Mei Awm Law

မတော်တဆ အချစ်

မရည်ရွယ်ဘဲ ဆုံမိတာ
ဘာစ်ကားဂိတ်မှာလေ
လူတကာထက် ထူးခြားတာ
မင်းရဲ့ မျက်ဝန်းလေး....။

မမျှော်လင့်ဘဲ ဆုံမိတယ်
မျက်လုံးချင်းပဲလေ
သူတကာထက် ထူးဆန်းတာ
မင်းရဲ့ အပြုံးလေး.......။



မထင်မှတ်ဘဲ ချစ်မိတယ်
နှလုံးသားမှာ လေ
မေ့ပစ်ဖို့တော့ မလွယ်တော့ပြီ
ငါချစ်ချင်တယ် ထာဝရ.....။



မချစ်ဖူးတဲ့ ငါ့နှလုံးသား
မင်းနဲ့ ကျမှပဲ
ငါကျင့်ကြံ စောင့်ထိန်းတဲ့ တရားများ

အားလုံးပျက်စီးသွား.....။

သီချင်းတွေတည်းပဲတင်တာနဲ့ သူငယ်ချင်းတွေ ပျင်းလောက်ပြီ ထင်တယ်။ ဒီနေ့တော့ မတော်တဆချစ်မိတဲ့ ကောင်မလေး အကြောင်း
 သီကုံးထားပါတယ်။အားပေး ဖတ်ရှုပေးတဲ့ လည်လည်တွေကို အထူးကျေးဇူးတင်ရှိကြောင်း...

ဇက်ဗီလင်းတန်း
Back to Top