Mei Awm Law

ပန်းတော့ပန်းပဲ


ညီမလေးရေ
ဒါပန်းတော့ ပန်းပါပဲ
ဒါပေမယ့်
အဆိပ်ရှိတယ်.....

ညီမလေးရေ
ဒါလန်းတော့လန်းပါတယ်
ဒါပေမယ့်
အန္တရာယ်ကြီးတယ်....

ညီမလေးရေ
အရောင်အဆင်းမတူဘူး
ဓလေ့တွေ ခြားနားလွန်းတယ်
မပန်ထိုက်ဘူး ညီမလေးရေ.....

ကိုယ့်အတွေးအခေါ်
အယူအဆတွေ
ခေတ်နောက်ကျတယ်
ဒါပေမယ့်
မင်းရဲ့ရှေ့ရေးတော့
မတွေးရဲဘူး
ညီမလေးရေ
မီးဟာ မလောင်ခင်မှာ
တားရအောင်....

ညီမလေးရေ
ဒီပန်းကို ပန်မှ
မင်းသာယာမယ်
ဒီပန်းကို ပန်မှ
မင်းပျော်ရွှင်မယ်
ဒီပန်းကို ပန်မှ
မင်းပြည့်စုံမယ်
ဒီပန်းကို ပန်မှ
မင်းကျေးနပ်မယ်
ဆိုရင်လည်း
ပန်လိုက်ပါကွာ
မတားရက်တော့ပါဘူး...


အမည်းနဲ့ တွဲတွဲ နေတဲ့ ညီမလေးသို့...ဇက်ဗီလင်းတန်း


Back to Top