Mei Awm Law

ရင်ဘတ်ထဲက ချစ်သူ


ငါ့ဘ၀ကို ပြုစား
ငါ့အနာဂတ်ကို ဖန်ဆင်း
မယ့်ချစ်သူ...။

ငါ့ရဲ့ ခြေလှမ်းတိုင်းကို ချုပ်ကိုင်
နွယ်လို ရစ်ပတ်
လူမိုက်လို နှိပ်စက်
ရင်ကို ခိုက်ခိုက် ခုန်အောင်
ကိုင်လှုပ်နိုင်တဲ့ ချစ်သူ...။

ငါ့ဦးဏှောက်ကို မင်းမူ
ငါ့အတွေးတွေကို စိုးမိုး
လွန်းတဲ့ ချစ်သူ...။



အသိစိတ်တွေ ဖမ်းစား
မသိစိတ်တွေမှာ ၀င်ရောက် မွှေနှောက်
တတ်တဲ့ ချစ်သူ...။


ဘယ်လောက် နီးနီး
နမ်းလို့ မ၀ဘူး
ဘယ်လောက် ဝေးဝေး
မေ့လို့မရဘူး
ရင်ခွင်မှာ ထား
ဘ၀ ဆက်တိုင်းဆက်တိုင်းမှာ
မင်းနဲ့ အမြဲထာဝရ
အတူတူ ရှိချင်တယ်...။



ဇက်ဗီလင်းတန်း
Back to Top