Mei Awm Law

မိုးလင်းခါနီးမှာအဖော်ထတတ်တယ်

ဒီနေ့တော့ အဖေ ပြောပြော နေတဲ့ ဟာသလေး မျှဝေချင်တယ်။ ဟိုး..ဖေဖေတို့ခေတ်တုန်းက ကူလီထမ်းတာ အရမ်းခေတ်စားတယ်။ အခုတော့မရှိတော့ဘူး။ဘော်ဒါထမ်းတာပဲ များလာတယ်..ဟီး

မြို့တစ်နဲ့တစ်မြို့ကြားမှာ ကားလမ်းမပေါက်သေးလို့...ဟိုမြို့သစ်မှာရောင်းမယ့် ကုန်တွေ လူကပဲထမ်းရတာပေါ့။ တစ်နေ့တော့ သူတို့ပစ္စည်းတွေ အပြည့်နဲ့ ထွက်လာကြတယ်။ သူတို့ သွားရင်းသွားရင်း သူတို့အမြဲအိပ်နေကျ ရွာကိုကျော်ပြီး တောထဲကို ရောက်နေကြတော့တယ်။

အချင်းချင်း မေးကြတယ်။ဘယ်သူ နာရီပါသလဲပေါ့။ ဘယ်သူမှ နာရီမပါကြဘူး။ ဟာ..ဒါဆိုရင် ငါတို့မနက်ဖြန် ဘယ်လို စောစော ထွက်နိုင်မလဲ။စောစော မထွက်ရင် ဟိုမြို့ကို ရောက်နိုင်မှာမဟုတ်လို့ပါ။

ရွာထဲမှာအိပ်ရင်တော့ နာရီပါမပါ ပြဿနာမရှိ။မိုးလင်းခါနီးမှာ ကြက်တွန် တာကိုး။တောထဲဆိုတော့ ပြဿက စနေပြီ။ ဒါနဲ့ လူတစ်ယောက်ပြောလာတယ်။(...ကျွန်တော် မိုးလင်းခါနီးမှာ အမြဲတမ်း အဖော်ထတတ်တယ်....)

ကျွန်တော့အဖော်ထလာရင် ကျွန်တော် ထလာမယ်...အဲဒီချိန်မှာ ထွက်ရင် ကွက်တိပဲ....အားလုံးက ဒါဆိုရင် Ok..
အေးဆေးအိပ်လို့ရတာပေါ့။ ဒါနဲ့ သူတို့အိပ်ကြတယ် ခဏ အိပ်ကြပြီး ဟိုလူကလည်း ဘာတွေအိပ်မက်မက် မှန်းမသိ စောစောစီးစီးသူ့အဖော် ထလာတာပေါ့။ ဟေ့...သူငယ်ချင်းတို့ရေ...ထကြထကြ မိုးလင်းခါနီးပြီတဲ့။

ဒါနဲ့ သူတို့ခရီးဆက်ကြတယ်။ဘယ်လောက် သွားသွား မိုးလင်းမလာတော့။ သူတို့ စိတ်တိုလာတယ်။မင်းရဲ့ ခွေးဖော် ဝတ်ဖော် ဆိုပြီး ကဲ့ရဲ့ကြတယ်။ဒါနဲ့ လမ်းတစ်ဝတ်မှာ စခန်းပြန်ချပြီး ပြန်အိပ်ကြသတဲ့ကွယ်.....

မှတ်ချက်။ ။တည့်တည့်ရေးရင် ရိုင်းမှာ စိုးလို့ အဖော်လို့ ရေးပါတယ်။အဖော်=ယောကျာ်အင်္ဂါပါ။အားလုံးပျော်ရွှင်နိုင်ကြပါစေ။

ကြိုးကြာ သီချင်းများစုစည်းမှု


ရှင်ဖုန်း...တယ်လီဖုန်းလေး

ဖြိုးကြီး...ချစ်သူများနေ့ အမှတ်တရသီချင်းများ



01.သူသိပါကွယ်-ဖြိုးကြီး & ကြိုးကြာ
02.နောက်ဆုံးအချစ်-ဖြိုးကြီး & ဆုန်သင်းပါရ်
03.တည်ရှိခြင်းအကြောင်း-ဖြိုးကြီး & ရှင်ဖုန်း
04.တစိမ့်စိမ့်ရင်ထဲမယ်(နွေ)-ဖြိုးကြီး & စန္ဒီမြင့်လွင်
05.လမ်းပြကြယ်-ဖြိုးကြီး & L.ဆိုင်းဇီ
06.သိပ်ချစ်တယ်အချစ်လေး-ဖြိုးကြီး & စိုးပြည့်သဇင်
07.အချစ်-ဖြိုးကြီး & ဖြူဖြူကျော်သိန်း
08.မနေတတ်လို့-ဖြိုးကြီး & ဆုန်သင်းပါရ်
09.အနုပညာပန်းတိုင်-ဖြိုးကြီး & စိုးမြတ်နန္ဒာ
10.မင်းရှိမှ-ဖြိုးကြီး
11.ရွှေမင်းသမီးနှင့်ဂီတာအို-ဖြိုးကြီး
12.ရက်မြတ်မင်္ဂလာ-The Trees Band

ဝိုင်ဝိုင်း...သမင်လည်ပြန်(2)



01.Intro
02.ဖြေသိမ့်လိုက်
03.လမင်း နဲ့ ပင်လယ်
04.လေဟာနယ်
05.မဆုံတဲ့ဖူးစာ
06.အထီကျန်ဝိညာဉ်
07.သမင်လည်ပြန်
08.၀ဋ်ကြွေး
09.မေ့မှာပါ
10.၀ိုင်ဝိုင်း နှင့် ရောင်းရင်းများ
အဝေးရောက် သူငယ်ချင်း အလွမ်းပြေနိုင်ပါစေ....ဇက်ဗီလင်းတန်း

ဝိုင်ဝိုင်း...လမင်း နှင့် ပင်လယ်



01.Intro
02.သမင်လည်ပြန်
03.တယ်လီဖုန်း
04.သင်ခန်းစာ
05.အနားမှာရှိရင်
06.လွမ်းနေဦးမယ်
07.လမင်းနဲ့ပင်လယ်
08.အိမ်မက်တစ်ခုပြဇတ်တစ်ပုဒ်
09.မိုးသည်းထဲမှာ
10.နမိတ်ပုံ
11.ကြိုသိပါစေ
12.အချစ်ဆုံးကတော့မင်းပဲ
13.ဟိုတချိန်က နှင်းဆီ
14.အမှတ်တရ

နတ်သမီးလေးသို့.....ပြန်စာ


ဒီမနက်စောစောပဲ ငါ့ရဲ့သေတ္တာဟောင်းလေး ဖွင့်ကြည့်တယ်။
သေတ္တာရဲ့အောက်ခြေကြမ်းပြင်မှာ လှလှလေး ခေါက်ထားတဲ့ စာ
လေးတစ်စောင် ငါတွေ့လိုက်တယ်။

ဘာစာများလဲလို့ ဖောက်ဖတ်ကြည့်တော့........
သြော်....ရက်စက်တတ်သော မင်းကို.........
မင်းကွာ.....မင်းက လှသလောက် မင်းရဲ့လက်ရေးလေး ကလည်း
လုံးလုံးဝိုင်းဝိုင်းလေးနဲ့...သိပ်လှနေတယ်ကွာ........

မင်းကွာ....မင်းရေးခဲ့တဲ့စာတွေ ဖတ်လိုက်ရင်းနဲ့ မင်းနဲ့ငါ့ရဲ့ အတိတ်
တွေဟာ ပြန်ဆန်းသစ်စေပါလား...မင်းကို လွမ်းလိုက်တာကွာ..........

မင်းကွာ...ငါ့ကို ဘယ်လောက်ထိချစ်တာလဲလို့.....မေးတော့...တစ်သက်စာ
အတွက်လေတဲ့...မင်းဖြေခဲ့တယ်နော်။မင်းက ဘာမဆို ပြောရင် အ
ကြောင်းပြချက်တွေ ခိုင်လုံအောင် မင်းပြောတတ်တယ်နော်။

အခုလည်း...ငါ့ကို ချစ်သေးရဲ့လား လို့ ပြန်မေးလိုက်ချင်တယ်။
အမြဲတမ်း အကြောင်းပြချက်တွေ ခိုင်လုံအောင် ပြောတတ်တဲ့ မင်းရဲ့
ဆင်ခြေတွေ တစ်ခါလောက်တော့ ပြန်ကြားချင်လိုက်တာ.............

ယုံချင်ယုံ မယုံချင်နေ...မင်းရဲ့ တစ်ချက်တစ်ချက် ပြုံးလိုက်တဲ့ အပြုံးဟာ
ငါကြည့်ကြည့်လိုက်တိုင်း လောကကြီးကို တကယ် ငြိမ်းချမ်းစေတာပဲ...ကွာ။

ငါ့ရဲ့ ပိုက်ဆံအိတ်ထဲမှာ ဆေးရောင်တွေ လွင့်ပြယ်နေတဲ့ မင်းရဲ့ဓာတ်ပုံဟောင်း
လေးက အတိတ်ကို လှောင်ပြောင်နေ သလိုပါပဲ...........

မင်းအတွက် ငါရေးတဲ့ ကဗျာရဲ့ အောက်မှာ မင်းရေးထိုးထားတဲ့ မင်းရဲ့
နာမည်လှလှလေး............

အဲဒီ စာအုပ်လေးထဲမှာပဲ...မင်းထည့်ထားတဲ့ အနက်ရောင်နှင်းဆီ သေးသေး
လေးရယ်......ဆယ်တန်းတုန်းက ဟာနေတဲ့ ငါ့ရဲ့မှတ်စုတွေ ထဲမှာ မင်းကူးပေးတဲ့
မင်းရဲ့လက်ရေး လှလှလေးတွေ.........

မကြည့်ပါနဲ့လို့ အကြိမ်ကြိမ်တားတဲ့ ကြားက မကြည့်ခိုင်းရင် ငါစိတ်ကောက်မယ်နော်
ဆိုပြီး ငါကြည့်ခိုင်းတဲ့ ဒိုင်ရာရီ ထဲမှာ မင်းချမှတ်တားမြစ်ထားတဲ့ အမိန့်တော် စည်းကမ်း
ချက်တွေ......

ငါ့ရဲ့ခေါင်းရင်းမှာ တန်းစီနေတဲ့ မင်းရဲ့ ခရစ္စမတ်လက်ဆောင်လေးတွေ.....

ဒါတွေ အားလုံးဟာ ပုံပြင်တော့ မဟုတ်လောက်ဘူးနော်.......

ဒါပေမယ့်...တခါခါ ဒါတွေဟာ ပုံပြင်တွေပဲလား...
အိပ်မက်တွေလားလို့ ငါ့ကိုငါ မေးနေမိတယ်။

မင်းကို စိတ်နာပေမယ့် ဒီနေ့မနက်စောစော မင်းရဲ့စာလေးဖတ်လိုက်တော့.....
မင်းကို သတိရလိုက်တယ်ကွာ။

ဒီလိုနဲ့ပဲ....ဒီပြန်စာကို ငါချက်ချင်းရေးလိုက်တယ်။

ဒီစာကို ဖတ်ဖြစ်တယ် ဆိုရင်.....အတိတ်က ဇာတ်လမ်းတွေဟာ

ဝတ္တုတစ်အုပ်(သို့မဟုတ်)ပုံပြင်တစ်ခု(သို့မဟုတ်)ကဗျာ လေးတစ်ပုဒ်

လိုပဲ သဘော ထားပြီး ဖတ်လိုက်ပါ......။ ။

ဇက်ပီလင်းတန်း

သူငယ်ချင်းပြောတဲ့


ကျွန်တော့် ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်ကို စ တာပေါ့။ သူငယ်ချင်း...မင်း...မင်းမိဘတွေက နည်းနည်းပါးပါး အဆင်ပြေတယ်။ မင်းဒီလိုပဲသွားသွားလာလာ နဲ့ အချိန်တွေကုန်နေတယ်။

ဆယ်တန်း ထပ်မဖြေတော့ဘူးလား လို့မေးလိုက်တော့။ သူကဘာပြန်ပြော သလဲသိလား။ ဆယ်တန်းက ငါ့ကို အရှုံးပေးတယ်တဲ့။

ဟီး....သူကဆယ်တန်းကို အရှုံးပေးတာ မဟုတ်ဘူး။ဆယ်တန်းကပဲ သူ့ကိုအရှုံးပေးတယ်။
ဘယ်တတ်နိုင်မလဲနော်။

အားလုံးပျော်ရွှင်ပါစေ....ဇက်ပီလင်းတန်း

အရက်သမားပြောတဲ့စကား


ကျွန်တော်တို့မြို့က အရက်သမားတစ်ယောက်က ပြောတယ်။
သူပြောတာက။ ။လူတွေ ပြောတော့အရက်က စွဲတယ် စွဲတယ်တဲ့။
ကျွန်တော်ကတော့ မနက် တစ်ပိုင်း ညနေ တစ်ပိုင်း ပုံမှန်သောက်တယ်။
မစွဲပါဘူးတဲ့။

ဘယ်လိုလူမျိုးက အရက်စွဲသလဲနော်...ဟီးဟီးဟီး
အားလုံးပျော်ရွှင်ပါစေ....ဇက်ပီလင်းတန်း

Mei Awm Law



Band email marketing



www.lawngmen.com မှ

Cho Kho



Get Gigs



Cho Khaw သီချင်း နားဆင်ချင်ရင် နံပါတ်(15) ကို နှိပ်ပြီးနားဆင်နိုင် ပါသည်။
www.lawngmen.com မှ ကူးယူပါသည်။

Hti Nän



Play Gigs



www.lawngmen.com မှ

Na Bä Ni



iTunes sell music



www.lawngmen.com မှ

U Zawng Zawm(Kaang äi)



Land Gigs



www.lawngmen.com မှ

Hlüng Taai She (Daai ng'äi)



Find Gigs


www.lawngmen.com မှ

နော်ဝေရေနံဆီ နှင့်မြန်မာကျောက်စိမ်းတုန်းကြီး

နော်ဝေ ရေနံထုတ်လုပ်ပုံ ဂူဂယ်မှ

အစကတည်းက စာရေးညံ့တဲ့ စာရေးဆရာ...ဟီး..ကျောင်းထွက်ပြီး စာအုပ်နဲ့ဝေးတာ(၁၃)နှစ်ရှိလာတော့ စာလုံးပေါင်းတွေ သေချာပေါက်မှားမှာပဲ။ပြင်ဖတ်ပေးကြပါလို့ ဦးစွာ ပထမ တောင်းပန်ပါတယ်။

နော်ဝေနိုင်ငံသည် ၁၉၇၁ လောက်က ပင်လယ်ထဲ ရေနံတွေ အမြောက်အများတွေ့တာ နဲ့ ကမ္ဘာမှာ ချမ်းသာတဲ့ နိုင်ငံတစ်ခု ဖြစ်လာတယ်။ ၇၁ မတိုင်ခင်မှာ နော်ဝေနိုင်ငံလည်း ဆင်းရဲပြီး လူပေါင်းများစွာ အမေရိကန် ကိုပြောင်းရွှေ့နေထိုင်ကြသည်။ဟိုတစ်နေ့က နော်ဝေ ရေနံဆီ အကြောင်း သင်ပါသည်။ရေနံ ဖြစ်ပေါ်လာ ပုံကတော့ အားလုံးသိမယ်ထင်တယ်။ရေနံသည် သဘာဝဖြစ်တာမဟုတ်ဘူး။သဘာဝက ဖန်တီးတာပါ။အကြမ်းဖြင်း ပြောမယ်ဆိုရင် ဟိုရှေးရှေးတုန်း သေကြေးပျက်စီးကြတဲ့ အကောင်၊အပင်တွေကထွက်လာတဲ့ အညစ်အကြေးတွေ မိုးရေ ကြောင့် ပင်လယ်ဆီရောက်သွားတယ်။အောက်ခြေ စုစည်းရာကနေ အပေါ်မှာ များစွာသောမြေသားတွေက ဖိ၊ကြာလာတော့ ရေနံပေါ့ဗျာ။

ဒါကျနော် ထောက်ခံပါတယ်။မြန်မာ ပြည်မှာလည်း မြေနိပ်ပိုင်းမှာ ရေနံထွက်လို့ပါ။နော်ဝေလူတွေကတော့ တစ်နေ့ ရေနံ ကုန်လာမယ် ဆိုတာ သေချာသိကြတယ်။(ရေနံကုန်ရင် ရေနံမကုန်နိုင်အောင်လုပ်တံ့နည်းသူတို့သိကြတယ်)။

ပုံ..http://tunyadanaseinn.com/news/all-postsမှ

မြန်မာနိုင်ငံမှာ တွင်းထွက်များရှိသည့်အနက် ကျောက်စိမ်းတုန်းကြီးရွေးရတာ ကျောက်စိမ်းတွေနဲ့ရင်နှီးလို့ပါ။ဒီမှာ နည်းနည်း ရှည်လိုက်ဦးမယ်။ကျနော်၎တန်းကနေ ဆယ် တန်းအထိ နွေရာသီ ကျောင်းပိတ်တိုင်း ကချင်ပြည် ကိုရောက်နေလို့ပါ။ကျောက်သွားတူးတာ မဟုတ်။အစ်ကိုဆီ ငွေသွားတောင်းရင်း ရွာမှာကောင်မလေးတွေနဲ့ ရန်ဖြစ်လို့ သွားပုန်းတာပါ..ဟိ..

မြန်မာပြည်မှာလည်းတွင်းထွက် ပစ္စည်းကြောင့် ဝင်ငွေအမျောက်အများရ ရှိပါသည်။

ပုံ..http://www.lankamsma.org/2010/01/blog-post_19.html မှ

ကျနော် ဆရာမကိုမေးမိပါတယ်။နော်ဝေနိုင်ငံက ရေနံကြောင့်ချမ်းသာတယ်။ရေနံကရလာ တဲ့ငွေကို ဘယ်လို အသုံးပြုကြသလဲ။ဆရာမကပြောတယ်။ရေနံက ရလာတဲ့ဝင်ငွေရဲ့3% ကသာ နိုင်ငံအတွင်းလိုအပ်တဲ့ နေရာမှာ သုံးကြတယ်။ကျန်တဲ့ငွေနဲ့တော့ နိုင်ငံခြားမှာ စက်ရုံ(သို့)မြေနေရာ၊ဟိုတယ် စသဖြင့်ပေါ့ ဝင်ငွေရနိုင်တဲ့ နေရာ မျိုးမှာသာ သုံးကြတယ်တဲ့။ဥပမာ။ ။နိုင်ငံခြားမှာ ဟိုတယ် တစ်လုံးဝယ်မယ်။အဲဒီဟိုတယ်မှာ ဝင်ငွေ မကောင်းရင် တော့ ပြန်ရောင်းလိုက်ပေါ့။အမြတ်မရရင်တောင် အနည်းဆုံး အရင်းပေါ့။ဒီနည်းက ရေနံကုန် ရင်တောင် ရေနံ မကုန်တဲ့ နည်းပဲ။

ဒါနဲ့ ကျနော်တို့ကျောက်စိမ်းတုန်းကြီးတွေ ပြေးသတိရတယ်။ဟုတ်တယ် ကျောက်တွေလည်း တစ်နေ့တော့ ကုန်လာမှာပဲ။ ဒါဆိုရင် မြန်မာ ပြည်က ဘာနဲ့ ချမ်းသာတော့မလဲ။ကုမ္မဏီတွေ ဘာတွေ ညာတွေ ဆိုတာ လူတစ်ဦးတစ် ယောက်ကိုသာ ချမ်းသာစေတယ်။နော်ဝေမှာ ထွက်တဲ့ရေနံတွေ ကတော့ နော်ဝေ သား အားလုံးကပိုင်တယ်။ဒါဆိုရင် မြန်မာ ပြည်မှာထွက်တဲ့ တွင်းထွက်တွေရော လောပန်းတွေ ဟိုချောက်မှာ ငတ်ပြတ်နေတဲ့ မြန်မာနိုင် သားတွေ အားလုံး ပိုင်ဆိုင်သင့်တယ်။

ဒီရနာတွေကုန်ရင် မြန်မာနိုင်ငံရဲ့ အနာဂတ် ဘယ်လိုဖြစ်မယ် ဆိုပြီး ကျနော်ရဲ့ အတွေးသက်သက်ပါ။ကျနော်တောင်ဒီလိုတွေးတယ် ဆိုရင် မြန်မာပြည်က တာဝန်ရှိသူတွေကို နည်းနည်းလေး စဉ်းစားစေချင် သည်။

ဇက်ပီ လင်းတန်း

ချယ်ရီကိုသာပန်ပါကွယ်...စိုင်းထီးဆိုင်




01.မိတ်ဆက်
02.အဆုံးအဖြတ်
03.ဒီဆောင်းတစ်ည
04.အရင်လိုဘ၀မျိုးရောက်ချင်တယ်
05.ကျေနပ်ပါတော့
06.ချယ်ရီကိုသာပန်ပါကွယ်
07.ရေဆန်မှာချော ရေစုန်မှာမော
08.အချစ်ကို ဦးစားပေးခဲ့သူ
09.ငယ်ချစ်ဦး
10.နေရစ်တော့ကွယ်သွားတော့မယ်
11.မောင့်တစ်ပတ်နွမ်း
12.မိုးမလင်းသေးဘူးအိပ်ဦး
13.ဆုတောင်းခဲ့ဖူးတယ်မိငယ်

စိုင်းထီးဆိုင်...Unplugged Live



01.ချစ်တဲ့ရှမ်းရိုးမ
02.စဉ်းစားပါဦး
03.အချစ်ဆိုတာ လျှို့ဝှက်ချက် တစ်ခုပါ
04.သံလွင်ချောင်းခြား
05.မြင့်မိုရ်မို့လား
06.အပြာရောင်မျက်ရည်
07.မောင့်အရိုင်းပန်း
08.ဥဒ္ဒိစ္စအလွန်
09.ချစ်သူလမ်းကြား
10.ရေဒီယိုကမာရွတ်
11.မောင်ဟာလူဆိုး

အိန်ဂျယ်တယော...ထူးအယ်လင်း




01-မင်းလေးနားလည်
02-အပြန်
03-အိန်ဂျယ်တယော
04-....သို့
05-လေလွင့်အတွေး
06-လမိုက်ညဂီတာ
07-သစ်ပင်အိုရဲ့ကမ္ဘာ
08-ခိုနားရာမဲ့
09-ရင်ခွင်ဟင်းလင်းပြင်
10-မင်းလေးနားလည်

အသစ်မဟုတ်ပါဘူး။သီချင်းဟောင်းတွေပါ ကြိုက်လို့။

ရွှေရောင်အိပ်မက်များ...မေဆွိ



01-လေကိုဆန်သာပြန်စို့လား(ဖြိုးကြီး-မေဆွိ)
02-မနဲ့မောင်(မေဆွိ)
03-တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်မယ်(အဲလက်စ်-မေဆွိ)
04-အပျိုစင်(မေဆွိ-လေးလေးဝါး)
05-ရင်ခုန်ရင်အချစ်(ထူးအိမ်သင်-မေဆွိ)
06-အနမ်းပန်း(ကိုင်ဇာ-မေဆွိ)
07-အဝေးမသွာနဲ့အချစ်ရယ်(စည်သူလွင်-မေဆွိ)
08-ရွှေရောင်အိပ်မက်များ(ဇော်ဝင်းထွဋ်-မေဆွိ)
09-မောင်(မေဆွိ)
10-အပြာလား အ၀ါလား(ဂရေဟမ်-မေဆွိ)
11-အားလုံးအရည်ပျော်သွားပြီ(မေဆွိ-ချောစုခင်)
12-၂၃၀၀၀၀-မိုင်မှ သင်္ခါရတရားများ(ဘိုဘို-မေဆွိ)
13-နားပန်းဆံ(မြင့်မြင့်ခင်နှင့်အဖွဲ့)

လွမ်းတယ်



အဖေ အမေ ရှိလျက်သားနဲ့
မခေါ်နိုင်တာ.................

ငယ်ဖော်တွေ ရှိလျက်သားနဲ့
မပျော် နိုင်တာ................

ပြည်တော် ရှိလျက်သားနဲ့
မပြန် နိုင်တာ.............

ဘာကြောင့် ညာကြောင့်လို့
မပြောချင်ပါဘူး ဟိုကြောင့်
ဒီကြောင့်လို့လည်း အကြောင်း
မပြချင်ပါဘူး...ငါ့ရဲ့ကံလို့ပဲ
မှတ်လိုက်တော့မယ်.......

တကယ်တော့
ဆေးရောင်စုံနဲ့ စီခြယ်ထားတဲ့
တိုက်အိမ်ကြီးဟာ ၀ါးကြမ်း
အိမ်လောက်တော့ သဘာဝ မကျပါဘူး။

အလုံပိတ်တဲ့ တိုက်ခန်းထဲက
အဲယားကွန်းဟာ ၀ါးကြမ်းကြားက
တိုးဝင်လာတဲ့ လေညင်းလောက်တော့
မအေးမြပါဘူး။

ရေခဲစိမ်ဘီယာဟာ တောင်ပေါ်ခေါင်ရည်
လောက်တော့ မချိုပါဘူး။
ဈေးကြီးကြီးနဲ့ဝယ်ရတဲ့ ရေသန့်ဗူးဟာ
စမ်းရေလောက်တော့ မအေးပါဘူး။

ဆီပြန်ဟင်းလျာတွေဟာ ပြာရည်ဟင်း
လောက်တော့ မမြိန်ရှက်ပါဘူး။

လူစီကားတဲ့နာမည်ကြီး ပန်းခြံကြီးဟာ
တောင်ပေါ် ရှုခင်းလောက်တော့
မသာယာပါဘူး။

မိတ်ကပ်ထူထူနဲ့ ရွှေအိုရောင်ဆံပင်
ပိုင်ရှင်မလေးဟာ တောသူမလေး
လောက်တော့ မယဉ်ပါဘူး။

ဒီမှာ.............................
ရွှေတွေ...ငွေတွေ အရာရာတွေနဲ့
ပြည့်နှက်ပေမယ့် စိတ်မချမ်းသာ
တာကတော့ အမှန်ပါပဲကွာ......

လူ့လက်မပါ...သဘာဝတရားနဲ့ လှပပြည့်စုံနေတဲ့
တို့ရဲ့ မွေးရပ် ဇာတိ ဌာနေဟောင်းကို
ပြန်ချင်လိုက်တာ လွမ်းလိုက်တယ်ကွာ.............

ရွာကိုလွမ်းလျက်....ZP.Lintan

အဆိုးလေး

လုံခြုံစွာ သိမ်းထားတဲ့ ငါ့နှလုံးသား
မင်းမရောက်ရောက်အောင် ဝင်ပြီးတော့မှ
ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်
ငါ့နှလုံးသား ဇရပ်မှ မဟုတ်တာ
အထပ်ထပ် ဒဏ်ရာတွေနဲ့
နာတယ်ကွာ...

ဖြူစင်စွာ ထားရှိတဲ့ ငါ့နှလုံးသား
မင်းမရရအောင် ယူပြီးတော့မှ
ပစ်ချင်ရာပစ် လွှတ်ချင်ရာလွှတ်
ငါ့နှလုံးသား ကျောက်ရုပ်မှ မဟုတ်တာ
အထပ်ထပ် ဒဏ်ချက်တွေနဲ့
နာတယ်ကွာ...

ယုံကြည်စွာ ပေးအပ်ထားတဲ့ ငါ့နှလုံးသား
ကြည်ဖြူစွာ မင်းသိမ်းထားသင့်တယ်
လူတစ်ဖက်သားကို
စာနာစိတ်
ညှာတာစိတ်
လုံးဝ ကင်းမဲ့သူရေ....

ZP.Lintan

သူဌေးသမီးလေး...သို့



ဟေ့....သူဌေးသမီးလေးရယ်
အသက်ရူနှုန်းတွေ မတူညီမှန်းငါသိတယ်......

ဟေ့....သူဌေးသမီးလေးရယ်
ပထ၀ီအနေထားတွေ မတူညီမှန်းငါသိတယ်.....
ကွယ်ရာမှာ...မင်းကို အကြိမ်ကြိမ်မုန်းမေ့ခဲ့တယ်
ငါ့ရင်ထဲမှာ...မင်းကို ဖျက်ဆီးလွှတ်ပစ်ခဲ့တယ်
ကြံရာကြံမိ...မင်းရဲ့မကောင်းကြောင်းတွေ
ပြောဖြစ်ခဲ့တယ်..........

ဒါပေမယ့်...မင်းနဲ့ဆုံတုန်း
မင်းရဲ့မျက်နှာလေး မြင်ရင်
လှိုက်ဖိုရင်ခုန်သံတွေ မြန်နေဆဲပဲ......
မင်းရဲ့အပြုံးလေးမြင်ရင်
စွဲမက်စွာ ခုံမင်နေဆဲပဲ.......

မင်းရဲ့အသံလေး ကြားရင်
စွဲလန်းစွာ တပ်မက်နေဆဲပဲ....
မင်းနှင့်ငါ ဆုံနိုင်ဖို့တော့
ငါဆုတောင်းရင်လည်း
ပြည့်ချင်မှ ပြည့်မယ်.....

လောကမှာ စည်းစိမ် ဥစ္စာ ဓန ဆိုတဲ့
တိုင်းတာခြင်းတွေ မရှိရင်တော့
မင်းနဲ့ငါ........။ ။

ZP.Lintan

တောင်ပေါ်သားမျက်ရည်

မိုးနှင့်မြေ



၁။
မင်းလျှောက်ဖို့ ခင်းတဲ့လမ်းလေး
ခုတော့ ဟောင်းနွမ်းသွားပြီ
မင်းပန်ဖို့ထားတဲ့ ပန်းလေးလည်း
ခုတော့ ညိုးနွမ်းသွားပြီ........

Cho....
မင်းမလိုချင်တဲ့ ငါ့ဘ၀မှာ
မင်း...ကိုယ်အမြဲတမ်းလွမ်းနေလည်း
မိုးနဲ့မြေအရမ်း/အလှန်းဝေးကွာလွန်းတယ်။

၂။
မင်းအတွက် ထားတဲ့နှလုံးသားလေး
ခုတော့ ဆွေးမြေ့သွားပြီ
မင်းအတွက် ထားတဲ့ကိုယ့်ဘ၀လည်း/လေး
ခုတော့ ကြေကွဲသွားပြီ.......

ကျနော်စာသားလေးပါ။
ZP.Lintan.

အသပြာ ရန်ပွဲ



မလှပတဲ့ ဘ၀အတွက်
အဖြူအမည်း မျက်လုံးတွေအောက်မှာ
ခြေတွေလက်တွေ စကားပြောပြီး
အလုပ်လုပ်ရတဲ့ဘ၀ ဘုရားသခင်ရေ.
လာကယ်ပါဦးလို့ အော်ဟစ်ရတာ
အကြိမ်မနည်းတော့ဘူးကွာ။

ဘ၀အတွက် ချွေး...သွေးနဲ့
လုပ်ရတဲ့အလုပ်ရယ်.......
အလွမ်းတွေ အဆွေးတွေနဲ့
အိပ်မပျော်တဲ့ ညတွေမှာ
တရေးအိပ်ခဲ့လည်း အိပ်မက်ထဲမှာ
လက်တွေ့မှာရော ရဲ နဲ့ လိုက်ရပြေးရ...ပြေးရလိုက်ရ
ဘ၀အတွက် ပြေးလွှားနေတုန်းပဲ
ငါ့ဘ၀လေး ဘယ်ချိန်ငြိမ်းချမ်းခွင့်လေးရမလဲ။

မတည်မြဲတဲ့ အသပြာလေးအတွက်နဲ့
ဒီဟာကငါ့နေရာ ဟိုဟာကငါအရင်တွေ့တာ
လုကြယက်ကြ ဖြုတ်ကြထုတ်ကြ
သတ်ကြဖြတ်ကြ အသပြာရန်ပွဲ
ငါလွတ်မြောက် ချင်တာကြာပါပြီ။   ။

မလေးရှား(2006)Zp.လင်းတန်း

မလိုက်ပါရစေနဲ့ မေရယ်




မလိုက်ပါရစေနဲ့ မေရယ်
မြို့ကြီးပြကြီးမှာ
အသွားအလာမတတ်ရင်
မင်း အရှက်တွေကွဲလိမ့်မည်

မလိုက်ပါရစေနဲ့ မေရယ်
ဆွေတွေမျိုးတွေ အသိုင်းအ၀ိုင်း
တွေကြားမှာ
မင်း မျက်နှာငယ်လိမ့်မည်

မလိုက်ပါရစေနဲ့ မေရယ်
ဒီတောင်တန်းမှာ ငါနေရစ်မယ်
မင်းနဲ့ရှိတဲ့ တဒင်္ဂလေး
အချိန်တွေကိုပဲ
ကျေနပ်စွာ ထွေးပိုက်ရင်းနဲ့
ဒီတောင်တန်းမှာ ငါကျန်ရစ်မယ်။ ။

တောင်ဇလပ်မြေမှ...ဇက်ပီ

စိန်

သူငယ်ချင်းတို့ရေ
ကြားကြရဲ့လား
ရွှေဈေးကျလို့
စိန်ဈေးတက်သတဲ့ကွယ်

ကောလဟလ သတင်းလည်း
ထွက်လာသေးတယ်
ရွှေဈေးနှင့်စိန်ဈေး
အတူတူပဲတဲ့

ညီမလေးရေ
ဘာဈေးတက်တက်
ဘာဈေးကျကျ
ငါတို့နဲ့မဆိုင်သေးဘူးထင်တယ်
ဒီမနက်ဝမ်းရေး
ဖြေရှင်းဖို့အတွက်
ဟိုအန်ဒီရဲ့ဆိုင်မှာ
ဆန်တစ်ပြည်
အကြွေးသွားယူလိုက်ပါ။

ညနေကျရင် အစ်ကို
ရေရောင်းပြီး ရလာတဲ့
ငွေသွားပေးမယ်လို့
ပြောလိုက်ပါ။   ။
ဇက်ပီ

ဘယ်သူလဲ



ကိုယ့်ရဲ.စက်ဘီး ဘယ်သူ“မ”မှန်းမသိ

“မ”၍ ပျောက်သည်.......

ကိုယ့်ရဲ.ထမင်း ဘယ်သူစားမှန်းမသိ

စား၍ ကုန်သည်........

ကိုယ့်ရဲ.ချစ်သူ ဘယ်သူချစ်မှန်းမသိ

ထွက်၍ ပြေးသည်..........

ကိုယ့်ရဲ.နှလုံးသား ဘယ်သူလွမ်းမှန်းမသိ

ဆွေးမြေ. သွားသည်.......

ကိုယ့်ရဲ.မျက်ရည် ဘယ်သူ့ကြောက်မှန်းမသိ

ကျ၍ လာသည်.........

ကိုယ့်ရဲ.ဘ၀ ဘယ်သူဖျက်မှန်းမသိ

ပျက်၍ သွားသည်........

မင်း.....ငါ့ကိုနည်းနည်းလောက်တော့

နားလည်ပေးသင့်တယ်။ ။

Zp.လင်းတန်း

မိငယ်



မိငယ်...ရောင်စုံပန်းတွေ
ဖူးပွင့်နေတဲ့ ပန်းဥယျာဉ်မှာ
လိပ်ပြာတွေ ပျားပိတုန်းတွေ
ဝဲပျံကြစမြဲပါ...............

မိငယ်...ငါလည်းမင်းအနားမှာ
ဝဲပျံ ခဲ့ဖူးတယ်ဆိုရင်
ပျားပိတုန်း တစ်ကောင်ပေါ့....

မိငယ်...ငါ့ကြောင့်
လှပတဲ့ မင်းရဲ့ပွင့်ဖတ်တွေ
သင်းပျံ့နေတဲ့ ရနံ့တွေ
ချိုမြနေတဲ့ ၀တ်ရည်...၀တ်မှုံတွေ
ပွန်းပဲ့နေတယ် ဆိုရင်.........


မိငယ်...ငါဟာ
ပျားပိတုန်းရူး တစ်ကောင်လို့ပဲ
မှတ်လိုက်ပါ....နော်.....

Zp.လင်းတန်း

မင်းကိုငါချစ်တယ်

ရင်မှာ ဒဏ်ရာ ဒဏ်ရာတွေ
အထပ်ထပ် ငါရရှိခဲ့တယ်

ရင်မှာ ဒဏ်ချက် ဒဏ်ချက်တွေ
အကြိမ်ကြိမ် ပြင်းထန်ခဲ့တယ်

နက်ဖြန်ဆိုတာ ရှိသေးရင်
မင်းလေးရက်စက်ပါဦး
ငါ့အသည်းဟာ သံမဏိ
မဟုတ်ပေမယ့်
ဆက်ချစ်ချင်သေးတယ်

မင်းရဲ့အမုန်းမြစ်တစ်စင်းမှာ
ပွန်းပဲ့နေတဲ့ငါ့အသည်း
လှေငယ်တစ်စင်း
ရွက်လွှတ်ချင်သေးတယ်

မင်းရဲ့အနက်ရောင်အကြည့်တွေ
မင်းရဲ့အနီရောင် စွန်းတဲ့ပါးမို့မို့လေး
မင်းရဲ့အနီရောင် နှုတ်ခမ်းမှာ
မင်းရဲ့ချိုသာလွန်းတဲ့ အဖြူရောင် အပြုံးတွေ
ငါပိုင်ဆိုင်ချင်သေးတယ်

ငါဟာ ချစ်တတ်တယ်
ငါဟာ ကြင်နာတတ်တယ်
ငါဟာ ခံစားတတ်တယ်

Zp.Lintan(7/4/2011)

ဆန့်ကျင်ဖက်


ပျက်ရင်းနဲ့လှလာတဲ့
ဂျင်းဘောင်းဘီ

နှင့်

ချစ်ရင်းနဲ့ကွဲလာတဲ့
ငါ့အသည်းဟာ
တစ်ခြားစီပါလား။ ။

ဇက်ပီလင်းတန်း

Mi Cho Khaw Thüm Bai U

နွေ



(က) သစ်ရွက်တွေ ကြွေစေတယ်

အချစ်ဆုံးနဲ့ ဝေးစေတယ်

ဒီနွေကျောင်း ပိတ်ရက်ကို

ငါသိပ်ကြောက်တယ်။


(ခ) အိပ်မက်တွေ ပြယ်စေတယ်

အတွေးတွေ လွန်စေတယ်

ဒီနွေ ဆိုးကြီးကို

ငါသိပ်မုန်းတယ်။


(ဂ) စမ်းရေတွေ ခန်းစေတယ်

မျက်ရည်မိုးတွေ ရွာစေတယ်

ဒီနွေရာသီကို

ငါသိပ်စိတ်နာကျည်းတယ်။

Zp.လင်းတန်း

ဘဝ


ကြယ်တွေ စုံတဲ့

ကြယ်စုံ ညမှာ

ကိုယ့်ဘ၀လည်း

ပျော်ဖူးသည်။


ကြယ်တွေ ကြွေတဲ့

အလွမ်းကြွယ် ညမှာ

ကိုယ့်ဘ၀လည်း

ကြွေသွားသည်။


မိုးတွေ ရွာတဲ့

မိုးရွာ ရက်မှာ

မျက်ရည်မိုးလည်း

ရွာနေတုန်းပဲ။ ။

Zp.လင်းတန်း

10.10.10 အမှတ်တရ

                                                      
                                                      2010 မှာ
ပြန်မယ် ပြန်မယ်နဲ့
မပြန်နိုင်တဲ့
သားတစ်ယောက်
လမ်းစလေး မှုန်ဝါးဝါး
ပေမယ့်
ယုံကြည်ချက်တစ်ခုနဲ့သာ
ယုံကြည်ရာလမ်း
တစ်လှမ်းခြင်းလှမ်းနေဆဲ...

လာမယ် လာမယ်နဲ့
သားတစ်ယောက်ကို
မျှော်နေသူ
အမေအိုတစ်ယောက်လည်း
အခုလောက် ဆိုရင်
လည်ပင်းတောင်
ကုလားအုတ် လည်ပင်းလောက်
ရှည်နေလောက်ပြီ....

အို...လူတွေရဲ့ အတ္တတွေ
ဘယ်တော့ ဆုံးနိုင်မလဲ
အိုး...လူတွေရဲ့ ဒုက္ခမျက်ရည်တွေ
ဘယ်တော့ ခန်းခြောက်နိုင်မလဲ

ဖေဖေနှင့်မေမေရယ်
ဖြစ်နိုင်သေးရင်
ဆုံနိုင်ခွင့်လေးတော့
ရချင်သေးတယ်။ ။

Zp.လင်းတန်း

အမေ(သို့)မေတ္တာတော်ဘွဲ့...ထူးအိမ်သင်


အမေကိုချစ်သောသားများ...သို့ (ထိုထက်ပို၍) ဝေးရောက်သားများ...သို့ (ထိုထက်ပို၍) သားဆိုးများ...သို့ အထူးသဖြင့် အမေကိုချစ်သောအဝေးရောက်သားဆိုးများသို့ ရည်ညွန်းပါသည်။

ထူးအိမ်သင်


01-မေမေ
02-အမေ့အိမ်
03-အမေ့အေးရိပ်
04-အမေတစ်ခုသားတစ်ခု
05-အမေ့ရဲ့ဒုက္ခအိုးလေး
06-အရိပ်စစ်
07-ကျေးဇူးပါမေမေ
08-ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ
09-မေမေချစ်တဲ့သားကြီး
10-မေမေနေကောင်းလား
11-အမေ
12-အမေ့အိမ်-အပိုဆု
ထူးအိမ်သင် သီဆိုတဲ့အမေ သီချင်းတွေကို ဒီမှာ အားလုံးနားဆင်နိုင်ပါသည်။ အဝေးရောက် သူငယ်ချင်းတစ်ယောက် အဆင်ပြေပါစေ
Back to Top