Mei Awm Law

ခြေလွန် လက်လွန် ကဗျာ


ကော်မန့် မရှိ
ဧည့်သည် မရှိ
ဘယ်သူမှ မသိ
အားမနာ ဘားမနာ
ဘလောက်ဂါ ဆိုတဲ့ဘွဲ့
လိုလို လားလား
ငါယူ လိုက်တယ်။

ကာရံ မညီ
လကာၤ မေခ်ာ
ငပျင်း စာသား
ပေါက်ကရတွေ
ကဗျာလိုလို
စာလိုလိုပေါ့


ရေးချင်တဲ့ စာ
ပေးချင်တဲ့ ရသ
လိုရင်းမရောက်
ကဗျာ မလှ
ဒို့ဘ၀.....

သူငယ်ချင်းတို့ရေ
မင်္ဂလာ ရှိသော
ဒီနှစ်သစ်မှာ
ခြေလွန် လက်လွန်
ကဗျာ လိုလို
စာလိုလိုတွေ
ဆက်လက် သီကုံး
ချင်သေးတယ်......

နှစ်သစ်မှာ အားလုံးပျော်ရွှင်နိုင်ကြပါစေ
ပုံလေးကတော့ ကူကယ်က ယူပါတယ်။
ဇက်ဗီလင်းတန်း
Back to Top