Mei Awm Law

Wordpress လုပ်နည်း

ဒီစာအုပ်ကို ဘယ်သူ့ဆိုက်မှာ ဆွဲမှန်းမမှတ်မိတော့ဘူး..ဘာပဲဖြစ်ဖြစ် စာရေးသူနှင့် ဆိုက်ရှင် ကိုကျေးဇူးတင်ပါတယ်။ လေ့လာရလွယ် အောင် စာအုပ်အဖြစ် တင်ထားပါသည်။ အပြည့်ကြည့်ချင်ရင် wiew in fullscreen ကိုကလစ်နှိပ်ပြီး ဖတ်နိုင်ပါသည်။

Peek-a-boo Post ဆိုတဲ့ Read More လုပ်တာပါ

ပန်းချစ်သူ : ပိုစ်ကိုတင်ရင် … ဘလော့ဒ်မှာ ..ဆက်ဖတ် မယ် ။ ပြန်ခေါက်ထားခဲ့ပါလို. စာတန်းပေါ်အောင် ဘယ်လိုလုပ်ရမလဲ။
ကျနော့်ကို စာခေါက်တဲ့ Peek-a-boo Post (Read More) ကိုရေးပေးပါလို့ ပြောထားကြတာ အများကြီးပဲ။ နောက်ပြီး ကျနော်လည်း easy making blog ရေးနေတာ ပို့စ်သုံးခုနဲ့ ဆက်မရေးဖြစ်တော့ဘူး ။ ဒီနေ့ ရေးမယ်ဗျာ …
အားလုံးလိုလိုက သိပြီးသားပါ။ တော်တော်များများလည်း မြန်မာလို ရေးပြီးသား။ ဒါပေမယ့် ကျနော် ရေးမှကို ကျေနပ်မယ့် လူတွေ အတွက် ရေးတယ်လို့ သဘောထားပေးကြပါ … ဟီဟီ

ဘလော့ဖောင့်တွေကို Zawgyi-One နဲ့ Unicode အဖြင့်လွယ်ကူစွာပြောင်းချင်ရင်


ဒီနေ့တင်တဲ့ပိုစ်လေးကတော့အီးမေးလ်မှာတောင်းဆိုထားလို့တင်လိုက်တာပါ၊သိပြီးကျတဲ့ဘလော့မိတ်ဆွေတွေလည်းများမယ်ထင်ပါတယ်။မသိသေးတဲ့သူတွေအတွက်ပေါ့နော်၊ဒါက
မိမိရဲ့ဘလော့ဖတ်ရတဲ့သူတွေအတွက်အဆင်ပြေအောင်လုပ်ပေးတဲ့နည်းလို့ပြောရင်မမှားပါဘူး။ကေပီသရီးသုံးထားတဲ့Jsကုဒ်ကိုဘဲတင်ပေးလိုက်ပါတယ်။Copyယူပြီးမိမိရဲ့ဘလော့AddaGadget
>>HTML/JavaScript Add ကိုသွားပြီးထည့်ပေးလိုက်ပါ။မူရင်းနဲ့အသေးစိတ်သိချင်တော့Saturngodဆိုက်ဒ်မှာသွားကြည့်လို့ရပါတယ်။ဘလော့မိတ်ဆွေအားလုံးကိုခင်မင်လေးစားလျှက်kp3family

ဘလော့မှာ Kp-3 ရဲ့အသဲနှလုံးပုံလေးကျလာအောင်ထည့်ချင်ရင်


အောက်ကကုဒ်ကိုDesign>>>Add a Gadget>>>HTML/JavaScript Add မှာထည့်ပေးလိုက်ပါ။


မိမိ ဘလောက်မှာKp3 ရဲ့ twitter ငှက်လေးကိုယ့်ဆိုက်မှာပျံခိုင်းရအောင်



၁ ။Design

၂။Add a Gadgetကိုသွားပြီး HTML/JavaScript မှာအောက်ကကုဒ်ကိုထည့်ပေးလိုက်ပါ။


အဝေးရောက် ရွှေမြန်မာများအတွက် နိုင်ငံတကာ အဘိဓာန်

International
(အင်္ဂလိပ်.....မြန်မာ)
http://www.myordbok.com/

(အီဂျစ်.....မြန်မာ)
http://www.myordbok.com/dictionary/hebrew/

(ဂရိ......မြန်မာ)
http://www.myordbok.com/dictionary/greek/


(ပေါ်တူဂီ.....မြန်မာ)
http://www.myordbok.com/dictionary/portuguese/

(ပြင်သစ်......မြန်မာ)
http://www.myordbok.com/dictionary/french/

(နယ်သာလန်.......မြန်မာ)
http://www.myordbok.com/dictionary/dutch/

(အာရတ်ဘစ်.......မြန်မာ)
http://www.myordbok.com/dictionary/arabic/

(စပိန်.....မြန်မာ)

http://www.myordbok.com/dictionary/spanish/

      Europe
(နော်ဝေ......မြန်မာ)
http://www.myordbok.com/dictionary/norwegian/

(ဖင်လန်.......မြန်မာ)
http://www.myordbok.com/dictionary/finnish/

(ရိုမိန်းနီးယား.....မြန်မာ)
http://www.myordbok.com/dictionary/romanian/

(ပိုလန်.....မြန်မာ)
http://www.myordbok.com/dictionary/polish/



(ဆွီဒင်.....မြန်မာ)
http://www.myordbok.com/dictionary/swedish/

(ဒိန်းမတ်......မြန်မာ)
http://www.myordbok.com/dictionary/danish/

(ဂျာမနီ......မြန်မာ)
http://www.myordbok.com/dictionary/german/

(ရှရုား.....မြန်မာ)
http://www.myordbok.com/dictionary/russian/

        Asia
(ဂျပန်.....မြန်မာ)
http://www.myordbok.com/dictionary/japanese/

(တရုပ်.......မြန်မာ)
http://www.myordbok.com/dictionary/chinese/



(ကိုရီးယား.......မြန်မာ)
http://www.myordbok.com/dictionary/korean/

(မလေး........မြန်မာ)
http://www.myordbok.com/dictionary/malay/

(ဖီလပိုင်.....မြန်မာ)
http://www.myordbok.com/dictionary/filipion/


(ဗီယနန်.......မြန်မာ)
http://www.myordbok.com/dictionary/vietnamese/

(ထိုင်း.....မြန်မာ)
http://www.myordbok.com/dictionary/thai/

(ဟင်ဒီ......မြန်မာ)
http://www.myordbok.com/dictionary/hindi/

အဆင်ပြေပါစေ။
လိုလာမယ် ထင်လို့ပါ.....

Source...မောင်ချစ်

Html ကုတ်ထည့်ရန် အကောင်းစား



မူရင်းဆိုက်..http://css-tricks.com/snippets/javascript/auto-select-textarea-text/



မူရင်းဆိုက်..http://www.blogspottutorial.com/2009/05/making-text-area-with-auto-highlight.html



http://gj37765.blogspot.com/2011/04/how-to-make-text-area-with-auto.html
ကျနော် ရှာကြည့်တဲ့ကုတ်တွေ လိုချင်တဲ့ ဟာယူပါနော် ဟိဟိ

အချစ်သည် အပြစ်များကိုမမြင်ပါ



•အချစ်ကြောင့် အသည်းကွဲတာ မဆန်းပါဘူး။ အချစ်ကြောင့် ဘ၀ ပျက်သွားရတာသာ ဆန်းတာပါ။


•ငါ့ဦးနောက်က ငါ့ကိုအမိန့်ပေးနေတယ်၊ ငါ့နှလုံးသားရဲ့အလိုကို ငါ့ဦးနောက်က ခွင့်မပြုဘူး။ မိန်းမ တစ်ယောက်ကို လွယ်လွယ်နဲ့ ဖြစ်သလို မယူရဘူး၊ အိမ်ထောင်တစ်ခုကို တည်ဆောက် တော့မယ်ဆိုရင် ကျကျနန ပြင်ဆင်ပြီးမှ တည်ဆောက် သင့်တယ်တဲ့။



•လောက၌ အချစ်ဆုံးအရာသည် ဒုက္ခအပေးဆုံး။ ချစ်စရာ တစ်ခုရှိလျှင် ဒုက္ခတစ်ခု၊ ချစ်စရာများလျှင် ဒုက္ခများ၏၊ ချစ်စရာ မရှိတော့လျှင် ဒုက္ခမရှိတော့။


•အချစ်သည် ရှာလေရှာလေ ဒုက္ခ ပိုများလေဖြစ်သည်။


•လောကတွင် ဥစ္စာရူးထက် အချစ်ရူး၊ တဏှာရူးသည် ပို၍ အကြည့်ရ အမြင်ရ ဆိုးသည်။ အချစ် စိတ်ကြောင့် ရူးသွပ်ပြီး မစား၊ မအိပ်နိုင်ခြင်းသည် ကိုယ့်ကိုယ်ကို ဒုက္ခ အပေးဆုံးဖြစ်သည်။


•လူငယ်ဘ၀တွင် ပညာရေး၊ သို့မဟုတ် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု ရရေးသာ နံပတ်တစ် ဖြစ်သည် ကြင်ယာ အရေးသည် နှစ်ဖြစ်သည်။


•အချစ်ဟောင်း၏ မီးစ မီးကြွင်းတို့မှာ မကြာခင်မှာပင် မီးစွဲလေ့ရှိသည်။


•အချစ်သည် (၇)စက္ကန့် တည်တံ့၏၊ ရသာရုံက (၇)မိနစ်ခံ၏၊ စိတ်မချမ်းသာမှုက ဘ၀တစ်လျှောက်လုံး ခိုင်မြဲ တက်၏။



•မိမိကိုယ်ကို အချစ်နှင့်ထိတွေ့သူသည် မိမိကိုမိမိ ပူဆွေးသောကနှင့် ထိတွေ့မှု ရှိစေသူပင်ဖြစ်သည်။


•မဆင်မခြင် အိမ်ထောင်ကျ နောင်မှ နောင်တ ရကြလေသည်။ နောက်မှရသော နောင်တသည် ပူပင်ရစမြဲပင်။



•တွေ့မရှောင် အချောင်စိတ်ဖြင့် ချစ်ခြင်းသည် တစ်ကယ်တမ်းတွင် လုံးဝ ပျော်စရာ မကောင်းပဲ အဖျက် များသာ ခံစား ရတော့သည်။ နောင်မှ အခက်တွေ့အောင် ကြိုးစားမိခြင်း ဖြစ်သည်။


•သင့်ကိုသင်ချစ်ပါ။ ထိုအခါ သင့်တွင် ပြိုင်ဖက်များရှိမည်မဟုတ်။


•သစ်ကိုင်းကိုချစ်လျှင် သစ်ပင်ကိုလည်းချစ်ရမည်။


•တူနှစ်ကို တဲအိုပျက်မှာ နေရနေရ၊ ထမင်းရည်ကိုပဲ သောက်ရသောက်ရ၊ ထမင်ကြမ်းခဲကိုပဲ စားရစားရ တစ်ဦးနှင့် တစ်ဦး ချစ်ရင်ပြီးရော၊ ချစ်ရန်သာ အရေးကြီးသည် ဆိုသော စကားလုံးများမှာ လုံးဝ အနှစ်သာရ မရှိသော အပေါ်ရံကြော အလွယ်တကူ လူတိုင်း ပြောဆိုသော စကားများသာ ဖြစ်သည်။


•လောက၌ ချစ်သူပါင်းများစွာမှာ ဆင်းရဲခြင်း၊ မပြည့်စုံခြင်းကြောင့် မကွဲသင့်ပဲကွဲ၊ မခွဲချင်ပဲခွဲရသည်မှာ ရင်နာစရာ ကောင်းလှသည်။

Source...http://www.meepyatite.info/


အချိန်တစ်ခု



ဖြစ်စဉ်တိုင်းအတွက် အချိန်ရာသီ စက်ဝိုင်းတစ်ခုလိုအပ်သည်။ အချိန်တစ်ခုမှာ ကောင်းကင်ဘုံအောက်မှာရှိသမျှ ကိစ္စတွေ အားလုံး ဖြစ်ပေါ်လာကြသည်
For everything there is a season, And a time for every matter under heaven:


•အချိန်တစ်ခုက မွေးဖွားဖို့၊ အချိန်တစ်ခုက သေဆုံးဖို့
A time to be born, and a time to die;


•အချိန်တစ်ခုက စတင်ဖို့၊ အချိန်တစ်ခုက မယိုင်လဲအောင် မနည်း အားတင်းထားဖို့
A time to plant, and a time to pluck up what is planted;


•အချိန်တစ်ခုမှာ ဖျက်ဆီးဖို့၊ အချိန်တစ်ခုမှာ ပြင်ဆင် ကုသဖို့
A time to kill, and a time to heal;


•အချိန်တစ်ခုက ပြိုကျဖို့၊ အချိန်တစ်ခုက တည်ဆောက်ဖို့
A time to break down, and a time to build up;



•အချိန်တစ်ခုက ငိုကြွေးဖို့၊ အချိန်တစ်ခုက ရယ်မောဖို့
A time to weep, and a time to laugh;


•အချိန်တစ်ခုက ဝမ်းနည်းပူဆွေးဖို့၊ အချိန်တစ်ခုက ပျော်ရွှင် ကခုန်ဖို့
A time to mourn, and a time to dance;


•အချိန်တစ်ခုက အဝေးကို ပယ်ထုတ်ဖို့၊ အချိန်တစ်ခုက အနီးနား အတူရှိနေဖို့
A time to throw away stones, and a time to gather stones together;


•အချိန်တစ်ခုက ပွေ့ဖက်ဖို့၊ အချိန်တစ်ခုက ရှောင်ဖယ်ဖို့
A time to embrace, And a time to refrain from embracing;


•အချိန်တစ်ခုက အကျိုးရှိရှိအသုံးချဖို့၊ အချိန်တစ်ခုက ဖြုန်းတီးဖို့
A time to seek, and a time to lose;


•အချိန်တစ်ခုက ထိန်းသိမ်းထားဖို့၊ အချိန်တစ်ခုက စွန့်လွှတ်ဖို့
A time to keep, and a time to throw away;


•အချိန်တစ်ခုက ဆုတ်ဖြဲဖို့၊ အချိန်တစ်ခုက ဖာထေးဖို့
A time to tear, and a time to sew;


•အချိန်တစ်ခုက ဆိတ်ဆိတ်နေဖို့၊ အချိန်တစ်ခုက စကားပြောနေဖို့
A time to keep silence, and a time to speak;


•အချိန်တစ်ခုက ချစ်ဖို့၊ အချိန်တစ်ခုက မုန်းဖို့
A time to love, and a time to hate,


•အချိန်တစ်ခုက စစ်ပွဲ၊ အချိန်တစ်ခုက ငြိမ်းချမ်းခြင်း
A time for war, and a time for peace.

Source...http://www.meepyatite.info/

ခေါင်းဆောင်မှု ကျင့်စဉ်



•သင်သည် လူတွေကြားတွင် မကြောက်မရွံ့ သွားနေသည်ဟု လူတွေက ထင်ပါစေ။


•လူတိုင်းချီးကျူးခံချင်သည် ဆိုခြင်းကို သတိရပါ။


•တစ်ကြိမ်တွင် စစ်ပွဲတစ်ပွဲသာဆင်နွဲပါ။


•အစဉ်အလာ၊ ယဉ်ကျေးမှု၊ စည်းကမ်းနှင့် ပုဂ္ဂိုရေးသိက္ခာကို တစ်ခါတစ်ရံ ဘေးချိတ်ထားပါ။



•အင်အားကို နောက်ဆုံးအားကိုရာအဖြစ်သာသုံးပါ။


•အဖွဲ့အစည်း တစ်ခုလုံးနှင့်ဆိုင်သော ကိစ္စများတွင် ဌာနအသီးသီး၏ အကြီးအကဲများနှင့် ပြည့်ပြည့်၀၀ ဆွေးနွေးတိုင်ပင်ပြီးမှ ဆောင်ရွက်ပါ။


•မှန်မှန်ကန်ကန် ရပ်သူနှင့်အတူရပ်ပါ။ သူအမှားလုပ်သောအခါ ထိုသူကို စွန့်လွတ်လိုက်ပါ။


•တစ်ခါတစ်ရံ မသိယောင်ဆောင်နေခြင်းသည်၊ အကျိုးယုတ်လောက်အောင် ထိခိုက်နစ်နာမှု မဖြစ်နိုင်။


•ဘ၀တူပြည်သူတို့၏ ယုံကြည်အားကိုးမှုကို တစ်ကြိုမ်မျှ လက်လွှတ်ရလျှင် သူတို့၏ လေးစားကြည်ညိုမှုကို နောက်ထက်ဘယ်တော့မှ ရနိုင်တော့မည်မဟုတ်။


•လူတစ်ယောက်အားနှိပ်ကွပ်လျှင် ထိုသူနှင့် ထိုသူ၏ မိတ်ဆွေများသည် မိမိအဖွဲအစည်းအတွက် ထာဝရ ရန်သူများဖြစ်လာနိုင်သည်။


•မလိုတမာစိတ်ကိုရှောင်ပါ။ မေတ္တာစေတနာကိုဆောင်ပါ။



•မိမိ၏ အကောင်းဆုံး အပြုအမူများဖြင့်သာ လူတွေကို တွေ့ဆုံဆက်ဆံပါ။



•ကိုယ့်သိသလောက်၊ တက်သလောက်နှင့် အကောင်းဆုံး ဖြစ်အောင်လုပ်ပါ။ ပြီးဆုံးအောင် အထိလုပ်ပါ။



•မတရား စွပ်စွဲချက်များကို တစ်ကြိမ် အရှုံးပေးလိုက်ရလျှင် နောက်ထပ် စွဲချက်များအတွက် လမ်းဖွင့်ပေးသလို ဖြစ်သွားနိုင်သည်။



•မိမိ၏လုပ်ရပ်သည် ရည်မှန်းချက်ကို ထိခိုက်နေပြီဟု ယုံကြည်လျှင်လျှော့လုပ်ပါ၊၊ အထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ။ အမှားကိုမြင်လျှင် အမှန်ကို ချက်ချင်းပြင်ပါ။ အမြင်သစ် အမြင်မှန်ကို အမြဲ ကြိုဆိုလက်ခံပါ။



•ငြင်းခုံခြင်း၊ ရန်ဖြစ်ခြင်း စသော ပဠိပက္ခများကို အထူးရှောင်ပါ။



•အမြဲတမ်း ဦးစွာလှုပ်ရှား၊ ဘယ်တော့မှ နောက်ပိတ်ချီး မဖြစ်ပါစေနှင့်။



•ရှေတန်းသို့ထွက်ပါ။ အနိုင်နှင့်အရှုံးကို ခံနိုင်ရည်ရှိပါစေ။



•ဘယ်တော့မှမကြိုးစားလျှင် ဘယ်တော့မှ မအောင်မြင်နိုင်။


•အတော်ဆုံးခေါင်းဆောင်များသည် အမြဲတမ်း လေ့လာ ဆည်းပူးနေသည် ဟူသာ အချက်ကို မမေ့ပါနှင့်။


•ဘာစကားမှ မပြောပဲနေသင့်သည့် ကာလများရှိသည်ကို သတိရပါ။


•ယနေ့လုပ်နိုင်တာတွေကို မနက်ဖြန်လုပ်ဖို့ ချန်မထားပါနှင့်။


•တစ်ဝက်တပျက်သာ ပြီးအောင်လုပ်သော အလုပ်သည် လုပ်အားဖြုန်းသော အလုပ်ဖြစ်သည်။


•လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံသောအခါ ကိုယ့်အဖို့ရော၊ သူ့အဖို့ပါ မနှစ်မြို့စရာ ခံစားချက်မျိုး မကျန်ရစ်စေရန် ကြိုးစားပါ။

Source...http://www.meepyatite.info/
မှတ်ချက်။ ။comment ပေးချင်ရင် မီးပြတိုက် သူ့မူရင်းဆိုက်ကို သွားပြီးပေးကြပါ။ ကျနော်ကတော့ သူ့ရဲ့အဖိုးတန် စာတွေကို ကြိုက်လို့ ယူလာတာပါ။

ခေါင်းဆောင်မှု ကျင့်စဉ် (၂)



•ဖြစ်နိုင်တာတွေနဲ့ စတင်ပါ။

•ခေါင်းဆောင် တစ်ယောက်ရဲ့ အရည်အချင်း ဆိုတာ အောင်ပွဲပဲ။

•အချိန် မည်မျှကြာအောင် ကြိုးစားခဲ့ခြင်းသည် အဓိကမဟုတ်။ အောင်မြင်မှုကို ဖမ်းဆုပ်နိုင်မှု သည်သာ အဓိက ဖြစ်သည်။ အချိန် ကြာကြာတိုက်ရင် ဓားတုံးတယ်။ ဓားထက်တုန်းမှာ အချိန်မဆွဲပါနဲ့။


•ဆုပေး၊ ဒဏ်ပေး စနစ် ဆိုတာ နေရာ ဌာနတိုင်း၊ အဖွဲ့အစည်း တိုင်းမှာ ရှိသင့်တဲ့ စနစ်တစ်ခု။


•လက်အောက် ငယ်သားတွေကို လူမမာ တစ်ယောက်ကဲ့သို့ သဘောထားပြီး ကြည့်ရှုပေးပါ။ သင်ချောက်ထဲ ဆင်းလျှင် လိုက်ဆင်း ကြပါလိမ့်မယ်။ သင့်အတွက် အသက်စွန့်ဖို့ အသင့် ရှိနေ ကြပါလိမ့်မယ်။


•သေသေချာချာ အကွက်ချ ပြင်ဆင်လေ အောင်ပွဲရဖို့ ပိုမိုနီးစပ်လေပဲ။ ပြင်ဆင်မှု အားနည်းရင် အောင်မြင်မှု ဆိုတာ မသေချာဘူး။ ဘာမှ ပြင်ဆင်တွက်ဆမှု မရှိဘူးဆိုရင် တော့ စဉ်းစား သာကြည့်တော့။ ဒီတစ်ခုကိုကြည့်ပြီး အောင်မြင်မလား၊ ရှုံးနိမ့်မလား အတိအကျ ပြောနိုင်တယ်။

•ပက်ဝန်းကျင်ကို လေ့လာပါ။ မိမိ ကိုယ်ကို သဘောပေါက်ပါ။ ဒါဆိုရင် အောင်မြင်မှုနဲ့ မလွဲပါဘူး။




•အောင်မြင်မှုကို ကြိုပြီး သိနေတဲ့ သူဟာ အောင်ပွဲရဖို့ ၁၀၀% သေချာတယ်။ စစ်မရောက်ခင် မြား ကုန်နေရင် တော့ အောင်ပွဲနဲ့ဝေးဖို့ ကျိန်းသေပဲ။




•ရှေ့ရေးကိုတွေးပါ၊ ဥာဏ်ကို လွှာသုံးပါ အခက်အခဲ ဟူသမျှကို ဖြေရှင်းနိုင်ပါလိမ့်မယ်။




•နေရာတကာ လိုက်ကာကွယ်နေရင် နေရာတိုင်းက ပျော့ကွက်ဖြစ်နေလိမ့်မယ်။




•နာမည်လိုချင်စိတ်ကိုရှောင်ပါ၊ အကဲ့ရဲ့ခံရမှာကို မကြောက်နဲ့။




•ခေါင်းဆောင်ကောင်း တွေဟာ မိမိမှာရှိတဲ့ အားသာချက်၊ အားနည်းချက်တွေကို အမြဲ တွက်ဆနေတယ်။ အားသာချက်တွေကို စဉ်းစားပြီး စီမံချက်ကို အသက်ဝင်အောင် လုပ်တယ်။ အားနည်းချက်ကို စဉ်းစားပြီး ဆင်ခြင်နိုင်ဖို့ ကြိုးစားတယ်။




•ရောက်ရာအရပ်မှာ မိတ်ဆွေဖွဲ့ပါ။ သဘာဝနဲ့ ကိုက်ညီအောင် နေထိုင်ပြောဆိုပါ။ သဘာဝနဲ့ ဆန့်ကျင်နေသော အရာများကို အထူးဂရုပြုပါ။




•အချိန်ဆွဲတတ်ခြင်းက အဆိုးဆုံးပြဿနာ။




•ထွက်ပေါက်မရှိတော့တဲ့ လူတွေဟာ ဖြစ်သလို ခံချတတ်တယ်၊ ရွေးစရာလမ်း ပိတ်နေသူတွေဟာ ကြောက်စိတ်ပျောက်ပြီး မိုက်ရူးရဲ ဖြစ်သွားတတ်တယ်။




•လူတိုင်းဟာ အမှားနဲ့ မကင်းပါဘူး။ အမှားနည်းအောင်၊ အမှားများများ မလုပ်မိအောင်ပဲနေပါ အောင်မြင်ပြီးသား ဖြစ်ပါလိမ့်မယ်။




•အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ပြောင်းလဲပါ။ အရာရာတိုင်းကို မူသေ ဘယ်တော့မှ တွက်မထားပါနဲ့။




•ဖြစ်ပေါ်လာမယ့် အခြေအနေ အားလုံးကို အဆိုးဆုံးထိ တွက်ပြီး ကြိုတင်ပြင်ဆင်ထားပါ။ အဆိုးဆုံး အတွက် အစဉ်သင့် မဖြစ်လျှင် ဖရိုဖရဲနဲ့ ဇာတ်သိမ်းရလိမ့်မည်။




•တစ်စုံတစ်ယောက်က ကိုယ့်ကို အချိန်မရွေး ကန်ချနိုင်တယ်။ အခြေခိုင်အောင် လုပ်ထားပါ။




•မြှောက်ပင့်မှုမှာ မသာယာမိစေရန် သတိထားပါ။ ဖွဲတစ်ဆုပ် မ နိုင်သူဟာ ခွန်အားကြီးသူမဟုတ်။ နေတွေ လတွေမြင်သူဟာ အမြင်စူးရှသူမဟုတ်၊ မိုးခြိမ်းသံကို ကြားသူဟာ နားပါးသူမဟုတ်။




•ကိုယ်ချင်းစာ ညှာတာတတ်ပါ။ စည်းကမ်း ကိုတော့ တင်းတင်းကိုင်ပါ။




•ကိုယ်တိုင် စည်းကမ်းလိုက်နာပါ။ ဖောက်ဖျက်သူကိုလည်း ထိုက်သင့်တဲ့ အပြစ်ပေးပါ။




•အောင်မြင်မှုကို အရှည်တည်တန့်ဖို့ အဓိကလိုအပ်တာတွေက
1. ခံယူချက်၊
2. ဥာဏ်ပညာ၊
3. အမြော်အမြင်ကြီးမှု၊
4. စိတ်ထားကောင်းမွန်မှု၊
5. ကြင်နာတတ်မှု၊
6. သတ္တိ ဗျတ္တိ နဲ့
7. ပြက်သားမှု ။

Source...http://www.meepyatite.info/


ကြီးပွားချင်လျှင် ကြီးပွားမယ့် အလုပ်ပဲလုပ်



•ကြီးပွားချင်လျှင် ကြီးပွားမယ့် အလုပ်ပဲလုပ်။ လောင်းကစား အရက် မရှုပ်နဲ့ ရှိတာလေးပြုတ်သွားမယ်။


•ငွေများများ ရှာချင်ရင် သူများ မတွေးတဲ့ အတွေးမျိုးကို အတက်ပညာနဲ့ ပေါင်းစပ်ပြီး မရပ်မနား အလုပ်လုပ်။


•ငွေကို ကြိုးစားရှာပါ။ သို့သော် ကပ်စေးနဲ တွန့်တိုခြင်း၊ ပရမ်းပတာ သုံးဖြုန်းခြင်း၊ မက်မော တွယ်တာလွန်းခြင်း မဖြစ်သင့်။


•၀င်ငွေနှင့် ထွက်ငွေ မျှတအောင် မသုံးစွဲနိုင်လျှင် ပျော်ရွှင်မှုနှင့် ဝေးမည်ပင်။


•ငွေကြေး ရှာဖွေရာတွင် ၀ီရိယလိုအပ်သည်။ ဥာဏ်လိုအပ်သည်။ သတိတရားလည်း ထားရှိရမည်။ ငွေကြေးအပေါ် မက်မောမှုလည်း ရှိရမည်။


•ငွေကို မိတ်ဆွေလိုဆက်ဆံပါ။ ရန်သူမလုပ်ပါနှင့်။ ငွေပိုရှာနိုင်သော အရည်အသွေးကို မြှင့်တင်ပါ။ အခွင့်အလမ်းကို တွေ့အောင်ရှာပါ။ မိအောင်ဖမ်းပါ။ အချိန် နှင့် မိတ်ဆွေဖွဲ့ပါ။ သင့်စုဆောင်းငွေကို အကျိုးရှိစွာ ရင်းနှီး မြုပ်နှံပါ။ ကြီးပွား ချမ်းသာလိုစိတ်မွေးပါ။


•ဆင်းရဲတွင်ထဲ ၀ုန်းခနဲတွန်းချနိုင်တာ ပျင်းရိခြင်းဆိုတဲ့ လက်တစ်ဖက်ပါပဲ။


•သူဌေးဖြစ်ချင်လျှင် ဇွဲ၊ လုံ့လ၊ ၀ီရိယရှိပါ။


•တကယ် ကြီးပွားချင်စိတ်ရှိရင် တကယ်ကြီးပွားမှာပါ။


•လောကမှာ ချမ်းသာချင်စိတ်နဲ့ တကယ်ကြိုးစားရင် မချမ်းသာတဲ့သူဆိုတာ မရှိပါဘူး။


•လုပ်စရာရှိတဲ့ အလုပ်ကို အချိန်မဆွဲပဲ ချက်ချင်းထလုပ်။ အလုပ်ထဲမှာ စိတ်ရောကိုပါ နှစ်ထားတဲအတွက် အလုပ်ရဲ့ အားနည်းချက်တွေကို သူတပါးထက်ပိုပြီး မြင်နိုင်ပါတယ်။ အောင်မြင်အောင် ဘယ်လို လုပ်ရမယ်ဆိုတာလဲ နည်းလမ်းတွေ ရလာတတ်တယ်။


•အတိတ်၊ ကံ အကြောင်း မစဉ်းစားနဲ့။ အတိတ်၊ ကံ ဆိုတာ ကိုယ် လုပ်လို့မရဘူး။ ကိုယ်နဲ့ ဘယ်လိုမှ မပတ်သက် တော့ဘူး။ လောလောဆယ် မင်းလုပ်ရမှာက လက်ရှိဘ၀ကို အကောင်းဆုံး ဖြစ်အောင်လုပ်၊ ကိုယ့်ရဲ့ လက်ရှိအခြေအနေကို တဖြည်းဖြည်း တိုးတက်အောင် လုပ်နိုင်တယ် ဆိုရင် မင်းကြီးပွားမှာပဲ။


•အလုပ်ထဲမှာ စိတ်နှစ်ကိုယ်နှစ် ပျော်ပျော်ပါးပါး လုပ်ကိုင်ပါ။


•အောင်မြင် ကျော်ကြားသူတွေရဲ့ဘ၀မှာ အရေး အကြီးဆုံးတစ်ခုက အချိန်ပဲ။ လူတစ်ယောက်ဟာ အခြား တစ်ယောက်ထက် အချိန် နှစ်ဆလောက် ပိုပြီးလုပ်မယ်ဆိုရင် သူဟာ နှစ်ရက် ရှေ့ရောက်သွားမှာပဲ။


•သင်သည် အလုပ် ကြိုးစားသူဖြစ်က တိုင်းပြည်ရှိ လူအားလုံး၏ ၅၀% ကို ကျော်လွှားပြီးသား ဖြစ်ပါလိမ့်မည်။ သင်သည် ရိုးသား ဖြောင့်မက်သူဖြစ်က နောက်ထပ် ၄၀% ကို ကျော်လွှားနိုင်သည်။


•အပြုဘက်သို့ တွေးတက်သည့် စိတ်သည် ပညာရေး၊ စီးပွားရေး၊ အားကစားရေး စသည့် မည်သည့် အရေးမဆို အောင်မြင်မှုသို့ ဦးတည်စေသည့် အခြေခံဖြစ်သည်။


•သဘာဝကို သဘာဝအတိုင်ထားပါ။

Source...http://www.meepyatite.info

လူကို " စိတ် " က အုပ်စိုးသည်



•လူကို စိတ်ကအုပ်စိုး၍ စိတ်ကို စဉ်းစားတက်တဲ့ အသိဥာဏ်က အုပ်စိုးတယ်။


•စိတ်ဓာတ်ပျက်လျှင် ဒုက္ခကြီးလာ၏၊ စိတ်ဓာတ်တက်လျှင် ဒုက္ခသေးသွား၏၊ စီးပွားပျက်လျှင်လည်း စိတ်ဓာတ်မပျက်နှင့်၊ ကျန်းမာရေးပျက်လည်း စိတ်ဓာတ်မပျက်နှင့်။


•သတ္တ၀ါအားလုံး၏ ကံကြမ္မာ စိတ်ဓာတ်တွင်သာရှိသည်။


•စူးစိုက်သောသမာဓိသည် စိတ်တန်ခိုး။ စိတ်ဓာတ်ကြွယ်ဝမှ လူကြွယ်ဝသည်။ စိတ်ဓာတ်သန်မှ လူသန်သည်။ စိတ်မွဲလျှင် လူလည်းမွဲတော့သည်။


•သောကစိတ်သည် အထွေထွေသော ဒုက္ခဆင်းရဲခြင်း၏ မြစ်ဖျားခံရာဖြစ်သည်။


•စိတ်တို့မည်သည် ညစ်မည်ဆိုလျှင် တိုး၍တိုး၍သာ ညစ်ပြီးမညစ်တော့ပါဘူးဆိုလျှင် တစ်နေ့တစ်ခြား အညစ်ပြေသွားတော့သည်။


•အောင်စိတ်ရှိမှအောင်မြင်မည်။


•ရှုံးနိမ့်မှုသည် ရဲစွမ်းသတ္တိရှသူတို့အဖို့ အောင်မြင်ခြင်းတက်လှမ်းရန် ခုတုံးများဖြစ်သည်။


•လူတစ်ယောက်၏ စိတ်နေသဘောထားကို ကြည့်လျှင် ထိုသူ၏ အနီးစပ်ဆုံးလူများ၏ ဆက်ဆံရေး ကိုကြည့်ပါ။


•စိတ်သဘောထား ကြီးမြတ်သူတို့သည် ကြီးကြယ်မြင့်မြတ်သော ရည်မှန်းချက်ကိုသာ မျှော်မှန်း ထားကြသည်။


•စိတ်ဆိုးစဉ် စကားမပြောနှင့်။ မှန်သောစကားဆိုမှ ကျော်ဇော၏ ကျော်ဇောမှ အလုပ်တွင်၏။


•စိတ်ဓာတ်ရင့်ကျက် ကြံ့ခိုင်တည်မြဲစေရန်မှာ တစ်ခဏလုပ်၍မရနိုင်၊ စွဲမြဲစူးစိုက် အချိန်ပေးလုပ်ယူရမည်။


•စိတ်ဆိုးခြင်းသည် ခေတ္တရူးခြင်းတစ်မျိုးပင်။


•လောက၌ စိတ်ကူးရုံသာစိတ်ကူးပြီး အလုပ်တစ်စုံတစ်ခု မလုပ်ဘဲ ကြီးပွားခြင်းရယ်လို့မရှိ။ စိတ်ကူးကို စွန့်စွန့်စားစား လုပ်ခဲ့သူတွေသာ ကြီးပွားတိုးတက်ခဲ့၏။ ကြီးပွားသူတိုင်းသည် အပင်ပန်းခံ ကြိုးကြိုးစားလုပ်ကြသည်။


•အလွန်ညံ့ဖျင်းသော စိတ်ယုတ်မာအပေါင်းတွင် ကြောက်ရွံ့စိတ်သည်အဆိုးရွားဆုံးဖြစ်၏။


•သင့်ဆန္ဒသာလျှင်ပြင်းပြပါစေ၊ သင်မုချအောင်မြင်ရမည်။


•ညစ်ညမ်းတဲ့ပတ်ဝန်းကျင်မှာ ရောက်နေလို့ စိတ်ဓာတ်မပျက်ပါနဲ့။ ကြာပန်းလို ရွှံ့ထဲက ထိုးထွက် ရေပေါ်မှာ နေပြလိုက်စမ်းပါ။


•ကိုယ်ဟာ တစ်ဆင့်ထက်တစ်ဆင့် အမြင့်ကိုရောက်လာတိုင်း ကျေနပ်တင်းတိမ်မနေပါနဲ့။ အမြင့်ဆုံးရောက်သည့်တိုင်အောင် ကြိုးစားရုန်းကန်ရမည်။

Source...http://www.meepyatite.info

စကား


•မမေးခင် စဉ်းစားပါ။ မဖြေခင်စဉ်းစားပါ။ မပြောခင်စဉ်းစားပါ။ ပြောပြီးလျှင် ပြင်၍မရ။

•လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံသောအခါ ကိုယ့်အဖို့ရော၊ သူ့အဖို့ပါ မနှစ်မြို့စရာ ခံစားချက်မျိုး မကျန်ရစ်စေရန် ကြိုးစားပါ။


•လူတစ်ယောက် (သို့) အဖွဲ့စည်းတစ်ခုရဲ့အကြောင်းကို အကောင်းပြောစရာမရှိလျှင် ဘာမှမပြောတာ အကောင်းဆုံး။


•သူတပါးစကားကို အာရုံစိုက်နားထောင်ပါ၊ တစ်ဖက်သား စိတ်ဝင်စားမယ့် အကြောင်းရပ်ကိုပြောပါ၊ အရေးမကြီးသည့် အသေးစိတ်များကို ထည့်မပြောပါနှင့်။

•စကားတစ်လုံး ထပ်တလဲလဲ မသုံးမိအောင် ရှောင်ကြင်ပါ၊ သူတပါးစကား ကြားဖြတ်မပြောနှင့်။


•စကားကို အတိုင်းအဆနှင့်သာ ဆင်ဆင်ခြင်ခြင် ပြောသင့်သည်။ အလျှင်စလို ပြောခြင်းသည် အမှားများ၍ ဆင်ခြင်သင့်ပါသည်။ နေ့စဉ်သုံး စကားများကိုပင် အလျှင်စလို မပြောမိအောင် သတိထားသင့်သည်။


•စကားဝိုင်းတွင် အလုအယက် ပြောတတ်သူများသည် သူတပါးထံမှ အကြံကောင်း၊ ဥာဏ်ကောင်း၊ အချက်အလက်ကောင်းများကို ရနိုင်သော အခွင့်အလမ်း ဆုံးရှုံးသည်။


•စကားများများပြောသူကို လူအထင်သေးသည်။


•အသေအချာမသိသော အကြောင်းအရာကို မပြောပဲနေသည်က ပိုကောင်းသည်။


•ဒေါသထွက်လာလျှင် ဒေါသအရှိုန်မတက်မှီ ဘုရားဂုဏ်တော်ကို ကြည်ညိုရိုသေစွာ အာရုံပြုလိုက်ပါ။


•အခါအားလျှော်စွာ ချီးမွမ်းစကားပြောဆိုပါ။


•ပညာရှိတို့သည် အချင်းချင်း ချီးကျူးနေကြသည်။


•ချီးကျူးစကားသည် ပေါင်းသင်းဆက်ဆံကိုလည်း အဆင်ပြေချောမွေ့စေသည်။ ချီးကျူသူကို ချီးကျူးခံရသူက ခင်မင်နှစ်လိုသည်။


•ချီးမွမ်းစကားသည် လူ၏နှလုံးသားအတွက် နေရောင်ခြည်နှင့်တူသည်။ ချီးမွမ်းစကားမကြားရဘဲ နှလုံးသားသစ်ပင် မရှင်သန်နိုင်။


•အဆွေခင်ပွန်းချင်းရင်းနှီးစွာဖြင့် ချီးမွမ်းစကားတွေ အပြန်အလှန် ပြောကြဆိုကြတာဟာ ပျော်စရာကစားနည်းတစ်မျိုးပဲ။


•လောလောဆယ် သင်တွေ့ဆုံနေရသည့် လူတွေအကြောင်း တစေ့တစောင်း သိထားဖူးသည်ဆိုက၊ ၎င်းလူနှင့်ပတ်သက်သည့် ချီးမွမ်းစရာအချက် တစ်စုံတစ်ရာကို ရည်ညွန်းကာ စကားစတင်မည်ဆိုက အဆင်ပြေနိုင်သော သဘောရှိသည်။


•သူဘာစိတ်ဝင်စားလဲ သိအောင်စူးစမ်း၊ သဲလွန်စရှာ၊ လူတိုင်းလူတိုင်းဟာ တစ်ခုခုမှာတော့ ကျွမ်းကျင်သူချည်းပဲ၊ အရေးကြီးတာက အဲဒီအချက်ကို နှိုက်မိဖို့ပဲ၊ စမ်းကြည့်ပါလား။


•မကူညီနိုင်လျှင် မကူညီနိုင်ကြောင်းပြောရန် ၀န်မလေးပါနှင့်။ အလွယ်တကူတာဝန်မခံသင့်။
မလိုအပ်သော စကားများကို အပိုမပြောမိစေရန်ဆင်ခြင်ပါ။


•အပ်ကြောင်းထပ်စကား ခွန်အားမရှိ။


•ထောင်တန်တဲ့စကား ရယ်ရင်ပေါ့။ သူ့နေရာနဲ့သူသာ ရယ်စရာပြောသင့်သည်။


•သူတပါးကို ထိခိုက်နစ်နာစေသော ဟာသမှန်သမျှ သတိထား၍ရှောင်ရှားပါ။


•လူထုပရိသတ်ကို ဟောပြောရာတွင် ရယ်စရာပြောလျှင် ပရိသတ်ရယ်ချိန်မှာ ကိုတိုင်မရယ်မိစေရန် သတိထားပါ။ စကားပြောရင်းမရယ်သင့်ပါ။ ရယ်ရင်းနှင့်လည်း စကားမပြောသင့်ပါ။


•အလွန်ရင်းနှီးသော မိတ်ဆွေများနှင့် ဆက်ဆံမှုတွင် လွတ်လပ်မှု လွန်ကဲလာသည့်အခါ ပရမ်းပတာတွေဖြစ်လာပြီး ဒုက္ခရောက်တက်ပါသည်။


•မိတ်ဆွေတွေကို မိမိ၏ အတွင်းရေးများကို မိမိဘာသာ အလွန်အကျွန်ဖွင့်ပြောမိလျှင် နောင်ကျမှ တစိမ့်စိမ့်တွေးကာ အဲသည်လူကို မကျေနပ်သလိုလို၊ ရှက်သလိုလို၊ မကျေနပ်ချင်သလိုလို ခံစားရတက်သည်။


•ဧည့်ခံပွဲတွေမှာ လူတိုင်းက ကိုယ့်လိုပဲ ဘာလုပ်ရမှန်းမသိ ကသိကအောက် ဖြစ်နေကြတာ၊ အဲဒီချိန် လူတစ်ယောက်ကို ဖမ်းနုတ်ဆက်လိုက်၊ အဲသည်လူ ၀မ်းသာသွားလိမ့်မယ်။


•အလွယ်ဆုံးနှင့် အစွမ်းထက်ဆုံး အမေးစကားတစ်ခွန်းမှာ " ဥပမာလေးပြောစမ်းပါခင်ဗျာ " ဟူ၍ဖြစ်သည်။

Source...http://www.meepyatite.info

သတ္တိ


•ယောက်ျားကောင်း၊ ယောက်ျားမြတ်တို့၏ အနှစ်သာရမှာ အသိစိတ်၊ အသိတရားဖြစ်၏။


•တစ်ရွာတည်းသားချင်း၊ တစ်ရပ်တည်းသားချင်း၊ တစ်ကျောင်းတည်း သားချင်း တစ်ဦးက နွားကျောင်းသား ဖြစ်၍ တစ်ဦးက ၀န်ကြီးချုပ် ဖြစ်ရခြင်းသည် သတ္တိဖြစ်သည်။



•သတ္တိသည် လုပ်ရည်ကိုင်ရည်နှင့် လုပ်ရဲကိုင်ရဲမှု နှစ်ခုလုံး အကျုံးဝင်သည်။


•ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲ၊ တွေးရဲတောရဲ ရှိရမည်။


•သတ္တိကို မွေးမြူပြီးသော် သင့်အားရှေ့တန်း၌သာ တွေမြင်ရတော့မည်။


•လူ့ဘ၀တွင် အမှောင်ကြီးများ ကျတက်ပါ၏၊ လူ့ဘ၀တွင် တိမ်များ ဖုံးနေတက်ပါ၏၊ သို့သော် ဘာမျှ စိတ်ဓာတ်မကျပါနှင့် တိမ်တိုက်တိုင်းတွင် ငွေနားကွပ်လေးတော့ ရှိစမြဲပါ။


•ကျဆုံးချင်း ဆိုသည်မှာ အောင်မြင်မှု အတွက် ပထမ ခြေလှမ်းဖြစ်သည်။


•သရော်လှောင်ပြောင်မှု ခံရတိုင်း သည်းခံစိတ်ပေါ်တွင် သတ္တိအပင်ကိုစိုက်ပါ။ မကြာမီ သီးပွင့်လာမည်မှာ ဧကန်ဖြစ်ပါ၏။


•စိတ်ပျက်အားငယ်မှုနှင့် ကြုံတိုင်း သတ္တိကို မွေးမြူရ၏။ စိတ်အားငယ်မှုကို ဒီအတိုင်း ဆက်ထားပါက မိမိ စိတ်ဓာတ်သည် မြောင်းထဲ ရောက်သွားနိုင်ပါ၏။ စိတ်အားငယ်မှုကို သတ္တိက ချေဖျက်နိုင်သည်။


•သင့်ပန်းတိုင်သို့ ချီတက်ရေး ကိစ္စကို ပျက်ဆီးစေနိုင်သော အရာကား သင့်ကိုသင် မယုံကြည်ခြင်း ဖြစ်ပါ၏။


•ကျွန်ုပ်တို့တွင် ရှိသော သံသယစိတ် များသည် သစ္စာဖောက်များဖြစ်သည်။


•သင်သည် ဘာဆိုဘာမှ မလုပ်ပဲနေလျှင် ဆုံးရှုံးမှုကို ရှောင်ရှားနိုင်ပါ၏။ တစ်ချိန်တည်းမှာပင် အောင်မြင်မှု ကိုလည်း ရှောင်ရှားပြီးသား ဖြစ်နေသည် ဆိုသောအချက်ကို မမေ့ပါနှင့်။


•လူစွမ်းကောင်း အောင်မြင်သည့် အကြောင်းကိုသာ တွေးတော နေတတ်သည်၊ သာမန်လူတို့သည် သက်သာမှု အကြောင်းများကိုသာ တွေးနေတတ်၏။

Source...http://www.meepyatite.info

ပန်းဂေါ်ဖီစိမ်းမှ ဒြပ်ပေါင်းက ရင်သားကင်ဆာကို ဟန့်တားနိုင်

ပန်းဂေါ်ဖီစိမ်း (Broccoli) မှာ ပါဝင်တဲ့ ဒြပ်ပေါင်းတစ်မျိုးဟာ ကင်ဆာကျိတ်တွေ ကြီးထွားမှုကိုဖြစ်စေတဲ့ အဓိကဆဲလ်တွေကို ဟန့်တားနိုင်ကြောင်း အမေရိကန် သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
ကင်ဆာစတမ်းဆဲလ်တွေ (Cancer Stemcells) ဟာ အရေအတွက်နည်းပေမယ့် ကင်ဆာပြန်ဖြစ်တာနဲ့ ပျံ့နှံ့တာအတွက် အဓိကသော့ချက် ဖြစ်ပါတယ်။ မီချီဂန် တက္ကသိုလ်မှ သုတေသီတွေက ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ Sulforaphane လို့ခေါ်တဲ့ ဒြပ်ပေါင်းဟာ ကင်ဆာကျိတ်အသစ်တွေ ဖြစ်ပေါ်မှုကို တားဆီးထားပြီး ကင်ဆာစတမ်းဆဲလ်တွေကို သတ်ပစ်တာ တွေ့ရှိခဲ့တယ်။ Sulforaphane ဟာ ကင်ဆာရောဂါအပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို အရင်ကတည်းက သိပြီးသားပါ။
ဒါပေမယ့် အခုသုတေသနက Sulforaphane ရဲ့ ရင်သားကင်ဆာစတမ်းဆဲလ်တွေကို ဆန့်ကျင်နိုင်တဲ့ အာနိသင်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ Sulforaphane တွေဟာ အဓိကကျတဲ့ ကင်ဆာစတမ်းဆဲလ်တွေကို ဦးတည်တိုက်ခိုက်ပြီး ကင်ဆာရောဂါကို ကာကွယ်နိုင်မယ် ဒါမှမဟုတ် ကုသနိုင်မယ်လို့ သုတေသီခေါင်းဆောင် Duxin Sun က ဆိုပါတယ်။
သုတေသီတွေက ရင်သားကင်ဆာဖြစ်နေတဲ့ ကြွက်တွေကို ပန်းဂေါ်ဖီစိမ်းမှ ထုတ်ထားတဲ့ Sulforaphane ဒြပ်ပေါင်းတွေ ထိုးသွင်းခဲ့ရာ သာမန်ဆဲလ်တွေအပေါ်မှာ အာနိသင် နည်းနည်းလေးသာရှိပြီး ကင်ဆာဆဲလ်တွေကိုသာ သိသိသာသာ လျော့ကျသွားစေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ကင်ဆာကျိတ်အသစ်တွေလည်း ထပ်မံမဖြစ်ပေါ်နိုင်တော့ တာကို တွေ့ရှိခဲ့ကြပါတယ်။

Source..www.oasit.co.cc/

ကဗျာဘွဲ့မှူး...ပဲ့တင်သံ




01.မင်းရည်းစား သိရဲ့လား
02.နားလည်ပေးပါကလေးရယ်
03.ချစ်ဧည့်သည်
04.ခရစ်စမတ်ကိုကြောက်တယ်
05.ကိုပေါ
06.ကိုယ်ပြန်ပေးရမှာပေါ့
07.ကျောင်းသီချင်း
08.မြတ်မြတ်နိုးနိုး
09.နောက်ဆုံးသီချင်း
10.ပဲ့တင်သံ
11.ကြက်ခြေခတ်
12.စိတ်ကူး
13.ဆောင်းတွင်း၏ သီချင်းသစ်
14.ရိုးမြေကျ

ကဗျာဘွဲ့မှူး...စက်ကွင်း



01.အိမ်အပြန်
02.ရင်ထိမိုး
03.တို့ကမေ့တတ်တယ်နော်
04.တခါတလေတော့လဲ
05.ရှင်နဲ့ကျွန်မ
06.ပန်းပွင့်တဲ့ရင်ခွင်
07.တယောက်ထဲငိုမယ်
08.နေပါစေ
09.စက်ကွင်း
10.ပုံပြင်ဟောင်း
11.ဧပရယ်
12.ကမ္ဘာအဆုံးထိသွားမယ့်လမ်း
13.အချစ်စစ်
14.နောင်တ

Peekaboo ပို့စ်ခေါက်နည်းအသေးစိတ်

Peekaboo ဆိုတာ Read more.. Collapse ... စတဲ့ Javascript လေးကို ဘလော့ဂါမှာ ထည့်သွင်း ခြင်းဖြစ်ပါတယ် ။ ကျွန်တော် စစလိုက်ရှာခြင်းတုန်းက javascript တွေ သေနေတာနဲ့ နောက်ပြီး code တွေအ လုပ်မလုပ်တာနဲ့အတော်လေး ဒုက္ခများခဲ့ရပါတယ် ။ အခုတော့ ဒီ ဆက်လက်ဖတ်ရှုရန်ဆိုတဲ့ ဟာလေး လုပ်နည်းကိုအ သေးစိတ်ရေးတင်ပေးလိုက်ပါတယ် ။ ကိုယ့်ရဲ့ စာမျက်နှာမှာ ပို့စ်တွေအများ ကြီးတင် ထားတဲ့အခါ အရှည်ကြီးတွေဖြစ်နေရင် အဆင်မပြေပါဘူး ။ Read more လေး ထည့်ထားတဲ့အခါ expandable ဖြစ်တဲ့အ တွက် ပို့စ်ခေါက်ရတာ အရမ်းလွယ်ကူပြီး ကြည့်ရတာ ရှင်းလင်းသပ်ရပ်စေပါတယ် ။ ၀ထ္ထုရှည်တွေရေးတဲ့အခါ ဒါလေးထည့်ထားရင်အ ရမ်းကို အဆင်ပြေမယ်လို့ထင်ပါတယ် ။ ကျွန်တော့်ဘလော့မှာ နမူနာ ထည့်ထား သလိုပေါ့ ။ ကဲ လုပ်နည်းလေးကို အသေးစိတ် ကြည့်ကြရအောင် ။

သေနတ်


သေနတ်(gun)သည် စပရင်မောင်းခလုတ်ပါရှိ၍ ကျည်ဆံထည့်ပစ်ရသော ကိရိယာဖြစ်သည်။
သေနတ်ကို စတင် တီထွင်ခဲ့သူများမှာ တရုတ်လူမျိုးများဖြစ်သည်ဟု မှတ်တမ်းများတွင် ဖော်ပြထားပါသည်။ တီထွင်သူ၏အမည်ကိုမူ ဖော်ပြထားခြင်း မတွေ့ရပါ။ ခရစ်နှစ် ၉၀၅-ခုနှစ် (လွန်ခဲ့သော အနှစ် ၁၁၀၀-ကျော်)က တီထွင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ တရုတ်တို့သည် မီးတို့ထားသော ဖယောင်းတိုင်ကို သံချွန်တခုနှင့်တွဲစပ်ပြီး ကျည်ဆန်အဖြစ် အသုံးပြုပါသည်။ ၄င်းအား မှုတ်၍ဖြစ်စေ၊ ပစ်၍ဖြစ်စေ သေနတ်ကဲ့သို့ အသုံးပြုခဲ့ကြပါသည်။ သို့သော် ထိုကိရိယာကို သေနတ်ဟု မခေါ်ကြသေးပါ။ မီးလှံဟုသာ ခေါ်ဆိုခဲ့ကြပါသည်။ မည်သို့ပင် ဆိုစေ အဆိုပါမီးလှံသည် သေနတ်၏ မူလအစ ပစ္စည်းပင်ဖြစ်ပါသည်။


၁၂၅၀-ပြည့်နှစ် ရောက်သောအခါတွင်မှ ယမ်းမှုန့်ကို အသုံးပြုပြီး ပေါက်ကွဲစေတတ်သော သေနတ်အစစ်ကို တရုတ်တို့ တီထွင်နိုင်ခဲ့ကြပါသည်။ ထိုအချိန်ထိ ဥရောပနိုင်ငံများတွင် သေနတ်ပေါ်ပေါက်လာခြင်း မရှိသေးပါ။ ၁၄-ရာစုရောက်သောအခါတွင်မှ ဂျာမန်ဘုန်းတော်ကြီးတပါးဖြစ်သော ဘာသိုးလ်ရှဝဒ်ဆိုသူက တရုတ်တို့ထံမှ နည်းပညာကိုယူပြီး သေနတ်ပြုလုပ်ပြခဲ့ပါသည်။
သူတီထွင်သော သေနတ်မှာ ၃-ပေခန့်အရှည်ရှိပါသည်။ တဖက်ပိတ်သတ္တုပြောင်းဖြင့် ပြုလုပ်ထားပါသည်။ ၄င်းသတ္တုပြောင်းကိုငြိမ်အောင် သစ်သားချောင်းအဖြောင့်တချောင်းနှင့် ပူးချည်ထားပါသည်။ သေနတ်ပစ်ပုံပစ်နည်းမှာ အန္တရာယ်များလှပါသည်။ ဦးစွာ ယမ်းကို ပြောင်းဝတွင် ကျောက်ခဲများ သံစများနှင့်ရောပြီး ထည့်ထားရပါသည်။ ပစ်လိုသောအခါ လူတယောက်က သေနတ်ကို ချိုင်းတွင် မြဲမြဲညှပ်ထားပေးရပါသည်။
ကျန်တယောက်က သေနတ်အနောက်ပိုင်းရှိ အပေါက်မှ ယမ်းကို မီးရှို့ပေးရပါသည်။ ထိုအခါ မီးခိုးလုံးများ ထွက်လာပြီး ပြင်းထန်သောအသံဖြင့် ပေါက်ကွဲသွားလေ့ရှိပါသည်။ ဤသေနတ်မျိုးသည် ရန်သူကိုသာမက အခန့်မသင့်လျှင် ပစ်သူကိုယ်တိုင် သေနတ်မှန်ပြီး သေဆုံးတတ်ပါသည်။ ဝေးဝေးလည်း ပစ်မရပါ။
ထို့ကြောင့် ချိုင်းတွင် ညှပ်မပစ်တော့ပဲ ပခုံးတွင် ထောက်ပစ်နိုင်သော သေနတ်မျိုးကို တီထွင်လာကြပြန်ပါသည်။ ထိုသေနတ်မျိုးကို ၁၅-ရာစုတွင် တီထွင်ခဲ့ပြီး အာကွီဗတ် (arquebus) သေနတ်ဟုခေါ်ပါသည်။ ၄င်းသေနတ်မျိုးမှာ အလွန်လေးလံသည့်အတွက် စစ်သားတယောက်တည်း မ,မနိုင်ပါ။ ထို့ကြောင့် သေနတ်အသစ်တမျိုးကို ထပ်မံတီထွင်ရပြန်ပါသည်။
အာကွီဗတ်သေနတ်ကို တဆင့်တက်လိုက်သောအခါ စနက်မောင်းသေနတ် ဖြစ်လာပါသည်။ ထိုသေနတ်မျိုးတွင် သေနတ်ပြောင်းနောက်နား၌ စနက်မောင်းတခု တပ်ဆင်ထားပါသည်။ မီးရှို့မည့်အစား ခလုတ်ကိုဆွဲလိုက်ပါက စနက်မောင်းသည် စနက်ပေါက်တွင် လာရောက်ရိုက်သဖြင့် မီးပွင့်ပြီး သေနတ်ကျည်ဆန် ထွက်သွားပါသည်။ သို့သော် ဤသေနတ်မျိုးမှာ မိုးရွာလျှင် မီးမကူးသောကြောင့် ကျည်မထွက် ဖြစ်တတ်ပြန်ပါသည်။ ၁၅၄၀-ပြည့်လောက်တွင် စပိန်လူမျိုးတို့သည် စနက်မောင်းသေနတ်ထက် ကောင်းသော မတ်စကတ် (Musket) သေနတ်ကို တီထွင်ခဲ့ပြန်ပါသည်။ မတ်စကတ် သေနတ်တွင် ဒတ်ခ်ျတို့သည် ခဲကျည်လုံးကို အသုံးပြုထားပါသည်။ ပြောင်းဝလည်း ပိုရှည်ပါသည်။ ကျည်လုံးကို ယမ်းဆောင့်တံနှင့် ပြောင်းဝမှ ထိုးထည့်ပေးရပါသည်။ သို့မှသာ ယမ်းနှင့် ကျည်လုံးတို့ ထိနေမည်ဖြစ်ပါသည်။ ထိုအချိန်တွင် စနက်မောင်းဖြုတ်လိုက်ပါက ယမ်းပေါက်ကွဲပြီး ကျည်ထွက်သွားမည်ဖြစ်ပါသည်။
ဒတ်ခ်ျတို့သည် ၁၇-ရာစုတိုင်အောင် ဤမတ်စကတ်သေနတ်ကို အသုံးပြု၍ နယ်ချဲ့ခဲ့ကြပါသည်။ ခရစ် ၁၆၀၃-တွင် ပေါ်တူဂီလူမျိုး ငဇင်ကာသည် မြန်မာနိုင်ငံသို့ ကျူးကျော်လာစဉ်က ဤသေနတ်မျိုးကို အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ ၁၇-ရာစုမှ ၁၉-ရာစုတွင် မီးခတ်သေနတ်တမျိုး ပေါ်လာပြန်ပါသည်။ ယင်းမီခတ်သေနတ်သည် ပေါက်ကွဲအား ပိုမိုကောင်းမွန်သည့်အတွက် မတ်စကတ်အစား အသုံးများလာပြန်ပါသည်။ ပြင်သစ်တ်ေလှန်ရေးနှင့် နပိုလီယန် စစ်ပွဲများတွင် အဆိုပါ မီးခတ်သေနတ်ကို အသုံးပြုခဲ့ကြပါသည်။
ယနေ့ခေတ် အသုံးပြုနေကြသော ပစ္စတိုခေါ် ပြောင်းတိုသေနတ်မျိုးကို စတင်တီထွင်ခဲ့သူမှာ ဆင်မြူရယ်ကော့ (Saumel) အမည်ရှိ အမေရိကန်လူမျိုး သင်္ဘောသားတဦးပင် ဖြစ်ပါသည်။ ကော့တ်သည် ၁၈၃၀-တွင် သင်္ဘောသားအဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ရပါသည်။ ထိုခရီးစဉ်တွင် ကော့တ်သည် သင်္ဘော၌ တပ်ဆင်ထားသော ရေယက်ဘီးကို ကြည့်မိရာမှ သေနတ်တွင် ဆုံလည်တပ်ဆင်လိုက်လျှင် ကျည်ဆံများများကို တချိန်တည်း ပစ်နိုင်မည်ဟု တွေးမိပါသည်။ ကော့တ်သည် သူ့အတွေးကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ရာ ၁၈၃၆-တွင် မူပိုင်အဖြစ် မှတ်ပုံတင်နိုင်ပြီး ပစ္စတိုသေနတ်၏ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရပါသည်။ ကော့တ်ပြုလုပ်သော သေနတ်များကို ၁၈၃၇-မှစ၍ အမေရိကန်နိုင်ငံတွင် စတင်အသုံးပြုခဲ့ကြပါသည်။
မရှင်းဂန်းခေါ် စက်သေနတ်ကိုမူ ၁၈၆၂-ခုနှစ်တွင် အမေရိကန်လူမျိုး တီထွင်သူ ရစ်ချတ်ဂတ်လင်း (Richard J.Gatling) က စတင်တီထွင်နိုင်ခဲ့ပါသည်။ ဂတ်လင်းတီထွင်သော စက်သေနတ်မှာ ပေါ့ပေါ့ပါးပါး မဟုတ်သော်လည်း တမိနစ်အတွင်း ကျည်ဆန်အတောင့်ရေ ၂၅၀-မှ ၃၅၀-အထိ ပစ်ခတ်နိုင်ပါသည်။ ဂတ်လင်း၏ စက်သေနတ်အမျိုးအစားကို အမေရိကန်ပြည်တွင်းစစ်တွင် အသုံးပြုခဲ့ကြပါသည်။
ယခုအခါတွင် အဆိုပါသေနတ်မျိုးအပြင် တမိနစ်လျှင် အချက်ပေါင်းမြောက်မြားစွာ ကျည်ထွက်နိုင်သော အမ်-၁၆ ကဲ့သို့သော သေနတ်မျိုးလည်း ပေါ်ပေါက်နေပြီဖြစ်ပါသည်။
သေနတ်အမျိုးမျိုး

ခြောက်လုံးပြူး
နှစ်လုံးပြူး
ပစ်စတို
စနိုက်ပါ ရိုင်ဖယ် (Sniper Rifle)
မောင်းပြန်ရိုင်ဖယ် (Automatic Rifle)
ရိုင်ဖယ် (Bolt-action Rifle)
ကာဘိုင်(Carbine)
အူဇီ
ချေမှုန်းရေးရိုင်ဖယ်(Assault Rifle)
ဆီမီးမောင်းပြန်ရိုင်ဖယ်(Semi-automatic Rifle)
စက်သေနတ်
အမ်-၎
အမ်-၁၆
အေကေ-၄၇
ဂျီ-၃
ဂျီ-၃၆
လေသေနတ် (Air Rifle)

Source...လူဗိုလ်ဟူသည်...

ကမ္ဘာကျော်ခဲ့သူတွေရဲ့ ထူးခြားဆန်းပြား ပေါက်ကရများ

[By အဘ ဥက္ကာကိုကို]
တနင်္ဂနွေနေ့လည်ခင်းဟာ မိုးကလေးစိုစိစိုစိနဲ့ အင်မတန်ပျင်းရိဖွယ်ရာအသွင်ကို ဆောင်နေပါတယ်။ သည်းလိုက်၊ စဲလိုက်၊ ဖွဲလိုက် ဖြစ်နေတဲ့ ဇူလိုင်လရဲ့ မိုးရာသီနေ့ရက်ဟာ ကျနော့်ကို အိမ်အတွင်းထည့်ပြီး ထွေးပွေ့ထားပါတယ်။
ညီတွေက “We Were Soldier” ဆိုတဲ့ဇာတ်ကားကို အားတက်သရောထိုင်ကြည့်နေကြရဲ့။ ကွမ်းတစ်ယာ ယာစားနေရင်း တစ်လောက လှည်းတန်းလမ်းဘေးကနေ ကောက်လာခဲ့တဲ့ ကမ္ဘာ့ဖြစ်ရပ်ဆန်းများ စာအုပ်တွေကို ကျနော်သတိရသွားတယ်။ စာအုပ်စင်ကို မွှေနှောက်ပြီး ဆွဲထုတ်လိုက်တဲ့ စာအုပ်သုံးလေးအုပ် ကိုပဲ စိတ်ရှည်လက်ရှည်ထိုင်ဖတ်နေလိုက်ပါတယ်။
ရီရတယ်။ ကမ္ဘာကျော်လူပုဂ္ဂိုလ်ကြီးတွေရဲ့ မြင်ကွင်းနောက်ကွယ်မှာ လူမသိထင်မရှားဖြစ်ရပ်လေးတွေ ကိုယ်စီရှိနေကြပါတယ်။ ရုပ်တည်ကြီးတွေနဲ့ ကမ်းကုန်အောင်ရက်စက်ခဲ့တဲ့ လူဆိုးသွမ်းကြီးတွေဟာလည်း တစ်ချိန်ချိန်မှာတော့ ပေါတောတောကလေးတွေ လုပ်မိခဲ့တယ်ဆိုတာကို ၀မ်းသာအားရတွေ့ရှိလိုက်ရပါတယ်။ အဲဒါနဲ့ပဲ ကျနော်ရဲ့ပုစွန်ဦးနှောက်မှတ်ဥာဏ်လေးထဲမှာ ရှိနှင့်ပြီးသားဖြစ်ရပ်တွေနဲ့ အသစ်တွေ့ရှိလာတဲ့ ဖြစ်ရပ်ကလေးနည်းနည်းပါးပါးကို မသိသေးတဲ့မိတ်ဆွေတွေ ရယ်မောရအောင် စာစီမျှဝေတင်ပြလိုက်ပါတယ်ခင်ဗျား။
အပေါအညံ့ဆုံးရုပ်ရှင်ကား
Robot Monster (1953)
စက်ရုပ်ကြီးတွေက လူဝံ၀တ်စုံကြီးတွေဝတ်ပြီး ရေငုပ်ခေါင်းစွပ်တွေဆောင်းထားတယ်။ ဘယ်ကရောက်လာမှန်းမသိတဲ့ သတ္တ၀ါကြီးတွေကလည်း ပေါ်ပေါ်လာတယ်။ တော်တော်ဆိုးရွားတဲ့ ဇာတ်ကားလို့ ကြည့်သူတိုင်းက သတ်မှတ်ခဲ့ကြတယ်။ ရိုက်ကူးတဲ့ ဒါရိုက်တာကိုယ်တိုင် သူ့ဇာတ်ကားသူ ပြန်ကြည့်ပြီး သတ်သေသွားပါတယ်။
ထူးခြားသော မင်္ဂလာဦးည
မင်္ဂလာဦးညမှာ ခင်ပွန်းက သတို့သမီးကို ရိုးရိုးမဆက်ဆံဘဲ ရေချိုးပေးပြီး လူသေကောင်လိုထားတယ်။ ပြီးတော့ လူသေကောင်လို သဘောထားဆက်ဆံတယ်။ အဲဒါကြောင့် သတို့သမီးလေး ကြောက်ပြီး အမေ့ဆီပြန်ပြေးလာတယ်တဲ့။ ထူးဆန်းပေစွ။
အိပ်လျှင်ထူးခြားသူများ

- ၀င်စတန်ချာချီဟာ ခုတင်နှစ်ခု တပြိုင်တည်းပြင်ထားပြီး ခုတင်တစ်ခုမှာ အိပ်မပျော်ရင် နောက်ခုတင်တစ်ခုကို ပြောင်းအိပ်တတ်ပါတယ်။
- ဘင်ဂျမင်းဖရင့်ကလင်းဟာ တစ်ရေးနိုးတိုင်း ထပြီး အိပ်ရာကို ယပ်ခပ်လေ့ရှိပါတယ်။ အေးသွားရင် ပြန်အိပ်ပါတယ်။
- ဒေါ်ရသီဂိတ်ဂဲလင်း ဟာ အိပ်ဆေးသောက်မှ အိပ်ပျော်ပါတယ်။ ၁၉၆၅ မှာ အိပ်ဆေးလွန်ပြီးသေပါတယ်။
- ကဗျာဆရာ ကစ်ပလင်းဟာ အိပ်မပျော်တဲ့အခါတိုင်းမှာ ပန်းခြံထဲလမ်းလျှောက်ပြီး ““ကျွန်တော်တို့ကို သနားပါ... ကျွန်တော်တို့ကို သနားပါ”” လို့ အော်နေတတ်ပါတယ်။
- ရိုဘယ်မြို့စားကြီးဟာ အိပ်မပျော်တဲ့ရောဂါကြောင့် ဗြိတိသျှဝန်ကြီးချုပ်ဘ၀ကနေ နှုတ်ထွက်ပေးခဲ့ရပါတယ်။
- ဂျက်ကလင်းဆူဆန်ဟာ တစ်နေ့တာလုံး သူမ ရေးသားထားတဲ့ ၀တ္ထုတွေ စာတွေကို ပြန်လည်တည်းဖြတ်နေရင်း အိပ်ပျော်တတ်ပါတယ်။
- ဗင်ဆင့်ဗန်ဂိုးကတော့ ပရုတ်လုံးတွေကို ခေါင်းအုံးနဲ့ အိပ်ရာပေါ် ကြဲချထားမှ အိပ်ပျော်ပါတယ်။
အိပ်လျှင် ဟောက်သူများ
ရောမခေါင်းဆောင် ကာတို၊
ဗြိတိသျှဘုရင် ဒုတိယဂျော့၊
ကန်သမ္မတအေဘရာဟင်လင်ကွန်း၊
အီတလီအာဏာရှင် မူဆိုလီနီ၊
ရောမဘုရင် မားကတ်အောသို့၊
ကန်သမ္မတ ရုစဗဲ့၊
ကန်သမ္မတ ဂျော့ဝါရှင်တန် - တို့ဟာ အိပ်ပျော်စဉ်မှာ အကျယ်ကြီး ဟောက်တတ်သူတွေဖြစ်ပါတယ်။
ကမ္ဘာကျော်ရောဂါသည်များ
- နပိုလီယန်ဟာ လိပ်ခေါင်းရောဂါကြောင့် ၀ါတာလူးစစ်ပွဲမှာ ရှုံးနိမ့်ခဲ့ရပါတယ်။ ရှေ့တန်းကို မြင်းစီးပြီး သွားရောက်မလေ့လာနိုင်တာကြောင့်ပါ။
- ဂျာမန်သီချင်းရေးဆရာကြီး ဗီသိုဗင်
- အမေရိကန်တောပုန်းကြီး အယ်လ်ကပုန်း
- ရှာဖွေတွေ့ရှိသူ ခရစ်တိုဖာ ကိုလံဘတ်
- ပြင်သစ်ပန်းချီဆရာ ပေါလ်ဂေါ်ဂင်
- ဗြိတိသျှ အဋ္ဌမဟင်နရီဘုရင်
- ပြင်သစ် ၁၄ မြောက် လူဝီဘုရင်
- အင်္ဂလန်ဘုရင်မ ပထမမေရီ
- ပြင်သစ် ဧကရာဇ် နပိုလီယန်
- ရုရှားဇာဘုရင်
- ပြင်သစ်က ဖိုမကိစ္စ စာရေးဆရာ မားကွက်ဒီဆေး- တို့ဟာ ဆစ်ဖလစ် ကာလသားရောဂါသည်များဖြစ်ခဲ့ကြပါတယ်။
အောက်ပိုင်းထူးခြားသူများ
- တက္ကဆပ်ပြည်နယ်က မိုင်တယ်ကော်ဘင် ဆိုတဲ့ မိန်းမဟာ ခြေလေးချောင်းပါပါတယ်။ အထက်ပိုင်ကိုးက လူတစ်ယောက်တည်းပေမယ့် အောက်ပိုင်းက နှစ်ယောက်ဖြစ်နေပါတယ်။ သူအိမ်ထောင်ကျပါတယ်။ ကလေးငါးယောက်မွေးပါတယ်။
ပထမ ခန္ဓာကိုယ်က သုံးယောက်ထွက်ပြီး ဒုတိယခန္ဓာကိုယ်က နှစ်ယောက်ထွက်လာတာပါ။
- ကျုးဘားနိုင်ငံသား ဂျင်းဘက်ပတီးဆားဟာ ကျားလိင်တန်နှစ်ခုနဲ့ ခြေထောက်အသေးလေး အပိုနှစ်ခုပါလာပါတယ်။ သူက သူများထက်ဦးနှောက်ကောင်းပြီး လိင်နှစ်ခုပါတာကြောင့် လိင်ဆက်ဆံတဲ့နေရာမှာ အစွမ်းပိုထက်တယ်လို့ ဆိုပါတယ်။
- ဘက်တီဝီလီယန်ဆိုတဲ့ အမျိုးသမီးလေးဟာ ဘယ်ဖက်တင်ပါးတစ်ခု အပိုရှိပါတယ်။ သူ့ချစ်သူက သူ့ကိုမယူဘူးလို့ ပြောတဲ့အတွက် ၂၁ နှစ်အရွယ်မှာ စိတ်ဓာတ်ကျပြီး သေသွားပါတယ်။
- ပြင်သစ်ရဲ့ ၁၆ ယောက်မြောက် လူဝီဘုရင်ဟာ အိမ်ထောင်ကျပြီး ၇ နှစ်အတွင်း လုံးဝ လိင်ဆက်ဆံခြင်းမရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ လိင်တံထိပ်မှာ အဖုကြီးတစ်လုံးပေါက်နေလို့ပါ။ လိင်စိတ်ပေါ်လာတိုင်း အဖုကြီးက တင်းပြီးနာလာပါတယ်။ နောက်ဆုံးမှာ ဆရာဝန်တွေရဲ့ တိုက်တွန်းမှုကြောင့် ခွဲစိတ်ကုသလိုက်ပါတယ်။ အဲဒီတော့မှ သူ အလုပ်ဖြစ်သွားပါတယ်။
- ဗြိတိသျှစာရေးဆရာ ဂျွန်ရပ်စကင်(၁၈၁၉- ၁၉၀၀) ဟာ မင်္ဂလာဦးညမှာ ဇနီးသည်ရဲ့ အမွှေးတွေကိုမြင်ပြီး တစ်သက်လုံး လိင်မဆက်ဆံဘဲ လူပျိုကြီးလုပ်သွားခဲ့ပါတယ်။
- ဂျာမန်ခေါင်းဆောင်ကြီး ဟစ်တလာ(၁၈၈၉- ၁၉၅၄) ဟာ ဂွေးစေ့တစ်လုံးတည်းရှိသူဖြစ်ပါတယ်။ သူဟာ လိင်ဆိုင်ရာ အပြာစာအုပ်ရုပ်ရှင်တွေကို တပ်မက်သူပါ။ တစ်ခုသော ခရစ်စမတ်ညမှာ သူ့ရဲ့ လိင်အင်္ဂါကို အမျိုးသမီးတစ်ယောက်က နမ်းလိုက်ပြီးကတည်းက သူဟာ အကြောက်ကြီးကြောက်သွားပါတယ်။ သေကာနီးအချိန်မှာမှ အီဗာ နဲ့ လက်ထပ်ခဲ့တာပါ။
လိင်ကိစ္စနဲ့ အလုပ်များခဲ့သူများ
- ဘီစီ ၄ ရာစုက နီဆရာဆိုတာ သူ့ခေတ်မှာ အလှဆုံးပြည့်ဆန်ဆာပါ။ ဂရိနိုင်ငံမှာ အထူးကျော်ကြားခဲ့တာပေါ့။ တရားရုံးက သူမကို အပြစ်ပေးမယ့်အချိန်မှာ တရားသူကြီးကို သူမက ကိုယ်လုံးတီးချွတ်ပြခဲ့ပါသေးတယ်။ သိပ်နောက်တာပဲ။
- ဘီစီ ၃၀ ခန့်က ကလီယိုပက်ထရာဟာ လိင်ကိစ္စမှာ စံပြပါပဲ။ အသက် ၁၂ နှစ်ကစပြီး လိင်အတွေ့အကြုံရခဲ့သူပါ။ ၃၈ နှစ်အထိ အပျော်ကြူးပြီးနောက် ကိုယ့်ဘာသာပဲ သတ်သေလိုက်ပါတယ်။
- ၁၇ ရာစု အစောပိုင်းက အင်ဂိုလာနိုင်ငံ ဇင်ဂွာဘုရင်မဟာ သူမရဲ့ ကျွန်တွေကို ခြေထောက်ရိုက်ချိုးပါတယ်။ ခြေမသန်တဲ့ ယောက်ကျားတွေဟာ လိင်ကိစ္စမှာ ပိုသန်စွမ်းတယ်လို့ သူမက ခံယူထားလို့ပါ။
ဘုရင်မဟာ ယောက်ျားနှစ်ယောက်ကို သတ်ဖြတ်ယှဉ်ပြိုင်တဲ့ပွဲတွေ ကျင်းပပြီး အနိုင်ရသူနဲ့ အိပ်ပါတယ်။ တစ်ညလုံးမရပ်မနားအိပ်ပြီး မနက်လင်းတာနဲ့ အဲဒီလူကို သေဒဏ်ပေးပါတယ်။ ကြောက်စရာကြီးပါ။
- လန်ဒန်မြို့စားကြီး ၀ီလီယန်ဒေါက်ကလပ်ဟာ သူ့အိမ်ရှေ့က ဖြတ်သွားတဲ့ မိန်းမတွေကို လှမ်းလှမ်းခေါ်ပြီး ငွေတွေ နင့်နေအောင်ပေးကာ လိင်ဆက်ဆံတတ်သူပါ။
- ၁၈ ရာစုနှောင်းပိုင်းက ရုပ်ရှင်မင်းသမီး မောဝက်စ် ဟာလည်း လိင်စံပြတစ်ဦးပါပဲ။ သူမရဲ့ ဘ၀အတ္တုပ္ပတ္တိကို ဘယ်အချိန်မှာရေးသလဲလို့ သတင်းထောက်တွေက မေးတဲ့အခါ ကျွန်မအိပ်ရာပေါ်မှာပဲရေးခဲ့တာပါလို့ ပြန်ဖြေခဲ့တဲ့မင်းသမီးဟာ အသက် ၈၀ အထိ သောင်းကျန်းခဲ့ပါတယ်။
- ဆော်ဒီဘုရင် ဗစ်တာအီမယ်နုရယ် (၁၈ရာစု) ဟာ ပြင်သစ်နိုင်ငံကို ဧည့်သည်တော်အနေနဲ့သွားရောက်ခဲ့ပါတယ်။ အဲဒီမှာသူဟာ ပြင်သစ်အမျိုးသမီးတွေ အတွင်းခံဘောင်းဘီမ၀တ်ဘူးဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ တစ်သက်လုံး အဲဒီအကြောင်း ကို သူပြောလို့မဆုံးတော့ပါဘူးတဲ့။
- ဗြိတိသျှစာရေးဆရာ လူဝီကာရေးဟာ အရွယ်မရောက်သေးတဲ့ ကောင်မလေးတွေကို အ၀တ်မပါဘဲ ဓာတ်ပုံရိုက်ရတာ တော်တော်ဝါသနာပါသူဖြစ်ခဲ့ပါတယ်။
ထူးဆန်းတဲ့ သေဆုံးမှုတွေ
(၁) ဥရောပ တစ်ခုလုံးကို ကျုးကျော်တိုက်ခိုက်သိမ်းယူခဲ့တဲ့ အတီလာသီဟန် (၄၀၆-၄၅၃) ဟာ လိင်ဆက်ဆံရင်း အသက်ထွက်ပါတယ်။
(၂) ပြင်သစ်သမ္မတ ဖိလစ်ဖော်ရီ(၁၈၄၁-၁၈၉၉) ဟာ လိင်ဆက်ဆံနေရင်း နှလုံးဖောက် သေပါတယ်။
(၃) အမည်မဖော်သင့်ဘူးလို့ဆိုတဲ့ ဘာသာရေးခေါင်းဆောင်ကြီးတစ်ဦးကတော့ သူတပါးမယားတစ်ယောက်ကို မုဒိမ်းကျင့်နေတုန်း အသက်ထွက်သွားပါတယ်။
ကမ္ဘာကျော်အခြောက်များ
ဆိုကရေးတီး၊ အရစ္စတိုတဲလ်၊ ဂရိဘုရင် အလက်ဇန်းဒါးသည်ဂရိတ်၊ ရောမဘုရင် ဂျုးလိယက်ဆီဇာ၊ ပန်းချီဆရာလီယိုနာဒိုဒါဗင်ချီ၊ ရုရှားဇာဘုရင်ပီတာ၊ ဗြိတိသျှပြဇာတ်ဆရာ အော်စကာဝိုင်း တို့ဟာ ကမ္ဘာကျော်အခြောက်တွေဖြစ်ကြပါတယ်။
-
ဖဲသမားကြီးများ
- နပိုလီယန်ဟာ ၀ါတာလူးစစ်ပွဲမှာ အဖမ်းခံရပြီး အကျယ်ချုပ်ဘ၀မှာ လုပ်စရာမရှိတာနဲ့ အကျွမ်းကျင်ဆုံးဖဲသမားကြီးဖြစ်လာခဲ့ပါတယ်။
- အမေရိကန်သမ္မတ အိုင်ဆင်ဟောင်ဝါးဟာလည်း ဖဲသမားကြီးပါ။
- ဗိုလ်ချုပ်ကြီး နာသန်ဖောရက်ဆိုသူဟာ ပိုကာဒေါင်းရင်း ဒေ၀ါလီခံလိုက်ရပါတယ်။ ဒေါ်လာ ၁၀ကို အရင်းငွေပြုပြီး လူပြန်ဖြစ်ခဲ့ရပါတယ်။
- အမေရိကန်သမ္မတ ၀ါရင်ဟားဒင်းလက်ထက်မှာ ထိပ်သီးခေါင်းဆောင်ငါးယောက်ဟာ အိမ်ဖြူတော်မှာ သမ္မတနဲ့အတူ ပိုကာဆွဲလေ့ရှိပါတယ်။ ပြဿနာတစ်ခုပေါ်လာတော့ နှစ်ယောက်က ထောင်ကျပြီး တစ်ယောက်က သတ်သေသွားပါတယ်။
- အမေရိန်ကန်သမ္မတ ရုစဗဲ့ဟာ ပိုကာဒေါင်းနေရမှ ကျေနပ်သူပါ။ တစ်ခါကတော့ ရေဒီယိုမိန့်ခွန်းပြောရမှာကို ဖဲကစားရင်းတန်းလန်းထပြောတဲ့အတွက် ကုလားဖန်ထိုးတဲ့အသံတွေပါ ရေဒီယိုကလွှင့်တဲ့အထဲပါသွားတာကို ပြည်သူတွေက နားဆင်ခဲ့ရပါတယ်။
- ရောဘတ်ကူမင်းဆိုတဲ့ အမေရိကန်သံအမတ်ဟာ အင်္ဂလန်နန်းတော်ထဲက မူးမတ်တွေနဲ့ ဆွေတော်မျိုးတော်တွေအားလုံးကို ပိုကာဒေါင်းနည်းသင်ပေးခဲ့သူပါ။
- စာရေးဆရာကြီး တော်စတွိုင်းနဲ့ သမ္မတထရူးမင်းတို့ဟာလည်း ဖဲသမားအကျော်အမော်တွေပါ။
အရက်သမားကြီးများ
- အင်္ဂလန်ရဲ့ အဋ္ဌမမြောက်အွက်ဒွက်ဘုရင်ဟာ ၁၉၃၆ ဒီဇင်ဘာလမှာ ဘရန်ဒီအသောက်လွန်ပြီး သတိမေ့သွားတယ်။ အစာအိမ်ထဲကအရက်ကို ပြန်စုပ်ထုတ်လိုက်မှ သတိရပါတယ်။
- ဂျိုအာကွင်းမီလာဆိုတဲ့ ကမ္ဘာကျော်ကဗျာဆရာဟာ မူးလာရင် လူတွေရဲ့ခြေထောက်ကို ခွေးလိုဟောင်ပြီး လိုက်ကိုက်တတ်ပါတယ်။ ဆေးပြင်းလိပ်သုံးလိပ်ကို တပြိုင်တည်းသောက်ပြပါတယ်။ အဲဒီလိုသတ္တိကို သူဟာ ၀ီစကီကရတယ်လို့ ဆိုပါတယ်။
- အမေရိကန်က သတင်းဂျာနယ်အယ်ဒီတာ အမ်ဘရိုးဆီးယက်စ်ဟာ အရက်အသောက်လွန်ပြီး မက္ကဆီကိုနိုင်ငံအတွင်း ပျောက်ကွယ်သွားပါတယ်။
- ရှားဝတ်အင်ဒါဆင်ကို သူရေးတဲ့ဝတ္တုတိုတွေကြောင့် ကမ္ဘာကလေးစားရပါတယ်။ သူက အရက်သောက်ထားမှ စာရေးလို့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ၁၉၄၁ ခုနှစ်မှာ သွားကြားထိုးတံကို မျိုချမိပြီး အူပေါက်သေသွားပါတယ်။
- စာရေးဆရာ စတီဖင်ကရိန်းဟာ အရက်ကိုရေလိုသောက်ရင်းနဲ့ ဖာခန်းထောင်ထားတဲ့အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျသွားပါတယ်။
- ၁၉၀၃ ခုနှစ်ကစပြီး အကဘုရင်မအဖြစ်ကျော်ကြားခဲ့တဲ့ အိုင်ဆာဒိုရာဒတ်ကင်ဟာ အရက်မူးလာတိုင်း အ၀တ်အစားချွတ်ပြီး ကတတ်ပါတယ်။
- ဂျော့စတေတာလင်ဆိုတာ ကဗျာဆရာပါ။ ကဗျာစာအုပ်ဆယ်အုပ်တွဲကို တည်းဖြတ်ခဲ့သူပါ။ ““အရက်သည် လူကို ပျော်ရွှင်စေသည်။ စိတ်ညစ်စရာကိုမေ့ပျောက်စေသည်”” လို့ဟောပြောရာကနေ နာမည်ကျော်လာပါတယ်။ ၁၉၆၂ ခုနှစ်မှာ သူ့ကိုယ်သူ သတ်သေသွားပါတယ်။
ဆေးလိပ်သမားများ
- ၀င်စတန်ချာချီ(ဗြိတိသျှနန်းရင်းဝန်)ဟာ တစ်နေ့ကို ဆေးပြင်းလိပ် ၁၅ လိပ်သောက်ပါတယ်။
- အမေရိကန်ပြည်တွင်းစစ်ကာလက ဗိုလ်ချုပ်နဲ့သမ္မတလည်းဖြစ်သူ ယူလီးဆီးဂရန့်ဟာ စစ်ပွဲဖြစ်နေတုန်း တစ်နေ့ကို ဆေးပြင်းလိပ် ၂၄ လိပ်သောက်ပါတယ်။ ၁၈၆၂ ခုနှစ်မှာ စစ်ပွဲအောင်နိုင်တော့ ပြည်သူလူထုက သူ့ကို ဆေးပြင်းလိပ် တစ်သောင်းတစ်ထောင်ကျော် လက်ဆောင်ပေးကြပါတယ်။
- ဆာအိုင်းဆက်နယူတန်ဟာ ဘေးမှာရှိတဲ့ သူ့မိန်းမရဲ့ လက်ကို ရုတ်တရက်ဆွဲယူပြီး ဆေးလိပ်မီးဖိတ်သတ် တတ်ပါတယ်။ မကြာခဏပါတဲ့။
- ဗြိတိသျှဒေသသစ်ရှာဖွေသူ သမိုင်းဆရာ ဆာဝါလတာရီလေး ဆေးတံသောက်ပြီးအိပ်နေတာကို သူ့တပည့်က သူ့ဆရာမီးလောင်ခံနေရပြီထင်ပြီး ရေပုံးနဲ့ပြေးလောင်းပါတယ်။ ဒါလည်း မကြာခဏပါပဲတဲ့။
- အမေရိကန်စာရေးဆရာ မတ်တွိုင်းဟာ ဆေးပြင်းလိပ်သမားပါ။ ““ဆေးလိပ်ဖြတ်ရတာ သိပ်လွယ်ပါတယ်။ ကျနော်ဆေးလိပ်ဖြတ်ခဲ့တာ အကြိမ်တစ်ရာမကရှိပြီ”” လို့ သူက ပြောပါတယ်။
ဆက်လက်ဖော်ပြပါမည်....
(မှတ်ချက်။ ။ ဟုတ်ရဲ့လားဆိုသော မေးခွန်းအား မမေးပါရန် ကြိုတင်သတိပေးပါသည်။ တကယ့်ဖြစ်ရပ်မှန်များဖြစ်ပါ၏)
မောင်ဥက္ကာ
Source...လူဗိုလ်ဟူသည်....

သားသားလို ချင်တာ သူ့ဆီမှာ ရှိတယ်(၁)

ကျွန်တော့်ရဲ့ ဘလော့ဂ်မှာ ပို့စ်လေးတွေကို မိတ်ဆက်လေးတင်ပြီးတော့ ကျန်တာတွေကို ဆက်ဖတ်နိုင်အောင် Read More… Collapse ဆိုတာလေး လုပ်ထားတာ အားလုံးအသိပဲ ဖြစ်မှာပါ.

အဲဒါကို အင်္ဂလိပ်လို Peek-A-Boo Post လေးတွေ လို့ခေါ်ပြီးတော့ မြန်မာမှုပြုရရင်တော့ `တူတူရေ၀ါးပို့စ်´ လေးတွေလို ပြန်ဆိုရပါလိမ့်မယ်။ ပုန်းနေရာက ၀ါးဆို ထွက်လာလို့လေ… ဟုတ်တယ်ဟုတ်…

သားသားလို ချင်တာ သူ့ဆီမှာ ရှိတယ်(၂)

ဆက်ဖတ်ရန်(သို့)ပြန်ခေါက်ပါ လုပ်နည်း
ကဲ အားလုံး တမ်းတနေတဲ့ အရာလေး လာပါပြီ။ မိမိရဲ့ ဘလော့ဂ်လေးမှာ စာပိုဒ်တစ်ဝက်ပဲ ဖော်ပြီး တစ်ဝက်ကို ခေါက်သိမ်းထားမယ်။ ဖတ်ချင်တဲ့သူက ဆက်ဖတ်ရန်ဆိုတဲ့ စာလေးကို Click လုပ်မယ်။ စာတွေ ကျလာမယ်။ ဟုတ်တယ် မဟုတ်လား။ အဲဒီ လုပ်နည်းလေးလေ။

သားသမီးများနှင့် ဆက်ဆံရာဝယ်

ဒီနေ့ညနေသွားတက်ဖြစ်တဲ့ Parenting skills workshop လေးထဲက သားသမီးများနဲ့ ဆက်ဆံရာမှာ အရေးကြီးတဲ့ အချက်အလက်များနဲ့ ဥပမာပြမေးခွန်းလေးတွေဟာ အဖိုးတန်လွန်းလို့၊ ကိုယ့်လိုပဲ သားသမီးရှိတဲ့ မိဘများအတွက် မျှဝေပေးပါတယ်။

သင်တန်းနည်းပြက ကလေးငယ်လေးတွေနဲ့ ဆက်ဆံရာမှာ sensitivity, give and take, reassurance ဆိုတဲ့ အချက်သုံးချက်ကို ဂရုစိုက်ရမယ် ဆိုပါတယ်။


(၁) sensitivity ဆိုတာက ကလေးငယ်လေးတွေရဲ့ လိုအပ်ချက်လေးကို သတိထားမိနေတာ၊ အတူတူပျော်ရွှင်ဖွယ် လုပ်ငန်းဆောင်တာတွေလုပ်တာနဲ့ တယောက်နဲ့တယောက်ရဲ့ ဘ၀ကမ္ဘာလေးတွေကို မျှဝေတာ ဖြစ်ပါတယ်။ ကျွန်မတို့ လူကြီးတွေက တခါတလေ ကလေးငယ်လေးတွေ ဘယ်လိုတွေးတယ်ဆိုတာကို ထည့်မစဉ်းစားတတ်ကြပါဘူး။ ကိုယ်ဖြစ်စေ ချင်တာတွေ၊ ကိုယ်လုပ်စေချင်တာတွေကိုသာ အတင်းအကြပ် တွန်းအား ပေးတတ်ကြပါတယ်။ ကလေးငယ်လေးတွေက မေးလာတဲ့ မေးခွန်းတွေကိုလဲ ဂရုတစိုက် ပြန်ဖြေဖို့ အားနည်းတတ်ကြသလို သူတို့ပြောတာလေးတွေကိုလဲ ကိုယ့်ရဲ့ စိတ်နဲ့နှိုင်းပြီး ပြန်ပြောတတ်ကြပါတယ်။


အောက်က မေးခွန်းလေး တချို့ကို ဖြေကြည့်ပါနော်။ သင်တန်းမှာ ဖြေခဲ့ရတဲ့ မေးခွန်းလေးကို ဘာသာပြန်ပေးတာပါ။


(၁) တကယ်လို့ သင့်ကလေးက သူ့ကုတင်အောက်မှာ monster ရှိတယ်လို့ ပြောရင် သင်ဘယ်လို ပြန်ပြောမှာလဲ။

(က) ကုတင်အောက်က monster ကို ဘာမှစိတ်ပူစရာမရှိဘူး။ တကယ်စိတ်ပူရမှာက အိမ်ထဲကို သူခိုးရောက်လာမှာပဲ စိတ်ပူရမှာ။

(ခ) ဘာတွေလျှောက်ပြောနေတာလဲ။ အသုံးမကျတာတွေ တွေးမနေနဲ့။ ရှိစရာလား။

(ဂ) ဟုတ်လား။ ဒါဆို မေမေတို့ monster လိုက်ရှာရအောင်။


မိဘတယောက် အရွေးချယ်သင့်ဆုံးအဖြေကတော့ (ဂ) ဖြစ်ပါတယ်။ နှစ်ယောက်စလုံးအတွက် ပျော်စရာ ဂိမ်းလေးတခုဖြစ်လာနိုင်ပါတယ်။


(၂) သင်အပြင်မှာ ကလေးနဲ့တူတူ လမ်းလျှောက်နေတုန်း ကလေးက ကောင်းကင်ကို ထိုးပြပြီး၊ spaceship ကြီးရှိတယ်လို့ ပြောလာရင် သင်ဘာပြန်ပြောမှာလဲ။


(က) ဟယ်ဟုတ်လား။ ကမ္ဘာတွေအချင်းချင်းတိုက်တဲ့ စစ်ကြီး ဖြစ်နေပြီလားမသိဘူး။

(ခ) လျှောက်ပြောမနေနဲ့။ အဲဒါတွေက တီဗွီထဲမှာပဲရှိတာ။ အပြင်မှာ တကယ်မရှိဘူး။

(ဂ) (သူနဲ့ ဆက်ကစားဖို့ ကြိုးစားမယ်) ဟုတ်လား။ ဘယ်ကရောက်လာတာလဲ။


မိဘတွေ ဖြေသင့်တဲ့ အဖြေကတော့ (ဂ) ဖြစ်ပါတယ်။ ကလေးလေးတွေက ပုံပြင်ပြောတာ ၀ါသနာပါပါတယ်။ တချို့ မိဘတွေက လုပ်ကြံပြောတတ်သွားမှာကို စိုးရိမ်ပြီး၊ ဟန့်တားတတ်ကြတယ်။ အရွယ်ရောက်လာတဲ့အခါမှာ အလိုလိုနားလည်သွားမှာစိုးလို့ ပူပင်စရာမလိုပါဘူး။ သူတို့ရဲ့ ဥာဏ်ရည် တိုးတက်မှုအတွက်၊ တီထွင်စဉ်းစားဥာဏ် ပေါ်လာအောင် အကူအညီပေးသင့်ပါတယ်။


အဓိကကတော့ ကလေးတွေရဲ့ လိုအပ်ချက်ကို သတိပြုမိနေရပါမယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်တွေ့ အဖြစ်အပျက်လေး တခုရှိပါတယ်။ ကျွန်မအမေက အရာတော်တော်များများမှာ ကျွန်မလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပေမယ့်၊ ကျွန်မလိုချင်တာတခုနဲ့က မကိုက်ညီဖူး ဖြစ်နေခဲ့ဘူးတယ်။ မေမေက ထမင်း၊ ဟင်းကို တခါမှ ချက်ဖူးတာမဟုတ်ဖူး။ ဒီတော့ ကျွန်မက အိမ်က အဖွားတို့ရဲ့လက်ရာတွေ၊ အိမ်ဖော်လက်ရာတွေပဲ စားရတယ်။ ငယ်ငယ်တုန်းကတော့ လိုချင်ရင်တဇွတ်ထိုး ဖြစ်တတ်တဲ့ ကျွန်မဟာ ဒီကိစ္စအပေါ်မှာလဲ ဇွတ်တရွတ်ဖြစ်နေခဲ့တယ်။ မေမေ့လက်ရာစားချင်တယ်။ ဒါပေမယ့် ကျွန်မကလဲ တိုက်ရိုက်ဖွင့်မပြောဘူး။ ဒါတွေစားရတာ ရိုးနေပြီလို့ပဲ မသိမသာပြောတယ်။ သူငယ်ချင်းတွေကို သူတို့အမေတွေက ဘာတွေချက်ကျွေးတယ်ဆိုပြီး ပြောတယ်။ ဒီတော့ မေမေက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ ခေါ်သွားပါလေရော။ ကျွန်မပြောတဲ့ ဟင်းမျိုးတွေပါပဲ။ မရရအောင်ကို ရှာဖွေကျွေးမွေးတယ်။ ဆေးရုံက နမ့်စ်တွေကိုတောင် ချက်ခိုင်းလိုက်သေးတယ်။ ချိုင့်ကြီးချိုင့်ငယ် အသွယ်သွယ်နဲ့။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်တိုင်းကိုမကျဘူး။ ကျွန်မကလဲ မပွင့်လင်းဘူး။ မေမေကလဲ သဘောမပေါက်ဘူး။ ဒါကို ကျွန်မကလဲ နည်းမျိုးစုံနဲ့ ဂျီတိုက်တယ်။ စားသောက်ဆိုင်တွေမှာ ဟင်းဆယ်မျိုးလောက်မှာပြီး တို့ကနန်း၊ ဆိတ်ကနန်း စားတာမျိုးလဲလုပ်ရဲ့။ ကိစ္စမရှိဘူး။ မေမေ့နာမည်နဲ့ ထားထားပစ်ခဲ့တာဆိုတော့ ဒီလောက်ဖြုန်းရလားဆိုပြီး ပြောများပြောမလားပေါ့။ အဲလိုပြောလာရင်တော့ “မဖြုန်းစေချင်ရင် မေမေချက်ကျွေး” ဆိုပြီး ပြန်ချွဲမယ်ပေါ့။ ဒါကို မေမေက မေးလဲတခါမှ မမေးဘူး။ သိပ်ခက်တာပဲ။


အဲဒီပြဿနာက ဘယ်တော့မှ ပြီးသွားလဲဆို ကျွန်မဆေးကျောင်း ဒုတိယနှစ်မှာ တနေ့မေမေ မန္တလေးရောက်လာတယ်။ အဲဒီတုန်းက ကျွန်မက ကျောင်းနားက မင်္ဂလာဈေးအပေါ်ထပ် ကွန်ဒိုတိုက်ခန်းမှာ နေတယ်။ ညနေဘက်ဆိုရင် တပည့်တွေအိမ်သွား စာသင်ပေးနေတော့ ကျွန်မစားရေးသောက်ရေးက မပူရတာမို့ အိမ်မှာအဖော်မခေါ်ထားဘူး။ တယောက်တည်း အေးအေးဆေးဆေးနေချင်လို့ကို အိပ်ခန်းသုံးခန်းရှိပေမယ့် သူငယ်ချင်းတွေနဲ့တောင် ရှယ်ယာ လုပ်မနေဘူး။ မေမေခဏလာလည်တော့ သားအမိနှစ်ယောက် တူတူစားရအောင်ဆိုပြီး တပည့်တွေဆီမှာ မစားတော့ဘူး။ ကျွန်မပြန်မလာခင် မေမေက အနီးတ၀ိုက်ဆိုင်တွေဆီက သွားဝယ်ထားပေးတယ်။ အဲဒီနေ့ညနေကတော့ ကျွန်မဘာဖြစ်တယ်မသိဘူး။ မေမေ့အတွက်ပေးထားတဲ့ တိုက်ခန်းသော့အပိုကိုပါ ယောင်နနနဲ့ ကောက်ထည့်သွားခဲ့မိတယ်။ မေမေကလဲ ထွက်လို့မရတော့ ကျွန်မပြန်လာရင် ဆာနေမှာပဲဆိုပြီး၊ အဆင်သင့်အိမ်မှာရှိတာလေးကို သူတတ်သလို စီမံထားလေရဲ့။ အိမ်ပြန်ရောက်တော့မှ မေမေအခန်းထဲ ပိတ်မိနေတာ သိတော့တယ်။ ကျွန်မဆိုတာကလဲ ဆက်သွယ်ဖို့ ဖုန်းနံပါတ်လေးတောင် ပေးထားခဲ့တဲ့သူ မဟုတ်ဘူး။ အဲလိုနဲ့ အိမ်ပြန်ရောက်တော့ စားစရာ ကြက်ဥပြုတ်လေးကတော့ အဆင်သင့်ပဲ။ (အဲဒီကြက်ဥလဲ ကြက်ဥကို ဟင်းချက်တတ်လို့၊ ကြော်တတ်လို့ အိမ်မှာရှိနေတယ် မထင်ကြပါနဲ့။ ခေါက်ဆွဲပြုတ်ထဲ ထည့်ဖောက်သောက်ဖို့ ၀ယ်ထားတာလေးပါ)။ ဘာပဲပြောပြော အဲဒီနေ့က ကျွန်မတော်တော်ပျော်သွားတယ်။ ကြက်ဥပြုတ်အခွံကို တူတူထိုင်ခွာနေကြရင်း ကျွန်မတို့ သားအမိကြားက တံတိုင်းတခု ပြိုကျသွားသလိုပဲ။


တခါတလေ မိဘနဲ့သားသမီးကြားမှာ ဘာမဟုတ်တာလေးတွေနဲ့ အဲလိုလေးတွေ ရှိတတ်တယ်။ ခရီးသွားချင်တယ်ဆိုတိုင်း ပိုက်ဆံအုပ်တွေပဲ ပေးနေတဲ့ မိဘကို စိတ်ကောက်တဲ့ သူငယ်ချင်းတယောက်လဲ ရှိဖူးတယ်။ အမှန်တော့ သူသွားချင်တာက ရန်ကုန်ကနေ သန်လျင်လောက်ပဲဖြစ်ဖြစ် မိဘတွေနဲ့ တူတူသွားဖူးချင်တာ။ သူပြောလိုက်တိုင်း သူငယ်ချင်းတွေနဲ့ပဲသွား၊ ဘယ်ကားယူသွားဆိုပြီး၊ ငွေစက္ကူတွေပဲ အုပ်လိုက်ထုတ်ပေးနေတဲ့ မိဘကို သူအရမ်းပေါက်ကွဲနေခဲ့တယ်။ ဒီနေ့ ညနေသင်တန်းမှာ ဆွေးနွေးကြတော့ သားသမီးတွေရဲ့ လိုအင်ဆန္ဒလေးတွေကို သတိမူမိတတ်ဖို့ အရေးကြီးတယ်ဆိုတဲ့ အချက်ပေါ်မှာ ဒီကိစ္စလေးတွေကို ကျွန်မပြောပြဖြစ်ခဲ့တယ်။


၂။ Give and Take ဆိုတာကကျတော့ မိဘနဲ့ ကလေးနဲ့အကြား အလဲအလှယ်တခု၊ ညှိနှိုင်းမှုတခု လုပ်ကြတာမျိုးပါ။ လူကြီးတွေက ကလေးငယ်တွေကို တဘက်သတ်အနိုင်ကျင့်တတ်ကြပါတယ်။ “စာကျက်ရမယ်” လို့ ခြိမ်းချောက်ပြောဆိုတတ်ကြတယ်။ စာရရင် ဘာလုပ်ပေးမယ် ဆိုတာမျိုးကို ကျတော့ ပြောလေ့မရှိတတ်ကြဘူး။ ချီးမွမ်းပြောဆိုဖို့ကျတော့လဲ မေ့နေတတ်ကြတယ်။ အမှန်တော့ “တော်လိုက်တာ” ဆိုတဲ့ ချီးမွမ်းစကားလုံးလေးတခုဟာ ကလေးငယ်လေးတွေသာမက လူကြီးတွေအတွက်ပါ လိုအပ်တဲ့ အသုံးအနှုံးတခုပါ။ လူတွေရဲ့ ဘ၀များစွာကို ပြောင်းလဲသွားစေနိုင်ပါတယ်။


အောက်က ဥပမာလေးကို ဖြေကြည့်ရအောင်ပါ။

(၁) သင့်ကလေးက တီဗွီက သူကြိုက်တဲ့ အစီအစဉ်လေးကို ကြည့်ချင်တယ်လို့ ပြောလာရင် ဘာပြန်ပြောမလဲ။

(က) ညနေစာကို ကောင်းကောင်းစားရင်၊ သားကြည့်ချင်တာ ကြည့်ရမှာပေါ့။

(ခ) သားအခန်းကို သန့်သန့်ရှင်းရှင်းလေး တပတ်ထားရင်တော့ ဒီအခွင့်အရေးရနိုင်မှာပါ။

(ဂ) တနေ့လုံးသားကိစ္စနဲ့ချည်းပဲ၊ မေမေအလုပ်ရှုပ်နေတာ။ မေမေကြိုက်တာလေး ကြည့်ပါရစေဦး။ မေမေ့အလှည့်ရောက်ပြီ။


မိဘတွေအနေနဲ့ ရွေးသင့်တာက အဖြေ (က) ကို ဖြစ်ပါတယ်။ ဒီဥပမာလေးနဲ့ ဆိုရင်တော့ လွယ်တယ်ထင်ရပေမယ့် တကယ်တမ်းကျတော့ ကလေးတွေနဲ့ ပြိုင်လုနေတတ်တဲ့ မိဘတွေအများကြီး ရှိပါတယ်။ တကယ်ကိုပါ။ ကလေးတွေနဲ့ တီဗွီချယ်နယ်ထိုင်လုနေတဲ့ လူကြီးတွေအများကြီးကို တွေ့ဖူးပါတယ်။ အရေးကြီးဆုံးကတော့ ကလေးတွေရဲ့ စိတ်ကို နားလည်ပြီး အပေးအယူလုပ်တတ်ဖို့ပါပဲ။


မြန်မာပြည်တုန်းက ကျွန်မက စာသင်တော့ တပည့်ပေါင်းများစွာနဲ့ သူတို့ရဲ့ မိဘပေါင်းများစွာကို တွေ့ဖူးပါတယ်။ ကလေးတွေကို အပေးအယူ မလုပ်တတ်ကြပါဘူး။ နံနက် ခုနစ်နာရီကနေ ညဆယ့်နှစ်နာရီအထိ စာဖတ်၊ စာသင်နေရတဲ့ ကလေးတယောက်ရဲ့ ဘ၀ကို မစာနာတတ်ကြပါဘူး။ မြန်မာပြည်မှာက ဆေးနဲ့ စက်မှုဆိုတာကို ကလေးတွေထက် မိဘတွေက ပိုရူးသွပ်နေကြပါတယ်။ ဆေးကျောင်းနဲ့ စက်မှုကို မရောက်ရင်ပဲ လူတယောက်ရဲ့ ဘ၀တခုလုံး မြောင်းထဲရောက်သွားမတတ် ပြောဆိုပြုမူနေကြပါတယ်။ ကလေးတွေကို အမှတ်များအောင် အတင်းဖိအား ပေးနေကြပါတော့တယ်။ ကလေးဆိုတာက သူ့စိတ်ဝင်စားမှုနဲ့သူ၊ သူ့ဥာဏ်ရည်နဲ့သူပါ။ တကယ်တော့ ကမ္ဘာလောကကြိးမှာ ဆရာဝန်နဲ့ အင်ဂျင်နီယာတွေပဲ လိုအပ်တာမဟုတ်ပါဘူး။ ဒီလိုရူးသွပ်မှုရဲ့ ရလာဒ်ကတော့ ဆရာဝန်မလုပ်သော ဆရာဝန်ဘွဲ့ရများနဲ့ အင်ဂျင်နီယာမလုပ်သော အင်ဂျင်နီယာပေါင်းများစွာ ပေါ်ထွက်နေခြင်းပါပဲ။ သူတို့ဘ၀ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းပစ်ရုံသာမက၊ တကယ် အရည်အချင်းရှိပြီး အမှတ်အနည်းငယ် ကပ်လွဲသွားတဲ့ ဆရာဝန်ဘ၀ကို တကယ်လိုချင်သူတွေရဲ့ အခွင့်အလမ်းတွေကိုပါ လျော့ကျသွားစေနိုင်ပါတယ်။ ပိုပြီးဆိုးတာက ဒီလို ဆရာဝန်မလုပ်တဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာမလုပ်တဲ့ အင်ဂျင်နီယာတွေဟာ တခြားဘာသာရပ်တွေမှာသာ စိတ်ဝင်စားရာ လုပ်ခွင့်ရခဲ့ရင်၊ ရလာနိုင်မယ့် လူ့စွမ်းအား အရင်းအမြစ်တွေကိုပါ ဆုံးရှုံးသွားနိုင်တာပါပဲ။ ပညာရပ် တွေကို သင်ယူပြီး၊ အသုံးမပြုတာဟာ ပတ္တမြားကျောက်လေးတွေကို မြေကြီးတွင်းတူးပြီး မြှုပ်ပစ်နေတာနဲ့ အတူတူပါပဲ။


ဒါပေမယ့် ကျွန်မမိဘများအပါအ၀င် မြန်မာပြည်က မိဘအများစုကတော့ ဒီဆရာဝန်၊ အင်ဂျင်နီယာဆိုတာကြီးကို အတော်ပဲ ရူးသွပ်ခုံမင်ကြပါတယ်။ ကလေးတွေနဲ့ အပေးအယူ မရှိတော့ပါဘူး။ မိဘတွန်းအားတွေများလွန်းလို့ မိဘနဲ့ သားသမီးကြား ဘယ်လိုမှ ညှိယူလို့ မရနိုင်တော့တဲ့ ပဋ္ဋိပက္ခလေးတွေ အများကြီးကို ဆရာမတယောက်အနေနဲ့ တွေ့မြင်ခဲ့ရဖူးပါတယ်။ ကြားကနေ ညှိနှိုင်းဖို့ ကြိုးစားပေးခဲ့ရတာလဲ အများကြီးပါပဲ။ အောင်မြင်တာလဲရှိ၊ မအောင်မြင်တာလဲ ရှိပါတယ်။ ကလေးမလေး တယောက်ဆိုရင် ၀ါသနာပါတာက ပန်းချီပါ။ ပန်းချီပုံလေးတွေ တခါတလေ ဆွဲလေ့ရှိတယ်။ ဒါကို လုပ်ငန်းရှင်မိဘက လုံးဝအသိအမှတ် မပြုပါဘူး။ သူတို့မိတ်ဆွေ သားသမီးတွေ အားလုံးက ဆေးကျောင်းမှာမို့ ဆေးကျောင်းပဲ ၀င်စေချင်တယ်တဲ့။ စာသင်တဲ့ အတွေ့အကြုံများအရ ဒီကလေးမ ဆေးကျောင်းဝင်မယ့် အမှတ်ရမှာ မဟုတ်ဘူးဆိုတာ ကျွန်မသိနေတယ်။ ဒါပေမယ့် သူ့မိဘတွေကျေနပ်အောင် စက်မှုတော့ဝင်အောင် ကြိုးစားပေးပါမယ်ဆိုပြီး ကျွန်မတာဝန်ယူ စာပြပေးတယ်။ ဆယ်တန်းဖြေပြီးရင် ပန်းချီပြပွဲတွေ လိုက်ပို့ပေးမယ်ဆိုပြီး စည်းရုံးတယ်။ အချိန်ဇယားတွေ ဆွဲပေးထားတာမှာ တပတ်တခါလောက် အေးအေးဆေးဆေး သူဆွဲချင်တာလေးတွေ ဆွဲနိုင်အောင် ကိုယ်ပိုင် အချိန်တချို့ လျှော့ထားပေးတယ်။ သူဆွဲထားတဲ့ ပုံလေးတွေကို ချီးကျူးပေးတယ်။ လောကမှာ ဆရာဝန်စာရေးဆရာမ၊ အင်ဂျင်နီယာ ကဗျာဆရာ၊ စီးပွားရေးလုပ်ငန်းရှင် အနုပညာသည်တွေလဲ အများကြီးရှိနေတာ၊ ၀ါသနာနဲ့ အသက်မွေးဝမ်းကျောင်းတွေကို တွဲစပ်လုပ်လို့ရတာတွေကို ပြောပြပေးတယ်။ အားလုံး ချောချောမွေ့မွေ့ပါပဲ။ ပြဿနာကတော့ သူ့အဖေကြီးကြောင့် ဖြစ်ရတာ။ စာမေးပွဲဖြေခါနီး တရက် သူဆွဲထားတဲ့ ပန်းချီပုံလေးတွေ တွေ့သွားပြီး၊ ဖြဲဆုတ်လွှင့်ပစ် သောင်းကျန်းပါရောတဲ့။ နောက်ဆုံးဘာဖြစ်လဲ။ ကလေးမက နောက်ဆုံးနေ့ဘာသာကို တမင်ကိုခြစ်ချခဲ့တယ်။ မိဘကို အရွဲ့တိုက်ပစ်လိုက်တာလေ။ ကျွန်မကိုလာပြောတဲ့ ကလေးကိုကြည့်ပြီး ကျွန်မသူ့ကိုဆူရမလား၊ သူ့အဖေကို သွားဆူရမလား မစဉ်းစားတတ်နိုင်ခဲ့အောင်ပဲ။ သိပ်တင်းကြပ်လွန်းတဲ့ အိမ်မှာမနေနိုင်ပဲ အဲဒီညီမလေး စောစောစီးစီး အိမ်ထောင်ကျသွားတယ်။ ယောက်ျားနောက်ကို လိုက်ပြေးသွားတာ။ တချိန်မှာ ပန်းချီဆရာမလေး ဖြစ်မဖြစ်မသိတော့ဘူး။ သိတာကတော့ ပန်းချီဆရာမလောင်းလျာ၊ အင်ဂျင်နီယာလောင်းလျာ ကျောင်းသူတယောက်ရဲ့ ဘ၀ အလဟဿဖြစ်သွားခဲ့တယ်။ မိဘတွေဟာ သားသမီးတွေနဲ့ အပေးအယူ လုပ်ရမယ်ဆိုတာကို ဒီနေ့သင်တန်းမှာ ဆွေးနွေးကြတော့ ဒီဥပမာလေးကို ကျွန်မပြောပြဖြစ်ခဲ့တယ်။


၃။ Reassurance ဆိုတာကတော့ စိတ်ညစ်နေတဲ့၊ နာကျင်မှုခံစားနေရတဲ့၊ စိတ်ရှုပ်ထွေးနေတဲ့ ကလေးတယောက်ကို ဘယ်လောက်ထိ နှစ်သိမ့်မှုပေးနိုင်မလဲ၊ ကူညီထောက်မမှုပေးနိုင်မလဲ ဆိုတာပါ။ မိဘတွေဟာ သားသမီးတွေအတွက် အဖော်ကောင်းဖြစ်ရပါမယ်။ နားလည်မှုပေးနိုင်ရပါမယ်။ မျှဝေခံစားပေးနိုင်ရပါမယ်။ အောက်က မေးခွန်းလေးတွေကို ဖြေကြည့်ပါ။


(၁) သင့်ကလေး ချော်လဲပြီး၊ တစုံတရာထိခိုက်မှုမရှိပါပဲ ငိုကြွေးနေလျှင် သင်ဘာကိုလုပ်မည်နည်း။


(က) ဒီလောက်တောင် နမော်နမဲ့နိုင်ရလား။ ချော်မလဲပါစေနဲ့ ပြောထားတယ်မလား။

(ခ) ကလေးဆန်မနေစမ်းနဲ့။ နာတာလဲ မဟုတ်ပဲ ဟန်ဆောင်နေတယ်။ အလကားကောင်လေး။

(ဂ) သားနာသွားလား။ မေမေ magic cream လေးလိမ်းပေးမယ်နော်။ ဘယ်နားလဲ။ ပလာစတာ ကပ်ပေးရမလား။


မိဘများအနေနဲ့ အဖြေ (ဂ)ကို ရွေးသင့်ပါတယ်။ ကလေးလေးတွေက ဂရုစိုက်ခံချင်တယ်ဆိုတာကို သတိပြုရပါမယ်။ ဒီနေရာမှာ တချို့က ပြောတတ်ပါတယ်။ ဟန်ဆောင်ချော်လဲပြနေရင်ရောတဲ့။ အဲလိုအပြုအမူမျိုးဆိုရင်တော့ ကိုင်တွယ်ရမယ့် ပုံစံက တမျိုးပါ။ တကယ်ချော်လဲမိပြီး၊ ငိုမဲ့မဲ့လေးဖြစ်လာတာဆိုရင်တော့ ဂရုစိုက်ပြပေးတာ အကောင်းဆုံးပါပဲ။ အပြင်ပန်းမှာ မထိခိုက်သွားပေမယ့် ချော်လဲတာကို စိတ်ထဲက လန့်သွားတာမျိုးကော မဖြစ်နိုင်ဘူးလား။ နောက်တခုကြည့်ရအောင်ပါ။


(၂) သင့်ကလေး စိတ်ရှုပ်ထွေးပုံပေါက်နေလျှင် သင်ဘာလုပ်မည်နည်း။


(က) စကားပြောကြည်ပြီး ဘာတွေဖြစ်နေလဲ၊ ဘာတွေခံစားနေရလဲ ဆိုတာ သိအောင်လုပ်မယ်

(ခ) ဂရုမစိုက်ပဲ ပစ်ထားလိုက်မယ်

(ဂ) ဘယ်လိုမျက်နှာဖြစ်နေတာလဲ။ အချိုးကိုပြင်စမ်း။ အလုပ်ရှုပ်ရတဲ့အထိ သူကတမျိုးလို့ ပြောမယ်


ဒီလိုမေးလာရင်တော့ လူတိုင်းက အဖြေ (က) ကိုရွေးကြမှာပဲ။ ဒါပေမယ့် တကယ်လက်တွေ့မှာ (ခ)နဲ့ (ဂ)တွေ လုပ်နေလေ့ရှိကြပါတယ်။


ကျွန်မတို့ ဘ၀မှာ မိဘ၊ ဆရာတွေ ပြောခဲ့တဲ့ စကားတွေက အနည်းနဲ့အများ လွှမ်းမိုးမှုတွေ ရှိတတ်ကြပါတယ်။ ကိုယ်လေးစား အထင်ကြီးတဲ့လူတွေက ပြောလိုက်တဲ့ အမှတ်မထင် စကားလေးတွေဟာ မိမိကိုယ်ကိုယုံကြည်မှုကို အများကြီး ထိခိုက်စေနိုင်ပါတယ်။ ပြန်စဉ်းစား ကြည့်လိုက်ပါ။ မိဘ၊ ဆရာတွေ ပြောခဲ့တဲ့ အနုတ်စကားတွေ၊ ဝေဖန်ချက်တွေကို ကျွန်မတို့ ထူးထူးခြားခြား မှတ်မိနေတတ်ကြပါတယ်။ ကျွန်မငယ်ငယ်က ပုံဆွဲမတော်ဘူး။ ကြိုးစားဆွဲကြည့်ပါတယ်။ လေး၊ ငါးပုံကို ဆွဲပြီး ဆရာမကို ပြပါတယ်။ ဒါပေမယ့် ဆရာမက လုံးဝအကောင်းမပြောဖူး။ တသက်လုံး ပုံဆွဲတတ်တော့မယ် မထင်ပါဘူး လို့ မှတ်ချက်ပေးတယ်။ ဘာလို့လဲမသိဘူး။ အဲဒီကတည်းက အခုအချိန်ထိ ပုံဆွဲရမှာ ကြောက်နေတုန်းပဲ။ ပုံဆွဲတော့မယ်လုပ်တိုင်း ကျွန်မစိတ်ထဲမှာ အဲဒီတုန်းက စကားလုံးတွေက ပေါ်ပေါ်လာတယ်။


တခါက အရမ်းထင်ရှားကျော်ကြားတဲ့ ဗေဒင်ဆရာကြီးတယောက်ကလဲ ကျွန်မကို ဟောဖူးတယ်။ ”သမီးဘ၀မှာ မရည်ရွယ်ပဲ လူသတ်မှုတခုခု ဖြစ်သွားလိမ့်မယ်။ သူစိမ်းယောက်ျားတယောက်နဲ့ တမိုးအောက်မှာ ဘယ်တော့မှမနေပါနဲ့”တဲ့။ အဲဒီတုန်းကတော့ “တသက်လုံးအိမ်ထောင် မပြုရတော့ဘူးလား အဘရယ်” လို့ ပြန်နောက်လိုက်မိသေးတယ်။ သူက ပြန်ပြောတယ်။ “သေကွဲမဟုတ်ရင် ရှင်ကွဲတွေချည်းပဲ ပါတဲ့ဇာတာ”တဲ့။ ဘ၀မှာ တိုက်ဆိုင်သလိုမျိုးလေးတွေ ကြုံလာခဲ့ပေမယ့်၊ ကျွန်မက အဲလိုမျိုးတွေ သိပ်အယုံအကြည် မရှိတတ်ဘူး။ ကျွန်မအိမ်က ခေါ်သွားလို့သာ မေးဖြစ်သွားတာ။ ဒါပေမယ့် ဘ၀အနာဂတ်အတွက် စီမံကိန်းတွေဆွဲရင် အဲဒီစကားဟာ မသိမသာ ကျွန်မအတွေးထဲ ရောက်လာတတ်တာတော့ အမှန်ပဲ။ စကားလုံးတွေဟာ လူတွေရဲ့ အနာဂတ်ဘ၀ကို တခါတရံ ခြယ်လှယ်တတ်တယ် ဆိုတဲ့အကြောင်း ဥပမာအနေနဲ့ ဆိုလိုတာပါ။ အပြင်လူတွေရဲ့ စကားလေးတွေကတောင် မဆီမဆိုင် အတွေးထဲ ရောက်စေတတ်သေးရင် မိဘတွေရဲ့ စကားတွေဟာ ဘယ်လောက်ထိ သက်ရောက်စေနိုင်မလဲဆိုတာ သိသာပါတယ်။ အထူးသဖြင့် အားငယ်နေတဲ့အချိန်၊ ၀မ်းနည်းနေတဲ့အချိန်တွေမှာဆို ပိုဆိုးပါတယ်။ reassure လုပ်ကို လုပ်ပေးရပါတယ်။ နှစ်သိမ့်မှု ပေးရပါတယ်။


မိဘနဲ့ သားသမီးကြား မဟုတ်ပေမယ့် ဒါနဲ့ပတ်သက်ပြီး ကျွန်မမှာ အတွေ့အကြုံလေး တခုရှိခဲ့ဖူးပါတယ်။ ကျွန်မဂိုက်အနေနဲ့ စာသင်စတုန်းက ဆယ့်ခုနစ်နှစ် မပြည့်ခင်အချိန်ဆိုတော့ ကိုယ်ကလဲ ကလေးစိတ် သိပ်မကုန်ပါဘူး။ ကိုယ်တောင်ဒီစာကို ရသေးရင် သူကဘာလို့မရရမှာလဲ ဆိုပြီး တဘက်သတ်ကလဲ တွေးတတ်သေးတယ်။ ဒီလောက်ရှင်းပြနေတာကို ဘာလို့နားမလည်နိုင်တာလဲ ဆိုပြီး၊ ဒေါသကလဲ ထွက်တတ်သေးတယ်။ တရက်တော့ ကလေးတယောက်က လပတ်စာမေးပွဲမှာ သင်္ချာဂုဏ်ထူးမပါဘူး။ စိတ်ဆိုးလိုက်တာဆိုတာ မပြောပါနဲ့တော့။ ကျွန်မတော်တော်ကို ဆူပစ်လိုက်မိတယ်။ ကလေးမျက်ရည်တွေကျပြီး ရှိုက်ကြီးတငင် ထိုင်ငိုတော့မှ လွန်သွားပြီ သတိထားလိုက်မိတာပါ။ တကယ်တော့ ကျွန်မနဲ့ မတွေ့ခင်ကတည်းက သူအရမ်းဝမ်းနည်းနေပါတယ်။ တခန်းလုံးမှာ သူတယောက်တည်း ဂုဏ်ထူးမပါတာပါ။ တကယ်ဆို ကျွန်မလုပ်သင့်တာက အားပေးပြီး၊ နောက်ဒီလိုမဖြစ်အောင် အားနည်းချက်တွေကို အဖြေပြန်ရှာသင့်တာပါ။ တကယ်တော့ မကြိုးစားတဲ့ ကလေးလဲမဟုတ်ပါ။ သူ့မျက်နှာကိုကြည့်ပြီး၊ သူ့အရိပ်အကဲကို ကျွန်မသိတတ်ခဲ့ဖို့ကောင်းပါတယ်။ အဲဒီတုန်းက သူကျွန်မကို ဘယ်လောက်များ စိတ်နာသွားမယ် မသိဘူး။ ကျွန်မ ဂရုဏာဒေါသော ပြောလိုက်မိတဲ့ စကားတွေကလဲ သူ့ဘ၀မှာ ဘယ်လောက်ထိများ ရိုက်ခတ်သွားခဲ့မယ် မသိဘူး။ ဒီအဖြစ်အပျက်ဟာ နောက်ပိုင်းကျွန်မကို အမြဲအမှတ်ရနေစေခဲ့ပါတယ်။ ကလေးတယောက်ကို အပြစ်ရှိတဲ့အခါ မဆူရဘူး၊ ပြစ်ဒဏ်မပေးရဘူးလို့ ကျွန်မဆိုလိုတာမဟုတ်ပါဘူး။ အချိန်အခါကို ကြည့်ပြီး၊ လိုက်လျောညီထွေ ဆက်ဆံဖို့ လိုတယ်ဆိုတာကိုပါပဲ။ အထူးသဖြင့်တော့ ၀မ်းနည်းအားငယ်နေချိန်မှာ ပြစ်တင်ဝေဖန်ခြင်း လုံးဝမလုပ်သင့်ပါဘူး။ တရက်၊ နှစ်ရက်နေမှ သူ့အခြေအနေကို ကြည့်ပြီး၊ အမှားကို သင်ခန်းစာယူဖို့ ပြောပြတာ လုပ်သင့်ရင်လုပ်ရမှာပါ။ တရက်၊ နှစ်ရက်လေးစောင့်လိုက်ရလို့ ဘာမှ ဖြစ်မသွားပါဘူး။ အဓိကအရေးကြီးတာကတော့ ကလေးရဲ့ အရိပ်အကဲကို သတိပြုမိဖို့ပါပဲ။ သူဘာတွေ ခံစားနေရတယ်၊ ဘယ်လိုအခက်အခဲတွေ ရှိနေတယ်ဆိုတာ သိရရင်၊ အားပေးထောက်ကူမှုတွေနဲ့ ဘ၀လမ်းကြောင်းကို ပဲ့ပြင်ထိန်းသိမ်းပေးနိုင်ပါလိမ့်မယ်။


အခု ဒီဆောင်းပါးလေးကို ကျွန်မဒီနေ့ သင်တန်းမှာ သိခဲ့ရတဲ့ အချက်လေးသုံးချက်ပေါ်မှာ ကျွန်မဆွေးနွေးခဲ့တဲ့ ဥပမာလေးတွေပါ ထည့်သွင်းပြီး၊ ရှိခဲ့ဖူးတဲ့ အတွေ့အကြုံလေးတွေနဲ့ မျှဝေခံစားတာပါ။ ကျွန်မဟာ child psychologist တယောက်မဟုတ်ပါဘူး။ ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူ ပညာရှင်တယောက်လဲ မဟုတ်ပါဘူး။ မိဘတို့ သိသင့်တတ်သင့်တာ လေးတွေကို လေ့လာသင်ယူနေတဲ့ မိခင်တယောက်သာ ဖြစ်ပါတယ်။ တချို့သော မိဘများအတွက် တစုံတရာ အကျိုးရှိစေမယ်ထင်လို့ မျှဝေပေးခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် အမှားအယွင်းလေးတွေ၊ သဘောထား မတိုက်ဆိုင်တာလေးတွေရှိရင် ပြန်လည်မျှဝေ၊ ထောက်ပြပြောဆိုပေးကြဖို့ လေးစားစွာ တိုက်တွန်းအပ်ပါတယ်။


ခင်မမမျိုး
Source>လူဗိုယ်ဟူသည်....

ကင်ဆာရောဂါအတွက်ထူးတဲ့အာလူး

ယနေ့ဂျပန်နိုင်ငံမှာ ဓါတ်စာဖျော်ရည်တစ်မျိုး ခေတ်စားနေပါသည်။ လူအများ စိတ်ဝင်စားလာအောင် စတင်ဖော်ထုတ် ဆော်သြ ခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင် တိုမီဇာဝ ဖြစ်ပါတယ်။ ထင်ပေါ်ကျော်ကြားလာတဲ့ ဓါတ်စာဖျော်ရည်ကတော့ ``အာလူးစိမ်း`` ဖျော်ရည်ပဲဖြစ်ပါတယ် ။

ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါ သက်သာပျောက်ကင်းသွားရတဲ့ လူနာတွေ ၊ လူနာရှင်တွေ ဆီက ကျေးဇူးတင်ကြောင်း ပလူပျံသလိုရောက်လာတဲ့စာတွေ အရှင်တိုမီဇာဝ လက်ခံရရှိခဲ့ပါတယ် ။

ဆရာတော်က "ဒီနှစ်ထဲမှာ ကင်ဆာအများအပြားဟာ အာလူးစိမ်းဓါတ်စာ ကို မှီဝဲခဲ့ကြပြီး ပမာဏ တော်တော်များများဟာ သိသိသာသာသက်သာသွားပြီး သေမင်းနှုတ်ခမ်းဝက ပြန်လာနိုင်ခဲ့ကြပါတယ်" ။

အသုံးပြုပုံကတော့ အာလူးအစိမ်း လတ်လတ်ဆတ်ဆတ်ကို ရေစင်အောင်ဆေးပြီး ထုထောင်းပါမယ် ။
ပြီးမှ ပိတ်စိမ်းပါးနဲ့ထုပ်ပြီး အရည်ရအောင်ညှစ်ယူပါမယ် ။ အဲဒီအရည် ဖန်ခွက်တစ်ခွက်မှ နှစ်ခွက် နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အသည်းရောဂါ ၊ ဆီးချိုရောဂါ ၊ အစာအိမ်ရောဂါ ၊ကျောက်ကပ်ရောဂါ ၊ နှလုံးရောဂါ ၊သွေးတိုးရောဂါ ခါးနာ ၊ ပုခုံးနာ ၊ ကျီးပေါင်းနာရောဂါတွေ ပျောက်ကင်းစေတယ်လို့ဆိုပါတယ် ။ပျောက်ကင်းကြောင်း အနယ်နယ် အရပ်ရပ်က ထောက်ခံစာများရရှိထားတယ်လို့ဆိုပါတယ် ။

သာဓကတစ်ခုအနေနဲ့ကတော့ ......
မစ္စတာတီဆိုသူသည် နားရွက်အောက်နားမှာ အဖုတစ်ဖု ပေါ်လာတာနဲ့ ဆေးရုံကိုသွားပြီး ကင်ဆာကျိတ် ဖြစ်နေပြီး ခွဲစိတ်ကုသပြီး ဓါတ်ကင်ခဲ့ပါတယ် ။ သို့သော်လဲ ကင်ဆာကလပ်စည်းတွေက အဆုတ်ထိအောင် ပျံနှံသွားပါတယ် ။ သက်ဆိုင်ရာ ဆရာဝန်ကြီးများက ကင်ဆာကလပ်စည်းတွေ ပျံနှံ့ကုန်လို့ ကုသလို့ မရနိုင်တော့ ဘူးလို့ ဆိုပါတယ် ။

အဲဒီနောက် သူဟာ အာလူးစိမ်းဓါတ်စာ အကြောင်းကြားသိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး သောက်ကြည့်တယ် ။
အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲကောင်းကောင်းနဲ့ သောက်ခဲ့ပါတယ် ။ အခုဆိုရင် ကင်ဆာကလပ်စည်းတွေ လျှော့ကျသွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အား ပြန်ကောင်းလာပါတယ် ။ မူလ အလုပ်အကိုင်လည်း ပြန်ပြီးလုပ်ကိုင်နိုင်ပါပြီ ။

သုတေသီ တိုမီဇသက သူ့ရဲ့ ``ကင်ဆာရောဂါ ကြောက်စရာမလို၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း ``(The way to healthy life ; Cancer not to be feared) ဆိုတဲ့ စာအုပ်ထဲမှာ ကင်ဆာ ရောဂါခွဲစိတ်ကုသခဲ့သည့်တိုင်အောင် လူနာရဲ့အကြောက်တရားကြောင့် ကင်ဆာကလပ်စည်းတွေ ပျံနှံ့ ကုန်ရပါတယ် ။

သူဟာ ကင်ဆာဆေးအဆက်မပြတ်မှီဝဲရပြီး ဓါတ်ကင် ပြီးသွားပြီဆိုတဲ့ သတင်းမကြားရသလောက်ပါပဲ ။ ဒါ့အပြင် ပြင်းထန်တဲ့ ကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေရဲ့ အကျိုးဆက်ကို လူနာက ခံစားရပါသေးတယ် ။ အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း ၊ အားအင် ချည့်နဲ့လာခြင်းတို့ဖြစ်လာရပါတယ် ။ အာလူးစိမ်း ဓါတ်စာကို သောက်ခြင်းအားဖြင့် ဘေးထထွက်ဆိုးကျိုးတွေ မခံစားရပဲ လူနာဟာ တစ်နေ့တစ်ခြား အားအင်ပြည့်ဖြိုးလာတာတွေ့ရပါတယ် ။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝနေတဲ့ အစာတစ်ခုဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး ။ သူ့ကို မှန်မှန်မှီဝဲခြင်းအားဖြင့် ကင်ဆာ ကလပ်စည်းတွေကို ဟန့်ထားစေပါတယ် ။`` လို့ဖော်ပြထာားပါတယ် ။

အာလူးစိမ်း ဓါတ်စာဟာ ကိုယ်တိုင် လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး ချက်ချင်းလက်ငင်း သောက်သုံးနိုင်ပါတယ် ။
ပြီးတော့ အဲဒီအချိန်တိုအတွင်းမှာ သူ့ရဲ့ အာနိသင်ကို တွေ့ထိခံစားနိုင်ပါတယ် ။ `` ဓါတ်စာ တစ်ပါတ် နှစ်ပါတ်လောက် သောက်ပြီးတာနဲ့နာကျင် ကိုက်ခဲမှုဝေဒနာတွေ တစ်စတစ်စ လျှော့ပါးသွားပါတယ် ။ ခံတွင်းပြန်ပြီးကောင်းလာမယ် ။ အသားအရေပြန်ပြီးကောင်းလာမယ် ။

အာလူးစိမ်း ဓါတ်စာကို အထူးသဖြင့် ထောက်ခံတဲ့နောက်တစ်ဦးကတော့ ဒေါက်တာ ကိုင်နိုရှိတ ဖြစ်ပါတယ် ။
သူ့အဆိုတွေက `` အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက မဟာပထ၀ီမြေကြီးရဲ့ ပန်းသီး (Apple of the great earth) လို့ခေါ်ခဲ့ကြောင်း သိရပါတယ် ။

အာလူးမှာ အဟာရဓါတ်တွေ စုံစုံလင်လင်ပါရှိပြီး အထူးသဖြင့်ဗိုက်တာမင်စီဓါတ်နဲ့ ထုံးဓါတ်တို့ အများဆုံးပါဝင် ပါတယ် ။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓါတ်စာရည်ကို ..အစာအိမ်အနာပေါက်ခြင်း ၊ ၀မ်းချုပ်ခြင်းတွေ အတွက်ပေးရကြောင်း ဖော်ပြထားပါတယ် ။

ကင်ဆာကလပ်စည်းတွေကို ထိန်းချုပ်နုင်ခြင်းနှင့်ပါတ်သက်ပြီး အာကိတ တက္ကသိုလ် ဆေးသုတေသန ဌာနက ပါမောက္ခ ကာဂါမိ ကပြောကြားရာမှာ `` ကင်ဆာကလပ်စည်းကို ထိန်းချုပ်စေတဲ့ ဓါတ်ကိုရှာဖွေဖော်ထုတ် နိုင်ခဲ့ပါတယ် ။

အဲဒီဆေးနဲ့ ကြွက်ကလေးတွေ အပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာကောင်းမွန်ကြောင်းတွေ့ရပါတယ် ။
သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီနိုင်ငံမှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ ( International Cancer Society Conference ) မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ် ။

နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓါတ်စာ ဖျော်ရည်လုပ်နည်းဟာ အလွန်ပဲလွယ်ကူပါတယ် ။
အရွယ်တူ အာလူး (၃)လုံးကိုယူပြီး ရေစင်အောင်ဆေးပါ ၊ အခွံမနွှာရပါ ။ အစို့ပေါက်လေးများရှိရင် ဖယ်ရှားပေးပါ ။
ပြီးလျှင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ ။ ပြီးက အဲဒီအစလေးများကို သန့်ရှင်းသော ပိတ်စိမ်းပါးစဖြင့် ထုပ်ပြီး (အုန်းနို့ညှစ်သကဲ့သို့) အရည်ညှစ်ယူပါ ၊ အဲဒီအရည်ကိုခွက်ထဲမှာ ထည့်ပြီး အရသာကောင်းအောင် ပျားရည်နဲနဲရောစပ်ပြီး သောက်ပါ ။ အဲဒီအာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့်သောက်ပေးနိုင်ပါတယ် ။

ဖြန့်ဝေသူ၏ အမှာစကား

ယနေ့ကာလခေတ်တွင် ကင်ဆာရောဂါသည် အလွန်အဖြစ်များ၍ ငွေကုန်ကြေးကျ များသောရောဂါဖြစ်ပါသည် ။
ကင်ဆာရောဂါပျောက်ကင်းစေနိုင်သော တိုင်းရင်းဆေး ၊ နိုင်ငံခြားဖြစ်ဆေး အမြောက်အများ ပေါ်ထွက် လျှက်ရှိပါသည်။

ဗုဒ္ဓဘာသာအလိုရ ခန္ဓာရှိ၍ ဝေဒနာရှိဖြင်းဖြစ်ပါသည် ။မိမိပြုသော ကုသိုလ် ၊ အကုသိုလ် အစုစုတို့သည် သံသရာ ပြန်၍ တစ်ဖန် လည်ခြင်းဖြစ်ပါသည် ။ ထို့ကြောင့် စိတ်ဓါတ်မကျဘဲ ၊ အားမငယ်ဘဲ မိမိတို့၏ ရောဂါဝေဒနာများကို စိတ်ဓါတ်ကြံ့ခိုင်စွာ ၊ နည်းလမ်းပေါင်းစုံဖြင့် ကုသရမည့်ဖြစ်ပါသည် ။

မိမိ၏ ကုသိုလ်ကံတရားအကျိုးပေးသော် မိမိနှင့်ကိုက်ညီသော ဆေးဝါးများ ၊ ဆရာသမားများ (အနာနှင့်ဆေးတည့်သော်)တွေ့ ကာ ရောဂါအမြစ်ပြတ်ကာ (လုံးဝ)အရှင်း ပျောက်ကင်းချမ်းသာနိုင်ပါသည် ။

သို့ဖြစ်ရာ အထက်တွက်ဖော်ပြခဲ့သော အာလူးစိမ်းဖျော်ရည်သည် ကုန်ကျစရိတ်နည်းပါးသည့် အပြင် ပြုလုပ်ရန်နည်းလမ်းသည် အလွန်ရိုးရှင်းပါသည် ။ လူသားတို့ စားသုံးသော သဘာဝ သဘာဝ ဓါတ်စာဖြစ်သည့်အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးမရှိပါ။ ထို့ကြောင့် ရောဂါဝေဒနာရှင်များ လက်တွေ့အသုံချနိုင်ရန် အကျိုးငှာ ဤ ဆေးနည်းအား တဆင့်ပြန်လည်ဝေငှပေးခြင်း ဖြစ်ပါသည်။

www.sbsangi.blogspot.com မှတဆင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

http://khinelulu.multiply.com ဒီကယူလာတာပါ။ မဖတ်သေးသူရှိရင် ဖတ်ဖို့ပါ..ဖြတ်ပြီးရင် တော့ မဖတ်ပါနဲ့နော်။

ပညာရှိတို့၏ အဆိုအမိန့် (အောင်သစ်)

Civilization is a method of living,an attitude of equal respect for all men.(Jane Adams)
ယဉ်ကျေးမှုဆိုတာ လူ့ဘ၀ရဲ့ နေထိုင်နည်း တစ်ရပ် ဖြစ်ပါတယ်။လူသားတိုင်း တန်းတူညီမျှမှုရှိပြီး တလေးတစား ကျင့်သုံး လိုက်နာအပ်တဲ့ သဘောထား ရပ်တည်ချက်လည်း ဖြစ်ပါတယ်။

The meaning of life cannot be told:it has to happen to a person. (Ira Progoff)
လူ့ဘ၀ရဲ့ အနှစ်သာရဆိုတာ ဖွင့်ပြောလို့ ရတာမျိုး မဟုတ်ဘူး။လူတစ်ယောက်အတွက် ကိုယ်တွေ့ကြုံမှ သဘောပေါက်မယ့် အရာသာ ဖြစ်တယ်။

Man does not live by bread alone,but by faith,by administration by sympathy.(Ralph Woldi Emerson)
လူဟာ ထမင်းစားရုံသက်သက် အသက်ရှင်နေသူ မဟုတ်၊ ယုံကြည်မှု၊စီမံအုပ်ချုပ်သူ၊ ကိုယ်ချင်းစာတရားတို့နဲ့ အသက်ရှင်နေသူဖြစ်တယ်။

The heart of the fool is in his mouth,but the mouth of the wise man is in his heart.(Benjamin Franklin)
ဥာဏ်ပညာကင်းမဲ့သူရဲ့ နှလုံးသားဟာ သူ့ပါးစပ်ထဲမှာရှိပြီး တွေးခေါ်မြောမြင်မှုနဲ့ ဥာဏ်ပညာရှိသူရဲ့ နှုတ်ကတော့ သူ့ နှလုံးသားထဲမှာပဲ ရှိပါတယ်။

Time ripens all things.
No man is bein wise. (Cervantes)
အချိန်ဟာ အရာရာကို ရင့်ကျက်စေပါတယ်။
ဘယ်သူမှ မွေးကတည်းက ပညာရှိ ဖြစ်လာကြတာ မဟုတ်ပါ။

No man can write who is not first a humanitarian. (William Fanlkher)
ရှေးဦးကတည်းက လူလူချင်း စာနာ၊သနားမှု မရှိခဲ့ရင် စာပေရေးသားခြင်းလဲ မပြုနိုင်ပါဘူး။

History is nothing more than a picture of crimes and misfortunes. (Voltaire)
သမိုင်းဆိုတာ လူသားအချင်းချင်း ပြစ်မှုကျူးလွန်မှုတွေ၊ဆိုးသွမ်းတဲ့ ကံကြမ္မာဖြစ်စဉ်တွေကို ရေးခြယ်ထားတဲ့ ပန်းချီကားတစ်ချပ်ထက် ဘာမှမပိုပါဘူး။

A man would be damn fool to predict with finality what he would do in this unpredictable world. (Barry Goldwater)
ခုလောက် မရေရာ မသေချာတဲ့ လောကကြီးထဲမှာ သေချာပေါက် ကြိုတင်ဟောကိန်း ထုတ်တဲ့လူဟာ လူရူး လူမိုက်ပဲ ဖြစ်လိမ့်မယ်။

Source>http://friendsdaygroup.ning.com

ဘလောဂ်လုပ်နည်းစာအုပ်


ကျနော် ဘလောက်လုပ်ခါစမှာ ကိုမင်းသုခ ပို့ပေးသော စာအုပ် ဖြစ်ပါသည်။ ဖတ်ချင်ရင်တော့ wiew in fullscreen ကိုကလိပြီး ဖတ်ပါနော်။

ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ


အပြည့်ကြည့်ချင်ရင် Wiew in fullscreen ကိုကလိပါ။ ဒီစာအုပ်သည် ကျနော်၏ ပထမဆုံး အပ်လောက် တာဖြစ်တယ်။ အမှားအမှန်ကတော့ မသိပါ။ စာအုပ်လုပ်နည်းပုံတွေကို အပင်ပန်းခံပြီး အီးမေးတွင် စိတ်ရှည် လက်ရှည် ပို့ပေးသော ပုသိမ်သားလေး ဖြိုးဝေ ကိုလည်း အထူးကျေးဇူးတင်ပါသည်။

သံလွင်ဆီ၏ ဆေးဖက်ဝင် အာနိသင်များ . .

သံလွင်ဆီ၏ ဆေးဖက်ဝင် အာနိသင်များ . . . .
ကမ္ဘာတ၀န်းမှာ သံလွင်ဆီကို မိခင်သဘာဝကြီးကပေးတဲ့ အစွမ်းထက်တဲ့ ဆေးလက်နက်အဖြစ် လူသိများခဲ့တာ ကြာပါပြီ။
ရောဂါအမျိုးမျိုးနဲ့ တိုက်ခိုက်ရာမှာ ဖြစ်စေ၊ အသက်အရွယ်အိုမင်းခြင်းကိုကာကွယ်ရာမှာ ဖြစ်စေ သံလွင်ဆီရဲ့ အာနိသင်ဟာ သူမတူအောင် ထူးခြားလှပါတယ်။

သံလွင်ဆီရဲ့ ဆေးဖက်ဝင်အာနိသင်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
အာဟာရဓါတ်ကြွယ်ဝတဲ့အတွက် အားအင်ချို့တဲ့သည့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ နာလံထစလူနာများကို အားဖြည့်ဆေးအဖြစ် တိုက်ကျွေးနိုင်ပါတယ်။
သံလွင်ဆီကို မှန်မှန်လိမ်းပေးရင် အသားအရေ နူးညံ့ပျော့ပျောင်းစေပါတယ်။ ခရုသင်းရောဂါ ဖြစ်ပွားတဲ့နေရာကို သန့်ရှင်း လတ်ဆတ်သောဂျုံမှုန့်နှင့် ရောစပ်လိမ်းကျံပေးပါက အံ့သြလောက်အောင် ပျောက်ကင်း သက်သာစေပါတယ်။
အအေးမိခြင်း၊ ကိုယ်လက်လေးလံညောင်းညာကိုက်ခဲခြင်းနှင့် ရင်ကြပ်၊ ပန်းနာရောဂါများအတွက် အာနိသင်ထက်မြက်တဲ့ ရင်လူးဆေးတစ်လက်လည်းဖြစ်ပါတယ်။
သွားနာ၊ သွားကိုက်၊ သွားပိုးစား၊ သွားဖုံးနာ စတဲ့ သွားနဲ့ခံတွင်းရောဂါများအတွက် ထိရောက်တဲ့ ထည့်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
ကင်းမလက်မည်း၊ ကင်းမြီးကောက်၊ ကင်းခြေများ စတဲ့ ကင်းအမျိုးမျိုးကိုက်ခဲ့လျှင် သံလွင်ဆီကို ကင်းဆိပ်ဖြေဆေးအဖြစ် သုံးနိုင်ပါတယ်။
ဝမ်းမီးကိုတောက်စေတဲ့အတွက် သူချည်းသက်သက်ဆိုလျှင် အကောင်းဆုံးအစာကြေဆေးနှင့် နှုတ်မြိန်ဆေးတစ်လက်လည်း ဖြစ်ပါတယ်။
ဝမ်းမီးအပူအပုပ်အချွဲများကို ဖယ်ရှားခြင်း၊ ၀မ်းမှန်စေခြင်း စတဲ့အာနိသင်များကြောင့် အစာအိမ်ရောဂါ၊ အူသိမ်အူရောင်ရောဂါ များကို ကုသပျောက်ကင်းနိုင်ပါတယ်။
အမျိုးသားသုံးအားဆေးအဖြစ်လည်းကောင်း၊ တိုင်းရင်းလိမ်းဆေးများဖြစ်တဲ့ ဒဏ်ကျေလိမ်းဆေး၊ အကြောဖြေလိမ်းဆေးများ ဖော်စပ်ရာမှာလည်းကောင်း အစွမ်းထက်သော ဆေးအမည်အဖြစ် အသုံးပြုနိုင်ပါတယ်။
သင့်ဆံကေသာအား လိမ်းပေးခြင်းဖြင့် ဦးခေါင်းအား အေးမြစေပြီး ဆံပင်ကို နက်မှောင်သန်စွမ်းစေ၍ ဆံပင်ကျွတ်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံပင်အရောင်ပြောင်းခြင်းတို့မှ အထူးကာကွယ်ပေးပြီး ဗောက်၊ ဒက်များ တွယ်ကပ်ခြင်းမှ ကင်းဝေးစေပါတယ်။
အိမ်ထောင်ရှင်အမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်စဉ်ကာလ ၀မ်းဗိုက်အားလိမ်းပေးပါက ဗိုက်ကြောမပြတ်အောင် ကာကွယ် ပေးသည့်အပြင် မွေးကင်းစ ကလေးသူငယ်များမှာ ဖြစ်တတ်သော အရေပြားယားယံခြင်းများကို အထူးပျောက်ကင်းစေပါတယ်။
ဒေါက်တာအောင်နိုင်
ဒေါက်တာဖြူဖြူဝင်း

Source>အညာသားGroup

နဂါးမောက်သီးအကြောင်း တစေ့တစောင်း . . .

နဂါးမောက်သီး စားသုံးရသော အကျိုးကျေးဇူးများ


နဂါးမောက်သီး စားသုံးရသော အကျိုးကျေးဇူးများ


၁။ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ ထုံးဓါတ် ကြွယ်ဝစွာပါဝင်ပါသည်။

၂။ ကိုယ်ခန္ဓာ ကျန်းမာသန့်စင်ရေးအတွက် အရေးပါပြီး အစားအိမ်အတွင်းရှိ ခဲဓါတ်၊ သတ္တုဓါတ်နှင့် အဆိပ်ဓါတ်များကို ချေဖျက်ပေးနိုင်သည်။

၃။ အသားအရေတွန့်ခြင်းကို လျော့နဲစေနိုင်ပြီး အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးသည်။

၎။ အစာအိမ်ထဲရှိ အစာကိုကြာရှည်စွာ ထိန်းထားနိုင်သည့် အတွက် “၀” သူများကိုပိန်စေသည်။

၅။ သွေးချိုရောဂါဝေဒနာရှင်များ စားသုံးသင့်သည့် ရှားပါးသီးနှံများထဲတွင် ပါဝင်ပါသည်။

နဂါးမောက်သီးမှာ ဗီယက်နမ်သီးနဲ့ ယိုးဒယားသီးဆိုပြီး နှစ်မျိုးရှိပါတယ်။ အဖြူသီးနဲ့ အနီသီးဆိုပြီးလည်းနှစ်မျိုးရှိပါတယ်။

ဗဟုသုတ အဖြစ်ပေါ့နော်။ နေ၀န်းနီနီ


Source>အညာသားGroup

ခရမ်းချဉ်းသီးရဲ့ အသုံးဝင်ပုံ


ကိုယ်အလေးချိန်လျော့ကျစေဖို့ အတွက် စားသင့်တဲ့ အစားအသောက်တွေကို သုတေသီတွေက လေ့လာ ဖော်ထုတ်ခဲ့ကြပေမယ့်. . တကယ်တမ်းမှာတော့ ထိထိရောက်ရောက် အသုံးဝင်တဲ့ အစားအသောက်ဆိုတာ ရှားပါတယ်.
. . ဒါပေမယ့် . . . အဲဒီအစားအစာတွေထဲမှာ ခရမ်းချဉ်သီး စားပေးတာက
ကိုယ်ခန္ဓာသွယ်လျဖို့ အတွက် တကယ်ကို ထိရောက် အသုံးဝင်ပါတယ်. .

* ခရမ်းချဉ်သီးဟာ ဗိုက်ပြည့်စေပြီး သရေစာ စားချင်စိတ်ကို ချိုးနှိမ်ပေးပါတယ်..

* ခရမ်းချဉ်သီးမှာ အစာ စားချင်စိတ် ဖြစ်စေတဲ့ ဟော်မုန်းကို ပြောင်းလဲစေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်.

* အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသမီးတွေကို လေ့လာမှုအရ ခရမ်းချဉ်သီး ညှပ်ထားတဲ့ ပေါင်မုန့်စားသူတွေဟာ. . . ခရမ်းချဉ်သီး မပါတဲ့
ပေါင်မုန့်စားသူတွေထက် စိတ်ကျေနပ်မှု ပိုရကာ နောက်ထပ်
အစာစားချင်စိတ်လျော့နည်းသွားကြောင်း လေ့လာ တွေ့ရှိရပါတယ်.

* တခြား လေ့လာ မှုတစ်ခုအရ ခရမ်းချဉ်သီးမျာ အစာ စားချင်စိတ်ကို ထိန်းချုပ်ထားတဲ့ ဟော်မုန်း Ghrelin ပမာဏာကို ပြောင်းလဲစေတဲ့ အာနိသင်ပါဝင်ကြောင်း သိရပါတယ်.
. .

* ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကလည်း ကင်ဆာလျော့ကျစေခြင်း ၊ မျိုးပွား နိုင်စွမ်းအားကောင်းခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေပါတယ်.

* ခရမ်းချဉ်သီးမှာ ဗီတာမင်စီ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် အနာကျက်နှုန်း မြန်စေခြင်းနှင့် ခန္ဓာကိုယ်မှာ သံဓာတ်စုပ်ယူအားကောင်း ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း
ရရှိစေပါတယ်. .

ဒါကြောင့် ခရမ်းချဉ်သီးကို ကိုယ်ခန္ဓာ
သွယ်လျလှပစေဖို့အတွက် စားပေးပါက တခြား ကျန်းမာရေး
အကျိုးရလာဒ်ကောင်းတွေကိုပါ. . ရရှိနိုင်မှာ ဖြစ်ပါတယ်. .

Source>အညာသားGroup

ကြက်ဟင်းခါးသီးနှင့် ကျန်းမာရေး



ကျွန်တော်တို့စားသုံးနေတဲ့ ဟင်းလျာထဲမှာ ပါဝင်တဲ့ ကြက်ဟင်းခါးသီးဟာ ဆေးဖက်ဝင်ပါတယ်ဆိုတာ စားသုံးသူတော်တော်များ များ သိကြပါတယ်. . ဘယ်လိုရောဂါမျိုးတွေအတွက်ဆေးဖက်ဝင်တယ်ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာကြက်ဟင်းခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီးသုံးခုကို ကာကွယ်ကုသရာမှာ အထောက်အကူပြုပါတယ်..

၁။ ဆီးချို သွေးချိုရောဂါ
၂။ HIV ရောဂါ
၃။ ခုခံအားစနစ်နှင့် ပက်သက်သော ရောဂါများ (Immunological Diseases) များကို ကုသရာမှာ ထိရောက်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်. .

ဆီးချို၊သွေးချိုရောဂါအတွက်
ကြက်ဟင်းခါးသီးမှာ ပါတဲ့ အခါးဓာတ်နဲ့ အဖန်ဓာတ်တွေဟာ သွေးထဲမှာရှိတဲ့Glucose သကြားဓာတ်ကို ကျစေနိုင်တဲ့ သတ္တိရှိပါတယ်. . Glucose တွေဟာသွေးထဲကို အများကြီးရောက်မလာလို့ ဆီးချိုသွေးချို ဝေဒနာတွေအတွက်
အကျိုးရှိပါတယ်. ဒါကြောင့် ဆီးချို၊သွေးချိုသမားတွေဟာကြက်ဟင်းခါသီးကိုစားရင် များစွာာ အကျိုးရှိပါတယ်. . .

ကြက်ဟင်းခါးသီးကိုဆေးဖက်ဝင်အောင်စားရင် အစိမ်းအတိုင်း ပါးပါးလှီးပြီး တို့စရာလိုလုပ်စားမှသာ ရမှာ ဖြစ်ပါတယ်. .အပူပေးရင်လည်း ခဏတဖြုတ် အစိမ်းကြော်ကြော်သလိုမျိုး လုပ်မှ အာနိသင်ရမှာဖြစ်ပါတယ်. .

ဆီးချိုရောဂါဝေဒနာရှင်တွေက စားမယ်ဆိုရင်တော့ တစ်နေ့ကို ကြက်ဟင်းခါးသီး အနေတော် တစ်လုံးရဲ့ ¼ လောက် စားရင် လုံလောက်ပါတယ်.

HIV လူနာများကို Traditional Medicine အနေနဲ့ ကုသတဲ့ အခါမှာ ကြက်ဟင်းခါးသီးကိုအဓိကအသုံးပြုနိုင်ပါတယ် ကြက်ဟင်းခါးသီးထဲမှာ ပါတဲ့ MAP 30 ဟာ HIV-1ဗိုင်းရပ်စ်များကို မ၀င်နိုင်အောင် ဟန့်တားနိုင်တဲ့ အပြင် ကူးဆက်ပြီးသား
ဆဲလ်တွေမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးပွားများ မှုကိုပါဟန့်တားနိုင်စွမ်းရှိပါတယ်.

ကြက်ဟင်းခါးသီးကို စားတဲ့ အခါမှာ
အကြောတွေ တက်စေပတယ်. . ကြက်ဟင်းခါးသီးရဲ့ အစေ့နဲ့ အစေ့ညာတိုင်တွေကိုဖယ်ပြီး အသားချည်းပဲ စားရင်တော့ တက်တာ Blood Pressure တက်တာမျိုးမဖြစ်နိုင်ပါ. . ကိုယ်ဝန်ဆောင်တွေကတော့ကြက်ဟင်း
ခါးသီးကို လုံးဝမစားသင့်ပါဘူး နည်းနည်းစားရင် ပြသာနာမရှိပေမယ့် များများစားရင် ကိုယ်ဝန်ပျက်ကျတတ်ပါတယ်. . .

လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ Immune System လို့ခေါ်တဲ့ ခုခံအားစနစ်ရှိပါတယ်. . . အပြင်ကနေ ခန္ဓာကိုယ်ကို
ဒုက္ခပေးတဲ့ ပစ္စည်းတွေရှိပါတယ်. . .ခုခံအားနဲက ပတ်သက်တဲ့
ရောဂါတွေလျော့ပါးစေဖို့လည်း ကြက်ဟင်းခါးသီးကို စားသုံးသင့်ပါတယ်. . . .

Source>အညာသားGroup

ဘလော့ လာလည်သူ နှင့် chat လို့ ရအောင်

ဟိဟိ .. ကျနော် တင်သော post ကို ဘယ်သူ့လာဖတ်ဖတ် မဖတ်ဖတ် အရေးမစိုက်ဘူး .. ကျနော့ အကိုကြီး ကိုမင်းသန့် ကိုပြောရရင်ကျေနပ်ပါတယ် ။။း)
ကဲကဲ ... မနောက်တော့ပါဘူးဗျာ..
အခု တင်မယ့် ပို့စ်က ကိုယ့် ဘလော့ကို လာလည်သူနဲ့ chat လို့ရတဲ့ ဘောက်စ် လေး ဘယ်လိုထည့်ရမလဲ
ဆိုတာ ပြောပြမလို့ပါ ။ အောက်မှာ ပြထားတဲ့ ပုံကိုပြောတာပါဗျ ။
လုပ်နည်းလေးကတော့ ရိုးရိုးရှင်းရှင်းလေးပါ ။
Back to Top