Mei Awm Law

နေပြည်တော် မျှော်တိုင်းဝေး


နှစ်တွေ အခါခါပြောင်း
သက္ကရာဇ်တွေ အခါခါဟောင်း
ခဲ့တယ်.......



သြော်
မပြောင်းနိုင်
မဟောင်းနိုင်တာ
ဒီရင်ဘတ်ထဲက
အလွမ်းတွေ
ရစ်တထက်ရစ်ပတ်
ငါ့ကို နှောင်ဖွဲ့နေတယ်....


ငါ့ရွာလေး
ငါ့အိမ်လေး
အဖေအိုနှင့် အမေအို
သူငယ်ချင်းတွေနဲ့တွေ့ဖို့
ငါ အိမ်ပြန်ချင်တယ်.....


ဒါပေမယ့်
ဒါပေမယ့်

နေပြည်တော်
မျှော်တိုင်းဝေး။ ။

ဇက်ဗီလင်းတန်း
Back to Top