Mei Awm Law

ဧရာဝတီ ဆိုတာ.....


မြစ်ဧရာ

မြသားငယ်တဲ့ ရေ ယ မုန် ....
ငွေလှိုင်းတွေ ဖြူစွာနှင့် ....
မြစ်ဧရာ နဒီကြောမှာ....
မျော ဟော ဟော မျောကြဒိုက်ပုံ....

စတုတ္ထတန်း တုန်းက ကဗျာပါ...
ဧရာဝတီဆိုတာ ဒီကဗျာလေးနဲ့
စသိတာပါ.......

ဧရာဝတီ ဆိုတာ....
ငါတို့ ထမင်းအိုးလေ
ဆန်စပါး များစွာထွက်တဲ့
ဆန်အိုးကြီး
မကွဲစေနဲ့လေ
နေ့တိုင်းစားဖို့ လိုဦးမယ်....

ဧရာဝတီ ဆိုတာ....
ငါတို့ ဟင်းအိုးလေ
ပင်လယ် အစားအစာတွေ
နေ့စဉ်ပေးတဲ့ ဟင်းအိုးလေ
မခန်းခြောက်စေနဲ့
နေ့တိုင်း စားဖို့လိုဦးမယ်....



ဧရာဝတီ ဆိုတာ....
ငါတို့ ခရီးလမ်းလေ
မတားပါနဲ့ စီးပါစေ
နေ့တိုင်း သွားလာစရာ
ရှိသေးတယ်.....

ဧရာဝတီ ဆိုတာ....
ပင်လယ်ပျော် သတ္တဝါတွေ
ကုန်းပျော် သတ္တဝါတွေရဲ့
မြူးထူး ပျော်မြူးရာလေ
မပျက်စီးပါစေနဲ့
သူ့ရဲ့အလှတရား
ဆက်လက် ရှုစားချင်သေးတယ်....

ဧရာဝတီ ဆိုတာ....
သဘာဝနဲ့ လှပြီးသားပါ
မိတ်ကပ်တွေ မခြယ်ပေးပါနဲ့
ဒီအတိုင်းပဲ လှပါတယ်...

ဧရာဝတီ ဆိုတာ....
မင်းလက်ထဲ ရောက်မှ
မပျက်စီးပါစေနဲ့
ဧရာဝတီ ဆိုတာ
ဧရာဝတီ လိုပဲ
ထာဝရ ရှိ/စီးစေချင်......

ဇက်ဗီလင်းတန်း
Back to Top