မိမိရဲ့ဘလော့Post အောက်မှာရှိတဲ့Subscribe to: Posts (Atom) ဖြုတ်လုပ်ချင်ရင်
ကျနော်ကတော့ ကို kp3 ရဲ့နည်းပညာနဲ့ အခုပဲဖြုတ်လိုက်ပြီ
ဒါလေးကတော့ကျနော်တို့ရဲ့ Post အောက်မှာရှိတဲ့Subscribe to: Posts (Atom) ဆိုတဲ့စာကြောင်း
လေးဖြုတ်နည်းလေးပါ။ဖြုတ်ခြင်တဲ့သူငယ်ချင်းတွေအတွက်ပါ၊တချို့Template မှာကြတော့ Auto
ဖြုတ်ပြီးသားပါလာတယ်၊အ၇မ်းရှင်းပါတယ်အောက်ပုံ
kp3နည်းပညာ၊၇၅၊Open Links In New Window
ဒီနည်းကတော့ အစမှာ မကြိုက်ဘူး။ ဒါပေမယ့် ကျနော်က သီချင်းတွေ တင်တာများတော့ ကျနော်ဆိုက်လေးမှာ သီချင်းတွေလည်း နားထောင်မယ် ကျနော် ကိုယ်တိုင်ရေးသားတဲ့ ရင်ဘတ်ထဲက ဇက်ဗီလင်းတန်းရဲ့ ကဗျာလိုလို တွေလည်း တပြိုင်တည်းဖတ်နိုင်အောင်လို့ အခုတော့ ကြိုက်သွား ပြီ။ မိတ်ဆွေလည်း လုပ်ချင်ရင် ko kp3 ရဲ့ နည်းပညာပါ.. အောက်မှာ ဟီးးး
သန်း(၆၀)သောပြည်သူတို့၏ မျှော်လင့်ချက်ကိုပြည့်စေသူ (သို့) ချင်းအမျိုးသမီး မြှားချစ်သူ မအောင်ငှိမ်း(Aung Ngeain)
ဓာတ်ပုံတွေက လိပြီးမှ ကြည်လင်စွာ ဖတ်ရှုနိုင်ပါသည်။
http://www.chinworld.info/interview/2012/Aung_Ngeain/Aung_Ngeain.html မှ
http://www.chinworld.info/interview/2012/Aung_Ngeain/Aung_Ngeain.html မှ
သူတို့ စိတ်ထား
လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ကပါ။ ဆရာမက ပရိဘောဂတွေ လိုချင်သလားတဲ့....ပေးမလား.. လိုချင်တာပေါ့။ အလကားရမယ် ဆိုရင် ခြေမြန်လက်မြန် ယူတတ်တဲ့ ကျနော်။ အလကား ရတာလေ... မကြိုက်ရင်လည်း အမှိုက်ပစ်တဲ့ နေရာမှာ သွားပစ်ရုံပေါ့...ဘာပင်ပန်းတာ မှတ်လို့ ဟဲဟဲ။
ဆရာမက ဒါဆိုရင် စနေနေ့မှာ လာကြည့်ပေါ့။ ဆရာမ ဘယ်ကို လာကြည့်ရမလဲ။ ဆရာမက မင်းအိမ်နားမှာပါ..... အော်ခက်လိုက်တာ... ဒီနိုင်ငံမှာက ကိုယ့်အိမ်နီးနားချင်းတွေ တောင် မရင်းနှီးကြတာ။ ကိုယ့်အိမ်မှာနေ ကိုယ့်ထမင်းကိုစား ကိုယ့်အလုပ်ကိုလုပ် တစ်သက်လုံးပေါ့နော်။
အိမ်နီးနားချင်းတွေနဲ့ ခင်မင်ဘို့က မလွယ်ဘူး။ ခင်မင်ရင်းနှီးရင်တောင်မှ မနက်ညနေ အလုပ်သွား အလုပ်ပြန် လမ်းမှာဆုံဖြစ်ရင် ဟဲလိုး...နေကောင်းလား ဒီလောက်ပဲ ပြောဖြစ်တယ်။ လူတိုင်းက နာရီနဲ့ အလုပ်လုပ်တော့လည်း လေကြိုးရှည်ဖို့က အချိန်မရှိဘူး။
ကျနော်က ဆရာမနဲ့ ကျောင်းမှာ သိတာပါ.... ကျနော့်အိမ်နီးနားချင်းက ဆရာမရဲ့ မိတ်ဆွေ ဆိုတော့က အားလုံး ချိတ်ဆက်ကုန်တော့တာပေါ့။ သူတို့က အဝေးကို ပြောင်းရွှေ့ချင်လို့တဲ့။ ပရိဘောဂတွေ မသယ်နိုင်ကြဘူး။ သယ်ခနဲ့ အသစ်ဝယ်ရင် ကုန်ကျစရိတ်က မထူးလို့ပါ။ ထမင်းအိုး ကွဲလို့ ခွေးကံကောင်းတယ် ဆိုသလိုပေါ့....ကျနော် ကံကောင်းတော့တာပဲ ဟဲဟဲ......
သူတို့ပစ္စည်းတွေက အဟောင်းဆိုင်မှာ သွားပေးဖို့လည်း သူတို့နှမျောတယ်တဲ့။
ဒီလိုနဲ့ စနေနေ့မှာ သွားကြည့်တော့ ပရိဘောဂတွေက တကယ့်အကောင်းစားတွေပဲ။ ကျနော့မှာလည်း ရှိပါတယ်။ ဒါပေမယ့် ကျနော်က ဈေးပေါတဲ့ ဟာတွေဝယ်တော့ အသားကညံ့တာပေါ့။ အခုသူပေးမယ့် ပရိဘောဂတွေက သစ်သားစစ်စစ်တွေ။ အခုပေါက်ဈေးနံ့ အသစ်သွားဝယ်မယ်ဆိုရင် အနည်းဆုံး သောင်းဂဏန်းတော့ ပေးရမှာ သေချာတယ်။ အလကားရမယ် ဆိုတော့လည်း အေး ယူမယ် ယူမယ် ပြောတာပဲ။
ဒါနဲ့ သူက ဒီနေ့တော့ ကျနော် ခေါက်တုတ် ခေါက်ပြန် ကားမောင်း စရာရှိတယ် ...နောက်နေ့ တနင်္ဂနွေနေ့ ၁၀ နာရီမှာ အေးဆေး လာသယ်ပါတဲ့။ ကျနော်လည်း ပစ္စည်းတွေ သဘောကျတော့ မြန်မြန် အေးအေးးးး ပြောတာပဲ။
နောက်နေ့ တနင်္ဂနွေနေ့ ၁၀ နာရီ ကွက်တိ သွားတယ်... အိမ်ရှေ့ ခေါင်းတီးတယ်။ အိမ်ရှင် တံခါးလာဖွင့်ပေးတယ်... မင်္ဂလာ နံနက်ခင်းပါတဲ့ သူကနှုတ်ဆက်တယ် ကျနော်ကလည်း ပြန်နှုတ်ဆက်တယ်... အိမ်ရှင်က အထဲကို ကြွပါ ကြွပါတဲ့။
အထည်းကိုရောက်တော့ ဒီလောက်များတဲ့ ပရိဘောဂတွေ... သူသေချာ ဖုန်တွေ ညစ်ပတ်တံ့ ဟာတွေ အကုန်ဆေးတယ်။ ဖုန်တွေ သုတ်တယ်။ ကျနော်ရောက်တော့ အားလုံး ပြီးခါနီးပြီ စာအုပ်စင်တစ်ခုပဲ ကျန်တယ်။ ကျနော်က ပြောတယ် အိမ်ရောက်ရင် သုတ်ပါ့မယ် မလုပ်ပါနဲ့ ပြောတော့ သူက...ရတယ် ရပါတယ်တဲ့...........
သူက အကုန်လုပ်တယ် အိမ်ရောက်ရင် ဘာမှ ထပ်လုပ်စရာ မလိုဘူး။ဒီနေရာမှာ ကျနော့စိတ်ထားနဲ့ သူတို့ စိတ်ထား လုံးဝလုံးဝ ခြားနားလွန်းတယ်။
ဒီနေရာမှာ ကျနော်သာဆိုရင်...ဒီလောက်ကောင်းပြီး ဒီလောက်ဈေးကြီးတဲ့ ပစ္စည်းတွေ အလကားပေးတာပဲ.... ဖုန်လေးကတော့ အိမ်ရောက်ရင် သူ့ဟာသူ သုတ်ပါစေ..ဒီလိုလုပ်မှာ...ဒါငါ့ စိတ်ထဲရှိတဲ့ စိတ်ထား အမှန်ပဲ။
ဒါပေမယ့် သူတို့ဆီမှာတော့ ဒီလို မဟုတ်ဘူး။သူတို့ပေးတဲ့ ပစ္စည်း သန့်သန့် ရှင်းရှင်း လှလှပပ ပေးမှ သူတို့ကျေနပ်တာ။ သူတို့ဆီမှာ ဒီလို စိတ်ထားရှိတာကိုး။ကျနော် သဘောပေါက်လိုက်တယ်။ ကျနော့ စိတ်နဲ့ နှိုင်းယှဉ်ကြည့်တော့ ကျနော် ရှက်မိတယ်။
ကျနော်ကတော့ ပစ္စည်းတွေ အလကားရလာတာ ပျက်ချင်ပျက် မယ် လွှတ်ချင် လွှတ်ပစ်မယ်.... ဒါပေမယ့် သူတို့ဆီက ရလာတဲ့ စိတ်ဓာတ်လေးကိုတော့ ကျနော် မလိုက်လျှောက်နိုင်ရင်တောင်မှ ဘယ်တော့မှ မေ့မှာတော့ မဟုတ်ဘူး။
ကျနော့် စိတ်ထားနဲ့ သူတို့ စိတ်ထား လုံးဝ ခြားနားသောကြောင့် သူတို့ စိတ်ထားကို မချီးကျူးပဲ မနေနိုင်လို့ မရေးတတ်ပေးမယ့် ဒီပိုစ်လေးကို ကြိုးစားပြီးရေးလိုက်ပါတယ်။
အားလုံးကို ခင်မင်လျက်
ဇက်ဗီလင်းတန်း
ကိုယ့် Blogg ပေါ်မှာလိပ်ပြာလေးတွေ ပျံခိုင်းရအောင်
How to add Flying Butterfly on your blog
ဘလော့မျက်နှာပေါ်မှာ လိပ်ပြာတွေ ပျံသန်းစေချင် ဒါမှဟုတ် လိပ်ပြာချစ်တဲ့ သူများအတွက် အသုံးဝင်မယ်လို ထင်ပါတယ်။
အ၇မ်းလည်လွယ်ကုပါတယ်..။။။
နှစ်သိမ့်သူ
01-Intro
02-သခင့်အတွက်(စောဝင်းလွင်)
03-ကျေးဇူးပါသခင်(ဆုန်သင်းပါရ်)
04-နှစ်သိမ့်သူ(ဟွိုင်း)
05-မျှော်လင့်ခြင်းနေ့သစ်(မီးမီးခဲ)
06-စည်းလုံးအသက်ရှင်စို့(စံပီး-မေသက်)
07-ကရာနီမေတ္တာ(L.ဆိုင်းဇီ)
08-ခိုကိုးရာအရိပ်(ဟွိုင်း)
09-ကျေးဇူးတော်များ(စံပီး)
10-ချီးမွမ်းသီဆို(မေသက်)
11-ဆီးလို့ကြို(စောဝင်းလွင်-ဟွိုင်း)
12-ယိုစီးသောအသွေး(ဇမ်နူး)
13-အနားမှာ(အာဒဲ)
14-ရာစုကသ်ခြေလှမ်း(ထွဋ်ခေါင်ဦး-မေသက်)
15-ကျေးဇူးတင်လွှာ
နားဆင်သူ အရောက်စီတိုင်း ဘုရား သခင် ကောင်းကြီးပေးပါစေ။အာမင်
Thank.
ဥယျာဉ်မှူးသို့ပန်ကြားချက်...ကလေးသီချင်းများ
01-မိတ်ဆက်
02-ဘုရားသခင်၏စစ်သည်တော်
03-ကျေးဇူးကြီးမားလှ
04-အကောင်းအားဖြင့်အဆိုးကိုအောင်ခြင်း
05-ယေရှုနဲ့ဆုံတွေ့သောအခါ
06-ချီးမွမ်းကြမယ်
07-ကျောက်မြဲမြဲခိုင်
08-တဲအိမ်ရွှေနန်း
09-မှန်မှန်ချီတက်
10-သခင့်မေတ္တာ
11-ဥယျာဉ်မှူးသို့ပန်ကြားချက်
12-သီချင်းလက်ဆောင်
13-အတူတူသွားကြမယ်
14-Sing To The Lord
15-ကယ်တင်ခြင်းခေါင်းလောင်းသံ
16-ယေရှုစစ်သည်
17-ဖန်ဆင်းခြင်းလက်ရာ
18-ကိုယ်တော်ဖန်ဆင်းပါတယ်
19-အဖြေမှန်
20-အချိန်တိုင်းမှာဆုတောင်း
21-ရိုက်ကွင်း အမှတ်တရများ
22-ကြော်ငြာ
Myanmar children christian songs
Thank.
ကြည့်မှန်
Photo From Google
မှန်ကို ကြည့်မှ
ကိုယ့်မျက်နှာ အမှန်ကို
သေသေ ချာချာ
သေသေ ချာချာ
မြင်ရတယ်
တွေ့ရတယ်....
ကြားဖူးကြမယ်ထင်တယ်
**အလှ အတွက် မှန်ကြည့် သလို
ဘ၀ အတွက် စာကြည့်ပါ** တဲ့
ဒီဆောင်ပုဒ် တစ်ခု
ပညာဆည်းပူး ကျောင်းမှာနေတဲ့
မောင်မောင် မမတွေ
အတွက်သာ မဟုတ်ပါဘူး.....
ဘ၀အမှန်ကို အမှန်တကယ်
မြင်ချင် သိချင်
ရရှိချင်တော့
ဦးဦး ဒေါ်ဒေါ်
ကိုကို မမတို့
ဖတ်ရွက်ရမယ်
လေ့လာရမယ်
စူးစမ်းရမယ်
မှတ်သားရမယ်
ဆင်ခြင်ရမယ်
သုံးသပ်ရမယ်
စေတနာနဲ့ ပြောတာပါ.....
ကိုကိုမမ တွေရေးတဲ့ စာတွေ လေ့လာ ဖတ်ရှုရင်းနဲ့ ရင်ထဲက ပေါ်လာတဲ့ ကဗျာလိုလို စာတိုလေးတွေ သီကုံးမိပါတယ်။ မနေ့က မွေးတဲ့ ဒီကောင် ငါကိုယ်တော်မြတ်ကို ဆုံးမချင်သေးတယ် ဒီလိုတော့ မထင်ကြပါနဲ့နော်။ အားလုံး အားလုံး အမှန်ကြည့်တတ်ကြပြီး အကြည့် မှန်တတ်ကြပါစေလို့ ဆန္ဒပြုရင်း ဇက်ဗီလင်းတန်း
ဇက်ဗီရဲ့တစ်နေ့တာ
ဘလောက်ကာ ကိုကို မမတို့ အားလုံး တက်ပြီးကြပြီ ထင်ပါတယ်။ကျနော် နောက်ဆုံးပိတ်တက်လိုက်ပြီဗျာ။ ကျောင်းတုန်းကလည်း စကားမပြောဘဲ အေးအေးဆေးဆေး ထိုင်ရင်း မာနကြီးလိုက်တာ လို့ကောင်မလေးတွေက ဝေဖန်တတ်ကြတယ်။ အခုလည်း ဒီလို အပြောမခံအောင် မပစ်ပစ် လည်း စိတ်မဆိုးအောင် တက်ပါပြီ။
၁။အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ
ဖုန်းထဲက ထထအော်တဲ့ alarm ကို ပိတ်ပါတယ်။
၂။မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ
ကျနော်ကတော့ မစားဘူး။ ကော်ဖီမိတ်ပဲသောက်တယ်။ထထချင်း ဘာမှ မစားချင်ဘူး။ကျောင်းသွားရင် ပန်းသီး(သို့) ငှက်ပျောသီးထည့်သွားတယ်။မနက် ၁၀ နာရီ အားလပ်ချိန်မှာ အပြီးအုပ်တတ်တယ်။ အလုပ်သွားရင်တော့ ဟိုနှိုက် ဒီနှိုက် အဆင်ပြေပါတယ်။
၃။နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ
အိမ်မှာစားရတာက အကောင်းဆုံးပါ
၎။အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ
မလေးရှား တရုပ်စားသောက်ဆိုင်မှာ စားနေတဲ့ အစားအစာတွေ...နာမည်တွေကတော့ မေ့ကုန်ပြီ
၅။အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ
ခွက်ပေါင်းများစွာပါပဲ အလကားရတယ်။အကုန်သောက်တာ မဟုတ်ဘူး။ ပျင်းလာရင် သွားခံ ၁ခါ၂ခါ သောက် နည်းနည်း အေးလာရင် လွှတ်ပစ် အသစ်ပြန်ယူတာပဲ။
၆။ညနေစာကိုဘယ်မှာစားတတ်ပါလဲ
အိမ်မှာပါ ကျကျနန ဆွဲတယ်။
၇။ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ
မြန်မြန်နဲ့ များများ ဆွဲမယ်။ ဘလောက်လည်မယ် ဒါပဲ။
၈။အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်..
ဒီနေ့ကတော့ သွားပြန်ပြီပေါ့။ လမြန်မြန်ကုန်ရင် လစာမြန်မြန်ရမယ်ပေါ့
၉။အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ
ဆောင်းရာသီ ဆနိုးထဲမှာ စီးတဲ့ ဖိနပ်ကြီး အရင်ချွတ်တယ်...ဟား လေးလိုက်တာ...
ကွန်ပျူတာ သွားဖွင့်တယ်။ပြီးမှ အမလေး...အထပ်ထပ် ၀တ်ဆင်တဲ့ အ၀တ်တွေ ချွတ်ရပြန်တယ်။မလွယ်မလွယ်
၁၀။ဒုတိယလုပ်မိတာလေး..
ရေခဲ သေတ္တာ ဖွင့်လိုက် သောက်စရာ သောက်စရာ
၁၁။ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား..
ကိုယ့်အိမ်မှာနေရင်တော့ မသောက်ပါဘူး။ လည်လည်ထွက်ရင်တော့ ဒီမှာက ညနေစာစားပြီးရင် ရေးခဲမုန့်(သို့)ချောကလက်နဲ့ ကော်ဖီ သောက်ကြတယ်။ကိုယ်လည်းချတာပဲ...ရောမရောက်ရင် ရောမလိုကျင့်ရမယ် ဆိုကြတာပဲ မဟုတ်လား
၁၂။ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...
ဟိုနှိုက် ဒီနှိုက်ပေါ့ ဟီး
၁၃။အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ
ထပြီး ဘလောက်လည်တယ် ဖတ်တယ်။
၁၄။တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ
ရွာမှာနေရင်တော့ လျှေက်လည်တယ်။ဒီမှာတော့လည်မယ့်နေရာသိပ်မရှိတော့ သီချင်းနားထောင်တယ်။ရဒီယို နားထောင်တယ်။ဘာမှ မလုပ်ဘူး...တခုခုလုပ်ရင် အကုန်ကွဲတတ်လို့ပါ...
၁၅။အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း
အိမ်သော့ ဖုန်း ပိုက်ဆံအိတ်နဲ့ ဆောင်းရာသီဆိုရင်တော့ နှုတ်ခမ်းနီ....ဟေးဟေး...နာမည်မသိလို့ နှုတ်ခမ်းနီလို့ရေးတာပါ...နှုတ်ခမ်းဖြူပေါ့...ဒီမှာအေးလွန်းလို့လိမ်းကိုလိမ်းရတာပါ...အဖြူပါ..အဖြူဆိုလည်း မြန်မာပြည်ကလို အဖြူရောင်မဟုတ်ပါဘူး နှုတ်ခမ်းမခြေက်အောင် လိမ်းရတဲ့ အဆီပါ။
၁၆။မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ
ဘယ်သူမှ မချစ်ဘူး။ ပျော်ပျော်နေသေခဲ အိမ်မှာနေ အမေဆဲ ဆိုတာကြားဖူးကြမှာပါ..
၁၇။သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ
ဘယ်သူမှ မယုံဘူး...ခံဖူးလို့
၁၈။အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ
ဘယ်သူမှ မခင်ဘူး...နည်းနည်းလေးပြုံးပြရင် များများခိုင်းမယ့်လူတွေချည်းပဲ
၁၉။ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..
လက်တောပ်လေးပါ
၂၀။လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု
ဦးဦးပေးတဲ့ ဂီတာလေး ကိုယ်ကလွဲရင် ဘယ်သူမှ မတီးခိုင်းဘူး
၂၁။ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ
မရှိဘူး...
၂၂။အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ
ချင်းပြည်မှာ တစ်နှစ်လောက် သွားနေပြီး ဗီဒီယို ချောင်းရိုက်ချင်တယ်။လူတွေက ဗီဒီယိုရိုက်မယ်ဆိုရင် မရှိရှိတာ ၀တ်စားပြင်ဆင်ကြလို့ပါ..ကျနော်ကတော့အတွဲတွေ ချောင်းရိုက်မှာ မဟုတ်ဘူး။ကျနော်တို့နေ့စဉ်ဖြတ်တမ်းနေတဲ့ အဖြစ်မှန်ကို ရိုက်ချင်တာ။နွေမိုးဆောင်းရိုက်မှ ဘ၀စုံရိုက်လို့ရမှာပေါ့။နာမည်ကြီးချင်လို့ မဟုတ်ပါဘူး ပျောက်လုလု ယဉ်ကျေးမှုတွေ အစစ်အမှန် မှတ်တမ်းတင်ချင်လို့ပါ။ဗီဒီယိုတွေ ရိုက်သတ်လို့ မကုန်နိုင်လောက်အောင် နေ့စဉ်ထွက်လာပေမယ့် သူတို့က ကောင်းကွက်တွေပဲရိုက်တာ။ကျနော်လိုချင်တာ ဘယ်သူမှမလုပ်နိုင်သေးဘူး။
ဒီလောက်ဆိုရင်တော့ ကျနော်ရဲ့ တနေ့တာ ကာလ ဘလောက်ကာ အားလုံးသိလောက်ပြီး မပစ်ပစ်လေးလည်း ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။
ဘလေက်ကား အားလုံး ပျော်ရွှင်တဲ့ နေ့တွေ ပိုင်ဆိုင်နိုင်ကြပါစေ.....
ဇက်ဗီလင်းတန်း
ပြဒါးတလမ်း သံတလမ်း-ဆလိုင်းဆွန်ကျဲအို
01*ပြဒါးတလမ်း သံတလမ်း
02*မျန်းချက်နဲ့ နှမ်းထွက်
03*အညာမြေနဲ့ စက်ဘီးကလေး(ဂျူဒီချမ်း)
04*အပယ်ခံလူ
05*အားလုံးရဲ့နောက်ဆုံးအချိန်
06*အပြုံးမျက်ရည်ကြား(ဂျူဒီချမ်း)
07*ပြန်လာမယ်အမေ
08*ပြုံးပြလိုက်ပါအမေ(ဆို-မသိ)
09*လဆုတ်ည
10*တည်ငြိမ်လာလိမ့်မည်
11*တောင်ဇလပ်ပန်းပွင့်ဆီ
12*သူ့ဘဝ
13*လမ်းနှစ်သွယ်
14*အချိန်ရှိသေးတယ်(ဂျူဒီချမ်း)
15*ရင်ဆိုင်နိုင်အောင်ကြိုးစားစမ်းပါ(မသိ)
16*လိုက်ခဲ့ပါ ချင်းတောင်ကို
မှတ်ချက်။ ။ခေါင်းစဉ် စာသားများ လွဲချော်မှားယွင်းပါက ကျနော်၏ တာဝန်တာ ဖြစ်မယ်။ မူရင်း စာသား မသဲကွဲလို့ပါ။
Thank.
ခြေလွန် လက်လွန် ကဗျာ
ကော်မန့် မရှိ
ဧည့်သည် မရှိ
ဘယ်သူမှ မသိ
အားမနာ ဘားမနာ
ဘလောက်ဂါ ဆိုတဲ့ဘွဲ့
လိုလို လားလား
ငါယူ လိုက်တယ်။
ကာရံ မညီ
လကာၤ မေခ်ာ
ငပျင်း စာသား
ပေါက်ကရတွေ
ကဗျာလိုလို
စာလိုလိုပေါ့
ရေးချင်တဲ့ စာ
ပေးချင်တဲ့ ရသ
လိုရင်းမရောက်
ကဗျာ မလှ
ဒို့ဘ၀.....
သူငယ်ချင်းတို့ရေ
မင်္ဂလာ ရှိသော
ဒီနှစ်သစ်မှာ
ခြေလွန် လက်လွန်
ကဗျာ လိုလို
စာလိုလိုတွေ
ဆက်လက် သီကုံး
ချင်သေးတယ်......
နှစ်သစ်မှာ အားလုံးပျော်ရွှင်နိုင်ကြပါစေ
ပုံလေးကတော့ ကူကယ်က ယူပါတယ်။
ဇက်ဗီလင်းတန်း
စေတနာ အမှား
ငါပြောချင်တဲ့ စကား
မင်းမှ မကြားချင်တာ
ငါမြင်စေချင်တဲ့ လမ်း
မင်းမှ မကြည့်ချင်တာ
ငါဖြစ်စေချင်တဲ့ ဆန္ဒ
မင်းမှ မလိုချင်တာ
ငါကြားစေချင်တဲ့ သတင်း
မင်းမှ နားမထောင်ချင်တာ
မှာပါရစေ
သူငယ်ချင်း
အရာရာကို စူးစမ်းပါ
အရာရာကို ဆင်ခြင်ပါ
အရာရာကို သင်ယူပါ
အရာရာကို သုံးသပ်ပါ
အကောင်းဆုံးကို ရွေးချယ်ပါ
မင်းရဲ့ မာနကိုတော့
နည်းနည်းလေး ဖဲ့လိုက်ပါ
မင်းဘ၀အတွက် အမြတ်ရလိမ့်မည်
စေတနာနဲ့ ပြောတာပါ......
ဇက်ဗီလင်းတန်း
ခြားနားခြင်း
တ၀က်တပျက်
မက်ဖူးတဲ့
အိမ့်မက်
သေသေ ချာချာ
ပြည့်ပြည့် စုံစုံ
မက်ဖူးချင်သည်....
ဓလေ့တွေ
အယူအဆတွေ
အသိုင်းအ၀ိုင်းတွေ
ဂုဏ်ဓနတွေ
ကြား
ကမ္ဘာတွေဟာ
ခြားနားသွားသည်။
ဇက်ဗီလင်းတန်း
ဗျာဒိတ်ကျမ်း(Revelation by Saya NaGa Kyaw Naing)
http://www.mcathailand.com/index.php?lay=show&ac=article&Id=539361020&Ntype=3 မှ ရတဲ့ နည်းနဲ့ ယူလာပြီး ပြန်လည်မျှဝေပါတယ်။ သူငယ်ချင်းတွေ အားလုံးကိုသိစေချင်လို့ပါ။ စေတနာ နဲ့ ပြောတာပါ။
Thank.
လူ မျိုး အ ပေါင်း တို့ အ တွက် ခရစ္စမတ် အ ရှင်။
“…မိ မိ လူ တို့ ကို အ ပြစ် မှ ကယ် ချွတ် မည့် သူ ဖြစ် သော ကြောင့်၊ ယေ ရှု ဟူ သော အ မည် ဖြင့် မှည့် ရ မည် ဟု ကောင်း ကင် တ မန် ဆို ၏။ ( မဿဲ ၁း၂၁)”
ဤ ကျမ်း ပိုဒ် ကို ဖေါ် ပြ ရွတ် ဆို လိုက် သည် နှင့် ယုံ ကြည် သူ အား လုံး ၏ စိတ် တွင် အ လို လို မြင် ယောင် မျက် မှန်း တမ်း မိ နေ သည် မှာ ”ဤ အ ချိန် ကာ လ သည် ခရစ္စမတ်” အ ချိန် ကာ လ ရောက် သည် ဆို သည့် အ သိ ပင် ဖြစ် သည်။ ခရစ္စမတ် ကို ကမ္ဘာ နှင့် အ ၀ှမ်း က နှုတ် တွင် ရေ ပန်း စား နေ သည် မှာ မ ထူး ဆန်း လှ သော် လည်း အ သုံး ပြု ပုံ များ မှာ ကား ဆန်း ပြား နေ သည့် အ လျှောက် အ ကျိုး ရ လာဒ် များ က လည်း ကွဲ ပြား ခြား နား နေ လေ သည်။ Christmas Box, Christmas Tree, Christimas Celebration, နှင့် Christmas Carol , Christimas Discount, Holy day စ သည်၊ စ သည် ဖြင့် စီး ပွါး ရေး အ တွက် သော် ၎င်း၊ အ ပျော် အ ပါး အ တွက် သော် ၎င်း၊ ဘာ သာ ရေး၊ လူ မျိုး ရေး စ သော အ ကြောင်း ပြ ချက် များ စွာ ဖြင့် အ သုံး ပြု ပုံ ခြင်း မ တူ ညီ သည့် နည်း တူ ခ ရစ် တော် အား ယုံ ကြည် လက် ခံ ထား ကြ သော ယုံ ကြည် သူ အ ချင်း ချင်း ကြား မှာ ပင် ခ ရစ္စ မတ် သည် ၀တ် ကောင်း စား လှ ၀တ် သည့် ပွဲ အ နေ ဖြင့် ရှု မြင် တတ် သူ များ က လည်း ရှိ သေး ပေ သည်။ လူ အ မျိုး မျိုး စိတ် အ ထွေ ထွေ ရှိ သည် ဆို သော် ငြား လည်း ခရစ္စမတ် ကို ထို ဓ လေ့ ထုံး တမ်း စဉ် လာ များ နှင့် အ တူ ဆင် နွဲ ရန် ကား လုံး ၀ သင့် လျှော် မှန် ကန် ခြင်း မ ရှိ ပါ လေ။ အ ကြောင်း မှာ ထို အ သုံး ပြု ပုံ သည်၊ မှန် ကန် သင့် မြတ် လျှော် ကန် ပါ က သ ခင် ဘု ရား ၏ ဘုန်း တော် ထင် ရှား စေ နိုင် သ လို၊ အ ကယ် ၍ သင့် မြတ် လျှော် ကန၊် ဘု ရား ပေး ထား သော လမ်း စဉ် မ ဟုတ် ပါ က ရောက် လ တံ့ သော အ ကျိုး တ ရား တို့ သည် ကား သ ခင့် ဘုန်း လည်း မ ထွန်း လင်း၊ လော က သား တို့ အ တွက် လည်း အ ကျိုး မ ရှိ၊ အ ဆုံး တွင် ဘုန်း တော် ညှိုး နွမ်း စ ရာ ပင် ဖြစ် စေ သော ကြောင့် တည်း။
၁။ ခရစ္စမတ် အဓိပ္ပါယ်။
ခ ရစ် တော် ဘု ရား ၏ လူ့ ဇာ တိ ခံ ယူ ခြင်း နှင့် တ ဖန် ကြွ တော် မူ လာ မည့် အ ချိန် ကာ လ ကို စောင့် မျှော် ရင်း က န ဦး ယုံ ကြည် သူ များ က မိ မိ တို့ ၏ စစ် မှန် ၍ မွန် မြတ် လှ သော ယုံ ကြည် ခြင်း တ ရား တော် အ တွက် ညှင်း ပန်း နှိုပ် စက် ခြင်း၊ သတ် ဖြတ် မှု များ အ ကြား မှာ တ ဦး နှင့် တ ဦး တိုး ၍ ခိုင် ခန့် စေ ရေး အ တွက် လေး ရာ စု တွင် စ တင် ခဲ့ ကြ ကြောင်း သ မိုင်း ဆ ရာ တို့ က မှတ် တမ်း တင် ခဲ့ ကြ လေ သည်။ ယ နေ့ ကျွန်ုပ် တို့ အ သုံး ပြု နေ ကြ သော ခရစ္စမတ် ကတ် ကို ဟင် န ရီ ကိုလ် က ၁၈၄၃ ခု နှစ် တွင် စ တင် တီ ထွင် ကာ ပုံ နှိပ် အ သုံး ပြု ခဲ့ ကြောင်း သိ ရ လေ သည်။ အ ကယ် စင် စစ်၊ ခရစ္စမတ် အဓိပ္ပါယ် မှာ ”ဘု ရား နှင့် လူ ပေါင်း စည်း ခြင်း” ပင် ဖြစ် သည်၊ Christ+Mass= Christmas ဟူ ၍ ဖြစ် လာ ခြင်း ပင် ဖြစ် သည်။ ထို့ ကြောင့် နှုတ် က ပါတ် တော် သမ္မာ ကျမ်း စာ က “ယေ ရှု ခ ရစ် သည် အ ပြစ် ရှိ သော သူ တို့ ကို ကယ် တင် ခြင်း ငှါ ဤ လော က သို့ ကြွ လာ တော် မူ သည် ဟူ သော စ ကား သည် သစ္စာ စ ကား ဖြစ် ၏၊ အ ကြွင်း မဲ့ ခံ ယူ အပ် သော စ ကား လည်း ဖြစ် ၏” ဟူ ၍ ဆို ထား လေ သည်။ (၁ တိ ၁း၁၅) ထို့ ကြောင့် “လူ နှင့် ဘု ရား ပေါင်း စည်း ခြင်း” ကို ခရစ္စမတ် ဟူ ၍ ခေါ် ဆို သော ကြောင့်၊ ဧ ကန် စင် စစ် လော က တ ခု လုံး ၏ အ ကျွတ် တ ရား လမ်း အ တွက် ၀မ်း မြောက် ဖွယ် ရာ သီ တင်း ကောင်း တ ရား ကြား ပြော ရာ အ ချိန် ကာ လ ပင် ဖြစ် လေ သည်။ ထို့ အ တွက် ကြောင့် လည်း နိုင် ငံ တိုင်း လို လို တွင် ဘာ သာ ရေး ပွဲ လမ်း သ ဘင် များ ဖြင့် ကျင်း ပ ဆင် နွှဲ ခွင့် ပြု ထား လေ သည်။ သို့ ပါ လျက် ကျွန်ုပ် တို့ သည် ထို ရက် မြတ် မင်္ဂ လာ တွင် မည် သို့ မည် ပုံ ခရစ္စမတ် အ ရှင် ကို ကြို ဆို သည် ကို လွန် စွာ သ တိ ချပ် သင့် လှ ပေ သည်။ ထို့ ကြောင့် ခရစ္စမတ် အ ရှင် ယေ ရှု ခ ရစ် တော် ကို ကြို ဆို ကြ သော လူ ပုဂ္ဂိုလ် များ အ ကြောင်း နှင့် အ ကျိုး ရ လာဒ် များ ကို အ တူ တ ကွ ဆင် ခြင် လို ပါ သည်။
၂။ ခရစ္စမတ် အ ရှင် ကို စစ် မှန် စွာ ကြို ဆို ခြင်း။
သမ္မာ ကျမ်း စာ တော် မြတ် တွင် ခရစ္စမတ် အ ရှင်ကို စစ် မှန် စွာ ကြို ဆို သူ များ သည် မိ မိ တို့ ၏ အ သက် တာ တွင် “ဘု ရား နှင့် လူ ပေါင်း စည်း ခြင်း” ဆု ကျေး ဇူး ကောင်း ကြီး မင်္ဂလာ ကို လက် တွေ့ ခံ စား ရ ၍ မင်္ဂလာ ရှိ သော ဘ ၀ ကို ပိုင် ဆိုင် ရ သည် သာ မ က၊ သူ တို့ မှီ တင်း နေ ထိုင် ရာ ရှိ လူ အ ပေါင်း အ တွက် လည်း မင်္ဂလာ အ ပေါင်း ကို ခ ညောင်း စေ သော သူ များ ဖြစ် ခဲ့ ကြ ရ လေ သည်။
က။ သိုး ထိန်း များ (လုကာ ၂း၈-၂၀)။
သိုး ထိန်း များ သည် ကောင်း ကင် တ မန် များ ထံ မှ လော က သား အား လုံး တို့ အ တွက် “၀မ်း မြောက် ဘွယ် ရာ သီ တင်း စ ကား” ကို ကြား ရ ကြ ပြီး နောက်၊ သွား ရောက် ဖူး မျှော် သည် တွင် လော က ၏ ကယ် ချွတ် အ ရှင် ခ ရစ် တော် ဘု ရား အား ဒိ ဌ ကိုယ် တွေ့ ဖူး မျှော် ကြ ရ ပြီး မိ မိ တို့ အ သက် တာ တွင် မွန်မြတ် လှ သော ဘု ရား ရ တ နာ ကို ပိုင် ဆိုင် ရ သည် သာ မ က၊ အ ခြား တ ပါး သော သူ များ အား လည်း ထို မင်္ဂလာ သီ တင်း တ ရား နှင့် သီ တင်း ကောင်း အ ရှင် ယေ ရှု ခ ရစ် တော် ဘု ရား မြတ် အ ကြောင်း ကို ကြား ပြော ခွင့် ရ ခဲ့ ကြ လေ သည်။ လူ သည် ဆင်း ရဲ ချမ်း သာ၊ အ လွှာ ခွဲ ခြား တတ် ကြ သော် လည်း ရ ခဲ လှ သော လူ့ ဘ ၀ တွင် မြတ် ဘု ရား က အ ဆင့်၊ အ လွှာ ခွဲ ခြား တော် မ မူ ပဲ “လူ တိုင်း ဘု ရား နှင့် ပေါင်း စည်း ခြင်း” ဆို သော အ ခွင့် ထူး ကို ခံ စား နိုင် ကြောင်း ထို အ ကျွတ် တ ရား လမ်း အ ရှင် ကို ကိုယ် တွေ့ ခံ စား ကြ ရ သော သိုး ထိန်း တို့ က စစ် မှန် သော ခရစ္စမတ် အ ရှင် ကို စစ် မှန် စွာ ကြို ဆို ခြင်း ဖြင့် မင်္ဂလာ ရှိ သော သူ များ အ ဖြစ် သက် သေ ပြ ခဲ့ ကြ လေ သည်။
ခ။ ပ ညာ ရှိ များ (မဿဲ ၂း၁-၁၂)။
တ ဘောင် စ ကား တို့ နှင့် အ ညီ အ ကျွတ် တ ရား လမ်း ၏ အ ရှင် ပေါ် ထွန်း လာ မည့် အ ကြောင်း ကို သိ ရှိ သည့် အ တိုင်း မျှော် လင့် စောင့် စား နေ ကြ သော ပ ညာ ရှိ တို့ သည် စစ် မှန် သော ကယ် ချွတ် ရှင် ကြွ လာ သည့် အ ချိန် ကာ လ ကို ဖေါ် ပြ သည့် ကြယ် ပေါ် ထွန်း တော် မူ သော အ ခါ တွင်၊ မိ မိ တို့ ၏ အ သက် အ ရွယ်၊ အိုး အိမ် စည်း စိမ်၊ ခ ရီး အ ကွာ အ ဝေး ကို ပင် ငဲ့ ကွက် ခြင်း မ ရှိ ကြ ပဲ ကယ် ချွတ် အ ရှင် အား ဖူး မျှော် ရန် အ ရာ ရာ ကို စွန့် ကာ “လူ နှင့် ဘု ရား ပေါင်း စည်း ရေး” အ တွက် ယေ ရှု ခ ရစ် တော် ဘု ရား ကို ဖူး မျှော် ရန် ခ ရီး ထွက် ခွါ လာ ကြ သည့် အ တိုင်း၊ လူ တိုင်း နှင့် ဝေး တော် မ မူ သော အ ရှင် ကို မယ် တော် နှင့် တ ကွ တွေ့ ၍ “ဦး တိုက် ဖူး မျှော် ရ ခြင်း” အ ခွင့် ထူး ကို ရ သွား ကြ ကာ မိ မိ တို့ ၏ ဓ လေ့ အ ကျင့် ဟောင်း လမ်း စဉ် တို့ တွင် ထပ် မံ ကျဉ် လည် ခြင်း မ ပြု ရန် ဘု ရား ရှင် အ ထံ တော် မှ နှုတ် တော် ထွက် စ ကား ကို ရ တော် မူ သည့် အတိုင်း ၀မ်း မြောက် ၀မ်း သာ စွာ ဖြင့် “လူ နှင့် ဘု ရား ပေါင်း စည်း ခြင်း” တည်း ဟူ သော ကောင်း ကြီး မင်္ဂလာ ဘ ၀ အ သက် တာ သစ် ဖြင့် ခရစ္စမတ် အ ရှင် ကို စစ် မှန် စွာ ကြို ဆို ခြင်း ဖြင့် ခရစ္စမတ် အဓိပ္ပါယ် စစ် ကို ဖေါ် ထုတ် ပြ သ ခဲ့ လေ သည် မှာ ယ နေ့ ကျွန်ုပ် တို့ အ တွက် စံ ပြု စ ရာ ပင် ဖြစ် လေ သည်။
၃။ ခရစ္စမတ် အ ရှင် ကို မှား ယွင်း သော ကြို ဆို ခြင်း (မဿဲ ၂း၁-၁၈)။
ဘု ရား နှင့် လူ သည် ခွဲ ခြား နေ ၍ မ သင့် လျော် ပါ ပေ။ အ ကယ် ၍ သီး ခြား ဖြစ် တည် နေ ပါ က ထို သူ သည် အိပ်၊ စား၊ မေ ထုန်၊ ကာ မ ဂုဏ် တည်း ဟူ သော အ ဆင့် တွင် သာ ရှိ သည့် တိရိစ္ဆာန် နှင့် မ ခြား နား အ တူ တူ ပင် ဖြစ် ပေ လိမ့် မည်။ ပု ခုံး နှစ် ဖက် ကြား မှ ခေါင်း ပေါက် သော် လည်း လူ စင် စစ် ကား မ မြည် ဟူ ၍ လူ ကြီး သူ မ တို့ ထံ မှ စာ ရေး သူ ကြား နာ ခံ ယူ ခဲ့ ဘူး ပါ သည်။ ထို နည်း တူ၊ နှုတ် က ပတ် တော် မြတ် က လည်း “မြည်း၊ နွား” တို့ သည် သူ တို့ အ ရှင် နှင့် စား သော နေ ရာ ကို သိ သော် လည်း ငါ ၏ လူ တို့ မူ ကား ထို တိရိစ္ဆာန် များ လောက် ပင် မ သိ တတ် ဟူ ၍ (ဟေရှာ ၁း၃) တွင် ဆို ထား လေ သည်။ ထိုသို့ သော သူ တို့ ၏ အ သက် တာ တွင် ခရစ္စမတ် အ ရှင် ကို မှား ယွင်း စွာ မည် သို့ ကြို ဆို ၍၊ မည် သို့ အ ကျိုး မျိုး ကို ပေး ခဲ့ သည် ကို ကား ….
က။ စိတ် ပူ ပန် ခြင်း။
“လူ နှင့် ဘု ရား ပေါင်း စည်း ရေး” အ တွက် အ ဘယ့် ကြောင့် စိုး ရိမ် ပူ ပန် ရ ပါ သ နည်း။ ခရစ္စမတ် အ ချိန် တွင် လူ့ ဇာ တိ ခံ ယူ လာ သော ခရစ္စမတ် အ ရှင် သည် လူ သား တို့ အ တွက် “၀မ်း မြောက် ဖွယ် ရာ အ ကျွတ် တ ရား သီ တင်း” ကို ယူ ဆောင် လာ သည် ဖြစ် လျှက် ဟေ ရုဒ် ဘု ရင် အ တွက် မူ ကား ၀မ်း မြောက် စ ရာ မ ဖြစ် ခဲ့ ပါ၊ အ ကြောင်း မှာ ထို “မြတ် ဘု ရား ရှေ့ တွင် ဦး ညွတ် ၀င် ရ မည့် အ ရေး” ကို ဟေ ရုဒ် အ တွက် မ ဟာ့ မ ဟာ ဒုက္ခ ကြီး ဖြစ်နေ သော ကြောင် တည်း။ “ဤ ဇမ္ဗူ တွင် ငါ့ လို လူ မ ရှိ” ဟူ သော စိတ် ကြီး ၀င် ရော ဂါ ဆိုး ကြောင့် ပင် ဖြစ် ပေ သည်။
ခ။ ပြင်း စွာ အ မျက် ထွက် ခြင်း။
“အ မှန် တ ရား ဟူ သည် ဖုံး ကွယ် ၍ မ ရ” ဆို သည် ကို ဟေ ရုဒ် သည် သိ သော် လည်း မိ မိ ၏ အ ဖြစ် မှန် ကို ဖုံး ဖိ လို သော ကြောင့် လုံလပြု အား ထုတ် သော် လည်း မ ရ သည့် အ ဆုံး ပြင်း စွာ အ မျက် ထွက် ရ လေ တော့ သည်။ ထို့ ကြောင့် လည်း ရ ခဲ လှ သော လူ့ ဘ ၀ ကို “ဘု ရား ဖက် တော့ အ သက် ရှည်” ဆိုသော စ ကား ကိုသိ ပင် သိ ငြား သော် လည်း ဒေါ သ ရှေ့  ထား ၍ ဘု ရား မ ဖက် ပဲ အ မှား တွေ ထပ် ဆင့် ကာ ဘ ၀ တွင် အ မှား ကြီး မှား ခဲ့ သူ ထဲ တွင် ဟေ ရုဒ် သည် တ ဦး အ ပါ အ ၀င် ဖြစ် ခဲ့ ရ လေ တော့ သည်။
ဂ။ အ သက် ကို သတ် ခြင်း။
“ဘု ရား မ ဖက် သ ဖြင့် အ မှား တွေ ဆင့် နေ သော” ဟေ ရုဒ် သည် နောက် ဆုံး အ ဆင့် တွင်၊ ခရစ္စမတ် အ ရှင် အား ကောင်း စွာ ကြို ဆို ရ မည့် အ စား၊ ခရစ္စမတ် အ ရှင် မွေး သည့် နေ့ ကို ပင် တွက် ချက် ၍ နှစ် နှစ် နှင့် နှစ် နှစ် အောက် ယုတ် သော က လေး သူ ငယ် များ ကို သတ် ဖြတ် ရန် မိ မိ ၏ စည်း စိမ်၊ အ ခွင့် အာ ဏာ၊ အ ရာ ရာ တို့ ကို ဘ ၀ တွင် ဘု ရား အ တွက်၊ အ များ အ တွက် ကြိုး စား မည် ဆို သော အ တွေး အ ခေါ် များ မှ လွဲ ဖယ် ကာ မ ကောင်း သော အ သက် သတ် ခြင်း တို့ ကို ကြိုး စား အား ထုတ် ခဲ့ လေ တော့ သည်။ ဤ ကား “သတ် သော သူ မည် သည် ကား ဘု ရား ၀တ် ကို ငါ ပြု ပြီ ဟု မိ မိ ထင် မှတ် သော အ ချိန် ကာ လ ရောက် လိမ့် မည်” (ယော ၁၆း၂)။ ဆို သည့် အ တိုင်း အ ကျွတ် တ ရား တို့ ၏ အ ရှင်၊ ခရစ္စမတ် အ ရှင် ကို မျှော် ကိုး စောင့် စား နေ သည့် ဘာ သာ ရေး ၌ ကျင် လည် နေ သည့် လူ သား တ ဦး ပင် ဖြစ် သော် ငြား လည်း အတ္တ တ ရား တို့ ၏ ကြီး စိုး ခြင်း လောင်း ရိပ် အောက် တွင် လူ ဖြစ် ကျိုး နပ် စေ မည့် “ခရစ္စမတ် အ ရှင်” ကို မှား ယွင်း စွာ ကြို ဆို ခဲ့ လေ သည်။ အ ကျိုး ဆက် ကား သူ ၏ ဘ ၀ သ မိုင်း တ လျှောက် လုံး တွင် လူ ဖြစ် ကျိုး မ နပ် ခဲ့ ရ သည့် နည်း တူ။ “အ သက် ပျို စဉ် ကာ လ တွင် စိတ် ရွှင်လန်း ခြင်း ရှိ လော့….သို့ ရာ တွင် ထို အ မှု အ လုံး စုံ တို့ ကို ဘု ရား သ ခင် သည် စစ် ကြော ၍ သင့် ကို အ ပြစ် ပေး တော် မူ မည် ဟု အောက် မေ့ လော့” (ဒေသနာ ၁၁း၉) ဆို သော လူ မျိုး တ ကာ တို့ ၏ အ ရှင် ၏ သ တိ ပေး စ ကား ကို လျစ် လျူ ရှု ပြီင်္း ရင် ဆိုင် ဖြတ် သန်း ခဲ့ ရာ ဘ ၀ အ ရေး တွင် မ လှ မ ပ ဖြင့် အ ဆုံး သတ် အနိစ္စ ရောက် ခဲ့ ရ လေ တော့ သည်။
နိ ဂုံး
“ဘု ရား နှင့် လူ ပေါင်း စည်း စေ သော ခရစ္စမတ်” အ ချိန် ကာ လ တွင် အ ချို့ က အ လေး အ မြတ် ထား ကာ ထို ခရစ္စမတ် အ ရှင် ကို ကြို ဆို ခဲ့ သော ကြောင့် သူ တ ပါး တို့ အား လည်း ထပ် တူ ခံ စား စေ ၍ အ ကျွတ် တ ရား လမ်း အ ရှင် ခ ရစ် တော် ဘု ရား ထံ အ ရောက် ပို့ ဆောင် ပေး ခဲ့ ကြ လေ သည်။ အ ချို့ တို့ မူ ကား မိ မိ ကိုယ် ၌ က ခရစ္စမတ် အ ရှင် ကို လက် ခံ ကြို ဆို လို ခြင်း မ ရှိ သည့် ပြင် သူ တ ပါး အား လည်း လက် ခံ ကြို ဆို ခြင်း မ ပြု ရန် တား ဆီး ခြင်း အ မှု ကို ပြု ကြ လေ သည်။ Annodomini = ငါ တို့ သ ခင် ယေ ရှု ခ ရစ် ၏ နေ့ ဟူ သော သ မိုင်း ၀င် A.D ၂၀၀၉ ဒီဇင်္ဘာ ခရစ္စမတ် အ ချိန် အ ခါ သ မ ယ ၌ “အ လို တော် သို့ လိုက် ခြင်း သည် ယဇ် မျိုး ထက် သာ ၍ ကောင်း ၏” (၁ ရာ ၁၅း၂၂) ဆို သော စ ကား အ တိုင်း “ဘု ရား နှင့် လူ အ မှန် ပေါင်း စည်း ခြင်း” တည်း ဟူ သော ခရစ္စမတ် အချိန်အခါတွင် ခရစ္စမတ် အ ရှင်အား စိတ် နှ လုံး မာန် လျှော့ ချ ကာ ဦး တိုက် ကြည် ညို ဖူး မျှော် လျက် မိ မိ တို့ ၏ ဘ ၀ ကို ဆင် ခြင် အောက် မေ့ ရင်း စစ် မှန် သော ကြို ဆို ခြင်း ဖြင့် လော က ၏ အ လင်း အ ဖြစ် အ သက် ရှင် ကြ ပါ စို့ ဟု ဆန္ဒ ပြု လျှက်-
နာ မ တော် မြတ် ၌
Samuel Soe Lwin
http://www.thangno.com/ မှ
ခရစ္စမတ် အလွမ်း
သိတတ်စ အရွယ်ကစပြီး
ခရစ္စမတ် ခရစ္စမတ်
စတဲ့ စတဲ့
ခရစ္စမတ် ပေါင်းများစွာ
ကျော်ဖြတ်
ဖြတ်ကျော်
ခဲ့ရတယ်....
မထင်မှတ်တဲ့
ဟိုးအရင် တစ်ချိန်က
ခရစ္စမတ်ပွဲလေးမှာပဲ ထင်ပါရဲ့
သူလေးနဲ့...........
သူလေးကပဲ မှတ်တမ်းတစ်နေရာမှာ
အမှတ်တရလေးများ တမင်တကာ
ရေးမှတ်ပေးသလား မသိ
ကိုယ်ကပဲ မှတ်တမ်းတစ်နေရာမှာ
အမှတ်တမဲ့ ရဲ့ အမှတ်တရများ
အသေအချာ ရေးမှတ်မှားသလားမသိ
သေချာတာ တစ်ခုကတော့
ဟိုးအရင်က ခရစ္စမတ်ပွဲလေးမှာ
သူနဲ့ သူနဲ့
မထင်မှတ်ပဲ
ပျော်ရွှင်စွာ ဖြတ်ကျော်ဖူးတယ်.....
နောက်ကြောင်းပြန် အတွေးတွေ
နောက်ကြောင်းပြန် အလွမ်းတွေ
နှင်းတွေ ဖုံးတဲ့ ဒီ ဒီဇင်ဘာမှာ
အမှတ်တရ ရဲ့ အမှတ်တရများ
ဒီနှစ် ဒီခရစ္စမတ် ရောက်တော့မှ
ပြန်ရချင်သေးတယ်
ဟိုး...အရင်က
ချယ်ရီတွေ ပွင့်တဲ့
ခရစ္စမတ် ပွဲလေး........
၂၀၁၁ အမှတ်တရ ရေးဖွဲ့တဲ့ ရင်ထဲက ကဗျာလိုလို.........
လာရောက်ဖတ်ရှု အားပေးသူများ အထူးကျေးဇူးတင်လျက်
ဇက်ဗီလင်းတန်း
နေပြည်တော် မျှော်တိုင်းဝေး
နှစ်တွေ အခါခါပြောင်း
သက္ကရာဇ်တွေ အခါခါဟောင်း
ခဲ့တယ်.......
သြော်
မပြောင်းနိုင်
မဟောင်းနိုင်တာ
ဒီရင်ဘတ်ထဲက
အလွမ်းတွေ
ရစ်တထက်ရစ်ပတ်
ငါ့ကို နှောင်ဖွဲ့နေတယ်....
ငါ့ရွာလေး
ငါ့အိမ်လေး
အဖေအိုနှင့် အမေအို
သူငယ်ချင်းတွေနဲ့တွေ့ဖို့
ငါ အိမ်ပြန်ချင်တယ်.....
ဒါပေမယ့်
ဒါပေမယ့်
နေပြည်တော်
မျှော်တိုင်းဝေး။ ။
ဇက်ဗီလင်းတန်း
အရင်ကဇာတ်လမ်း-ဟန်ထွန်း
ဇာတ်လမ်းတွေမှာ ကြားလိုက်ရတဲ့ သီချင်းတွေ ယူတုပ်ထဲ ပြန်ရှာပြီးတင်လိုက်ပါတယ်။ကျနော့အကြိုက်တွေပါ။ မူရင်းကတော့ ရှာမရဘူး။ ဒါကတော့ ကျနော် အက်ဒစ် လုပ်တာ မဟုတ်ပါဘူး။သူများလုပ်ပြီးသားကို ယူတာပါ။
Takk.
ဘာသာကြီးလေးခုအနှစ်သာရ
အကြီးကြီးဖတ်ချင်ရင် အပေါ်နားက Full Screen ကိုကလစ်နှိပ်ပါ။ ပြန်ထွက် ချင်ရင်တော့ close ပေါ့။
စကားဝါမြေဆီကရတာပါ....
Thank.
စကားဝါမြေဆီကရတာပါ....
Thank.
လူမစုံတဲ့ ခရစ္စမတ်
01-အတူတူပျော်လိုက်စမ်းပါ...ကြိုးကြာ၊စင်ဒီ
02-Carol ဆိုရင်း...L.လွန်းဝါ၊စံပီး၊အစောင်းမာန်း
03-ခရစ္စမတ်သီချင်း...Sno၊ဟက်ကက်
04-မဝေးတော့တဲ့ခရစ္စမတ်...ဇမ်နူး
05-နှုတ်ဆက်သီချင်း...အဖွဲ့
06-ကြယ်စင်...စံပီး
07-မထူးဆန်းတဲ့ည...စံပီး၊ရတနာဦး
08-X.mas ရဲ့အဓိပ္ပာယ်...L.လွန်းဝါ
09-ပုံပြင်မဟုတ်သော...ခရစ္စတိုဖာ၊စန်နွမ်
10-လူမစုံတဲ့ခရစ္စမတ်...စံပီး
Thank.
ကံ ကံ၏ အကျိုး-ဆရာပိုင်စိုး
ဒီ youwitnessjesus's channel ထဲက တဆက်တည်း ကြည့်လို့ရအောင် playlist လုပ်ပြီး ပြန်လည်မျှဝေခြင်းသာ ဖြစ်တယ်။
Thank.
ဆောင်းည ခရစ္စမတ်
01-သတိရလိုက်ပါ(Nကိုင်ရာ & Nဆိုင်းလီ)
02-ဒီည(Jenny)
03-၀မ်းမြောက်ခြင်းခရစ္စမတ်(စောဝင်းလွင်)
04-ဒီဇင်ဘာနှင်းတွေမြင်တိုင်း(ချစ်သုဝေ)
05-မြတ်မင်္ဂလာ(နေနေ)
06-ဆောင်းရဲ့အလှပန်းချီ(၀ိုင်စုခိုင်သိန်း)
07-ကျေးလက်ခရစ္စမတ်(လင်းလင်း)
08-Ma Ma Sita(နော်ထီးမူး)
09-သတင်းကောင်း(ဂဲလ်လေး)
10-လောကအတွက်ဆောင်းည(စံပီး)
11-Making
Thank.
facebook မှ အ၀င်မေးလ်တွေ ပိတ်ထားရအောင်
aungminmg (guest): မမဧကရီ ကျနော့် Gmail မှာ facebook က mail တွေနဲ့ပြည့်နေလို့ တစ်နေ့တစ်နေ့ Fb mail ကိုဖျက်နေရတာနဲ့ပဲအချိန်ကုန်နေလို့ကူညီပါအုံးနော်မမဧကရီ
ဧကရာဇ် : Facebook မှာမေးလ်တွေ လက်မခံချင်ဘူးဆိုရင် အရင်ဆုံး ကိုယ်ရဲ့ facebook အကောင့်ကိုဝင်ပါ။
ပုံထဲကအတိုင်း Account Settings ကိုသွားပါ။
ဧကရာဇ် : Facebook မှာမေးလ်တွေ လက်မခံချင်ဘူးဆိုရင် အရင်ဆုံး ကိုယ်ရဲ့ facebook အကောင့်ကိုဝင်ပါ။
ပုံထဲကအတိုင်း Account Settings ကိုသွားပါ။
ကလေးရေ
*ကလေးရေ
တွေ့ဆုံခြင်း
နဲ့
ခွဲခွာခြင်း ဆိုတာ
လောကရဲ့ နိယာမပဲ
မဟုတ်လား*
**ကလေးရေ
ရွှေရောင်တောက်ပ လွန်းတဲ့
မင်းဘဝထဲ အမှိုက်ကလေးလို
ဝင်လာနိုင်ဖို့ မကြိုးစားချင်ပါဘူး
ရင်းနှီးခဲ့ဖူးတာ
ပတ်သက်ခဲ့ဖူးတာ
အားလုံး မေ့ပစ်လိုက်ပါ**
***ကလေးရေ
တကယ်ဆိုရင်
မင်းနဲ့ဒို့ နီးစပ်ဖို့တော့
ဒို့ရဲ့ဘဝက ဟိုးအဝေးကြီးမှာ
မင်းနဲ့ဒို့ဘဝက
မဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းလိုပါပဲ
ဆုံနိုင်ခွင့်လေး ရဖို့
ကြယ်တွေ ကြွေတိုင်း
ကိုယ်ဆုတောင်းနေလည်း
ပြည့်ချင်မှ ပြည့်မှာ***
ဇက်ဗီလင်းတန်း
ဒီကဗျာလိုလိုက ဟန်ထွန်းရဲ့ အရင်ကဇာတ်လမ်း သီချင်းနား ထောင်ရင်း ရင်ထဲက ခံစားချက်လေး သီကုံးမိတာပါ။
ပါးထက်က စီးတဲ့မြစ်
ကလေးလေးတုန်းက
အရိပ်ကို အစစ်ထင်ပြီး
ကြောက်ကြောက် လန့်လန့်
ငါငိုခဲ့ဖူးတယ်....
လူပျိုပေါက်စတုန်းက
ဒုက္ခကို အချစ်ထင်ပြီး
မိုက်မိုက် မဲမဲ
ငါကိုးကွယ်ခဲ့ဖူးတယ်....
အခုတော့ဖြင့်
ကွေ့ကောက်လွန်းတဲ့
ဘဝလမ်းကြမ်းမှာ
ကြမ်းတမ်းလွန်းတဲ့
မုန်တိုင်းလောကဓံကြား
ဒုက္ခတွေနဲ့ ရင့်ကျက်ပြီမို့
ဘဝမှာ
အမှား အမှန်တွေ
နည်းနည်းလေး ပိုင်းခြားတတ်လာပြီ
လူတကာ သူတကာထက်
သာလွန်တဲ့
သူရဲကောင်း မဟုတ်ပေမယ့်
ပျော့ညံ့ဖူးတဲ့ ငါ့နှလုံးသား
သံမဏိ စိတ်ဓာတ်အပြည့်နဲ့
ဘဝကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း
ငါ့မှာ ကျစရာ မျက်ရည်တောင်မရှိတော့ဘူး
ဘဝမှာ
ငါ
အရာရာကို
သင်မိပြီ....
ဇက်ဗီလင်းတန်း(20.11.2011)
ဓာတ်ပုံကတော့ ချင်းပုံတွေ လိုက်ရှာရင်း ကူကယ်မှာတွေ့တာ ကြိုက်လို့ ယူလာတာပါ။
ကိုယ့်ရဲ့ Gmail ထဲကို ဘယ်သူတွေ ၀င်မွှေသွားလဲ စစ်ကြည့်ဖို့
ဒီနေ့ခေတ် အင်တာနက်ပေါ်မှာ ဟက်ကာတွေ ကြီးစိုးနေတာဖတ်ရတယ် ၊ နာမည်ကြီး ၀ဘ်ဆိုတ်တွေ ၊ အင်တာနက် စနစ်တွေ ၊ တယ်လီဖုန်း စနစ်တွေအထိ ရပ်ဆိုင်းသွားအောင် ဟက်တာတွေ ခံနေရတယ် ၊ ကျနော်တို့က ကိုယ့်ဆီကို မရောက်လာသေးတော့ မသိနိုင်ဘူးဖြစ်နေတယ်
သီချင်းလေးသက်သေ(1)
01-ဒို့အတွက်ပါ-စံပီး
02-သခင့်မျက်မှောက်တော်-ထူးအယ်လင်း+မီးမီးခဲ
03-ဟာလေလုယာ-JME
04-အမှောင်မှအလင်း-L.ဆိုင်းဇီ
05-ဘုရားကျောင်းထဲက-ချစ်သုဝေ
06-သူစောင့်နေဆဲ-L.လွန်းဝါ
07-သီချင်းလေးသက်သေ-မီးနို
08-ငှက်ကလေး-၂မိုး
09-ထွန်းညှိပေးဦး-ဆုန်သင်ပါရ်
10-ကိုယ့်ကြောင့်-ချောစုခင်
11-ကိုယ်တော်ရှိရာကျွန်ုပ်ရှိစေ-စောဝင်းလွင်
12-နားရှိကကြားကြပါတော့-ဖြူဖြူကျော်သိန်း
13-သူပြန်လာချိန်-ဇမ်နူး
Thank.
အစိမ်းရောင်များနှင့်ကခုန်ခြင်း
ခေတ်ပျက်သူဌေးတွေကြား
လည်ညှစ် ခံရတဲ့အကောင်
အတောင်ပံ မစုံခင်
အဝေးကို ပျံသန်းရှာတယ်။
မုန်တိုင်း လှိုင်းထန်
လောကဓံကြား
ဘဝရဲ့ရိုက်ချက်ပြင်းပြင်းနဲ့
ဘဝဆိုတာ သင်ယူနေဆဲ။
သူများနိုင်ငံ
တိုင်းတပါးမှာ
မျက်နှာမရ
အနှိမ်ခံလည်း
ခံတာပါတယ်
သူငယ်ချင်းရာ
အစိမ်းရောင်
သရဲတွေ ချောက်တာနဲ့ စာရင်။
မွေးရပ် ဌာနေ
ချက်ကြွေ စာတိ
လွမ်းတာမှန်၏
သို့ပေမယ့်လည်း
သူငယ်ချင်းရာ
ပိုးစုန်းကြူးလို
မီးကို မတိုးချင်ပါနဲ့
စာနာမှုကင်းမဲ့တဲ့
ငရဲမီးဟာ
ပူလောင်လွန်းတယ်။
ဘာမစ်သက်တမ်းလေး
တိုးလို့ရရင်
ပြန်တိုးလိုက်ပါ
သူငယ်ချင်းရာ
မျက်လှည့်ပြပွဲ
မပြီးသေးဘူး
ဟိုးအဝေးမှာ
သေနတ်သံတွေလည်း
ကြိုကြား ကြိုကြား
ငါကြားနေတယ်
မပြန်နဲ့ဦး
သူငယ်ချင်းရာ။
အမှတ်တရ...11.11.11
ZP.LINTAN
ပုံလေးကတော့ အစိမ်းရောင်လွင်ပြင် ဆီကယူလာတာပါ။
မျှော်လင့်ခြင်းပေးသူ
01-ကျေးဇူးတင်လွှာ
02-မျှော်လင့်ခြင်းပေးသူ-ဖြူဖြူကျော်သိန်း
03-အိမ်ပြန်လမ်း-စံပီး
04-သူငယ်ချင်းသို့-ဆုန်သင်းပါရ်
05-လောင်းရိပ်-ချမ်းချမ်း
06-စဉ်းစားပါ-အုပ်စိုး
07-မေတ္တာအိမ်-ထူးအယ်လင်း & မီးမီးခဲ
08-အနှိုင်းမဲ့မေတ္တာ-နသဲ
09-သင်္ခါရ-ကျော်နီ
10-အတိတ်ရဲ့အတ္တ-လာဇရု
11-နောင်တမျက်ရည်-နေနေ
12-၀ိညာဉ်လယ်ပြင်ဆီသို့-ခိုင်ရွှေဝါ
God Bless You!
Subscribe to:
Posts (Atom)

Posted by























