Mei Awm Law

ဟေ့ကောင်

ဟိုးတစ်ချိန် တစ်ချိန်တုန်းက
တို့ရွာ တို့ဌာနေလေးမှာလေ
ငယ်ဖော်တွေနဲ့ စကားစပ်လို့
ဟာသဖွဲ့လို့ ပြုံးပျော် ရွှင်မြူး
 ကြည်နူးကြခိုက်မှာ.....

အစိမ်းရောင်ဝတ်စုံနဲ့
လက်ထဲမှာ သေနတ်နဲ့
လူသားလား ဘီလူးအလား
ဟေ့ကောင် ဟေ့ကောင်နဲ့
လက်မှာ ဆွဲသူကဆွဲ
နောက်ကျောမှာ ကန်သူကကန်
လက်နဲ့ ထိုးသူကထိုး......

ရှေ့မှာ ဘာရှိတယ်
နောက်မှာ ဘာဖြစ်မယ်
သေသေချာချာ မသိ
ရေရေရာရာ မရှိလည်းပဲ......

ဟေ့ကောင် ဟေ့ကောင်
သေချင်သလားတဲ့
လူ့ပြည် လူ့လောကမှာ
ရခဲလှတဲ့ လူ့အသက်တစ်ချောင်း
 စိုင်းထီးဆိုင်ရဲ့ သီချင်းလိုပါပဲ
**သေတပန် ပြောင်းဝကို
အရိုင်းပန်းငယ် မလွန်ဆန်နိုင်
ဆက်သရုံပေါ့**

သူတို့ပေးတဲ့ အမိန့်အရ
သူတို့ညွှန်းတဲ့ မြေပုံအတိုင်း
အန္တရာယ်တွေကြား
အသက်လုပွဲမှာ အစာရယ်ခေါင်းပါး
ဝမ်းကမပြည့် အားအင်ရယ် ချိနဲ့
လူသားချင်း စာနာစိတ် အဆိပ်သင့်လို့...........

ရိတ္ခာတွေ ကျည်ဆံတွေ
ယာဉ်လမ်းပျောက်တဲ့
တောတောင်ချောက်ကမ်းပါး
ဆူးတောထဲမှာ ဟေ့ကောင်
တစ်ယောက် ဘော်ဒါ ထမ်းခဲ့ဖူးတယ်.......

ဟိုးတစ်ချိန်က ရှိခဲ့တယ်
အခုချိန်ထိ ရှိနေတုန်း
ဆလိုင်း ဆွန်ကျဲအိုရဲ့ သီချင်းလိုပဲ
**ဆုတောင်းခဲ့ဖူတယ် မိငယ်**
သရဲလို ချောက်ခြင်းမှ
 ခြင်္သေ့လို ဟောက်ခြင်းမှ
လူးသား အချင်းချင်း နှိပ်စက်ခြင်းမှ
သူငယ်ချင်း**ဟေ့ကောင်**
မင်းတစ်ယောက် လွတ်မြောက်နိုင်ပါစေ
ကမ္ဘာမြေကြီး ငြိမ်းချမ်းနိုင်ပါစေ
မြန်မာပြည်ကြီးလည်း ငြိမ်းချမ်းနိုင်ပါစေ....

စာကြွင်း။ ။17.may 2012 နော်ဝေးနိုင်ငံ လွတ်လပ်ရေးနေ့မှာ သူတို့ ပျော်ပျော်ရွှင်ရွှင်ကျင်းပတာကို ကြည့်ရင်း ရင်ဘတ်ထဲက ထွက်လာတဲ့ ကဗျာလေးပါ။
ဇက်ဗီလင်းတန်း
Back to Top