Mei Awm Law

စေတနာ အမှား


ငါပြောချင်တဲ့ စကား
မင်းမှ မကြားချင်တာ

ငါမြင်စေချင်တဲ့ လမ်း
မင်းမှ မကြည့်ချင်တာ

ငါဖြစ်စေချင်တဲ့ ဆန္ဒ
မင်းမှ မလိုချင်တာ

ငါကြားစေချင်တဲ့ သတင်း
မင်းမှ နားမထောင်ချင်တာ


မှာပါရစေ
သူငယ်ချင်း
အရာရာကို စူးစမ်းပါ
အရာရာကို ဆင်ခြင်ပါ
အရာရာကို သင်ယူပါ
အရာရာကို သုံးသပ်ပါ
အကောင်းဆုံးကို ရွေးချယ်ပါ
မင်းရဲ့ မာနကိုတော့
နည်းနည်းလေး ဖဲ့လိုက်ပါ
မင်းဘ၀အတွက် အမြတ်ရလိမ့်မည်
စေတနာနဲ့ ပြောတာပါ......


ဇက်ဗီလင်းတန်း


Back to Top