Mei Awm Law

ကြည့်မှန်


Photo From Google

မှန်ကို ကြည့်မှ
ကိုယ့်မျက်နှာ အမှန်ကို
သေသေ ချာချာ
မြင်ရတယ်
တွေ့ရတယ်....

ကြားဖူးကြမယ်ထင်တယ်
**အလှ အတွက် မှန်ကြည့် သလို
ဘ၀ အတွက် စာကြည့်ပါ** တဲ့
ဒီဆောင်ပုဒ် တစ်ခု
ပညာဆည်းပူး ကျောင်းမှာနေတဲ့
မောင်မောင် မမတွေ
အတွက်သာ မဟုတ်ပါဘူး.....




ဘ၀အမှန်ကို အမှန်တကယ်
မြင်ချင် သိချင်
ရရှိချင်တော့
ဦးဦး ဒေါ်ဒေါ်
ကိုကို မမတို့
ဖတ်ရွက်ရမယ်
လေ့လာရမယ်
စူးစမ်းရမယ်
မှတ်သားရမယ်
ဆင်ခြင်ရမယ်
သုံးသပ်ရမယ်
စေတနာနဲ့ ပြောတာပါ.....


ကိုကိုမမ တွေရေးတဲ့ စာတွေ လေ့လာ ဖတ်ရှုရင်းနဲ့ ရင်ထဲက ပေါ်လာတဲ့ ကဗျာလိုလို စာတိုလေးတွေ သီကုံးမိပါတယ်။ မနေ့က မွေးတဲ့ ဒီကောင် ငါကိုယ်တော်မြတ်ကို ဆုံးမချင်သေးတယ် ဒီလိုတော့ မထင်ကြပါနဲ့နော်။ အားလုံး အားလုံး အမှန်ကြည့်တတ်ကြပြီး အကြည့် မှန်တတ်ကြပါစေလို့ ဆန္ဒပြုရင်း ဇက်ဗီလင်းတန်း
Back to Top