ကိုယ့်ရဲ့ Gmail ထဲကို ဘယ်သူတွေ ၀င်မွှေသွားလဲ စစ်ကြည့်ဖို့
ဒီနေ့ခေတ် အင်တာနက်ပေါ်မှာ ဟက်ကာတွေ ကြီးစိုးနေတာဖတ်ရတယ် ၊ နာမည်ကြီး ၀ဘ်ဆိုတ်တွေ ၊ အင်တာနက် စနစ်တွေ ၊ တယ်လီဖုန်း စနစ်တွေအထိ ရပ်ဆိုင်းသွားအောင် ဟက်တာတွေ ခံနေရတယ် ၊ ကျနော်တို့က ကိုယ့်ဆီကို မရောက်လာသေးတော့ မသိနိုင်ဘူးဖြစ်နေတယ်
သီချင်းလေးသက်သေ(1)
01-ဒို့အတွက်ပါ-စံပီး
02-သခင့်မျက်မှောက်တော်-ထူးအယ်လင်း+မီးမီးခဲ
03-ဟာလေလုယာ-JME
04-အမှောင်မှအလင်း-L.ဆိုင်းဇီ
05-ဘုရားကျောင်းထဲက-ချစ်သုဝေ
06-သူစောင့်နေဆဲ-L.လွန်းဝါ
07-သီချင်းလေးသက်သေ-မီးနို
08-ငှက်ကလေး-၂မိုး
09-ထွန်းညှိပေးဦး-ဆုန်သင်ပါရ်
10-ကိုယ့်ကြောင့်-ချောစုခင်
11-ကိုယ်တော်ရှိရာကျွန်ုပ်ရှိစေ-စောဝင်းလွင်
12-နားရှိကကြားကြပါတော့-ဖြူဖြူကျော်သိန်း
13-သူပြန်လာချိန်-ဇမ်နူး
Thank.
အစိမ်းရောင်များနှင့်ကခုန်ခြင်း
ခေတ်ပျက်သူဌေးတွေကြား
လည်ညှစ် ခံရတဲ့အကောင်
အတောင်ပံ မစုံခင်
အဝေးကို ပျံသန်းရှာတယ်။
မုန်တိုင်း လှိုင်းထန်
လောကဓံကြား
ဘဝရဲ့ရိုက်ချက်ပြင်းပြင်းနဲ့
ဘဝဆိုတာ သင်ယူနေဆဲ။
သူများနိုင်ငံ
တိုင်းတပါးမှာ
မျက်နှာမရ
အနှိမ်ခံလည်း
ခံတာပါတယ်
သူငယ်ချင်းရာ
အစိမ်းရောင်
သရဲတွေ ချောက်တာနဲ့ စာရင်။
မွေးရပ် ဌာနေ
ချက်ကြွေ စာတိ
လွမ်းတာမှန်၏
သို့ပေမယ့်လည်း
သူငယ်ချင်းရာ
ပိုးစုန်းကြူးလို
မီးကို မတိုးချင်ပါနဲ့
စာနာမှုကင်းမဲ့တဲ့
ငရဲမီးဟာ
ပူလောင်လွန်းတယ်။
ဘာမစ်သက်တမ်းလေး
တိုးလို့ရရင်
ပြန်တိုးလိုက်ပါ
သူငယ်ချင်းရာ
မျက်လှည့်ပြပွဲ
မပြီးသေးဘူး
ဟိုးအဝေးမှာ
သေနတ်သံတွေလည်း
ကြိုကြား ကြိုကြား
ငါကြားနေတယ်
မပြန်နဲ့ဦး
သူငယ်ချင်းရာ။
အမှတ်တရ...11.11.11
ZP.LINTAN
ပုံလေးကတော့ အစိမ်းရောင်လွင်ပြင် ဆီကယူလာတာပါ။
မျှော်လင့်ခြင်းပေးသူ
01-ကျေးဇူးတင်လွှာ
02-မျှော်လင့်ခြင်းပေးသူ-ဖြူဖြူကျော်သိန်း
03-အိမ်ပြန်လမ်း-စံပီး
04-သူငယ်ချင်းသို့-ဆုန်သင်းပါရ်
05-လောင်းရိပ်-ချမ်းချမ်း
06-စဉ်းစားပါ-အုပ်စိုး
07-မေတ္တာအိမ်-ထူးအယ်လင်း & မီးမီးခဲ
08-အနှိုင်းမဲ့မေတ္တာ-နသဲ
09-သင်္ခါရ-ကျော်နီ
10-အတိတ်ရဲ့အတ္တ-လာဇရု
11-နောင်တမျက်ရည်-နေနေ
12-၀ိညာဉ်လယ်ပြင်ဆီသို့-ခိုင်ရွှေဝါ
God Bless You!
စွန့်စားခန်း(သို့) သူငယ်ချင်းသို့
ငါကြားဖူးတယ်
သူငယ်ချင်းရယ်
ဘဝ ဆိုတာ
ပန်းခင်းတဲ့ လမ်းမဟုတ်ဘူးတဲ့။
ဘဝကို လွယ်လွယ်နဲ့တော့
အရှုံး မပေးလိုက်နဲ့ဦး
အရာရာတိုင်းမှာ
နည်းလမ်း များစွာရှိတယ်။
ဒီနည်းနဲ့ မရရင်လည်း
နောက်တနည်းပေါ့
အစကတည်းက
ငါတို့ဘဝ
အစစ အရာရာမှာ
ပြီးပြည့်စုံတာမှ မဟုတ်တာ။
ငါတို့ မွေးကတည်းက
နုံချာ တဲ့ဘဝနဲ့
ဘဝရဲ့ စွန့်စားခန်းမှာ
စွန့်စားလာခဲ့တဲ့
မင်းသား
တွေ
ပါ။
ဇက်ဗီလင်းတန်း
ပုံးကတော့ ကူကယ်မှာ ရတဲ့ ချင်း ပုံလေးပါ။
အလွမ်းပုံပြင်
ဒီမနက် ငါနိုးတော့
အပြင်မှာ မိုးတစ်စိမ့်စိမ့်ရွာနေတယ်
ခရစ္စမတ်လည်း ရောက်တော့မယ်
အပြင်ကို ငေးကြည့်ရင်း
တိုးတိုးလေး ငါညည်းလိုက်တယ်
တောင်ပေါ်မှာ ချယ်ရီတွေ
ပွင့်တော့မယ်.....
ဌာနေကို မပြန်နိုင်သူ
အဝေး တစ်နေရာမှာ
နေ့ရွေ့ ညရွေ့
ဘာလိုလိုနဲ့
ကံကြမ္မာ စေရာ
စီးချက် မညီ
တီးဝိုင်း ကြမ်းကြမ်းတွေကြား
ဇာတ်ဆရာရဲ့ က ကွက်ထဲ
ငါ က နေတာ
12 နှစ်တောင် ပြည့်တော့မယ်....
သြော်
အခုလောက် ဆိုရင်
တစ်ချိန်တုန်းက
ရင်ဘတ်ထဲက
တောင်ပေါ် သူမလေးလည်း
အိုးနဲ့ အိမ်နဲ့
ဖြစ်လောက်ပြီ.....
ဇက်ဗီလင်းတန်း
(5.11.11)
.....သို့
မင်းလေး
ငါမခေါ်ဘဲ
ဒီရင်ခွင်ထဲ
မင်းလေး
ရောက်အောင်လာခဲ့တယ်...
အခုတော့
ငါမနှင်ဘဲ
ဒီရင်ခွင်ထဲ
မင်းလေး
ရအောင် ပြန်ထွက်သွားတယ်...
မင်းမရှိတော့တဲ့နောက်
မင်းနဲ့အတူရှိခဲ့ဖူးတဲ့
တဒင်္ဂလေး
ခုံမင်စွာ ထွေးပိုက်ရင်း
ပွန်းပဲ့တဲ့ ဒီရင်ခွင်ထဲမှာ
မှုန်ဝါးဝါး မင်းရဲ့ ပုံရိပ်ဟောင်းတွေ
လှပစွာ ကျန်ရစ်ခဲ့တယ်....
ဇက်ဗီလင်းတန်း
မိမိဘလော့ နောက်ခံပုံပြောင်းနည်း
ဒါလေးကတော့ ညီငယ် တယောက် စီဗုံးမှာလာ တောင်းထားလို့  တင်ပေးလိုက်တာပါ . နည်းလမ်း တွေအ များ ကြီး ရှိတယ်ဆိုပေမယ့် အလွယ် ကူဆုံးပြုလုပ်နိုင်တဲ့နည်းလမ်းလေး ကို တင်ပြပေး မှာဖြစ်ပါ တယ်. ဘလော့ ကို အခုမှစ လုပ်တဲ့မိတ် ဆွေများအနေနဲ့ ဒီနည်းကလေးကပိုအဆင်ပြေပါလိမ့်မယ်။
Windows ပေါ်မှ Snipping Tool ဖြင့်အလွယ်ကူဆုံး Capture ဖမ်းချင်သူများအတွက်
ကျွန်တော်ဒီနေ့တော့ Windows မှာပါတဲ့ Snipping Tool လေးကိုသုံးပြီးတော့အလွယ်တကူ
Capture ဖမ်းလို့ရမဲ့နည်းလေးကိုပြန်ပြီးတော့ရှယ်ပေးသွားပါမယ်..။ဒီကောင်လေးကသုံးရ
တာလဲတော်တော်လေးကိုအဆင်ပြေပါတယ်..။ဘာဆော့ဝဲလ်မှလဲသုံးစရာမလိုပါဘူး။
ဘယ်နေရာရောက်ရောက်မိမိတို့ Capture ဖမ်းချင်တဲ့ပုံကိုဒီကောင်လေးသုံးပြီးအလွယ်
တကူ Capture ဖမ်းလို့ရမှာဖြစ်ပါတယ်..။ကျွန်တော်အသုံးပြုနည်းလေးတွေကိုပုံလေးတွေ
နဲ့လဲရှင်းပြပေးထားပါတယ်..။
ဆောင်းဦး ဝေသနာ
အပြင်မှာ လေရူးတိုက်လို့
ဒီဆောင်းဦးမှာ
သစ်ရွက်တွေ တဖျပ်ဖျပ်
ကြွေသံ ငါကြားတယ်...
အပြင်မှာရော အတွင်းမှာပါ
သိပ်သိပ် ချမ်းလို့
ငါ့အသည်းလည်း ခိုက်ခိုက်တုန်နေပြီ
ငါတင်းထားတဲ့ စိတ်ဓာတ်
ဒီဆောင်းဦးမှာ
အလွမ်းဒဏ်သင့်လို့
သစ်ရွက်ဟောင်းလို
ကြွေလုပြီ......
ဆင်ခြင်တတ်တဲ့ ငါ့အသိစိတ်သေးသေးလေး
ပျော်ရွှင်ခြင်းကင်းမဲ့လှတဲ့ အဝေးတစ်နေရာ
ဒီဆောင်းဦးမှာ ငါ့စိတ်တွေ
တစတစနှင့် အရှုံးဘက်ကို နဲ့နဲ့ယိုင်လာပြီ...
အားပေးဖော် ရှာမတွေ့တဲ့
ဆံပင်ဖြူတွေကြားမှာ
ယုံကြည်ချက် ပါးပါးလေး
မခိုင့်တခိုင် ဟိုယိုင်ဒီယိုင်
လမ်းစလေးမှုန်ဝါးဝါးပေမယ့်
နက်ဖြန် ဆိုတဲ့ အရာ
ပိုင်ဆိုင် သရွေ့တော့
ဘယ်သူမှ မသိတဲ့
ရင်ထဲကဝေသနာနဲ့
လက်ခုတ်သြဘာသံတွေ
တိတ်ဆိတ်တဲ့
ကံစီမံရာ
ဇာတ်ဆရာရဲ့ အလိုကျ
လှောင်ရီသံတွေကြားမှာ
လမ်းဘေးက အရူးတစ်ယောက်လို
ရက်စက်စွာ ငါ က လိုက်ဦးမယ်......
ဇက်ဗီလင်းတန်း
ရုပ်ပုံထဲက စကားလုံးများ
ကျွန်တော်တို့ဟာ လက်ဝါးကပ်တိုင်အမျိုးမျိုးကို ထမ်းပိုးရင်း လူ့ဘဝလမ်းပေါ်မှာ ခက်ခက်ခဲခဲ ရှေ့ဆက်တိုးနေကြတယ်။ ဒီလက်ဝါးကပ်တိုင်ဟာ ကျွန်တော်တို့ရဲ့ ပညာရေး၊ အလုပ်အကိုင်၊ တာဝန်ဝတ္တရား စတဲ့အရာတွေ ဖြစ်ကောင်းဖြစ်မယ်။ ဒီအရာတွေက လောကကြီးထဲ ကျွန်တော်တို့ရှင်သန်နေတဲ့ အကြောင်းပြချက်ဖြစ်တယ်၊ ကျွန်တော်တို့ရဲ့တန်ဖိုးဖြစ်တယ်။
လူတိုင်းလူတိုင်း လေးလံတဲ့လက်ဝါးကပ်တိုင်ကို ထမ်းပိုးရင်း ရှေ့ကို နှေးနှေးကွေးကွေး၊ ခက်ခက်ခဲခဲ လှမ်းနေကြတယ်။
အဲဒီထဲက လူတစ်ယောက်ဟာ လမ်းခုလပ်အရောက်မှာ ရုတ်တရက်ရပ်လိုက်တယ်။ သူဘာတွေ တွေးနေမလဲ!
သူတွေးနေတာက ဘုရားသခင်... ဒီလက်ဝါးကပ်တိုင်က လေးလံလွန်းပါတယ်။ နည်းနည်းလောက် ဖြတ်ပစ်လိုက်မယ် ဆိုတာဖြစ်တယ်။
အဲဒီလိုနဲ့ လက်ဝါးကပ်တိုင်ကို သူနည်းနည်းဖြတ်ပစ်လိုက်တယ်။
တိုသွားတဲ့ လက်ဝါးကပ်တိုင်ကြောင့် သူပေါ့ပါးသွားတယ်။ ခြေလှမ်းတွေလည်း သွက်လာတယ်။
လျှောက်ရင်း လျှောက်ရင်း ကျောပေါ်က လက်ဝါးကပ်တိုင်ကို အရမ်းလေးတယ်လို့ သူခံစားမိပြန်တယ်။
အဲဒီလိုနဲ့ ဘုရားသခင်ကို သူပြန်ခွင့်တောင်းတယ်။ လက်ဝါးကပ်တိုင်ကို နည်းနည်းထပ်ဖြတ်လိုက်ရင် သူပိုပေါ့ပါး ပိုသွက်လက်လာမယ်လို့ဆိုတယ်။
လက်ဝါးကပ်တိုင်ကို သူ ထပ်ဖြတ်လိုက်ပြန်တယ်။
ဘုရားသခင်ကို သူကျေးဇူးတင်မိတယ်။ သူ ပေါ့ပါးသက်သာသွားတယ်လို့ ခံစားမိလို့ဖြစ်တယ်။
အဲဒီလိုနဲ့ သူဟာ အင်အားတွေ သိပ်စိုက်ထုတ်စရာမလိုဘဲ လူတွေရဲ့ရှေ့ဆုံးကို ရောက်သွားတယ်။ တခြားသူတွေ ခွန်အားစိုက်ထုတ်ပြီး ရှေ့ကိုဆက်တိုးနေချိန်မှာ သူက လေလေးတချွန်ချွန်နဲ့ ပေါ့ပါးလို့နေခဲ့တယ်။
ဒါပေမဲ့ မထင်မှတ်ဘဲ ရှေ့ဆက်တဲ့လမ်းပေါ်မှာ နက်နဲကျယ်ဝန်းတဲ့ မြောင်းကြီးတစ်ခု ရုတ်တရက်ပေါ်လာခဲ့တယ်။ မြောင်းပေါ်မှာ တံတားမရှိဘူး။ ဟိုဖက်ကမ်းကို ရောက်အောင်ပို့ပေးနိုင်တဲ့ ကယ်တင်ရှင်လည်း ရှိမနေခဲ့ဘူး။
သူ့နောက်ကလူတွေ သူ့ကိုတဖြည်းဖြည်း မီလာကြတယ်။ သူတို့က သူတို့လွယ်ပိုးထားတဲ့ လက်ဝါးကပ်တိုင်နဲ့ မြောင်းပေါ် တံတားလုပ်ပြီး ဖြတ်ကျော်ကြတယ်။
သူလည်း အဲဒီလို ကျော်ဖြတ်ချင်တာပါပဲ။ ဒါပေမဲ့ သူခုတ်ဖြတ်လိုက်လို့ တိုသွားတဲ့လက်ဝါးကပ်တိုင်က တံတားအဖြစ်နဲ့ မြောင်းကိုကျော်ဖြတ်ဖို့ သူ့ကို မကူညီနိုင်ခဲ့တော့ဘူး။
တခြားလူတွေ မြောင်းကိုကျော်ဖြတ်ပြီး ဦးတည်ရာပန်းတိုင်ကို ဆက်သွားနေချိန်မှာ သူဟာ နေရာမှာတင်ရပ်ပြီး နောင်တတွေနဲ့ ခေါင်းငိုက်စိုက် ကျန်ရစ်နေခဲ့တော့တယ်။
လူတိုင်းမှာ ကိုယ်နဲ့သက်ဆိုင်တဲ့ ကိုယ်ပိုင်လက်ဝါးကပ်တိုင်ကို ထမ်းပိုးထားကြတယ်။ ရုပ်ပုံထဲက လူတွေကလည်း အဲဒီလိုပဲ.... ရှေ့မှာ တားဆီးထားတဲ့အရာ ပေါ်လာတဲ့အခါ သူတို့ကျောပေါ်က လက်ဝါးကပ်တိုင်နဲ့ အတားအဆီးကို ကျော်ဖြတ်ကြပြီး ရှေ့ဆက်လှမ်းကြတယ်။ ဒါကြောင့် သင်ကြားမှုတွေ လေးလံခက်ခဲတယ်၊ အလုပ်အကိုင် ပင်ပန်းတယ်လို့ မညည်းတွားပါနဲ့။ တကယ့်ပျော်ရွှင်ခြင်းဆိုတာ ကြိုးပမ်းပြီးမှ ရလာတဲ့အရာဖြစ်တယ်။ ဆင်းရဲပင်ပန်းတာတွေ မတွေ့ကြုံ၊ မခံစားဖူးရင် ပျော်ရွှင်ခြင်းရဲ့ တကယ့်အနှစ်ကို ကျွန်တော်တို့ ခံစားရမှာမဟုတ်ပါဘူး။
အင်တာနက်ပေါ်မှာ ဒီပုံလေးတွေကို တွေ့ဖူးကြမှာပါ...း) http://www.duwenzhang.com/wenzhang/lizhiwenzhang/20101223/165598.html ကနေ မျှဝေပါတယ်။
နိုင်းနိုင်းစနေ
Source....http://www.99sanay.com/search/label/%E1%80%93%E1%80%AC%E1%80%90%E1%80%B9%E1%80%95%E1%80%B6%E1%80%AF

နက်တိုင် စည်းနည်းများ
ဒီနေ့တော့ နက်တိုင်လေး စည်းကြည့်ရအောင်.... ဒီလို ဒီလိုလေး
ဒီလိုလည်း စည်းလို့ရတယ်......
နိုင်းနိုင်းစနေမှ ယူလာတာပါ။အောက်ပုံကတော့ ဘယ်ဆိုဒ်က ယူမှန်းမသိတော့ဘူး။ဓာတ်ပုံတွေ ထားတဲ့နေရာ မှာထားတာ ပျောက်မှာစိုးလို့ ပေါင်းထည့်လိုက်ပါတယ်။ ဟိဟိ....
ဒီလိုလည်း စည်းလို့ရတယ်......
နိုင်းနိုင်းစနေမှ ယူလာတာပါ။အောက်ပုံကတော့ ဘယ်ဆိုဒ်က ယူမှန်းမသိတော့ဘူး။ဓာတ်ပုံတွေ ထားတဲ့နေရာ မှာထားတာ ပျောက်မှာစိုးလို့ ပေါင်းထည့်လိုက်ပါတယ်။ ဟိဟိ....
ည
ည...မင်းနဲ့ချိန်းတွေ့တဲ့ ည
ည...မင်းနဲ့ရယ်မောတဲ့ ည
ည...မင်းနဲ့ခိုးနှမ်းတဲ့ ည
ည...မင်းနဲ့ခိုးချစ်တဲ့ ည
ည.....
ည.....
ညတွေ တိုလွန်းတယ်....
ည...မင်းနဲ့ခွဲခွာတဲ့ ည
ည...မင်းနဲ့ဝေးကွာတဲ့ ည
ည...မင်းကိုလွမ်းဆွေးတဲ့ ည
ည...မင်းကိုစောင့်မျှော်တဲ့ ည
ည.....
ည.....
ညတွေရှည်လွန်းတယ်......
ဇက်ဗီလင်းတန်း
စိုင်းထီးဆိုင်၏ပုံတူကောက်ကြောင်း
အကြီးကြီးဖတ်ချင်ရင် အပေါ်နားက Full Screen ကိုကလစ်နှိပ်ပါ။ ပြန်ထွက် ချင်ရင်တော့ close ပေါ့။
http://www.sagarwarmyae.info မှ ရရှိပါသည်။
http://www.sagarwarmyae.info မှ ရရှိပါသည်။
ဆုံးဖြတ်လိုက်ပါ ဆုံးဖြတ်လိုက်ပြီ-စိုင်းထီးဆိုင်+ဆလိုင်းဆွန်ကျဲအို
၀၁။ ဂရုဏာဒေါသ-စိုင်းထီးဆိုင်
၀၂။ ပြဒါးတလမ်းသံတလမ်း - ဆွန်ကျဲအို
၀၃။ ဆုံးဖြတ်လိုက်စမ်းပါ-စိုင်းထီးဆိုင်
၀၄။ ဆုံးဖြတ်လိုက်ပြီ - ဆွန်ကျဲအို
၀၅။ မှန်းချက်နဲ့နှမ်းထွက်-စိုင်းထီးဆိုင်
၀၆။ နွေလမ်းခွဲ - ဆွန်ကျဲအို
၀၇။ လူ့ဘ၀-စိုင်းထီးဆိုင်
၀၈။ နှလုံးသားရေးရာ - ဆွန်ကျဲအို
၀၉။ ပြန်လာပါတော့-စိုင်းထီးဆိုင်
၁၀။ လမ်းနှစ်သွယ် - ဆွန်ကျဲအို
၁၁။ သံသရာခရီးသည်-စိုင်းထီးဆိုင်
၁၂။ သိစေချင်တယ် - ဆွန်ကျဲအို
၁၃။ ဖူးစာရှင်ဘယ်မှာလဲ-စိုင်းထီးဆိုင်
၁၄။ တသိမ့်သိမ့်ရှိုက်နေတယ် - ဆွန်ကျဲအို
ပျောက်လုလု ဆလိုင်းဆွန်ကျဲအိုရဲ့ သီချင်းတွေပါ... ကျနော် အရမ်းလိုချင်ခဲ့သော ဒီသီချင်းတွေကတော့ http://mmcybermedia.com/community/index.php?topic=42339.0 ဒီနေရာမှာ ရရှိတာပါ... ကျနော်မွှေနောက်ရှာဖွေ ပေမယ့်မတွေ့ပါ။ ဟိုးတနေ့ကပဲရှာဖွေရင်းနဲ့ ဒီဆိုက်ကိုရောက်ပါတယ်။ သီချင်းတွေ ဒွန်းတော့ ဖိုင်မရှိတာနဲ့ဖွင့်လို့မရဘူး။ သူငယ်ချင်းဆီအကူအညီတောင်းတော့ သူက ဒွန်းပေးပြီး အီးမေးမှာ ပို့ပေးတာ... ဆလိုင်းဆွန်ကျဲအိုကို ချစ်သော သူငယ်ချင်းများ အားလုံးနားဆင်လို့ရအောင် ဒီမှာပဲ ရတဲ့နည်းနဲ့ တင်းပေးလိုက်ပါတယ်။ ဒွန်းချင်ရင်တော့ မူရင်းဆိုက်မှာ သွားဒွန်းကြပါနော်။
mmcybermedia နှင့် ကျနော့ကို ကူညီသော ဆလိုင်းထန်းခွီရှိန်းကို အထူးကျေးဇူးတင်ရှိကြောင်း..........
ဇက်ဗီလင်းတန်း
ပြဿနာ
၁။သီချင်းလေး တစ်ပုဒ်လောက်တော့ အသက်သွင်းလိုက်ချင်တယ်
ဒီလူဆူလိုက် ဟိုလူညံ လိုက်နဲ့ သံစဉ်တွေ ပျောက်လွင့်သွား
နည်းနည်းလောက်တော့ မင်းစာနာသင့်တယ်.........
၂။ရည်းစားလေး တစ်ယောက်လောက်တော့ ထားလိုက်ချင်တယ်
ဒီလူဖျက် ဟိုလူရှုပ်လိုက်နဲ့ အခြေနေတွေ ဆိုးသွား
နည်းနည်းလောက်တော့ မင်းညှာတာသင့်တယ်.......
Cho...ဘာမှ ဘာမှ ဘာတစ်ခုမှ အဆင်မပြေဘူး
သီချင်းလေး တစ်ပိုဒ်လည်း ရင်ထဲမှာ ခံစားမယ်
ရည်းစားလေး တစ်ယောက်လည်း ရင်ထဲမှာ သိမ်းဆည်း/ထားမယ်
လောကကြီးမှာ အဆင်ပြေသလို ငါနေလိုက်တော့မယ်....
၃။ကောင်မလေး တစ်ယောက်နဲ့တော့ တွဲခဲ့ဖူးတယ်
ဒီလူပြောင်လိုက် ဟိုလူလှောင်လိုက်နဲ့ အနားကပ်လို့မရတော့ဘူး
နည်းနည်းလောက်တော့ မင်းအလိုက်သိသင့်တယ်....
ရေ...ဇက်ဗီလင်းတန်း
စာကြွင်း........
ဟဲဟဲ....အခုတလော ခေါင်းထဲမှာလည်း ကဗျာတွေ ကုန်ပြီထင်တယ်... ဘာမှမရေးနိုင်တော့ ကျနော် အရင်တုန်းကရေးတဲ့ ပြဿနာ သီးချင်းလေးပဲ တင်ပေးတယ် .. လောလောဆယ်တော့ ကဗျာလိုပဲဖတ်လိုက်ပါ။ ခွေကလေးလုပ်ချင်ပေမယ့် ပိုက်ပိုက် အဆင်မပြေသေးလို့ တီးဝိုင်း ငှားနိုင်ဖို့ မလွယ် ဟီးးးးး။ ဟဲဟဲ...ထီထိုးတယ်နော်.... ထီပေါက်ရင်တော့ ချင်းသံ ဝဲဝဲနဲ့ အပေါစား ကိုယ်ပိုင်သံစဉ် အလွမ်းသီချင်း အသည်းကွဲ သီချင်းလေးတွေ ဆိုပေးမယ် ဟိဟိ။ အထင်တော့ မသေးလိုက်နဲ့ဦး ကျနော့ သီချင်းက ကိုယ်ပိုင်သံစဉ်လေးတွေပါ ဟိဟိ။ ကော်ပီတော့ စိတ်မကူးဘူး။ ကျနော့်သူငယ်ချင်းတွေထဲက သီချင်းလေးဆိုပေးချင်ရင်တော့ mp3တွေ သီချင်းကြမ်းလေး ပို့ပေးမယ်။ရောင်းတော့ ရောင်းမှာ မဟုတ်ဘူးနော်။ ဘယ်သူမှ အင်တာမဗျူးတော့ ကိုယ့်ဟာကိုဗျူးတာပါ ဟိဟိ...စာလုံးပေါင်းမှားတာ တွေ့ရင်လည်း အားမနာနဲ့ ပြင်ပေးလို့ရတယ်နော်။
အားလုံး ပျော်ရွှင်နိုင်ပါစေလို့.........ဇက်ဗီလင်းတန်း
Blogger က Navbar ကို ဖြုတ်ချင်ပါသလား
ဒီစာကိုတော့ မကန်ဒီတို့ ကျွန်တော်သိသမျှ မှတ်သမျှတို့ အတွက် ရေးပေးတာပါ ။ မဖြုတ်ထားချင်လို့ တမင်သက်သက် ထားတာလားတော့ မသိ :)
ရေးမယ် ရေးမယ် နဲ့ မရေးဖြစ်ဘူး ။ ခု မဖြစ်ဖြစ်အောင် ရေးပေးလိုက်ပြီ ။
ပထမဆုံး မိမိရဲ့ ဘလော့ဂ်ကို ဝင်လိုက်ပါ ။ ပြီးရင်...
Design> Edit HTML ကို အစဉ်လိုက်သွားပါ ။ Expand Widget Templates ကို အစက်ဖြည့်ပေးလိုက်ပါ ။
Subscribe to:
Posts (Atom)
Posted by