Mei Awm Law

Blogger က Navbar ကို ဖြုတ်ချင်ပါသလား




ဒီစာကိုတော့ မကန်ဒီတို့ ကျွန်တော်သိသမျှ မှတ်သမျှတို့ အတွက် ရေးပေးတာပါ ။ မဖြုတ်ထားချင်လို့ တမင်သက်သက် ထားတာလားတော့ မသိ :)
ရေးမယ် ရေးမယ် နဲ့ မရေးဖြစ်ဘူး ။ ခု မဖြစ်ဖြစ်အောင် ရေးပေးလိုက်ပြီ ။

ပထမဆုံး မိမိရဲ့ ဘလော့ဂ်ကို ဝင်လိုက်ပါ ။ ပြီးရင်...
Design> Edit HTML ကို အစဉ်လိုက်သွားပါ ။ Expand Widget Templates ကို အစက်ဖြည့်ပေးလိုက်ပါ ။
/* Variable definitions အဲဒီစာသားကို ရှာလိုက်ပါ ။ အဲဒီမှာ.... တွေ့ပြီဆိုရင်တော့ /* Variable definitions ရဲ့အပေါ်မှာ အောက်က စာသားတွေကို ကပ်ထည့်ပေးလိုက်ပါ ။
#navbar-iframe
{ display: none !important; }
ပုံကို နမူနာကြည့်ကြည့်ပါ ။


ပြီးရင်တော့ Save လိုက်ပေါ့ဗျာ ။ အဆင်ပြေတယ်ဟုတ် :)
ခွန်မောင်ပန်

ကိုခွန်ရဲ့နည်းပညာပါ...ဒီနေ့ပဲ ကျနော် စမ်းကြည့်တယ် လက်နဲ့ ယူပစ်သလို ပျောက်သွားတယ်..ကျနော်ကTemplate ခဏခဏ ပြောင်းတတ်တော့ အရမ်းလိုအပ်တယ်...နည်းပညာရှင်တွေ မေးချင်ပေမယ့် နာမည်မှ မသိတာ။ခုတော့တွေ့ပြီ။
ကျနော်ရောက်တဲ့ ဘလောက် တော်တော်များများမှာလည်းရှိတယ်ဒီနည်းနဲ့ မြန်မြန်တာ ဖြုတ်ကြတော့နော်။
Back to Top