Mei Awm Law

ပန်းရိုင်း


အနီးဆုံးရင်ခွင်ထဲ ငါထားတာ
အဝေးဆုံးကို ရောက်သွားတဲ့
ချစ်သူ...
မင်းအရိပ်တွေ လိုက်ဖမ်းရင်း
မင်းခြေရာတွေ ခံရင်း
မင်းအလိုတွေ ရှာရင်း
မင်းအလိုတွေ လိုက်ရင်း
တခါတခါ ငါ့စိတ်တွေ
တစိမ့်စိမ့် နာကျည်းလွန်းတယ်....

မင်းအချစ်တွေ
အမှိုက်ဗုံးထဲ ထည့်ထားတယ်
သို့ပေမယ့်
ကျန်နေသေးတဲ့ အမုန်းတွေ
တွယ်တာနေသေးတဲ့ သံယောဇဉ်ကြိုး
ဦးချစ်ကောင်းရဲ့ သီချင်းလို
ဘာဓါးနဲ့မှ ဖြတ်မရတာတော့
သိပ်ခက်တယ်......



ရခဲလှတဲ့ လူ့ဘ၀မှာ
မင်းတာနားလည်မယ် ဆိုရင်
ကျန်နေသေးတဲ့ ဘ၀လေးမှာ
မင်းနဲ့ငါ ပျော်ပျော်လေးနေချင်တယ်
ငါ့စိတ်တွေ မင်းမမြင်ရင်တောင်မှ
ရိပ်တော့ ရိပ်မိမယ် ငါထင်တယ်....


ဒီဘ၀မှာပဲ အတိတ်က ၀ဋ်ကြွေးတွေကြေပါစေ
ဒီဝဘမှာပဲ အတိတ်က ၀ဋ်ကြွေးတွေ ပြေပါစေ
တကယ်လို့ နောင်ဘ၀ ဆိုတာရှိနေသေးရင်
မင်းနဲ့ပြန်မဆုံပါရစေနဲ့လို့ ဆုတောင်းတယ်
တစ်ဘ၀လောက်တော့ ငါပျော်ပျော်လေး
ဖြတ်သန်းချင်ဖူးတယ်။

ဇက်ဗီလင်းတန်း
Back to Top