့ဘဝဟာ
တိုတောင်းလွန်းပါတယ်...

အကြင်နာ ရန်ဖြစ်တာ
ဘာအကျိုးမှမရှိဘူး
ဦးနှောက်မရှိတဲ့
လူတွေရဲ့လုပ်ရပ်ပါ
ထပ်ပြောမယ်
ရန်ဖြစ်တာ ဘာအကျိုးမှမရှိဘူး
မင်းအချိုးတွေ ပြင်သင့်တယ်
ပြင်ပါတော့ကွာ...အကြင်နာ။

အကြင်နာ
မင်းကြောင့် လမ်းပျောက်သူတွေ
မင်းကြောင့် ဘဝပျက်သူတွေ
များနေပြီ...

နင့်လမ်း...ငါ့လမ်း
မလျှောက်သင့်တော့ဘူး
နင်လား...ငါလား
ခေတ်နောက်ကျနေပြီ
အတွေးသစ် အမြင်သစ်
အချစ်သစ်နဲ့ နေရာသစ်မှာ
အသက်ရှင်သင့်ပြီ.....

အကြင်နာ ငယ်ငယ်တုန်းက
အမြဲရွက်ဆိုဖူးတဲ့ စာတိုလေး
**စည်းလုံးညီညာ အောင်ကြောင်းဖြာတဲ့**
ဒါမမှန်ဘူးလို့ မပြောသင့်တော့ဘူး...

အကြင်နာ
မင်းရဲ့ အမုန်းတွေ
မင်းရဲ့ အညှိုးတွေ
မင်းရဲ့ အတ္တတွေ
မင်းရဲ့ တပ်မက်မှုတွေ
မင်းရဲ့ တဖက်သတ်
ကိုယ်ကျိုးတွေ ရပ်တန့်
မယ်ဆိုရင် ငါ့မျက်ရည်တွေလည်း
ခန်းခြောက်နိုင်ပါတယ်.....

အကြင်နာ မင်းနဲ့ငါ့ကြောင့်
ကမ္ဘာမြေကြီးတောင် စိမ်းလန်း
စိုပြေ လှပသွားမှာကတော့
အမှန်ပါပဲ အကြင်နာ....

ငါ့စာတွေကြောင့် ကဗျာ ဆရာကြီးများ မျက်စိနောက်နေပြီလားမသိ။ ကျနော်ကဗျာချစ်တယ် ကဗျာမရေးတတ်ဘူး။ ကျနော်ရေးတဲ့ စာတိုလေးတွေ ကို ကဗျာမှာပဲ အားနာနာနဲ့ ထည့်လိုက်တယ်။ ဒီနေ့ကျနော့ မွေးနေ့ အမှတ်တရလေး ဖြစ်အောင် ကြိုးစားပြီး ရေးကြည့်တာပါ။ရွာမပြန်နိုင်တာ ၁၂ နှစ်ကျော်နေပြီ။ ပြန်ဖို့လည်း ခရီးမပေါက်သေးဘူး။ လူလည်း အိုနေပြီ ရွာလည်းလွမ်းနေသည်။ လာရောက်ဖတ်ရှု အားပေးသူများကို အထူးကျေးဇူးတင်ပါသည်။
ဇက်ဗီလင်းတန်း

တောင်ဇလပ်နီနီ


ဝေးနေသည် တောင်ဇလပ်နီနီ
ကမ္ဘာခြားနေသည် တောင်ဇလပ်နီနီ
အရမ်းလွမ်းနေသည် တောင်ဇလပ်နီနီ
နီးချင်သည် တောင်ဇလပ်နီနီ

ဆုတောင်းနေလည်း မပြည့်ဘူး တောင်ဇလပ်နီနီ
အော်ပြောနေလည်း မကြားဘူး တောင်ဇလပ်နီနီ
တောင်းပန်နေလည်း မရဘူး တောင်ဇလပ်နီနီ

ဒါပေမယ့်
တောင်ဇလပ်နီနီ
သွေးနီနီကြား
ရဲရဲပွင့်၏....

တောင်ဇလပ်နီနီ
အသည်းနီနီကြား
မြဲမြဲပွင့်၏....

လုံးဝ မဖြစ်နိုင်ဘူး
ဆိုတာ
တခါတလေ ကျတော့
ဖြစ်နိုင်တတ်တယ်
အဲဒီ အဲဒီ
တစ်နေ့တော့
ဒို့ပြန်ဆုံနိုင်ဖို့
ဖြစ်နိုင်ချေရှိသေးတယ်
တောင်ဇလပ်နီနီ

ဇက်ဗီလင်းတန်း...ဇလပ်နီနီ..သို့

နာရီမေ့ကျန်ခဲ့ရင်ဒီပန်းလေးကိုသတိရပါ

Kha Myi Gei
ဒီပန်းလေးကတော့ ကိုဟိန်းလတ်ဆီက ယူလာတာပါ။ ကျွန်တော်တို့ စကားနဲ့ကတော့ (ခါးမွေရေး) မြန်မာလို ဘာသာပြန် မယ်ဆိုရင် တော့ နှုတ်ခမ်းမွှေးပန်းပေါ့။ တချို့ကတော့ ရန်ကုန်ပန်းလို့ ခေါ်ကြပြီး တစ်ချို့ကျပြန်တော့လည်း နာရီပန်းလို့ ခေါ်ကြတယ်။

မြန်မာလို အဓိအကျ သိရင် comment မှာ ဖြစ်ဖြစ် ဆီဗုံးမှာ ဖြစ်ဖြစ် ထားပေးကြပါနော။ မလိမ်ကြေးနော။ တကယ်သိချင်လို့ပါ။ နာရီမပါဘဲ တောထဲရောက်ရင် ဒီပန်းကို ကြည့်လိုက်ပါ အခုပုံကလို နှုတ်ခမ်းမွှေးတွေ ကွေးထွက် လာပြီ ဆိုရင် ညနေ(၃)နာရီ ဝင်းကျင်ရှိမယ်။ ဒီပုံရိုက်တဲ့ချိန်က ညနေ ၃ နာရီဝန်းကျင်ရှိမယ်။ ကောင်းကောင်းပွင့်ရင်တော့ ၄း၃၀ (၅)နာရီလောက် ရှိမယ် အိမ်ပြန် လို့ရပြီ။ အိမ်ဝေးရင်တော့ စောစော ပြန်ပေါ့နော...ဟီး

နာရီမရှိတဲ့ တောရွာမှာ နေမမြင် ရရင် ဒီလိုမျိုးနာရီတွေ ပဲသုံးရတယ်။ နာရီမရှိဘူး ဆိုတာက ဈေးချိုတဲ့ နာရီ ဝယ်ရင် ခဏခဏ ရေဝင်တဲ့ပြဿ နာရယ် ရေမဝင်တဲ့ နာရီဝယ်မယ် ဆိုပြန်ရင်လည်း ဈေးကြီးတာရယ် အားလုံးပေါင်းလို့ပေါ့။ ဒီနှုတ်ခမ်းမွှေးပန်းက အဖြူရောင် လည်းရှိတယ်။ အခုကျနော် ရောက်တဲ့ ချောက်ထဲမှာတော့ ဘာအရောင်မှမရှိ သလို ဒီလိုပန်းမျိုးလည်း မတွေ့ရတော့ဘူး။

ဘာမှ မဟုတ်တဲ့ ငါ့ရဲ့စာတွေကို တန်ဖိုးရှိတဲ့ သင့်ရဲ့ ကိုယ်ပိုင် အချိန်တွေ ဖဲ့ပြီးလာရောက်ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ဇက်ဗီလင်းတန်း

Zophawng Baptist Church Silver Jubilee(Video)


USA awm mei amin bi law ei VDO kha cawh ah ka taih law ni.Bi lawh thei ,Tatt lah suui awm xh kya ky.A nuui awm tha nak ka taih law awm kya caw.Mi tyi nak mi khaw mi gawk ghyt ky khaw fei fei awm mi awm pyng van nen ah awm dam ma cawh ei khui bxn bau ei yawm taih awm kya caw.Cawh ei khui avan nen taa ei yawm ka ngai caw.Ha u en pi ah taih law si ei.Bxn bau pyng van nei fan na yei nak xh bxih hlawt caw.

ZP.Lintan

Zophawng 2010 Ah Khxn Gha Pytt U Pyng Ngei Video

Ghung Kee Funeral Service



USA sut hawh te pyng Dek fan nei ka en yah ceh ta pyng Hung Kee(nau kee) ei a video kha caw ah taih bek kawm kya caw.

ကာဏ်းတောင်တန်းလမ်းဖွင့်ပွဲ(၂)

ကာဏ်းတောင်တန်းလမ်းဖွင့်ပွဲ(၁)



အပိုင်း(၁)နှင့်(၂) ခွေလုံးဝကြပ် သဖြင့် မိနစ်(၂၀) ထဲက အတတ်နိုင်ဆုံး ကောင်းတဲ့ နေရာလေးဖြတ်ပြီးပြန် ဆက်ထားတာကြောင့် သီချင်းတွေ ပြတ်တောက်ပြတ်တောက် ဖြစ်နေတာ သည်းခံပေးကြပါလို့ တောင်းပန်ပါတယ်။ ဒီအခွေမှာ ကာဏ်းရိုးရာ အကတွေနှင့် တောင်ပေါ်ရှုခင်းတွေကိုပါ ရှုစားနိုင်ပါတယ်။

ကဗျာချစ်သူ

ငါ ကဗျာတွေဖတ်နေတယ်
ငါ ကဗျာတွေရေးနေတယ်

ဒီနေ့ အပြင်မှာ မိုးတွေရွာနေတယ်
ဒီနေ့ အပြင်မှာနည်းနည်းချမ်းနေတယ်
ဒီနေ့ အထဲမှာလည်းနည်းနည်းချမ်းနေတယ်

နက်ဖြန် ဘာတွေဖြစ်လာမလဲငါမသိဘူး
နက်ဖြန် ဆိုတာရှိနေသေးရင်
နက်ဖြန် မှာပဲ ရေးလက်စ
ကဗျာလေး ဆက်ရေးဦးမယ်.....

ဘလောဂ်ဂါတွေ အားလုံးနက်ဖြန်နေ့လေး ပိုင်ဆိုင်ကြပါစေ...ဇက်ဗီလင်းတန်း

ချစ်သူ

မချစ်ရင် မနေနိုင်သူ
ငါပဲကွာ
ပညတ်ချက်နဲ့ဓလေ့တွေ
ကြားမှာ......

မမုန်းရင် မနေနိုင်သူ
နင်ပဲကွာ
လွတ်လပ်မှုနဲ့ အတိုင်းအဝိုင်းတွေ
ကြားမှာ

ပြောပါ ပြောပါ
မုန်းတယ် ဆိုတဲ့ စကား
ခွင့်လွှတ်ချစ်နေမယ်
ဆက်ချစ်နေမယ်
ထာဝရချစ်နေမယ်

ဇက်ဗီလင်းတန်း

ရုတ်တရက်အမုန်း


သိပ်သိပ် ချစ်ကြတဲ့
မင်းနဲ့ငါ့ကြား
အချစ်တစ်ခုကလွဲရင်
ဘာပြဿနာမှ မရှိဘူးထင်တယ်.....

ဘာအကြောင်းပြချက်မှမရှိတဲ့
ရုတ်တရက်ကြီး
မုန်းတယ် ဆိုတဲ့စကား
နားကြားများ လွဲနေသလား....

မင်းဘက်မှာ ဒီလိုပြတ်သားပြီးမှတော့
ငါဘာတတ်နိုင်ဦးမလဲ
မုန်းမယ် ဆိုရင်လည်း
နည်းနည်းလောက်တော့ ကြိုတင်
အချက်ပြပါလား...

အခုတော့ ရုတ်တရက်ကြီး
ငါ့ဘက်မှာ ဘာမှကြိုတင်
ပြင်ဆင်မထားတော့
အတွေးတွေ ဇဝေဇဝါနဲ့
ဆုံးဖြတ်ချက်ချဖို့
ကမောက်ကမ ဖြစ်နေတယ်....

အနာဂတ်ခရီးမှာ မင်းနဲ့အတူနှင်ဖို့
မင်းနဲ့ အတူရေးဆွဲထားတဲ့
မျှော်လင့်ချက်တွေ
ရည်မှန်းချက်တွေ
ဇယားတွေ အားလုံး
ကယောက်ကယက်နဲ့
ရှုပ်ရှက် ခတ်ကုန်ပြီ.....

ဆက်လက်ကြိုးစားပါဦးမည်....ဇက်ဗီလင်းတန်း

မချုံကျေးရွာနှင့်ရိုးဖေါင်ကျေးရွာကြားကိုယ်ထူကိုယ်ထ လမ်းဖွင့်ပွဲ


ဒီအခွေကို ပို့ပေးသူနှင့် လာရောက် ရှုစားအားပေး သူများကိုအထူးကျေးဇူး တင်ပါကြောင်း..... ဇက်ဗီလင်းတန်း

အခက်အခဲပျောက်ဆေး

လူတစ်ယောက်က ဆေးဆိုင်ကို သွားပြီး ဆိုင်ရှင်သူဌေးကြီးကို အခက်အခဲပျောက် ဆေးရှိသလားလို့ မေးလိုက်တယ်။ ဆိုင်ရှင်သူဌေးက ဘယ်လိုပြန်ဖြေသလဲ။ သူက အခက်အခဲပျောက်ဆေးရှိရင်တော့ ကျွန်တော်လည်း ဝယ်ချင်တယ်တဲ့။ သူဌေးလည်း အခက်အခဲ ရှိတယ်ထင်တယ်။ ဟိုလူဝယ်ချင်တာက အကိုက်အခဲ ပျောက်ဆေးပါ။ သူဗမာစကား သိပ်မတတ်လို့ အခက်အခဲပျောက်ဆေး ရှိသလားလို့ မေးမိတာပါ။ ငါထင်တယ် ခေါင်းကိုက်ပျော်ဆေး ဝယ်ချင်တာနဲ့ တူတယ်။

မရှိတာထက် မသိတာခက် ဆိုတာ အမှန်ပါပဲ။
ပုံကတော့ googleမှာရှာတာပါ။
အားလုံးပျော်ရွှင်နိုင်ပါစေ...ဇက်ဗီလင်းတန်း

Zophawng Baptist Church Silver Jubilee(Xi)


အမှတ်တရ ငွေရတုချီးမွမ်းသီချင်း များနားဆင်သူအားလုံး ကျေးဇူးတင်ပါကြောင်း..
ဇက်ဗီလင်းတန်း...

ဆလိုင်းကီးထန်း...ချယ်ရီဝေချိန်



လောပန်းလောင်းတို့ပျော်ရာမြေ-Z.ဒီးလာ


ကျွန်တော်အရမ်းကို လိုချင်တဲ့ ဒီ **Z.ဒီးလာရဲ့လောပန်းလောင်းတို့ပျော်ရာမြေ** သီချင်းကို တင်ပေးနေပါပြီ။ ရောက်ဖြစ်တဲ့ ကချင်ဆိုဒ်တွေ တိုင်းမှာ ကျနော် တင်ပေးကြပါလို့ တောင်းဆိုဖူးပါတယ်။ ဒီသီချင်းရဲ့နာမည် ကို ကချင် သီချင်းလို့နာမည်ပေးထားပါတယ်။ လူမျိုးခွဲခြားတာတော့ မဟုတ်ပါဘူး။ ကျနော်ရဲ့ ဆိုဒ်လေးမှာ လာလည်သူ အလွယ်တကူ ရှာဖွယ် နားဆင်နိုင်အောင်လို့ပါ။ ကျနော့်လို ကချင်ပြည်မှာ ရောက်ဖူး/နေဖူးတဲ့ အဝေးရောက် သူငယ်ချင်း တစ်စုံတစ်ယောက်တာ အလွမ်းပြေ ပျော်ရွှင်တယ်ဆိုရင် ကျနော်ရဲ့ ငွေကုန်ကြေးကျ ပင်ပန်းခတို့ အကျိုးနပ်ပါပြီ။ ဓာတ်ပုံကတော့ google ကယူတာပါ။

ဇက်ဗီလင်းတန်း

တေးမြုံငှက်နှစ်ငါးဆယ်(၂)


01-ဇာတလမ်းထဲမှာအလွမ်းဆုံး-အငဲ
02-ပန်းနုနှုတ်ခမ်း-ဇော်ပိုင်
03-ကြိုးငွေချည်နဲ့ရွှေစင်အပ်-တင်ဇာမော်
04-သီချင်းများနဲ့လူ-ထူးအိမ်သင်
05-ရာဇဝင်ရိုင်းတယ်-လေးဖြူ
06-Kiss Me Quick-သီရိဂျေမောင်မောင်
07-ရဲရဲရင့်ရင့်ရင်ဆိုင်-ထွဏ်းထွဏ်း
08-အားလုံးအဆုံးကစမယ်-မို့မို့ဇော်ဝင်း
09-မင်းသိဖို့ကောင်းတယ်-မျိုးကြီး
10-သွားမယုံဘူး-ဆုန်သင်းပါရ်
11-မေမေနဲ့လာတွေ့ပါ-မီးမီးခဲ
12-ရင်ဖွင့်ပြချင်တယ်-ဝိုင်ဝိုင်း

IC 15 နှစ်ပြည့် အထိမ်းအမှတ် 1 to 21


01.Intro
02.အဖွင့်စကားပြော
03.ဒီရေ ဒီလှေ(လေးဖြူ)
04.အလွမ်းများ(လေးဖြူ)
05.ဖြတ်(R.ဇာနည်)
06.ရင်ခုန်ရလွန်းလို့(ဇော်ပိုင်)
07.ချစ်စမ်းမောင်.Guiter Show
08.လမိုက်ည(မျိုးကြီး)
09.အိမ်လွမ်းသူ(၀ိုင်ဝိုင်း)
10.အကြည့်(အငဲ)
11.မျှော်လင့်ခြင်းကွင်းပြင်(အငဲ)
12.နူးညံ့တဲ့အမိန့်တော်(လေးဖြူ N အငဲ)
13.အပြာရောင်ည(မျိုးကြီး)
14.ပန်းနုချစ်နှုတ်ခမ်း(ဇော်ပိုင်)
15.စည်း(၀ိုင်ဝိုင်း)
16.Show
17.ကမ်းမရှိတဲ့အချစ်(အငဲ)
18.လေးဖြူပြောတဲ့ICအကြောင်း
19.Practice Make Perfect
20.စကားပြော
21.TV Commercial

Min Dat Song...Om Thung Awi(Gloria)

အွန်လိုင်းပေါ်က ချစ်သူ

မေ့ဖူးချင်သည်
မင်းရဲ့ပါးမို့မို့လေး
လှပလွန်းတဲ့ မင်းရဲ့အပြုံးတွေ
ချိုတာလွန်းတဲ့ မင်းရဲ့စကားသံ
ငါ့ဘဝတစ်ခုလုံးကို
မင်းမူ စိုးမိုးလွန်းလို့ပါကွာ....

ချစ်ဖူးချင်သည်
ကွန်ဗျူတာက
ထွက်လာတဲ့မင်းရဲ့အသံ
**ချစ်တယ် ချစ်တယ်**
ဆိုတာ
တကယ်တမ်းကျတော့
မရေရာလို့ပါ....

တွေ့ဖူးချင်သည်
ကွန်ဗျူတာ ဖန်သားရဲ့
ဟိုး...အပြင်ဘက်မှာ....


ဇက်ဗီလင်းတန်း


ဇမ်နူး...သီဆိုသောသီချင်းများစုစည်းမှု


01.ဇာတ်ဆရာအလိုကျ
02.ဘ၀(ဂရေဟမ်-ဇမ်နူး-အားမူ-ရေဗက္ကာဝင်း-သရဖီတင်)
03.ချစ်လွန်းလို့ပါ
04.အသည်းကွဲသောနေ့(ဟဲလေး-ဇမ်နူး)
05.ပြန်ဆုံချိန်(ထွဏ်းခမ်-ဇမ်နူး)
06.လိုအပ်ခြင်း(ရဲလေး-ဇမ်နူး)
07.အိမ်ပြန်ချိန်(ရဲလေး-ဇမ်နူး)
08.အမ်းလိုက်တော့
09.စောင့်ဦးမယ်
10.အောက်ဆီဂျင်
11.ပုံပြင်ဟောင်း
12.သူသိသွားပြီ
13.နှုတ်ဆက်ထွက်ခွာသူ
14.နောက်ကြောင်းပြန်အလွမ်း(စီယံ-ဇမ်နူး)
15.သစ္စာရှိကြေး(ကောင်းမြတ်-ဇမ်နူး)
16.ဘာကြောင့်လဲ(စိုင်းစိုင်းခမ်းလှိုင်-ဇမ်နူး)

ပျော်စရာလေးတွေ


ပျော်စရာလေးတွေပါ...ကြည့်ပြီးသားဖြစ်ရင်တော့ ပြန်မကြည့်ပါနဲ့။သူငယ်ချင်းအားလုံး ပျော်ရွှင်နိုင်ကြပါစေ။

ဟာသမပြောတတ်တဲ့သူငယ်ချင်းတစ်ယောက်

သူငယ်ချင်း တစ်ယောက်ကပြောတယ်။ ဟာသပြောတတ်တဲ့ လူတွေက ဘာမှမဟုတ်တဲ့ ဟာလေးတွေ ပြောရင် လူတွေက အရမ်း ရီ(ရယ်)ကြတယ်။

ကျွန်တော်ကတော့ အရမ်း ရီစရာကောင်းတဲ့ ဟာတွေပြောရင်တောင်မှ လူတွေ သိပ်မရီကြဘူးတဲ့။

ထွန်းအိန္ဒြာဗို...1999



01.ရင်နာတယ်
02.ငါ့ကိုမမေ့ပါနဲ့
03.လာမယ့်နှစ်မှာရည်းစားထားမယ်
04.မရဲ့မောင်လေး
05.ကိုကိုရေချစ်မိပြီ
06.သွားမယ် Hollywood
07.သေခန်းပြတ်ပဲသူငယ်ချင်း
08.လူကြမ်းမင်းသား
09.1999
10.ဓါတ်ပြားဟောင်းလေးတစ်ချက်
11.စည်းကမ်းသိပ်များ
12.ဒီလိုဒီလိုလှလို့ချစ်တာ
13.မောင်မောင် မငိုဘူး ရင်ကျက်ပြီ
14.ကမ္ဘာနဲ့ငြိမ်းချမ်းရေး

99 ကျောင်းနေဖက် သူငယ်ချင်းများနား ဆင်ဘို့။ဒီသီချင်းတွေ နားဆင်ရင် အဟောင်း ကလေးတွေတောင် ပြန်သတိရစေတယ်။
Back to Top