Mei Awm Law

အလွမ်းပုံပြင်


ဒီမနက် ငါနိုးတော့
အပြင်မှာ မိုးတစ်စိမ့်စိမ့်ရွာနေတယ်
ခရစ္စမတ်လည်း ရောက်တော့မယ်
အပြင်ကို ငေးကြည့်ရင်း
တိုးတိုးလေး ငါညည်းလိုက်တယ်
တောင်ပေါ်မှာ ချယ်ရီတွေ
ပွင့်တော့မယ်.....


ဌာနေကို မပြန်နိုင်သူ
အဝေး တစ်နေရာမှာ
နေ့ရွေ့ ညရွေ့
ဘာလိုလိုနဲ့
ကံကြမ္မာ စေရာ
စီးချက် မညီ
တီးဝိုင်း ကြမ်းကြမ်းတွေကြား
ဇာတ်ဆရာရဲ့ က ကွက်ထဲ
ငါ က နေတာ
12 နှစ်တောင် ပြည့်တော့မယ်....

သြော်
အခုလောက် ဆိုရင်
တစ်ချိန်တုန်းက
ရင်ဘတ်ထဲက
တောင်ပေါ် သူမလေးလည်း
အိုးနဲ့ အိမ်နဲ့
ဖြစ်လောက်ပြီ.....

ဇက်ဗီလင်းတန်း
(5.11.11)
Back to Top