ကဲ...ကိုကို မိုက် နဲ့ ပြောမလား...ပြောချင်ရင် အောက်က သူ့ရဲ့ ဓာတ်ပုံကို ကလိပေးလိုက်ပါ။ ဒါဆိုရင် ကိုကို မိုက်နဲ့ ပြောလို့ ရပြီ.....
ကိုကို မိုက် မကြိုက်ရင်လည်း အောက်မှာ မမ မိငယ်လေးနဲ့ ပြောလို့ရတယ်။ သူ့ပုံလေးကို ကလိလိုက်ပါ။
ကဲကဲ...အဆင်ပြေသလို ပြောကြတော့နော်။
မှတ်ချက်။ ။သူတို့အောက်က ပေါ်လာတဲ့ ကွက်လပ်လေးမှာ ရေးချင်တာရေးပြီး မေးချင်တာ မေးလိုက်ပေါ့ကွာ......
ကွက်လပ်မှာ ရေးချင်တဲ့စာ ရေးပြီးရင်တော့ Enter လေးခေါက်ပေးလိုက်ရုံပါ။
အားလုံးပျော်ရွှင်နိုင်ပါစေ...ဇက်ဗီလင်းတန်း
Thank!
မျက်မှန်
မင်းရဲ့ မျက်မှန်
အနီကြီးနဲ့
ငါ့ကို ကြည့်တော့
ငါက နီမှာပေါ့....
ငါ့ရဲ့ မျက်မှန်
အနက်ရောင်ကြီးနဲ့
မင်းကို ကြည့်တော့
မင်းလည်း မီးခဲ လိုပါပဲ....
အမှန်တရား တစ်ခုကို
သေသေချာချာ
မြင်နိုင်ဖို့
အတွက်
မင်းနဲ့ငါ့ရဲ့
ဒီရောင်စုံ မျက်မှန်တွေ
ချွတ်ကြည့်ရအောင်.....
ဇက်ဗီလင်းတန်း
ရှက်စရာကျွန်ုပ်ဘဝ နဲ့ မြန်မာ့လျှပ်စစ်မီး
နားကြားများလွဲနေသလားတော့ မသိဘူး။ BBC ကိုနားထောင်ရင်း မြန်မာပြည်မှာ လျှပ်စစ်မီးတွေ ပိုလျှံလို့ တရုတ်ပြည် ကိုထုတ်ရောင်းတော့ မယ်ဆို။ ကျွန်တော် ပထမတန်း ကစပြီး ၄ တန်းအထိ ထင်းရှူးမီးနဲ့ပဲ စာဖတ်ခဲ့ရတယ်။ ထင်းရှူးမီးနဲ့ စာဖတ်တယ် ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ နာရီ ၃ချက်လောက်ဖတ်ရင် နှာခေါင်းပေါက်တွေ အကုန်မဲ၊မျက်ခွက်တွေ လည်း အကုန်မဲ တစ်ကိုယ်လုံး ထင်းရှူးနံ့နဲ့ သင်းတော့ တာပါပဲ။ အာခေါင်ခြောက်ပြီး ချောင်းတွေ ဆိုးတတ်ပါတယ်။
ထင်းရှူးတိုင်းလည်း မီးထွန်းလို့မရပါ။ တောတောင်တွေ ထဲသွားပြီး ခက်ခက်ခဲခဲရှာဖွယ်ရတယ်။ အသက်ကြီးပြီး သေဆုံး တဲ့ထင်းရှူးတွေ ပုပ်ပြီးမှ အဆီစုတဲ့ နေရာတွေတာ မီးထွန်းလို့တာပါ။ ဒီလို မူလတန်း ဘဝကို ဖြတ်သန်းခဲ့ရတယ်။
အလယ်တန်းရောက်တော့ ရေနံဆီ၊ဓာတ်ဆီ၊ဒီဇယ်နှင့် ဖယောင်းတိုင် တွေ နဲ့ ဖတ်ရတယ်။ ဓာတ်ဆီ ကို မီးခွက်ထဲထည့် တာ အရန်းလည်း အန္တရာယ် ကြီးပါတယ်။ မြို့ကြီး ပြကြီးမှာ နေတဲ့ သူငယ်ချင်းတွေကတော့ သိမှာ မဟုတ်ဘူး။ ၁ နှစ်အတွက် ရေနံဆီ ၁ ပုလင်း ၂ ပုလင်း လောက်ပဲ ဝယ်ပေးကြတာ ဆိုတော့။ မိုးမချုပ်မီ သေချာ အိမ်စာတွေ ပြီးအောင်လုပ်ပေါ့။ ရေနံဆီ ဟာ တကယ့် စာမေးပွဲ နီးခါမှ သုံးရတယ်။ဖရောင်းတိုင် သုံးနိုင်တံ့ လူတွေ ကတော့ ဝန်ထန်းသားသမီးတွေပါ။ ဒီလိုနဲ့ အလယ်တန်းကို ကျော်ဖြတ်ခဲ့ရတယ်။
အထက်တန်းရောက်တော့မှ လျှပ်စစ်မီးဆိုတာ မြင်ဖူးတယ်။ ကျွန်တော်တို့ ချင်းပြည်မှာ လောပီတ ရေအားလျှပ်စစ်မရောက်လာပါ။ ရောက်တဲ့ နေရာ ရှိသလားမသိဘူး။ကျွန်တော်တို့မြို့ဘက်တော့ မရောက်လာပါ။ ဆီ၊စက်နဲ့ ထွန်းတဲ့ လျှပ်စစ်မီးပါ။ စာမေးပွဲကြီးနီးပြီ ကျောင်းသားတွေ စာကျက်ချိန် ဆိုပေမယ့် မီးက ၁၂ နာရီ အထိပဲလာတယ်။ မီးလာတယ် ဆိုပေမယ့် စာဖတ်မယ့် မီးသီးက ခရမ်းချည်သီးလိုပဲ။ မလင်းဘူး နီပဲနီတယ်။ ခရမ်းချည်သီးကတော့ အားလုံးသိမယ်ထင်တယ်။
ဒီမှာ ခရမ်းချင်သီး
စာကြည့် စာပွဲပေါ်မှာ ခရမ်းချည်သီး တစ်လုံး သီးခိုင်းပြီး အောက်မှာ ဖယောင်းတိုင် ပြန်ထွန်းပေးတယ်။ မလေးရှား နည်းပညာနဲ့ ပြောင်းပြန်ပေါ့။ မလေးရှားမှာတော့ အပေါ်မှာ မီးထွန်းပေးပြီး အောက်မှာ ခရမ်းချည်သီး သီးခိုင်းတာ။
ကျွန်တော်ရောက်တဲ့၊ကချင်ပြည် ရှမ်းပြည် မှာလည်း စက်မီးတွေ သုံးတာများပါတယ်။ ကျွန်တော်တို့မြို့မှာ ဗီဒီယို ကြည့်ရင် ၁၀ နာရီ ဆိုရင် ဇာတ်လမ်းမပြီးခင် မီးက ပြတ်နေပြီ။ ပိုင်ရှင်က ကိုယ်ပိုင် စက်လေးပြန်နိုးရ။ လာကြည့်တဲ့ အမူးသမားတွေ ဆူလိုက် ဆဲလိုက်နဲ့ ဆိုင်ရှင်ခများ သနားစရာပဲ။
ရန်ကုန်ရောက်တော့လည်း လျှပ်စစ်မီးပဲ။ ကျွန်တော်တည်းတဲ့ အိမ်မှာ သူတို့မိသားစုက ၁၀ ယောက် ဧည့်တည်ကလည်း ၁၀ ယောက်လောက် ဆိုတော့ မီးမလာရင် ငရဲပြည်လိုပါပဲ။ ပန်ကာက မလှုပ်နိုင် ပူလိုက်တာ။ လျှပ်စစ်မီးလာရင် တော့ စားဖို့ ထမင်း ဟင်း ခလုပ်ကလေး နှိပ်လိုက်ရုံပဲ။ မီးမလာတဲ့ နေ့မှာ အိမ်ရှင်မ ခများ လူ ၂၀ ယောက်စားဖို့ မီးသွေးနဲ့ ထမင်းဟင်းချက်ရရှာတယ်။ တိုက်ခန်းမှာ ပူတဲ့ကြားထဲ မီးမွှေးတော့ ပိုပူလာတာပေါ့။ အမလေး ငရဲ ငရဲ...
မနက်မိုးလင်းခါနီး နည်းနည်းအေးတဲ့ အချိန်လေးမှာ ခဏလေးမှေးချင်ပေမယ့် အိမ်ရှင်မက မီးလာတုန်း မော်တာနဲ့ ရေတင်ကြပါတဲ့။ အိပ်မက်လိုလို တကယ်လိုလို မကြားတကြား မရမက ထပြီး ရေကန်မှာ ရေအပြည့်ထည့် ရှိသမျှ ဗူး အကြီးအသေးမှာ ရေဖြည့်ပေးရတယ်။ အပါပါ...ရန်ကုန်လျှပ်စစ်ပြဿနာ။
ဟုတ်မဟုတ်တော့ သေချာ မသိဘူး။ ကျွန်တော် ကြားဖူးတာက လောပီတ ရေအားလျှပ်စစ် သူတို့မရလို့ အဆိုတော် စိုင်းထီးဆိုင်...(ဖြတ်တော့ဖြတ်တယ် မနားတယ်) လို့ သီချင်းလေး ဆိုတာနဲ့ အဲဒီအခွေ ထွက်ခွင့် မပေးဘူးလို့ ကြားဖူးတယ်။ဟိုမှာလည်း မရဘူးနဲ့ တူတယ်။
အခု ဒီမှာ ဖယောင်းတိုင် တစ်တိုင်ထွန်းတော့ ဘာမှ သိပ်မမြင်ရဘူး မှောင်နေတာပဲ။ ဖယောင်းတိုင် တစ်တိုင်ထွန်းလိုက်တိုင်း ကျွန်တော် ငယ်ငယ်တုန်းက ဘယ်လို စာဖတ်ခဲ့သလဲ လို့ ကိုယ့်ကိုကိုယ် ပြန်မေးနေမိသည်။
အခုတော့ တိုးတက်နေပြီးလို့ ကျွန်တော် ပြောနေတာ မဟုတ်ဘူး။ အခုလည်း ကျွန်တော့်လို ခက်ခဲနေဆဲ လူတွေ ရှိနေဆဲပါ။ ဒါပုံပြင် မဟုတ်ပါ...တကယ်လို့ ကျွန်တော် ပြောတာ မယုံရင် တခြားသွားစရာမလို ပါ။ ချင်းပြည်မှာ သွားရောက်လေ့ လာနိုင်ပါတယ်။
မြန်မာပြည်မှာ လျှပ်စစ်မီးပိုလျှံတယ် ဆိုတာ လုံးဝလုံးဝ မဟုတ်ကြောင်းပါ။
လာဖတ်ပေးသူကို ကျေးဇူးတင်လျက်.......ဇက်ဗီလင်းတန်း
ဧရာဝတီ ဆိုတာ.....
မြစ်ဧရာ
မြသားငယ်တဲ့ ရေ ယ မုန် ....
ငွေလှိုင်းတွေ ဖြူစွာနှင့် ....
မြစ်ဧရာ နဒီကြောမှာ....
မျော ဟော ဟော မျောကြဒိုက်ပုံ....
စတုတ္ထတန်း တုန်းက ကဗျာပါ...
ဧရာဝတီဆိုတာ ဒီကဗျာလေးနဲ့
စသိတာပါ.......
ဧရာဝတီ ဆိုတာ....
ငါတို့ ထမင်းအိုးလေ
ဆန်စပါး များစွာထွက်တဲ့
ဆန်အိုးကြီး
မကွဲစေနဲ့လေ
နေ့တိုင်းစားဖို့ လိုဦးမယ်....
ဧရာဝတီ ဆိုတာ....
ငါတို့ ဟင်းအိုးလေ
ပင်လယ် အစားအစာတွေ
နေ့စဉ်ပေးတဲ့ ဟင်းအိုးလေ
မခန်းခြောက်စေနဲ့
နေ့တိုင်း စားဖို့လိုဦးမယ်....
ဧရာဝတီ ဆိုတာ....
ငါတို့ ခရီးလမ်းလေ
မတားပါနဲ့ စီးပါစေ
နေ့တိုင်း သွားလာစရာ
ရှိသေးတယ်.....
ဧရာဝတီ ဆိုတာ....
ပင်လယ်ပျော် သတ္တဝါတွေ
ကုန်းပျော် သတ္တဝါတွေရဲ့
မြူးထူး ပျော်မြူးရာလေ
မပျက်စီးပါစေနဲ့
သူ့ရဲ့အလှတရား
ဆက်လက် ရှုစားချင်သေးတယ်....
ဧရာဝတီ ဆိုတာ....
သဘာဝနဲ့ လှပြီးသားပါ
မိတ်ကပ်တွေ မခြယ်ပေးပါနဲ့
ဒီအတိုင်းပဲ လှပါတယ်...
ဧရာဝတီ ဆိုတာ....
မင်းလက်ထဲ ရောက်မှ
မပျက်စီးပါစေနဲ့
ဧရာဝတီ ဆိုတာ
ဧရာဝတီ လိုပဲ
ထာဝရ ရှိ/စီးစေချင်......
ဇက်ဗီလင်းတန်း
KP3 ရဲ့Show all post ဖြုတ်နည်း
၁။Design ကိုဝင်မယ်။
၂။Edit HTML
၃။Expand Widget Templates ကိုမှန်ခြစ်ပေးလိုက်ပါ။
အောက်က Code ကိုရှာပါ။

ရည်းစားဦး-ထွန်းအိန္ဒြာဗို
ဒီအခွေကတော့ အဟောင်းကြီးပါ.... ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ့ လို့ စုစည်းထားတာပါ... ဒီအခွေထဲက နိုး...ဒါလင် ဆိုတဲ့ သီချင်းကတော့ တိုက်ဆိုင် လွန်းလို့လား မသိ ကျနော် အကြိမ်ကြိမ် ပြန်ရစ်ပြီး နားဆင်ဖူးတဲ့ သီချင်းလေးပါ... သူငယ်ချင်းတွေ အားလုံး သီချင်းဟောင်းတွေနဲ့ ပျော်ရွှင်နိုင်ကြပါစေ......
နှောင်ကြိုးလေး တစ်မျှင်
01-ဒဏ်ရာရထား-ဇော်ဝင်းထွဋ်
02-ချစ်သေးရဲ့လား-အဲလက်စ်
03-ကိုယ့်အတွက်အိပ်မက် မင်းမက်လား-ချောစုခင်
04-မင်းမရှိလို့မဖြစ်ဘူးသိလား-ဂရေဟမ်
05-ရင်ခုန်အချစ်-ချစ်ကောင်း
06-ကမ္ဘာကြီးက ကျင်းလွန်းတယ်ဆိုပေမယ့်-ဆုန်သင်းပါရ်
07-အရံလူ-ရင်ဂို
08-မျက်ဝန်း-စည်သူလွင်
09-ဘာမဆိုဖြစ်နိုင်တယ်-တင်ဇာမော်
10-နှောင်ကြိုးလေးတစ်မျှင်-ဘိုဘို
11-ရွှေပင်လယ်-ရတနာဦး
12-အဖြူရောင် သီချင်း-ဆောင်းဦးလှိုင်
13-မာလာဆောင်ကို မောင်မလာ-ဟေမာနေဝင်း
14-ထားရစ်ခဲ့-သီရိကိုကို
15-အလွမ်းမိတ်ဆွေ-မာရဇ္ဖ
ကိုယ်တိုင်ရိုက် ဓာတ်ပုံလေးတွေ(၂)
ကိုယ်တိုင်ရိုက် ဆိုပေမယ့် ဒီပုံကတော့ ကူကယ်ရဲ့ပုံပါ...ဇက်ဗီလင်းတန်း နေတဲ့မြို့ငယ်လေးပါ... မြို့လယ်မှာ မြစ်ငယ်လေး စီးဆင်းနေတာ ဓာတ်ပုံက အတိုင်းပါပဲ....
ငွေထုတ်လုပ်တဲ့နေရာ
ကုန်တိုက်သွားရအောင်
ရထားစီးမလား ဘာစ်စီးမလား
စာကြည့်တိုက်မှာ စာဖတ်မလား စာအုပ်ငှားမလား
ရုပ်ရှင်ရုံပါ
စိတ်ညစ်တယ်
စိတ်ညစ်တယ်
ကျွန်တော် သေချင်လောက်အောင်
စိတ်ညစ်နေတယ်
ကိုယ့်ကိုကိုယ် ကြည့်ပြီး စိတ်ညစ်တယ်
သူများကို ကြည့်ပြီး စိတ်ညစ်တယ်
ဆရာမကို ကြည့်ပြီး စိတ်ညစ်တယ်
ပတ်ဝန်းကျင်ကို ကြည့်ပြီး စိတ်ညစ်တယ်
လှတဲ့လူကို ကြည့်ပြီး စိတ်ညစ်တယ်
အရုပ်ဆိုးတဲ့လူကို ကြည့်ပြီး စိတ်ညစ်တယ်
နောက်ကြောင်းကို ပြန်တွေးပြီး စိတ်ညစ်တယ်
ရှေ့ရေးကို ကြိုတွေးပြီး စိတ်ညစ်တယ်
လောကကြီးကို ငါစိတ်ညစ်တယ်
လောကကြီးကို ငါစိတ်ပျက်တယ်
လောကကြီးကို ငါစိတ်ကုန်တယ်
ကျွန်တော် စိတ်ညစ်နေတယ်
အခုချိန်မှာ သေချင်လောက်အောင် စိတ်ညစ်တယ်
ဘုရားသခင်ရေ လာကယ် ပါဦး
ကျွန်တော် တစ်ချိန်လုံး စိတ်ညစ်နေတယ်........
ဇက်ဗီလင်းတန်း
Ah Nge(Uplugged)
01-ခါး
02-ထပ်မဝေးဘူး
03-ညမီးအိမ်
04-အဖြေ
05-ဝေးပြီ ဘေဘီ
06-ကမ်းမရှိတဲ့အချစ်
07-ဂန္တ၀င်မြောက် အိမ်အပြန်
08-လမ်းပြပါဦး
09-လူစီ
10-မျော်လင့်ခြင်းကွင်းပြင်
11-၈၅ မန္တလေးညတမ်းခြင်း
12-ဟန်နီ
13-သန်းခေါင်ယံနောက်ကောင်းကင်အောက်
သျှီ...အကောင်းဆုံးတေးများ
01-ပိုးဖလံ
02-ဂန္ဒာရီ
03-အသည်းကွဲကူများပြည့်နှက်နေသောကမ္ဘာ
04-ချစ်ခြင်းမေတ္တာ
05-မာစီးဒီး
06-လိုချင်သောကမ္ဘာ
07-ကန္တာရမိုး
08-အဆိပ်ငွေကြေး
09-မင်းအတွက်အသက်ရှင်
10-ယုံကြည်ခြင်း
11-ကယ်တင်ခြင်း
12-ဒုက္ခမြစ်
ကိုယ်တိုင်ရိုက် ဓာတ်ပုံလေးတွေ
ကျွန်တော်နေတဲ့ မြို့လေးရဲ့ အမြင့်ဆုံး ခနုတောင်သို့ တစ်ခေါက်... ဖုံးနဲ့ရိုက်တာ သိပ်တော့ မကြည်ဘူး.. ကင်မရာ မဝယ်နိုင်သေးလို့.....
ဆောင်းမနက်ခင်းရဲ့ နှင်းပန်းလေးတွေပါ.......
ညနေ (၁၀)နာရီ လောက်မှာ ရိုက်တာပါ...၁၀ နာရီထိုးပေမယ့် နေကတော့ သူ့အိပ်ရာ မဝင်သေးဘူး။

MGP JR 2007 to 2011
ဒီနှစ် (၂၀၁၁) မှာတော့ ဆဝါးလ်-Sval ဆိုတဲ့ ကောင်မလေးက ပထမဆု ကို အောက်က သီချင်းနဲ့ ဆွတ်ခူးသွား ပါတယ်။ နော်ဝေ ဆယ်ကျော်သက်တွေရဲ့ တစ်နှစ်တစ်ခါ ကျင်းပတဲ့ သီချင်း ပြိုင်ပွဲပါ။
2007 to 2011
၂၀၀၇ ကစပြီး ၂၀၁၁ အထိ ပထမဆု ဆွတ်ခူးတဲ့ သူတို့ရဲ့ Live Show ကိုYoutebe ကယူလိုက် ကြောင်း.. အရင်နှစ်က ပထမရရှိသူတွေ ကိုတော့ သေချာ မသိလို့ မတင်ဘူးနော်။ ကမ္ဘာ အရပ်ရပ်က သူငယ်ချင်းတွေ အပျင်းဖြေ နားဆင်ကြည့်ကြပေါ့နော်။
ZP.LINTAN

ဆီးဖြူသီး
စိတ်ညစ်လိုက်တာ ကျွန်တော် ကြိုက်တဲ့ Template ပဲ လိုက်ပျက်သလား... ကျွန်တော်ကပဲ လိုက်ဖျက် သလားမသိဘူး... template တွေပြောင်းရင်း ပြင်ရင်းနဲ့ပဲ လာလည်သူများ ကို ဘာနဲ့မှ ဧည့်မခံနိုင်တော့ ဆီးဖြူသီးပဲ ခူးစားကြပါလို့ အားလုံးကို တောင်းပန်ပါတယ်။
တောင်ဇလပ်ပန်းလေး...ဆုန်သင်းပါရ်
သူငယ်ချင်း blogger များ၊ အဖြူ အမည်း မျက်လုံးတွေ အောက်မှာ ခြေတွေ လက်တွေနဲ့ စကားပြောပြီး အလုပ်လုပ်နေ တဲ့အဝေးရောက်သူငယ် ချင်းများ နှင့်
ငွေကြေး ဥစ္စာ ချမ်းသာ ကြွယ်ဝပြီး အမိ မြန်မာ နိုင်ငံ မှာ နေတဲ့ သူငယ်ချင်းများ အားလုံး နားဆင်ဖို့ အတွက် ဒီနေ့ ကျွန်တော် ရွေးချယ် လိုက်တဲ့ သီချင်းကတော့ တေးသံရှင် အဆိုတော် ဆုန်သင်းပါရ် သီဆိုထားတဲ့ တောင်ဇလပ်ပန်းလေး ပဲဖြစ်ပါတယ်။
အားလုံး ပျော်ရွှင်စွာ နားဆင် နိုင်ပါသည်။
ဆုန်သင်းပါရ်...ဆက်ရန်
01-သီချင်းမရှိတဲ့ဂီတာ
02-သံယောဇဉ်မပြတ်ဘူး
03-ဆက်ရန်
04-ရာဇ၀င်တွင်မယ့်အချစ်
05-အချစ်တံခါးမပိတ်ပါနဲ့
06-လက်ရှိ
07-ခေါင်းတွဲလေး
08-အမြဲတမ်းမင်းရှိတယ်
09-ရှင်ဟာကျွန်မအချစ်ဆုံး
10-နှောင်း
11-ကစားပွဲ
12-ဆေးရောင်ခြယ်ပါ
ပန်းတော့ပန်းပဲ
ညီမလေးရေ
ဒါပန်းတော့ ပန်းပါပဲ
ဒါပေမယ့်
အဆိပ်ရှိတယ်.....
ညီမလေးရေ
ဒါလန်းတော့လန်းပါတယ်
ဒါပေမယ့်
အန္တရာယ်ကြီးတယ်....
ညီမလေးရေ
အရောင်အဆင်းမတူဘူး
ဓလေ့တွေ ခြားနားလွန်းတယ်
မပန်ထိုက်ဘူး ညီမလေးရေ.....
ကိုယ့်အတွေးအခေါ်
အယူအဆတွေ
ခေတ်နောက်ကျတယ်
ဒါပေမယ့်
မင်းရဲ့ရှေ့ရေးတော့
မတွေးရဲဘူး
ညီမလေးရေ
မီးဟာ မလောင်ခင်မှာ
တားရအောင်....
ညီမလေးရေ
ဒီပန်းကို ပန်မှ
မင်းသာယာမယ်
ဒီပန်းကို ပန်မှ
မင်းပျော်ရွှင်မယ်
ဒီပန်းကို ပန်မှ
မင်းပြည့်စုံမယ်
ဒီပန်းကို ပန်မှ
မင်းကျေးနပ်မယ်
ဆိုရင်လည်း
ပန်လိုက်ပါကွာ
မတားရက်တော့ပါဘူး...
အမည်းနဲ့ တွဲတွဲ နေတဲ့ ညီမလေးသို့...ဇက်ဗီလင်းတန်း
လေးဖြူ-ဘင်္ဂလားပင်လယ်အော်
01-တစ်ယောက်တည်းနဲ့
02-သံယောဇဉ်
03-ငါ့ရဲ့လမင်း
04-အလွမ်း
05-မလုပ်နဲ့
06-စာမျက်နှာ(၁၅)
07-အလဲအကွဲ
08-၀ိရောဓိ
09-ပြန်ခဲ့ပါ
10-ဒါလီနေ့
11-အရင်လိုပါပဲ
12-မိုးတိမ်ထဲဝဲ
FB account သတိ
FB account ရှိသူတိုင်းအတွက် ရည်ရွယ်ပါတယ်။ ကိုယ့် မိတ်ဆွေထဲက တစ်ယောက်ယောက်ရဲ့ နာမည်နဲ့ပဲဖြစ်ဖြစ် "Visit the New Facebook" ဆိုတဲ့ လင့်(ခ်)ကို ပေးလာရင် မဖွင့်ကြပါနဲ့။
ငိုညည်းသံ
အေးစက်လွန်းတဲ့ မင်းအပြုံး
ချို့တဲ့လွန်းတဲ့ မင်းအချစ်
ရက်စက်လွန်းတဲ့ မင်းအလှ
နှိုင်းဖို့ အနှိုင်းတွေ မဲ့ခဲ့တယ်...
မင်းကိုချစ်တဲ့ နေ့စွဲများ
မင်းကိုလွမ်းတဲ့ ရက်စွဲများ
မင်းကိုမျှော်တဲ့ လများထဲ
မင်းအတွက်ကျတဲ့ မျက်ရည်စက်များ
ပေးဆပ်ရသမျှ မင်းနဲ့တန်ပါတယ်...
မင်းမုန်းတဲ့ အမုန်းများ
မင်းထားတဲ့ အညိုးများ
မင်းပေးတဲ့ ဒဏ်ရာများ
ပေးဆပ်မှုနဲ့ မမျှအောင်
လွန်လွန်းတယ်......
ဇက်ဗီ
ဘုရားသခင် တန်ခိုးတော် ပြခြင်းဖြစ်ရပ်မှန်
အိန္ဒိယနိုင်ငံ မြို့တမြို့၌ ဝေကလာနီမယ် ဘုရားကျောင်းကြီးတကျောင်းရှိသည်။ အာအယ်ဘရာ ဆိုသော ပုဂ္ဂိုလ်တဦးသည် တခုသောတနဂ်နွေနေ့တစ်နေ့၌ ဘုရားကျောင်းသို့သွားပြီး ဆုတောင်းနေစဉ်အချိန်တွင်း သန့်ရှင်း သောဝိဥာဉ်တော်မှ ကလေးငယ်တယောက်အသွင်ဖြင့် ဖန်ဆင်းပြခဲ့ပါသည် ထို ဖန်ဆင်းပြခဲ့သော ကလေး ငယ်မှ အာအယ်ဘရာအရှေ့မှရပ်ပြီး “မကြောက်ပါနဲ့ ငါစကားတခွန်း ပြောမယ် သေသေချာချာနားထောင်ပါ လောကကြီးထဲ ကြွဆင်းလာပြီး နွေးထွေးသော သူ့ရဲ့အချစ်တွေနဲ့ လောကီသားတွေကိုကယ်တင်ပြီးကောင်ချီး ပေး မယ့် သတင်းကို နေရာအနှံ့ဖြန့််ဝေပေးပါ။ သင်တို့ကောင်းချီးမင်္ဂလာအဖြာဖြာခံစားရပါလိမ့်မယ်။” အဲဒီလိုစကားပြောပြီး သန့်ရှင်းသောဝိဥာဉ်တော် ကလေးငယ်မှာကိုယ်ယောင်ပျောက်ကွယ်ခဲ့ပါသည်။
ဒီသတင်းကို မြို့တစ်မြို့ကလူတဦးကြားသိသောအခါ စာအစောင်ရေ ၁၅၀ စောင် ဖြန့်ဝေ ခဲ့သော ကြောင့် ၆၂ သန်းထီဆုကြီးပေါက်ခဲ့ပါသည်။ သူကတော့ ကီဘာကာကန်တန် ဆိုသူဖြစ်သည်။
ထိုအပြင်အာကာရာမြိုရှိ လူတဦးသည် ဒီသတင်းကိုစာစောင်ရေ ၆၁၅ စောင်ဖြန်ဝေခဲ့သောကြောင့်
(၂၄)ရက်အတွင်း ရွှေအပြည့်ပါသောအိတ်တလုံးရရှိခဲ့သည်။
ထိုနောက် လူတဦးက ထိုစာကိုထပ်မံလက်ခံရရှိခဲ့ပြီး-စောင်ရေ(၁၀၀)ထပ်မံဖြန့်ဝေခဲ့သည်။ ထိုစာကို ယုံကြည်မှုမရှိသောလူတဦးက အလကားစာပါ-အဓိပ္ပါယ်မရှိပါဘူးဆိုပြီးဖျက်ဆီးပစ်ခဲ့သောကြောင့်သူ ရဲ့ ကလေးသေဆုံးသွားခဲ့ရပါသည်။
အကာရာမြို့ရှိ ဘာရာဆဲ ဆိုသောသူက စာပါသတင်းနဲ့ပတ်သက်ပြီး ကဲ့ရဲ့ရှုတ်ချခဲ့သောကြောင့် လူနေမကောင်းဖြစ်စီးပွါးရေးပါပျက်ခဲ့ရပြီှး ဇနီးသည်ပါသေဆုံးခဲ့ရသည်။
ထို့နောက် မဒါန်မြို့နေသူငယ်ချင်းငါးယောက်မှ ပေါင်းပြီးစာစောင်ရေ(၁၆၀)ကိုဖြန့်ဝေခဲ့သော
ကြောင့် သူတို့အားလုံးစီးပွါးရေးတက် အစစအရာရာအဆင်ပြေလာခဲ့ရသည်။
ရုရှနိုင်ငံတွင်ကားမောင်းနေသော လူတဦးက ဒီသတင်းကိုကြားသိပြီးစာအစောင်ရေ (၁၀၀၀) ဖြန့်ဝေ
ခဲ့ပြီးနောက်(၂၅)သန်းထီဆုကြီးပေါက်သွားသည်။ လူတဦးက စာကိုထပ်မံလက်ခံရရှိပြီး (၉)ရက်အတွင်း ထပ်မံဖြန့်ဝေခဲ့သောကြောင့် အစစအရာရာပြည့်စုံ ပြီးလိုချင်တာရခဲ့ပါသည်။
ကုမ္ပဏီ သူဋ္ဌေးတစ်ဦးသည် သန့်ရှင်းသောဝိဥာဉ်တော်မှ ပြောသောစာကားကို မယုံကြည်သောကြောင့် (၁၅)ရက်ကျော်သည့်တိုင်အောင်ထပ်မံမဖြန့်ဝေခဲ့ပါ ထိုသို့မဖြန့် ဝေခဲ့သောကြောင့် သူပိုင်ဆိုင်သော ကုမ္ပဏီကိုပိတ်လိုက်ရသည်အထိ ပျက်စီးဆုံးရှုံးခဲ့ရပါသည်။
သန့်ရှင်းသောဝိဥာဉ်တော်ကိုမြတ်နိုးတန်ဘိုးထားသောလူပုဂ္ဂိုလ်တိုင်း မည်သည့်အခါမှ ဆင်းရဲမည် မဟုတ်ပါ ဒီအဖြစ်အပျက်က တကယ့်အမှန်တရားပါ။ မည်သူမဆိုဒီစာကိုလက်ခံရရှိခဲ့ရင် (၁၀)ရက်အ တွင်းရှေ့ဆက်ထပ်မံဖြန့်ဝေပေးပါလို့ အနုူးအညွတ်တောင်းဆိုလိုက်ပါသည်။
ဒီစာကို ယုံကြည်စွာဆက်လက်ဖြန့်ဝေပါက ဖြန့်ဝေသူတို့ရဲ့လိုအင်ဆန္ဒအားလုံးအမြန်ပြည့်ဝလာပါလိမ့်မည်။
ကျေှးဇူးပြုပြီးဒီစာကို မဖျက်စီး မဖျောက်ဖျက်ပါနဲ့လို့ထပ်မံတောင်းပန်လိုက်ပါသည်။
အားလုံးကိုကျေးဇူးတင်ပါသည်။
မှတ်ချက်
အီးမေးထဲကရတဲ့စာပါ......
ပုံလေးကတော့ကျနော်ထည့်တာပါ။

ဗဒင်၏ သီချင်းတွေစုစည်းခြင်း
01.သိပ်ချစ်တာပဲ
02.ပြန်လာမယ် ပြန်ချစ်မယ်
03.တိုက်တိုက်ဆိုင်ဆိုင်
04.နောင်တ
05.အဟောင်းဆိုင်
06.ချစ်တာမင်းတစ်ယောက်တည်း
07.ဒီအတိုင်းပဲ ဆင်းလာခဲ့
08.အရာရာမင်း
09.သိုးမဲတွေအကြောင်း
10.နေရာ(၂)
11.ပျိုပျိုမေ
12.ဘာသာပြန်
13.နေရာ(၁)
14.ချစ်အသည်းကျော်မလေး
Blog Day အမှတ်တရ(တဂ်ပိုစ်)
အားလုံးပဲ မင်္ဂလာပါလို့ နှုတ်ဆက်ပါတယ်။ ကျနော်နဲ့ကျနော့် blog လေးအကြောင်းလည်း သိချင်သူရှိကောင်း ရှိနိုင်ပါတယ်။ သူငယ်ချင်း ချင်းကလေးလည်းအားနာ ပြီးတက်လိုက်ပါတယ်။ ဒါ ပထမဆုံး တက်ပေါ့ဗျာ။ Blog day ကိုဘယ်လိုပေါ်ပေါက် လာတယ်။ ဘယ်သူကစတက် တာတော့ မသိဘူး။ အားလုံးကို တောင်းပန်ပါတယ်။
blog ဆိုတာ မသိခင် ကျနော် ဖရီးသုံးလို့ရတဲ့ ဆိုက်တခုခု ရှိရင် ကောင်းမှာပဲလို့ စဉ်းစားခဲ့ဖူးတယ်။ com တွေnetတွေ ဆိုတာ သူတို့ ဝယ်သုံးတာကိုး။ ကိုယ်ကမှ မဝယ်နိုင်တာ။ ဖရီး ရချင်တာက ဘာကြောင့်လည်းဆိုတော့ ကိုယ်ရေးတဲ့ ကဗျာလေးတွေ ဓာတ်ပုံတွေ သီချင်းတွေ တစုတစည်း ထားချင်လို့ပါ။ ဒါမှလည်း ဟိုရှာဒီရှာ ရှာစရာ မလိုတော့ဘူပေါ့။
သူငယ်ချင်းတစ်ယောက်ရဲ့ ကျေးဇူးကြောင့် webs.com မှာ အကောက်လေးဖွင့်နိုင်ခဲ့ပါတယ်။ အားလုံးတော့ အဆင်ပြေတယ်။ ဒါပေမယ့် မြန်မာစာရေးမှားတာ ပြန်ပြင်လို့မရဘူး...ကိုယ်မကျွမ်းလို့ ဖြစ်မှာပေါ့..ဟိဟိ..ရှိသေးတယ် template ပြောင်းလို့မရဘူး။
Blog ကကျနော် ကျောင်းမှာ စသိတာပါ။ ဆရာ စတီဗင် က ကျောင်းသား ၄၀ ကျော်လောက်မှာ blog တခုစီလုပ်ပေးတယ်။ သူကပြောတယ် ဒီမှာ မင်းတို့ရေးသမျှ ဆရာ လည်းဖတ်လို့ရတယ်။ သူငယ်ချင်းတွေလည်း ဖတ်လို့ရတယ်။ ဘယ်လို ဓာတ်ပုံ စာတွေ ဗီဒီယိုတွေ ဘယ်လို တင်မယ် ဆိုတာ ရှင်းပေမယ့် ငါ့လို ငတုံးက တခါသင်ပေးတာ နဲ့ ဘယ်လုံလောက်မလဲ။ စကားပုံမှာ အရိပ်ပြရင် အကောင်မြင်ရမယ်တဲ့ ကျနော် ငတုံးကတော့ အကောင်ပြရင် တောင် အရိပ် မမြင်နိုင်ဘူး။
အဲဒီ နောက်တပတ်လောက်မှာတော့ ကုလားမ တယောက်က template လှလှ လေးနဲ့ လာကြွားတယ်။ ကိုယ်ကတော့ မလုပ်တတ်တော့ အို template တောင် ပြောင်းလို့ရတာကိုးပေါ့ဗျာ။ ဒါနဲ့ ဒိန်းမတ်က သူငယ်ချင်းတစ်ယောက်က ကိုမင်းသုခ blog ကိုပို့ပေးတယ်။ သူဆိုက်ကိုကြည့်တာနဲ့ blogspot.com ဆရာလုပ်ပေးတာနဲ့တူတယ်။ အိုး ဒီလို ဆိုက်ကြီးတွေတောင် လုပ်လို့ရတာပေါ့။ ဒါနဲ့ပဲ blog ကို စတင်လေ့လာတော့တာပဲ။
မြန်မာပြည်မှာ ဆိုရင် ကွန်ပျူတာ မြင်ဖူး ကိုင်ဖူးတာမှ မဟုတ်တာ။ ဟီးးး မေ့လို့ ကိုင်ဖူး မြင်ဖူးတယ်။ 99/2000 မှာ ကျောင်းမှာ ကွန်ဗျူတာ ဖွင့်ပွဲရှိတယ်။A ခန်း B ခန်းက ရုပ်ရည် နည်းနည်းရှိတဲ့ အကောင်တွေ ခေါ်ပြီး ကွန်ဗျူတာ ခန်းမှာ နာမည်ရေးခိုင်းတယ်..ဆရာက လက်တွေ ကိုင်ရေးခိုင်းတယ်။ လက်တွေ တုန် ရင်တွေ ခုန်လို့ပေါ့။ အဲဒီမှာပဲ ဆရာကိုခေါ် ဓာတ်ပုံ တဖျံ့ဖျံ့နဲ့ အောက်လား အထက်လား အောင်မြင်ကြောင်းပို့တော့ တာပဲ။ အဲဒီနောက်တော့ မတွေ့ရတော့ဘူး။ အဲဒီ အခွင့် အရေးလေးကြောင့်လည်း ကွန်ဗျူတာ ဆိုတဲ့ အကောင် မြင်ဖူးတာပါ။ရုပ်ရည်မရှိရင် ဝင်မရပါ...ကြော်ငြာဝင်တာနော်။
ဒီလိုနဲ့ပဲ ကျနော် အများပိုင်နာမည်နဲ့ blog ကလေးတခုဖန်တီးနိုင်ပါတယ်။ နောက်တော့ ကျနော်ပြန် စဉ်းစားတယ် အများပိုင်နာမည်နဲ့ လုပ်တာ မကောင်းဘူး ...အမှားတခုခု လုပ်မိရင် ကျနော့်ကြောင့် အများနာမည် မပျက်စေချင်ဘူး...ဒီလိုနဲ့ပဲ 26/3/2011 မှာ ZP.LINTAN ကိုယ့်နာမည်နဲ့ blog လေး ဖန်တီးပြန်ပါတယ်။ အခုဆိုရင် ၆လပည့်တော့မယ်။
တိုင်းရင်းသားလေး ဆိုတော့လည်း blog လောကမှာတောင် လူချစ်လူခင်နည်းပါးတယ်။ မင်းဘာတွေ comment တွေရချင် လို့ blog လောကထဲ ရောက်လာတာမ ဟုတ်ပါဘူး။ တော်လို့ တတ်လို့ ပညာတွေ ပြချင်လို့လည်းရောက်လာတာ မဟုတ်ပါဘူး။ ဝါသနာ သက်သက်နဲ့ ဒီလောကထဲ အခက်အခဲ အမျိုးမျိုး ကျော်ဖြတ် ကာရောက်လာတာပါ။ အားမပေးနဲ့ လို့ပြောတာ မဟုတ်ပါဘူး...အားလုံးက ခင်မင်နိုင်ပါတယ်။
လူချစ် လူခင်နည်းတာ ကျနော့်ရဲ့ အားနည်းချက်လည်းပါပါတယ်။ သူများဆိုက်ရောက်ရင် ခြေရာ လက်ရာတွေသိပ်မချန် ရဲဘူး။သူ့ရဲ့ ပိုစ်နဲ့ ငါ့ရဲ့ ကော်မံ မတန်မှာကို ကြောက်တယ်။ တစ်ချို့ဆိုက်ကြီးတွေမှာ ခြေရာတွေ ချန်ချင် ပေမယ့် ကိုယ့်ကို ပြန်ကြည့်တယ်...ငါဟာ ဘာအကောင်မှ မဟုတ်သေးဘူး ဆိုတာသိတယ်။
ကျနော် အစမှာ စိတ်ကူးတာကတော့ ကိုယ်တိုင်ရေးတဲ့ စာ ဓာတ်ပုံ သီချင်းတွေတင်မယ်ပေါ့။ ကော်ပီ မတင်ဘူးလို့ ဆုံးဖြတ်တာ ပြဿက နည်းပညာမှာစတော့တာပါပဲ...ကျနော် ဖတ်ဖူးတဲ့ နည်းပညာတွေ blog ပြင်လာရင် ဘယ်ဆိုက် ဖတ်ဖူးတာ မမှတ်တော့ နည်းပညာ ဆိုက်တွေ လိုက်မွှေတော့တာပဲ..တခါတလေ မတွေ့လို့စိတ်ညစ်ရသေးတယ်။ ဒီလိုနဲ့ပဲ ကိုယ်ကြိုက်တဲ့ နည်းပညာတွေ ကူးပြီး ကိုယ့်ဆိုက်မှာ ထားတာ ပြန်ရှာတာလွယ်ကူတယ်...ဒါကော်ပီကူးခြင်းရဲ့ နိဒါန်းပေါ့။ ပြီးတော့ ကျနော် blog တွေလိုက် ဖတ်တယ်။ ကျနော်ဖတ်တဲ့ စာကောင်းပေကောင်းတွေ သူငယ်ချင်းတွေကို ဖတ်စေချင်တယ် သိစေချင်တယ်။ ကျနော် တယောက်တည်း ဖတ်ရင် ကျနော်တစ်တည်း ပညာရှိကြီး ဖြစ်လာမှာ ကြောက်လို့..ဟီးးးးးးးးးးးး
အွန်လိုင်ပေါ်က သူငယ်ချင်းတွေ မရည်ရွယ်ပါဘူး။ ဟိုမှာ blogger မပြောနဲ့ blog ဖတ်တဲ့လူမရှိသလောက်ပဲ။ ကျနော်တို့ဘက်ကိုပြောတာပါ။ ကျနော် အမှတ်တရ ဗီဒီယိုတွေတင်တာ ကြောင့် သူငယ်ချင်းတွေ လာလာကြည့်တယ်။ဒါနဲ့ သူတို့ ဖတ်မိမလားလို့ ကော်ပီကူးတင်ပေးတာပါ။ ဒါကော်ပီ ကူးခြင်းရဲ့ နိဂုံးပါ။
ကျနော်တို့ဘက်မှာ လူပေါင်းများစွာရှိပေမယ့် blogger တော့မရှိသေးဘူး..လောလောဆယ် blogger လိုလိုက ရှားရှားပါပါ ကျနော် တစ်ယောက်တည်းပါ။ ချင်းကလေးနဲ့ဆိုရင် ၂ယောက်ပေါ့...ကိုစံပီးက နာမည်တော့ချင်းပဲ။ သူနဲ့မသိရသေးဘူး...ဆိုက်ကြီးတွေကတော့ရှိပါတယ်။ သူတို့ကကြီးလွန်းတယ်။
မေ့လို့ အခုကို ချင်းကလေး (သို့) ခင်မောင်ချင်း ဆိုရင် စာအရေးအသား ကောင်းတယ်။ အားလုံးသိပြီးသားပါ။ သူ့လို ချင်းblogger များများထွက်လာဖို့ ဆုတောင်းပါတယ်။ခင်မင်သူဆိုလို့ blogger အားလုံးနဲ့ခင်ပါတယ်။ စကြ နောက်ကြ ပြောင်ကြတာ ကတော့ ကဗျာ ဆရာမ မမJasmine နဲ့ ချင်းကလေးပါပဲ....
မြန်မာ blogger တွေနဲ့ ပတ်သက်လို့ တစ်ခုလောက်တော့ ပြောပါရစေ...ဟိုးတလောက myanmar blogger ကိုကြီးကျော် ရှုံးသွားကြောင်း ဘယ်ဆိုက်မှာလည်း မမှတ်မိတော့ဘူး။ သွားဖတ်တယ်...လိဒ်ကိုလိုက်သွားတော့ ကိုကြီးကျောက်ရဲ့ ဆိုက်ကိုရောက်သွားတယ်။ အမှန်ဆိုရင် ကျနော် ကိုကြီးကျောက်ရဲ့ခေတ် မမီလာဘူး။ ရင်းလည်းမရင်း နှီးရသေးဘူး။ ဒါပေမယ့် ကိုယ့်ရင်ထည်းမှာ တမျိုးကြီး ဖြစ်တာ ကတော့ အမှန်ပဲ။ ဒါနဲ့ ကျနော် စဉ်းစားတယ်။မြန်မာblogger တွေဟာ လူချင်းမရင်းနှီးပေမယ့် စိတ်ချင်းတော့ ဆက်နွယ် နေတယ်ဆိုတာ သိရတယ်။ တဦးနဲ့ တဦး တိုက်ခိုက် မုန်းတီးမယ့် အစား တဦးနဲ့တဦ ချစ်ချစ်ခင်ခင် နေသွားမယ်ဆိုရင် နောင်နှစ်ပေါင်း ၂၀လောက်မှာ ဆိုရင် IT လောကမှာ ကမ္ဘာမှာ မြန်မာ ဆိုတာ မျက်နှာ ပြနိုင်လောက်ပြီ.....
စာကြွင်း
နောက်မှာပဲ blogger များနဲ့တွေ့ဆုံခြင်း ဆက်ရေးမယ်
comment ပေးလို့မရဘူး။template ကြောင့်ထင်တယ်။မနေ့ကပဲ ပြောင်းထားတာ ပင်ပန်းလို့ လောလော ဆယ်တော့ မပြောင်းသေးဘူး...သူ့ရဲ့ မူရင်း Demo မှာသွားစမ်းတာလည်းမရဘူး ။မျက်စိလည်ပြီး နည်းပညာရှင်များရောက်လာရင် လည်း ဘယ်လိုပြင်မယ် ဆိုတာသိရင် ဆီဗုံးမှာပြောပေးကြပါ...နည်းပညာရှင် မဟုတ်ရင်လည်း နည်းလမ်းလေးသိရင် ပြောပေးကြပါလို့ .....

အကြင်နာ(၂)
အကြင်နာ
တစ်ခါတစ်ခါ လွမ်းမိပါတယ်
အမြဲတမ်းတော့ မဟုတ်ပါဘူး
တိုက်ဆိုင်မှုလေးတွေ ရှိတိုင်းမှာပါ....
အကြင်နာ
တစ်ခါတစ်ခါ တွေးမိပါတယ်
မင်းနဲ့ငါ့ရဲ့ အတိတ်ကဇာတ်လမ်းလေး
အမြဲတမ်းတော့ မဟုတ်ပါဘူး
လွမ်းနေမိတဲ့ အချိန်တွေတိုင်းမှာပါ....
အကြင်နာ
တစ်ခါတစ်ခါ မင်းကိုစိတ်နာတယ်
ပိုးစုန်းကြူးက မီးကိုမြင်မြင်ရက်နဲ့
တိုးသလို
မင်းလည်း ငွေတွေမြင်မြင်ရက်နဲ့
ခုန်ချတယ်နော်
အဲဒီ အဲဒီနေ့မှာ ငါငိုခဲ့တယ်
ငွေဘက်လှည့်လိုက်တဲ့
မင်းမျက်နှာ လှလှလေး
ငါ နှမျောလိုက်တာ
မင်းဘယ်သိမလဲ...
အကြင်နာ
တစ်ခါတစ်ခါ မင်းကိုငါသနားတယ်
မင်းပါထက်က စီးတဲ့မြစ်ရေတွေက
ငါ့ရင်ဘတ်ကို လာလာတိုက်စားတယ်
အကြင်နာ
သူတို့မှာ ငွေပဲရှိတယ်
အချစ်မရှိဘူး
လောကမှာ ငွေရှိရင် ဘာမဆိုလုပ်လို့ရတယ်
ဒါပေမယ့်
ငွေကုန်ရင် ဘာမှလုပ်လို့မရပါဘူး
အကြင်နာ....
အကြင်နာ
မင်းပြောတော့
သူတို့က နေမင်းကြီးဆို
ငါ့ဘဝကို အစစအရာရာ
ပြည့်စုံအောင် ထားနိုင်မယ်ဆို
ဒီလိုဆိုကြေး ဆိုရင်
ငါလည်း လမင်းလေးပါ
ဘာအဆောင်အယောင်မှ မရှိဘူး
ဒါပေမယ့်
သေချာတာ တစ်ခုကတော့
မင်းကို ချစ်တဲ့ အချစ်စစ်တော့ရှိတယ်
မင်းအတွက် ထာဝရ
အေးမြတဲ့ အပြုံးလေးတော့ပေးနိုင်တယ်
အကြင်နာ
ဘဝမှာ အချစ်စစ်ပဲ လိုတယ်
အကြင်နာ....
တစ်ချိန်တုန်းက သိပ်ချစ်ခဲ့ဖူးတဲ့ အကြင်နာသို့....ဇက်ဗီလင်းတန်း
မကောင်းတဲ့ မှတ်ချက်တော့ မပေးပါနဲ့ မင်းလည်း ပင်ပန်းမယ်...ငါလည်းစိတ်ညစ်မယ်... အချိန်ပေးပြီး ဖတ်ပေးတာပဲ ကျေးဇူးတင်ပါတယ်။

ဆရာယုဒသန်နှင့် ကျွန်တော်
ကျွန်တော် သူရဇ္ဇ မဂ္ဂဇင်းတွင် နန်းမတော် မယ်နု ရှင်းတမ်း ရေးနေစဉ် နန်းမတော် မယ်နု ကောင်းမှု မဟာအောင်မြေ ဘုံစံ အုတ်ကျောင်းတော် ကြီးကို သွား၍ လေ့လာခဲ့သည်။
ယခင်က ရောက်ဖူးပါသည်။ သို့သော် အုတ်ကျောင်းတော်ကြီး အကြောင်း ရေးရမည် ဖြစ်၍ ထပ်မံ သွားရောက် လေ့လာခြင်း ဖြစ်၏။ အုတ်ကျောင်းတော်ကြီး၏ တောင်ဘက်တွင် သင်္ချိုင်းဂူ သဏ္ဌာန် ပြုလုပ်ထားသော ဧရာမ ကျောက်ဖြူတုံးကြီး ရှိသည်။ ထိုကျောက်ဖြူတုံး တောင်ဘက် မျက်နှာစာတွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် အောက်ပါအတိုင်း ကမ္ပည်း ထိုးထားသည်ကို တွေ့ရ၏။
“Judson Memorial Site of Ava Let-Mayoon Prison ဆရာ ယုဒသန်ကို အောက်မေ့ဖို့ရာ အ၀ လက်မရွံ့ထောင် နေရာ”ထိုကျောက်တုံးကြီး၏ အနောက်ဘက် မျက်နှာတွင်လည်း အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် “၁၈၂၄ ခုနှစ် ဇွန်လက ၁၈၂၅ ခုနှစ် မေလအထိ ဆရာ ယုဒသန်သည် သခင်ဘုရားကို ယုံကြည်ခြင်းအားဖြင့် လည်းကောင်း၊ မိမိ ရဲရင့်သော ခင်ပွန်း၏ လုပ်ကျွေး မွေးမြူခြင်းအားဖြင့် လည်းကောင်း၊ ဤအရပ်မှာ ကြီးစွာသော ဒုက္ခများကို ခံနိုင်လျက် မဖြောင့်မှန်စွာ အကျဉ်း ခံရသည်” ဟု မှတ်တမ်း တင်ထားပါသည်။
ကျွန်တော်သည် မြန်မာ့သမိုင်းမှ ဂျပ်ဆင် (ခေါ်) ဆရာယုဒသန် အကြောင်းကို သိတန်သလောက် သိပါသည်။ သို့သော်လည်း အထက်ပါ ဆရာ ယုဒသန်၏ အထိမ်းအမှတ် ကျောက်တုံးကို မြင်ရပြီးနောက် ပဒုံမင်း(ဘိုးတော်ဘုရား)နှင့် စစ်ကိုင်းမင်း (ဘကြီးတော်ဘုရား)တို့ လက်ထက်တော်မှ ဆရာ ယုဒသန် အကြောင်းကို ပြန်စဉ်းစား ရတော့သည်။ အစက ကျွန်တော်သည် ဆရာယုဒသန် အပေါ် အမြင် မကြည်ပါ။ မကြည်ရခြင်း အကြောင်းရှိ၏။ မောင်သုတ အမည်ခံ ဗိုလ်မှူးဘသောင်း ပြုစုသော စာဆိုတော်များ အတ္ထုပ္ပတ္တိ စာအုပ် ပဉ္စမ အကြိမ် နှိပ်ခြင်း ၂၀၀၂ ခုကို ရာပြည့်တိုက်မှ လက်ဆောင် ရသောအခါ ဖတ်ကြည့်သည်။
(ပထမအကြိမ် ၁၉၆၂ ခု ရှုမ၀ စာအုပ်တိုက်မှ ရိုက်စဉ်ကတည်းက ၀ယ်ဖတ်ခဲ့ပါသည်။ ထိုစဉ်က သတိ မထားမိပါ။) ယခုပဉ္စမ အကြိမ် ရိုက်နှိပ် သော စာအုပ်တွင် နံပါတ် ၁ အနန္တ သူရိယမှ စ၍ နံပါတ် ၁၇၁ မြမျိုးလွင် အထိ စာဆိုတော်ပေါင်း ၁၇၁ ယောက် ပါသည်။ ဖြည့်စွက် စာဆိုတော်များတွင် နံပါတ် ၁၇၂ ဦးရွှေဇံအောင်မှ နံပါတ် ၂၀၀ ပုပ္ပား ဦးကျော်ရင် အထိပါသည်။ ထိုစာဆိုတော်ပေါင်း ၂၀၀ တွင် နံပါတ် ၁၀၀ ၌ ဆရာယုဒသန် ၁၁၅၀-၁၂၁၂ ဟူ၍ သူ့အကြောင်း ဖော်ပြထားရာ ဆရာ မောင်သုတ ပြုစုသည့် စာဆိုတော်များ အတ္ထုပ္ပတ္တိတွင် သူ့တစ်ယောက်တည်း တိုင်းတစ်ပါးသား အနေဖြင့် မြန်မာစာဆို တော်များထဲတွင်ပါနေ၍၊ ဆွမ်းဆန်ထဲ ကြွက်ချေးရော နေသည့်သဖွယ် ခံစားရသောကြောင့် ဖြစ်ပါသည်။ “စာဆိုတော်” ဆိုသည့် တော်ဝင် နန်းထိုက်သော စာဆို များထဲတွင် ဤသာသနာပြု ဆရာကို အဘယ်ကြောင့်များ ဆရာမောင်သုတက ထည့်သွင်း ထားရသနည်းဟုလည်း ဝေခွဲမရ ဖြစ်ရပါသည်။ သို့ကြောင့် ဆရာ ယုဒသန်၏ ဘ၀ကို ဆန်းစစ်ကြည့် မိသည်။
မြန်မာနိုင်ငံသည် ပုဂံခေတ် အနော် ရထာမင်း လက်ထက်မှစ၍ ထေရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်လာခဲ့သည်။ မင်း ဧကရာဇ်များ ကိုယ်တိုင်က သာသနာ့ ဒါယကာမင်းများ အဖြစ် အမည်ခံကြသည်။ မြန်မာ လူထုကြီးမှာလည်း ဗုဒ္ဓ ဘာသာ လူထုကြီး ဖြစ်သည်။ ဤမျှလောက် ထုထည်အားဖြင့် ကြီးမားလှသည့် ဗုဒ္ဓဘာသာ အစိုင်အခဲကြီး အတွင်းသို့ ဆရာယုဒသန်သည် ထိုးဖောက်ဝင် ရောက်ရန် ကြိုးစားခဲ့သူဖြစ်၏။
ပဒုံမင်း နတ်ရွာမစံမီ ၆ နှစ် အလိုက ဆရာယုဒသန် (နာမည် အပြည့်အစုံမှာ ဒေါက်တာ အဒိုနိရမ်ဂျပ်ဆင်ခေါ်၏) နှင့် သူ၏ဇနီး အန်တို့ မြန်မာနိုင်ငံ ရန်ကုန်သို့ ၁၈၁၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်တွင် ရောက်လာကြသည်။ ထိုစဉ်က သူသည် ၂၅ နှစ်မျှသာ ရှိသေးသည်။ ဆရာ ယုဒသန်သည် သူ၏ မွေးရပ်ဌာနေ အမေရိကန်ပြည် မြောက်ပိုင်း မော်လဒင်မြို့မှ ထွက်ခွာ လာခဲ့ရာ အမေရိကန် သာသနာပြု လုပ်ငန်းကို ကြိုးပမ်းထမ်း ဆောင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၀င်ရောက်လာသူ ဖြစ်သည်။ အစက မြန်မာနိုင်ငံသို့ လာရောက်ရန် ဟူသော ရည်ရွယ်ချက် မရှိ။ အိန္ဒိယပြည်သို့ သာသနာပြု သွားရာမှ စိုးမိုး အုပ်ချုပ်နေသည့် ဗြိတိသျှ အစိုးရ၏ ငြိုငြင် နှင်ထုတ်ခြင်း ခံရမှုကြောင့် မြန်မာနိုင်ငံသို့ ရောက်လာခြင်း ဖြစ်သည်။
သူတို့ ဇနီးမောင်နှံသည် ရန်ကုန်မြို့သို့ ခရစ်နှစ် ၁၈၀၃ တွင် ရောက်လာကြသည်။ သူတို့၏ သာသနာပြု လုပ်ငန်း ဖြစ်မြောက် အောင်မြင်ရေးသည် မြန်မာ စကားကို နားလည်မှု၊ မြန်မာစာကို တတ်ကျွမ်းမှု အပေါ်တွင် အထူး တည်နေကြောင်း မြော်မြင် သိရှိကြသည့် အလျောက် ဇနီးမောင်နှံ နှစ်ယောက်လုံး မြန်မာ စကားနှင့် မြန်မာစာကို ဆရာ ဦးအောင်မင်းထံ၌ အထူး ကြိုးစားသင် ကြသည်။ မြန်မာ ဗုဒ္ဓဘာသာ လူထုကြီး ၏ အမြတ်တနိုး ဦးထိပ်ထားရာ ဖြစ်သော ပါဠိ စာပေကိုလည်း တတ်မြောက်ဖို့ လိုကြောင်း သဘောပေါက်၍ ပါဠိ စာပေကို ပါဠိပိဋကတ် ကျွမ်းကျင်တတ် မြောက်သော ဆရာ ဦးရွှေငုံထံတွင် သင်ယူကြသည်။
ထိုသို့ သင်ယူသည်မှာ သမ္မာကျမ်းစာ မြန်မာပြန်ရန်နှင့် ယင်းတရားတို့ကို မြန်မာ လူထုကြီးအား ဟောပြောရန် ဖြစ်သည်။ သို့သော် မြန်မာပြည်တွင် သာသနာပြု သက်တမ်း ၆ နှစ်နီးပါး ရှိ လာသည့်တိုင်အောင် မြန်မာ လူမျိုးများထဲမှသော် လည်းကောင်း၊ အခြားမြန်မာ တိုင်းရင်းသားများထဲမှသော် လည်းကောင်း ခရစ်ယာန် ဘာသာတွင်းသို့ ၀င်ရောက်သူ တစ်ဦးတစ်ယောက်မှ မရှိပေ။ မြန်မာ အစိုးရ အာဏာပိုင်များကလည်း ဆရာ ယုဒသန်၏ သာသနာပြု လုပ်ငန်းကို ကြည်ဖြူ နှစ်သက်ခြင်း မရှိပေ။ ဆရာ ယုဒသန်နှင့် တွဲ၍ သာသနာ ပြုနေသော ဂျော့အောက် ဆိုသူအား ရန်ကုန်ဝန်ရှင် တော်မင်းကြီးက-
“မြန်မာနိုင်ငံတွင်း မောင်မင်းတို့ ကြိုးပမ်း လုပ်ဆောင်နေချက် မှန်သမျှကို ရုံးတော်သို့ လာရောက် လျှောက်ထားရမည်။ မပြုလုပ်က အပြစ်အလျောက် စီရင်မည်”ဟု ခေါ်ပြောသဖြင့် ဂျော့နှင့် ဆရာ ယုဒသန် မောင်နှံသည် ရုံးတော်သို့ သွားရောက်ထုချေ ဖြေရှင်းခဲ့ကြရ သည်။ ထို့ကြောင့် ဆရာ ယုဒသန်သည် အင်းဝ နေပြည်တော်ရှိ မြန်မာ ဘုရင် မင်းမြတ်ထံ နိုင်ငံတော် အတွင်း ခရစ်ယာန် သာသနာပြု အမိန့်ကို တရားဝင် တောင်းခံရန် ကြံရွယ်သည်။
ထိုအချိန်၌ သာသနာပြု သက် တမ်း ၆ နှစ်ပြည့်ရန် ၁၆ ရက် အလိုတွင် ခရစ်ယာန် ဘာသာတွင်းသို့ ၀င်ရောက်လာသူတစ်ဦး ပေါ်ပေါက်၏။ ထိုသူမှာ မောင်နောဆိုသူ ဖြစ်သည်။ ၁၈၁၉ ခု ဇွန် လ ၂၇ ရက်တွင် မောင်နော ခရစ်ယာန် ဘာသာတွင်းသို့ ၀င်၏။ (ထို့ကြောင့် မောင်နောကို ဂုဏ်ပြုသောအားဖြင့် ရန် ကုန်မြို့ လမ်းမတော်တွင် “ဦးနော ဇရပ်” ဟူသော အဆောက်အဦကြီးကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။)
၁၈၁၉ ခုနှစ်၊ ဒီဇင် ဘာလ ၂၁ ရက်တွင် ဆရာယုဒသန် အင်းဝ နေပြည် တော်သို့ ထွက်ခွာ လာခဲ့သည်။ ထိုနှစ်မှာ အင်းဝ နေပြည်တော်၌ စစ်ကိုင်းမင်း နန်းတက်သောနှစ် ဖြစ်သည်။ မြန်မာ ဘုရင်အား ဆက်သရန် ရွှေပိန်း ချထားသော သမ္မာကျမ်းစာ ၆ တွဲခွဲ၍ ယူ ဆောင်ခဲ့သည်။ အတွင်းဝန်ဦးစ၏ အကူအညီဖြင့် ဘုရင့် ရှေ့တော်မှောက်ဝင် ရောက်ခဲ့ရသည်။ မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ခရစ်ယာန် သာသနာပြုခွင့် ပေးပါမည့် အကြောင်းတင်လွှာကို သံတော်ဆင့်က ဖတ်ကြား လျှောက်ထား ပြီးနောက် “ဓမ္မပေစာ” ကို ဘုရင်မင်း မြတ်အား ဆက်သလိုက်သည်။ ထို ပေစာတွင်-
“အနိစ္စ ရောက်တတ်သော သတ္တ၀ါ တကာတို့၏ အစိန္တေယျ အပ္ပမေ ယျ ကျေးဇူးတော် အစုံ၊ ဂုဏ်တော် အပေါင်းတို့နှင့် ပြည့်စုံတော်မူသော ထာဝရ ဘုရားတစ်ဆူတည်း သာလျှင် ရှိတော်မူကြောင်း၊ ထာဝရ ဘုရားမှ တစ်ပါး အခြား မရှိကြောင်း”
ဟုပါလေရာ စစ်ကိုင်းမင်းသည် ယင်းစာပိုဒ်ကို ဖတ်ရှုတော်မူပြီးနောက် ဆက်ဖတ်တော်မမူတော့ဘဲ ပေစာကို အောက်သို့ လွှတ်ချတော် မူလိုက်သည်။ သံတော်ဆင့်က ကောက်ယူကာ ဆရာ ယုဒသန်အား ပြန်ပေးပြီးနောက် ရွှေပိန်း ချထားသည့် သမ္မာကျမ်းစာ အတွဲကို ဆက်သမည် ပြုသော်လည်း ဘုရင် မင်းမြတ်က မသိကျိုးကျွန်နေ တော်မူ သည်။ ဆရာယုဒသန် လာရင်း ကိစ္စ အတွက် အရေး မလှတော့ပြီ။
“အမေရိကန် ဆရာတို့သည် အဘယ်ကြောင့် ဤအခွင့်အရေးကို အသနား ခံကြသနည်း။ ဘရင် ဂျီ၊ အင်္ဂလိပ်၊ ပသီ စသော အခြား ဘာသာဝင်တို့သည့် မိမိတို့ဘာသာ ထုံးစံအတိုင်း ကျင့်စောင့် ကိုးကွယ်နိုင်သည် မဟုတ်လော၊ အမေရိကန် ဆရာတို့၏ သံတော် ဦးတင်ရာ အကြောင်းများနှင့် စပ်လျဉ်း၍၊ မည်သည့်အမိန့်မျှ ချအပ် တော်မမူလို၊ ကျမ်းစာများကိုလည်း အသုံးတော် တစ်စုံတစ်ရာ မရှိသောကြောင့် ပြန်ယူသွားကြ စေ”
ဟုပင် မိန့်တော်မူလေရာ ဆရာ ယုဒသန်သည် အင်းဝ နေပြည်တော်မှ ရန်ကုန်သို့ ပြန်လာခဲ့ရလေသည်။
ရန်ကုန်သို့ ပြန်ရောက်ပြီး ၅ လ အကြာ မြန်မာ အမျိုးသမီး မမင်းလှနှင့် ဦးရွှေငုံတို့ ခရစ်ယာန်ဘာသာသို့ ၀င်ကြသည်။ မမင်းလှသည် မြန်မာ အမျိုးသမီးများထဲမှ ပထမဆုံး ခရစ်ယာန် ဖြစ်သူတည်း။ ဦးရွှေငုံမှာ ဆရာ ယုဒသန်အား ပါဠိစာပေ သင်ပေးသူဖြစ်သည်။
၁၈၂၂ ခုနှစ်တွင် ဆရာ ယုဒသန်သည် သာသနာပြု ဆရာဖြစ်သော ဆရာဝန် ဒေါက်တာပရိုက်နှင့် အင်းဝသို့ ဒုတိယ အခေါက် သွားရောက်ပြန်သည်။ ဒေါက်တာ ပရိုက်မှာ မျက်စိကုဆရာဝန် ဖြစ်ရာသူ၏ ဂုဏ်သတင်း ပျံ့နှံ့မှုကြောင့် မြန်မာဘုရင် အစိုးရစရိတ်ဖြင့် အင်းဝသို့ ခေါ်တော်မူခြင်း ဖြစ်သည်။ သို့ ကြောင့် ဆရာယုဒသန်သည် ဒေါက်တာ ပရိုက်နှင့် ကပ်၍ အင်းဝသို့ လိုက်ခဲ့သည်။ ဒေါက်တာ ပရိုက်၏ မျက်စိကုဆေး ပညာစွမ်းရည်ကို သဘောကျ၍ အင်းဝ၌ အမြဲ နေထိုင်ရန် ဘုရင်က မိန့်ကြားတော် မူသည်။ ဆရာ ယုဒသန်သည် ဒေါက်တာ ပရိုက်နှင့်ကပ်၍ အင်းဝ၌ နေရန် အခွင့် သာလာသဖြင့် သူ့ဇနီးအန်ကို ၁၈၂၄ ခုနှစ်၊ ဇန်န ၀ါရီလ ၃ ရက်တွင် အင်းဝသို့ ခေါ်ဆောင် လိုက်လေသည်။ ထိုအချိန်က ဆရာ ယုဒသန် မြန်မာပြည် ရောက်သည်မှာ ၁၀ နှစ်ခွဲ ရှိပြီ။ ခရစ် ယာန်ဘာသာသို့ ၀င်သူပေါင်း မှာ ၁၈ ယောက်သာ ရှိသေးသည်။
ထိုအချိန်တွင် အင်္ဂလိပ်နှင့် မြန်မာ စစ်ဖြစ်လာသည်။ ၁၈၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် ဆရာ ယုဒသန်နှင့် ဒေါက်တာ ပရိုက်တို့ အပါအ၀င် နိုင်ငံခြားသား မျက်နှာဖြူ အချို့ အဖမ်း ခံရလေသည်။ ဆရာ ယုဒသန်ကို ရှေးဦးစွာ အင်းဝမြို့ လက်မရွံ့ထောင်တွင် ၁၁ လ၊ နောက် ထိုထောင်မှ ဆယ်မိုင်ကွာသော အောင် ပင်လယ်ထောင်တွင် ၆ လ အချုပ် ခံရကာ ရန္တပို စာချုပ် ချုပ်ဆိုချိန်၌ မြန်မာအစိုး ရဘက်မှ စကားပြန် အဖြစ်လိုက်ပါ ဆောင်ရွက်ပေး၍ လွတ်မြောက်ခဲ့သည်။ ဇနီးကို ခေါ်ကာ အင်းဝမှ ထွက်ခွာခဲ့၏။ ထိုအချိန်၌ ခရစ်ယာန် ဘာသာသို့ ၀င်ခဲ့သူ ၁၈ ယောက်အနက် ၄ ယောက်သာ၊ ကျန်တော့သည်။ ၄င်းတို့ မှာ မောင်ရွှေဘ၊ မောင်အင်း၊ မမင်းလှနှင့် မတုတ်တို့ ဖြစ်သည်ဟု သိရ၏။
ဆရာ ယုဒသန်သည် အင်္ဂလိပ်ပိုင် ကျိုက္ခမီမြို့သို့ ပြောင်းရွှေ့နေထိုင်၏။ ဇနီးအန်သည် ၁၈၂၆ တွင် ကျိုက္ခမီ၌ ကွယ်လွန်သည်။ ထို့နောက် မော်လမြိုင်သို့ ရွှေ့ပြောင်း နေထိုင်သည်။ ထိုသို့ အင်းဝ၊ ကျိုက္ခမီ၊ မော်လမြိုင်တို့တွင် နေထိုင်ရင်း သူ၏ ရည်ရွယ်ချက် အတိုင်း သာသနာ ဖွံ့ဖြိုးရေးအတွက် အဘိဓာန် ပြုစုခြင်း၊ ဘာသာ ပြန်ဆိုခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ ယင်းနှစ် မကုန်မီတွင် ဆရာ ယုဒသန် အင်းဝသို့ သွားရန် ကြုံ လာပြန်သည်။ ရန္တပိုစာချုပ် အပိုဒ် ၇ အရ အိန္ဒိယ ဘုရင်ခံချုပ်က မြန်မာဘုရင့် အစိုးရနှင့် ဗြိတိသျှ အစိုးရတို့ ကူးသန်း ရောင်းဝယ်ရေး စာချုပ်တစ်ခု ချုပ်ရန် တနင်္သာရီတိုင်း မင်းကြီးဖြစ်သော မစ္စ တာ ခရော့ဖို့ ခေါင်းဆောင်သော သံအဖွဲ့ကို အင်းဝသို့ စေလွှတ်ရန်၊ ယင်းသံအဖွဲ့တွင် လက်ထောက်အဖြစ် လိုက်ပါရန် မြန်မာလို ရေရေလည်လည် ကျွမ်းနေသော ဆရာ ယုဒသန်ကို ခေါ်ဆောင်စေသည်။ ဆရာ ယုဒသန်သည် အင်းဝသို့ မလိုက်ပါလိုချေ။ သို့သော် ယင်းစာချုပ် တွင်-
“မြန်မာ လူမျိုးများသည် ဘာသာ တစ်ခုကို အဆီးအတား အကန့် အကွက် မရှိ လွတ်လွတ်လပ်လပ် ခံယူနိုင်ခွင့် ရှိစေရမည်”ဟူသော အချက်တစ်ချက်ထည့် သွင်းရန် မြန်မာ အစိုးရထံ ရလိုရငြားဟူ သော မျှော်လင့်ချက်ဖြင့် လိုက်ပါ သွားခဲ့သည်။ သို့သော် တကယ်တမ်းတွင် မြန်မာ အစိုးရက ဤအချက်ကို ပယ်ချ လိုက်ရာ ဆရာ ယုဒသန် အင်းဝသို့ လိုက်ရကျိုး မနပ်တော့ချေ။
ပုဂံမင်း လက်ထက်တော်၌လည်း ဆရာ ယုဒသန် အမရပူရ နေပြည်တော်သို့ တက်ရန် ကြံသေးသည်။ သို့သော် ပုဂံမင်းသည် လည်းကောင်း၊ ညီတော် မင်းတုန်းမင်းသည် လည်းကောင်း ဗုဒ္ဓသာ သနာကို အလွန် ကြည်ညိုသော မင်းများ ဖြစ်သည့် အလျောက် သာသနာ့ ဒါယကာ အမည် ခံနေသူများ ဖြစ်ခြင်းကြောင့် သူ့အကြံကို နောက်ဆုံး လက်လျှော့ လိုက်ရ၏။
ခရစ်နှစ် ၁၈၅၀ ပြည့်နှစ်တွင် မော်လမြိုင်၌ နာမကျန်း ဖြစ်သဖြင့် နေရပ်သို့ ပြန်ရန် သင်္ဘောဖြင့် ထွက်ခွာခဲ့ရာ လမ်းခုလတ် သင်္ဘောပေါ်တွင် သြဂုတ်လ ၁၂ ရက်၌ အနိစ္စ ရောက်သဖြင့် ရေချ သင်္ဂြိုဟ် လိုက်ရသည်။ ဆရာ ယုဒသန် သည် မြန်မာဘုရင် ပဒုံမင်း၊ စစ်ကိုင်းမင်း၊ သာယာဝတီမင်း၊ ပုဂံမင်း၊ မင်း တုန်းမင်းတို့ လက်ထက်တိုင်မင်း ၅ ဆက်ကို မီလိုက်သောသူ ဖြစ်သည်။
ဆရာ ယုဒသန်၏ သာသနာ ပြုမှုကြောင့် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲပြီးစ မြန်မာ ခရစ်ယာန်လေးဦးသာ ကျန်ခဲ့ သော်လည်း ခရစ်နှစ် ၁၉၁၀ ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံးတွင် ခရစ်ယာန် ဘာသာဝင်လူပေါင်း ၇၀၃၉၆ ထိ တိုးတက် လာသည်ဟူသော မှတ်တမ်း တစ်ခုကို ဖတ်ရဖူးသည်။ ယခု နောက်ထပ် နှစ်တစ်ရာ အကြာ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံလုံးတွင် ခရစ်ယာန် ဘာသာ ၀င်သူပေါင်း မည်မျှတိုးတက် များပြားလာမည်နည်း။ အဖြေ ရှာကြည့်က သိရပေမည်။
ထို့ကြောင့် သာသနာပြု ဆရာ ယုဒသန်၏ကျေးဇူးသည် ခရစ်ယာန် သာသနာ အတွက် အလွန်ပင်ကျေးဇူး များခဲ့ပေမည်။ ထို့ကြောင့်လည်း မြန်မာ ပြည်ရှိ ခရစ်ယာန်များက ဂျပ်ဆင်ကောလိပ် (ယခုရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာ အဆောက်အဦ) ဟူ၍လည်းကောင်း၊ ၄င်းဘေးတွင် ဂျပ်ဆင်ချပ်(ဘုရားရှိခိုး ကျောင်း) ဟူ၍လည်းကောင်း အဆောက်အဦများကို သူ့အမည်ဖြင့် ဂုဏ်ပြု တည်ထောင်ပေးခဲ့ကြသည်။
လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ်က ကျွန်တော်၏ ခရစ်ယာန် မိတ်ဆွေများ သည် မော်လမြိုင်သို့ သွားကြသည်။ မော်လမြိုင်၌ ဆရာ ယုဒသန် တည်ဆောက် ပေးခဲ့သော ပထမ ဘက်ပတစ် ဘုရားရှိခိုးကျောင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ကျင်းပသောကြောင့် ဖြစ်၏။ မကြာမီ ခရစ်နှစ် ၂၀၁၃ ခုနှစ် တွင် ဆရာ ယုဒသန် မြန်မာပြည် ရောက်သည့်နှစ် ၂၀၀ ပြည့် အထိမ်းအမှတ် ကျင်းပ ကြလိမ့်မည် ဟူ၍လည်း ထိုမိတ် ဆွေများထံမှ သိရပါသည်။
ဤသို့ သူ့ဘ၀ကို ဆန်းစစ်ကြည့်သော အခါ သူသည် အမေရိကန် သာသနာပြု လုပ်ငန်းကို ကြိုးပမ်းထမ်းဆောင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် အိန္ဒိယမှ တစ်ဆင့် မြန်မာပြည်သို့ ရောက် လာသည်။ သူတို့၏ သာသနာ အကျိုးများရေး အတွက် မြန်မာစကား၊ မြန်မာစာ၊ ပါဠိစာပေတို့ကို သင်ကြားတတ် မြောက်ခဲ့သည်။ ထိုသို့ တတ်မြောက် ခဲ့ရာမှ ပထမမက္ခရာ မင်းသားကြီးတို့နှင့် အပေါင်းအသင်း ဖြစ်ပြီး မက္ခရာ မင်းသားကြီးက အင်္ဂလိပ် အဘိဓာန်ကို မြန်မာဘာသာ ပြန်ဆိုခဲ့သည်။ ဒေါက်တာ ပရိုက် အကူအညီနှင့် ပြန်ဆိုခြင်းဖြစ်၏။ ဒေါက်တာ ပရိုက် မရှိသောအခါ ချား လိန်းက အင်္ဂလိပ် အဘိဓာန်က မြန်မာ ဘာသာကို ပြန်ပေးပြီး မက္ခရာ မင်းသား ကြီးက စီစဉ် တည်းဖြတ်ပေးသည်။
ဆရာ ယုဒသန်ကလည်း “မြန်မာ- အင်္ဂလိပ် အဘိဓာန်” နှင့် “အင်္ဂလိပ်-မြန်မာ အဘိဓာန်” တို့ကို နှစ်ရှည်လများ ကြိုးစား ပြုလုပ်ခဲ့သည်။ (၄င်းမြန်မာ-အင်္ဂလိပ် အဘိဓာန်ကြီးကား ဆရာ ယုဒသန် အနိစ္စ ရောက်ပြီးနောက် တစ်နှစ်ခန့် အကြာ ခရစ်နှစ် ၁၈၅၂ ခုနှစ်တွင် မော်လမြိုင်မှ အင်္ဂလိပ် ဘုန်းကြီး အီးအေ စတီပင် ဆက်လက် ကြိုးပမ်းချက် အရ ထွက်ပေါ်လာနိုင်ခဲ့ပါသည်။) ထို့ကြောင့် ဆရာ မောင်သုတသည် ဆရာ ယုဒသန်အား မြန်မာ စာပေကို လိုလားလိုက်စား လိုသူ တိုင်းတစ်ပါးသားတို့ အတွက် အဖိုးအနဂ္ဃ ထိုက်တန်လှပေသော “မြန်မာ -အင်္ဂလိပ် အဘိဓာန်” နှင့် အင်္ဂလိပ်-မြန်မာအဘိဓာန်” တို့ကို နှစ်ရှည်လများ ကြိုးစား အားထုတ်ခဲ့သူ အဖြစ် သူ့ကို “စာဆိုတော်များ အတ္ထုပ္ပတိ္တ” စာအုပ်တွင် အခြား မြန်မာ စာဆိုများနှင့် တွဲဖက်၍ မြန်မာစာ အကျိုးပြု စာဆိုတော်ကြီး အနေဖြင့် ထည့်သွင်းသည်ကို ကျွန်တော် သဘော ပေါက်လာပါသည်။ ဆရာ ယုဒသန် အပေါ် အမြင်မကြည်ခြင်း ဖြစ်ခဲ့ရသည့် အပေါ် ကျွန်တော် မှားကြောင်း ၀န်ခံပါရစေ။
မောင်သန်းဆွေ၊ထားဝယ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၁)
Source...http://lubo601.blogspot.com/2011/08/blog-post_9861.html#more

Subscribe to:
Posts (Atom)

Posted by