Mei Awm Law

ခရစ္စမတ် အလွမ်း


သိတတ်စ အရွယ်ကစပြီး
ခရစ္စမတ် ခရစ္စမတ်
စတဲ့ စတဲ့
ခရစ္စမတ် ပေါင်းများစွာ
ကျော်ဖြတ်
ဖြတ်ကျော်
ခဲ့ရတယ်....

မထင်မှတ်တဲ့
ဟိုးအရင် တစ်ချိန်က
ခရစ္စမတ်ပွဲလေးမှာပဲ ထင်ပါရဲ့
သူလေးနဲ့...........
သူလေးကပဲ မှတ်တမ်းတစ်နေရာမှာ
အမှတ်တရလေးများ တမင်တကာ
ရေးမှတ်ပေးသလား မသိ
ကိုယ်ကပဲ မှတ်တမ်းတစ်နေရာမှာ
အမှတ်တမဲ့ ရဲ့ အမှတ်တရများ
အသေအချာ ရေးမှတ်မှားသလားမသိ
သေချာတာ တစ်ခုကတော့
ဟိုးအရင်က ခရစ္စမတ်ပွဲလေးမှာ
သူနဲ့ သူနဲ့
မထင်မှတ်ပဲ
ပျော်ရွှင်စွာ ဖြတ်ကျော်ဖူးတယ်.....




နောက်ကြောင်းပြန် အတွေးတွေ
နောက်ကြောင်းပြန် အလွမ်းတွေ
နှင်းတွေ ဖုံးတဲ့ ဒီ ဒီဇင်ဘာမှာ
အမှတ်တရ ရဲ့ အမှတ်တရများ
ဒီနှစ် ဒီခရစ္စမတ် ရောက်တော့မှ
ပြန်ရချင်သေးတယ်
ဟိုး...အရင်က
ချယ်ရီတွေ ပွင့်တဲ့
ခရစ္စမတ် ပွဲလေး........

၂၀၁၁ အမှတ်တရ ရေးဖွဲ့တဲ့ ရင်ထဲက ကဗျာလိုလို.........
လာရောက်ဖတ်ရှု အားပေးသူများ အထူးကျေးဇူးတင်လျက်

ဇက်ဗီလင်းတန်း
Back to Top