Mei Awm Law

Firefox logo ထဲမှ တိရစ္ဆာန်မှာ စင်စစ် မြေခွေးမဟုတ်

Firefox logo ထဲမှ တိရစ္ဆာန်မှာ စင်စစ် မြေခွေးမဟုတ်
===============================
ခေါင်းစဉ်ဖက်လိုက်တာနဲ့ မသိသေးတဲ့သူတွေအတွက် ထူးဆန်းကောင်း ထူးဆန်းနေလိမ့်မယ်။ တကယ်အမှန်ပါပဲ Firefox အမှတ်အသား ထဲက အနီရောင်နဲ့ တိရစ္ဆာန်လေးဟာ တကယ်မြေခွေး မဟုတ်ပါဘူး။

ယင်းအနီရောင်အဆင်းရှိတဲ့ တိရစ္ဆာန်ဟာ red panda လို့အမည်ရတဲ့ အနီရောင်ပန်ဒါ ဖြစ်ပါတယ်။ အနီရောင်ပန်ဒါ ကို အိန္ဒိယ၊ ဟိမဝန္တာ နဲ့ တရုတ်အနောက်ပိုင်း တို့မှာ အများဆုံးတွေ့ရပြီး မြန်မာနိုင်ငံရဲ့ အအေးပိုင်းဒေသဖြစ်တဲ့ ကချင်ပြည်နယ်တို့လို နေရာမှာ လည်း ကျက်စားတယ်လို့ ကြားဖူးပါတယ်။
Firefox ရဲ့ သမိုင်းကြောင်းတိုလေးကို ပြောပြပါမယ်။ မူလ Mozilla ဟာ Search engine တစ်ခုပြုလုပ်ပြီး Firebird ဆိုတဲ့ အမည်နဲ့ logo ကို ပြုလုပ်လိုက်ပါသေးတယ်။ အဲဒီလိုလုပ်တုန်းက Firebird ဆိုတဲ့ အမည်နဲ့တူတဲ့ အခြား ကုမ္ပဏီရဲ့ အမှတ်တံဆိပ်တစ်ခုနဲ့တူ နေတာကို
တွေ့ရပါတယ်။ ဒါကြောင့်မို့ Mozilla Team ဟာ အင်မတန်တွေးရ
ခက်ပြီး တူမတူတဲ့ အမည်နာမတစ်ခုနဲ့ လူသိများစေလိုတဲ့ဆန္ဒနဲ့ တိရစ္ဆာန်တော်တော်များများ လေ့လာခဲ့ကြပါတယ်။

(ဘာကြောင့် တိရစ္ဆာန်ကိုမှ Logo အဖြစ်အသုံးပြုချင်မှန်း စာရေး သူ မသိပါ) နောက်ဆုံးတော့ ကမ္ဘာမှာရှားပါး တိရစ္ဆာန်မျိုးစိတ် တစ်ခုဖြစ်တဲ့ အနီရောင်ပန်ဒါမျိုးကိုသွားတွေ့ပါတယ်။
ဒါကြောင့်မို့ ယင်းအနီရောင် ပန်ဒါကို Firefox ရဲ့ လိုဂိုအဖြစ် အသုံးပြုခဲ့ပါတယ်။ ဒါဆို Firepada လို့အမည်မပေး ဘူးလားလို့ စာဖတ် သူတို့ complaint တက်စရာရှိမယ်ထင်ပါတယ်။ အနီရောင်ပန်ဒါနဲ့ အမည်ပြောင် (Nick name) က Firefox (ရဲရဲတောက် မြေခွေး (ဝါ) အနီရောင် မြေခွေး) ဖြစ်နေပါတယ်။
ဒါကြောင့်မို့ Firefox လိုဂိုထဲက တိရစ္ဆာန်လေးဟာ အနီရောင်ပန်ဒါ
လေးဖြစ်ပါတယ်။

www.mmcfamily.org မှ
‪#‎သုတဇုန်‬ www.thutazone.com
Back to Top