Mei Awm Law

ဘလောက်ချစ်သူ


တစ်ဘလောက်ဝင် တစ်ဘလောက်ထွက်
တစ်ထိုင်တည်းမှာ
ကမ္ဘာကို ပတ်ပြီးလျှောက်လည်ရင်း
တစ်ချို့ဘလောက်က လင်းလို့လက်လို့
တစ်ချို့ဘလောက်က စာလုံးလေးတွေ
အောက်ဆင်းလိုက် အပေါ်တက်လိုက်
ဟိုဘက်သွားလိုက် ဒီဘက်လာလိုက်နဲ့
ပညာတတ် မြန်မာ ဘလောက်ဂါတွေ
အားကျလိုက်တာကွယ်.......

ဒီလိုနဲ့ပဲ ငါလည်းစိတ်ပါလာရောပေါ့
ဟိုပြေးဒီပြေး ဟိုဖတ်ဒီဖတ်
ဟိုကြည့်ဒီကြည့် ဟိုမေးဒီမေး
ဟိုစမ်း ဒီစမ်းနဲ့
ကျောင်းချိန်မေ့ အလုပ်ချိန်မေ့
စားချိန်မေ့ အိပ်ချိန်မေ့လို့
စွန့်စားကြည့်တော့မှ

အခုတော့ဒီမှာ ကိုယ်ပိုင်နေရာလေး
တစ်ခုတော့ ဖန်တီးလိုက်ပါပြီ.......

ဟိုး...ရှေးရှေးတုန်းက
ပုံပြင်ထဲက ခွေးတစ်ကောင်
စပျစ်သီးကို စားချင်လွန်းလို့
ခုန်လိုက် ခုန်လိုက်နဲ့
ကြိမ်ဖန်များစွာ ခုန်တော့မှ
မမီတဲ့နောက်ဆုံး
ဒီစပျစ်သီးဟာ ချဉ်သတဲ့ကွယ်။

သူငယ်ချင်း မင်းတစ်ယောက်အတွက်
ချင်းတောင်တန်း ဓာတ်ပုံလေးတစ်ပုံလောက်
ပြနိုင်ဖို့ အရေး
ငါကတော့ မချဉ်သေးဘူးဟေ့
ဆက်ခုန်လိုက်ဦးမယ်။ ။

Zp.lintan

TITANIC






Titanic ချစ်သူများ ဇာတ်လမ်းအပြည့်ကြည့်ရှုနိုင်ပါတယ်။ကိုယ်တိုင်ဖန်တီးတာ မဟုတ်ပါဘူး။ဖရီးကြည့်လို့ရတဲ့နေရာ တွေ့တာနဲ့ ပြန်လည်မျှဝေတာပါ။VDO ချဲ့ချင်ရင် အောက်က အကွက်လေးတွေမှာ အပေါ်ဘယ်ဘက်ကို ညွန်းတဲ့ မျှား လေး တစ်ချက် ကလိရင် အကြီးကြီးကြည့်နိုင်ပါတယ်။ပြန်သေးခိုင်း ချင်ရင် လည်း အဲဒီမျှားလေး ကိုပဲပြန် ကလိပါနော်။မသိသေးတဲ့ သူငယ်ချင်းအတွက်ပါ။အဟောင်းကြီးပါ။ဒါပေမဲ့ ပြန်ကြည့်ရင် ကောင်းတုန်းပဲဟေ့။

ခေါ်နုမ်းတုန် သက်သေ



(၁)ဘိုးဘွားများရဲ့ ၀ါကြွားသံ
ငါကသာ အမြင့်မြတ်ဆုံး
ငါကသာ အောင်နိုင်သူ
ဆိုတဲ့ အိမ်ရှေ့က မှတ်တိုင်ကလေးတွေ
အနားဂတ်ရဲ့ ရွက်နုအခက်ကလေးတွေ
ချိုးနေတာပဲ...........

(၂)အဖေအမေများရဲ့ ၀ါကြွားသံ
ငါက ဘယ်နှစ်ခါ ပွဲလုပ်တယ်
ငါက ဘယ်နှစ်ကောင်သတ်တယ်
ဆိုတဲ့ ပွဲတိုင်းကျော်သလိုလိုနဲ့
သားသ္မီးတွေရဲ့ မျက်စိကို
ကန်းစေတာပဲ....

(၃)ငါတို့ရဲ့ ၀ါကြွားသံ
ငါက ဒီလို...ဒီလိုကွ
သူက အလကား...ဗလာပဲကွာ
ဆိုပြီး...ဘီယာလေးတစ်ခွက်မော့
ကြည့်လိုက်တိုင်း
ဘ၀ကိုတော့ မမေ့နဲ့ဦး။
မြင်ပါဦး...ကြည့်ပါဦး
တွေးခေါ်ပါဦး...စဉ်းစားပါဦး
သုံးသပ်ပါဦး.....
မယုံရင် လှည့်ကြည့်ပါဦး
မကြားရင် နားစွန့်လိုက်ပါဦး
အရာရာမှာ နောက်ကျပြီ
အဘက်ဘက်မှာ နုံချာတဲ့
ငါတို့ရဲ့ မွေးရပ်ဌာနေ
ခေါနုမ်းတုန် သက်သေ။   ။

အဟောင်းလေးပါ...ဖတ်ပြီးသားသူငယ်ချင်းတွေသီးခံပါ။ Zp.လင်းတန်း

Mizoram Collection Top Ten Love Songs MTV


အပြုံး ပြဿနာ

လမ်းပေါ်မှာ
ကောင်မလေးတွေနဲ့
တွေ့လိုက်တယ်
ပြုံးပြလိုက်တော့
*သွား* တွေအအေးပတ်
ကုန်မယ်နော်တဲ့။

ကျောင်းရောက်တော့
ဆရာမကို ပြုံးပြလိုက်တယ်
မင်း အိမ်စာတွေသေချာ
လုပ်လာရဲ့လားတဲ့။

အဲဒီနောက် အဲဒီနောက်မှာ
ကျောင်းရှေ့ဝရန်တာမှာ
အေးအေးဆေးဆေး
ငါထိုင်လိုက်တယ်
ရှေ့နားက
ဖြတ်လျှောက်သွားတဲ့
ကောင်မလေးတွေက
မာန ကြီးလိုက်တာတဲ့။

အခန်းထဲရောက်တော့
ငြိမ်ငြိမ်လေး ပြန်ထိုင်လိုက်တယ်
ဆရာမက မင်းဒီနေ့ဘာဖြစ်တာလဲ
ငါ့ကိုများ တစ်ခုခုမကျေနပ်လို့လားတဲ့
ပြဿနာ လာရှာသေးတယ်။

ငါ...ငါ တစ်ခုခုတော့
လွဲနေပြီနဲ့တူတယ်။

သြော်...လူတွေ လူတွေ
ခက်တော့တာပါပဲ။ ။

ကဗျာဆရာကြီးတွေရဲ့ ကဗျာလောက်မလှပပေမယ့် ကဗျာလို့သဘော ထားပြီးဖတ်လိုက်ပါ။ရင်တွင်းဖြစ်လေးပါ။Zp.Lt(မင်းတပ်)

ပျောက်ဆုံးဝိညာဉ်...ထွဏ်ခမ်


ချစ်မေမေ...သို့


မေမေ....အမေ့နို့ရည်ချိုချို သားလေးစို့ကာလေ

သားလူလား မြောက်ပါပြီ.....မေ

မေမေ...ရန်လိုထိုးနှက် ရင်ကိုကုပ်ခြစ်

မရမချင်း ပူဆာတတ်သူ

သားဆိုးပါ ချစ်မေမေရယ်။

ပုပ်စပ်နံစော်နေလည်း မငြိုငြင်ဘဲ

သားဆိုးပါးပြင် မွှေးမွှေးပေးသူ

ချစ်သောမေမေပါ။


အမှားကိုပြင် အမှန်မြင်တတ်ဘို့


နေ့စဉ်ဆုံးမ လမ်းမှန်ညွှန်သူ


ချစ်မေမေပါ....


ခုတော....အမေ့အေးရိပ်ကို တမ်းတမျှော်ကာ

လွမ်း၍ငိုကာ မျက်ရည်ပေါင်းနဲ့

ပေးဆပ်နေတုန်း သင်ယူနေတုန်း

ဘ၀ရဲ. သင်ခန်းစာတွေ။

မေ....သားဆိုးခဲ့သမျှ မိုက်ခဲ့သမျှ

ခွင့်လွှတ်ပါမေမေရယ်။

အမြဲတမ်း ပူဇော်ခွင့်မရခဲ့ရင်လည်း

တစ်သက်မှာ တစ်ခါတစ်ခေါက်လောက်တော့

မေမေရဲ.ရှေ.တော်မှောက်မှာ သားဆိုးထိုင်ကာလေ

ရှိခိုးဦးချကန်တော့လိုက်ချင်တယ်။   ။

ဖေဖေနဲ့မေမေကိုသတိရလျက်...ဇက်ပီလင်းတန်း(မင်းတပ်)

တောင်တန်းကြီးသို့လွမ်းတမ်းချင်း

Phai Khaw Pum Im Hmawng Nak

ဗိမာန်တော် အနုမောဒနာပြုပွဲ(05၊03၊2006)

ဒီဗီဒီယိုသည် ရိုးဖေါင်နှစ်ခြင်း အသင်းတော် ဘုရားကျောင်းဖွင့်ပွဲ၊ MB အစည်းအဝေး နှင့်(၄)ကြိမ်မြောက် လူငယ် ဓမ္မညီလာခံ ပေါင်း၍ ပြုလုပ်ခြင်း ဖြစ်ပါသည်။ ရိုးဖေါင် ရွာတွင် ပထမဦးဆုံး ထွက်လာသော ဗီဒီယိုလည်း ဖြစ်ပါသည်။

Zophawng Pum Im hmawng nak kei Videos khaw cawh ah taih law awm kya caw. Tat lah bilawh thei sui yawm xh kya ky,xh sing tu phei ya pi tha nak he awm taih yawm kya caw.Mi khaw ah tyi lawng pyng ngei Video tu kha xh chyk kam dyt tei yawm mi khui hlim mei kha mi van nei ma mawng ngawm kya caw.Bxn Bau pyng avan nei fan na YEI KYAI NAK xh bxih hlawt caw.Nam Bx Ni.

ä,oe =x awna ü=Y
ZP.Lintan

Hung Kee Ei Suh Tawng Pawi-Min Dat Khaw



သတိ။ ။Phai Khaw Video တွင် တင်သမျှ ဗွီဒီယိုများသည် အမှတ်တရ ဗွီဒီယိုများ ဖြစ်သဖြင့် ဓာတ်ပုံအဖြစ် ရိုက်ကူးရောင်းချခြင်း(သို့) ဗွီဒီယို၏ ကောင်းသည့် အခန်းများကို ဖြတ်ပြီး စီးပွားရေး အဖြစ်ရောင်းမည့် အခွေတွင် ထည့် တွင်းခြင်း မပြုလုပ်ကြပါရန် အနူးအညွတ် တောင်းပန်အပ်ပါသည်။
Back to Top