Mei Awm Law

စိန်

သူငယ်ချင်းတို့ရေ
ကြားကြရဲ့လား
ရွှေဈေးကျလို့
စိန်ဈေးတက်သတဲ့ကွယ်

ကောလဟလ သတင်းလည်း
ထွက်လာသေးတယ်
ရွှေဈေးနှင့်စိန်ဈေး
အတူတူပဲတဲ့

ညီမလေးရေ
ဘာဈေးတက်တက်
ဘာဈေးကျကျ
ငါတို့နဲ့မဆိုင်သေးဘူးထင်တယ်
ဒီမနက်ဝမ်းရေး
ဖြေရှင်းဖို့အတွက်
ဟိုအန်ဒီရဲ့ဆိုင်မှာ
ဆန်တစ်ပြည်
အကြွေးသွားယူလိုက်ပါ။

ညနေကျရင် အစ်ကို
ရေရောင်းပြီး ရလာတဲ့
ငွေသွားပေးမယ်လို့
ပြောလိုက်ပါ။   ။
ဇက်ပီ
Back to Top