Jul
31
2011
ဘလောဂ်လုပ်နည်းစာအုပ်
ကျနော် ဘလောက်လုပ်ခါစမှာ ကိုမင်းသုခ ပို့ပေးသော စာအုပ် ဖြစ်ပါသည်။ ဖတ်ချင်ရင်တော့ wiew in fullscreen ကိုကလိပြီး ဖတ်ပါနော်။
Jul
31
2011
ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ
အပြည့်ကြည့်ချင်ရင် Wiew in fullscreen ကိုကလိပါ။ ဒီစာအုပ်သည် ကျနော်၏ ပထမဆုံး အပ်လောက် တာဖြစ်တယ်။ အမှားအမှန်ကတော့ မသိပါ။ စာအုပ်လုပ်နည်းပုံတွေကို အပင်ပန်းခံပြီး အီးမေးတွင် စိတ်ရှည် လက်ရှည် ပို့ပေးသော ပုသိမ်သားလေး ဖြိုးဝေ ကိုလည်း အထူးကျေးဇူးတင်ပါသည်။
Jul
31
2011
သံလွင်ဆီ၏ ဆေးဖက်ဝင် အာနိသင်များ . .
သံလွင်ဆီ၏ ဆေးဖက်ဝင် အာနိသင်များ . . . .
ကမ္ဘာတ၀န်းမှာ သံလွင်ဆီကို မိခင်သဘာဝကြီးကပေးတဲ့ အစွမ်းထက်တဲ့ ဆေးလက်နက်အဖြစ် လူသိများခဲ့တာ ကြာပါပြီ။
ရောဂါအမျိုးမျိုးနဲ့ တိုက်ခိုက်ရာမှာ ဖြစ်စေ၊ အသက်အရွယ်အိုမင်းခြင်းကိုကာကွယ်ရာမှာ ဖြစ်စေ သံလွင်ဆီရဲ့ အာနိသင်ဟာ သူမတူအောင် ထူးခြားလှပါတယ်။

သံလွင်ဆီရဲ့ ဆေးဖက်ဝင်အာနိသင်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
အာဟာရဓါတ်ကြွယ်ဝတဲ့အတွက် အားအင်ချို့တဲ့သည့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ နာလံထစလူနာများကို အားဖြည့်ဆေးအဖြစ် တိုက်ကျွေးနိုင်ပါတယ်။
သံလွင်ဆီကို မှန်မှန်လိမ်းပေးရင် အသားအရေ နူးညံ့ပျော့ပျောင်းစေပါတယ်။ ခရုသင်းရောဂါ ဖြစ်ပွားတဲ့နေရာကို သန့်ရှင်း လတ်ဆတ်သောဂျုံမှုန့်နှင့် ရောစပ်လိမ်းကျံပေးပါက အံ့သြလောက်အောင် ပျောက်ကင်း သက်သာစေပါတယ်။
အအေးမိခြင်း၊ ကိုယ်လက်လေးလံညောင်းညာကိုက်ခဲခြင်းနှင့် ရင်ကြပ်၊ ပန်းနာရောဂါများအတွက် အာနိသင်ထက်မြက်တဲ့ ရင်လူးဆေးတစ်လက်လည်းဖြစ်ပါတယ်။
သွားနာ၊ သွားကိုက်၊ သွားပိုးစား၊ သွားဖုံးနာ စတဲ့ သွားနဲ့ခံတွင်းရောဂါများအတွက် ထိရောက်တဲ့ ထည့်ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
ကင်းမလက်မည်း၊ ကင်းမြီးကောက်၊ ကင်းခြေများ စတဲ့ ကင်းအမျိုးမျိုးကိုက်ခဲ့လျှင် သံလွင်ဆီကို ကင်းဆိပ်ဖြေဆေးအဖြစ် သုံးနိုင်ပါတယ်။
ဝမ်းမီးကိုတောက်စေတဲ့အတွက် သူချည်းသက်သက်ဆိုလျှင် အကောင်းဆုံးအစာကြေဆေးနှင့် နှုတ်မြိန်ဆေးတစ်လက်လည်း ဖြစ်ပါတယ်။
ဝမ်းမီးအပူအပုပ်အချွဲများကို ဖယ်ရှားခြင်း၊ ၀မ်းမှန်စေခြင်း စတဲ့အာနိသင်များကြောင့် အစာအိမ်ရောဂါ၊ အူသိမ်အူရောင်ရောဂါ များကို ကုသပျောက်ကင်းနိုင်ပါတယ်။
အမျိုးသားသုံးအားဆေးအဖြစ်လည်းကောင်း၊ တိုင်းရင်းလိမ်းဆေးများဖြစ်တဲ့ ဒဏ်ကျေလိမ်းဆေး၊ အကြောဖြေလိမ်းဆေးများ ဖော်စပ်ရာမှာလည်းကောင်း အစွမ်းထက်သော ဆေးအမည်အဖြစ် အသုံးပြုနိုင်ပါတယ်။
သင့်ဆံကေသာအား လိမ်းပေးခြင်းဖြင့် ဦးခေါင်းအား အေးမြစေပြီး ဆံပင်ကို နက်မှောင်သန်စွမ်းစေ၍ ဆံပင်ကျွတ်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း၊ ဆံပင်အရောင်ပြောင်းခြင်းတို့မှ အထူးကာကွယ်ပေးပြီး ဗောက်၊ ဒက်များ တွယ်ကပ်ခြင်းမှ ကင်းဝေးစေပါတယ်။
အိမ်ထောင်ရှင်အမျိုးသမီးများ၏ ကိုယ်ဝန်ဆောင်စဉ်ကာလ ၀မ်းဗိုက်အားလိမ်းပေးပါက ဗိုက်ကြောမပြတ်အောင် ကာကွယ် ပေးသည့်အပြင် မွေးကင်းစ ကလေးသူငယ်များမှာ ဖြစ်တတ်သော အရေပြားယားယံခြင်းများကို အထူးပျောက်ကင်းစေပါတယ်။
Source>အညာသားGroup
Jul
31
2011
နဂါးမောက်သီးအကြောင်း တစေ့တစောင်း . . .
နဂါးမောက်သီး စားသုံးရသော အကျိုးကျေးဇူးများ
၁။ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ ထုံးဓါတ် ကြွယ်ဝစွာပါဝင်ပါသည်။
၂။ ကိုယ်ခန္ဓာ ကျန်းမာသန့်စင်ရေးအတွက် အရေးပါပြီး အစားအိမ်အတွင်းရှိ ခဲဓါတ်၊ သတ္တုဓါတ်နှင့် အဆိပ်ဓါတ်များကို ချေဖျက်ပေးနိုင်သည်။
၃။ အသားအရေတွန့်ခြင်းကို လျော့နဲစေနိုင်ပြီး အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးသည်။
၎။ အစာအိမ်ထဲရှိ အစာကိုကြာရှည်စွာ ထိန်းထားနိုင်သည့် အတွက် “၀” သူများကိုပိန်စေသည်။
၅။ သွေးချိုရောဂါဝေဒနာရှင်များ စားသုံးသင့်သည့် ရှားပါးသီးနှံများထဲတွင် ပါဝင်ပါသည်။
နဂါးမောက်သီးမှာ ဗီယက်နမ်သီးနဲ့ ယိုးဒယားသီးဆိုပြီး နှစ်မျိုးရှိပါတယ်။ အဖြူသီးနဲ့ အနီသီးဆိုပြီးလည်းနှစ်မျိုးရှိပါတယ်။
ဗဟုသုတ အဖြစ်ပေါ့နော်။ နေ၀န်းနီနီ
Jul
31
2011
ခရမ်းချဉ်းသီးရဲ့ အသုံးဝင်ပုံ
ကိုယ်အလေးချိန်လျော့ကျစေဖို့ အတွက် စားသင့်တဲ့ အစားအသောက်တွေကို သုတေသီတွေက လေ့လာ ဖော်ထုတ်ခဲ့ကြပေမယ့်. . တကယ်တမ်းမှာတော့ ထိထိရောက်ရောက် အသုံးဝင်တဲ့ အစားအသောက်ဆိုတာ ရှားပါတယ်.
. . ဒါပေမယ့် . . . အဲဒီအစားအစာတွေထဲမှာ ခရမ်းချဉ်သီး စားပေးတာက
ကိုယ်ခန္ဓာသွယ်လျဖို့ အတွက် တကယ်ကို ထိရောက် အသုံးဝင်ပါတယ်. .
* ခရမ်းချဉ်သီးဟာ ဗိုက်ပြည့်စေပြီး သရေစာ စားချင်စိတ်ကို ချိုးနှိမ်ပေးပါတယ်..
* ခရမ်းချဉ်သီးမှာ အစာ စားချင်စိတ် ဖြစ်စေတဲ့ ဟော်မုန်းကို ပြောင်းလဲစေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်.
* အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသမီးတွေကို လေ့လာမှုအရ ခရမ်းချဉ်သီး ညှပ်ထားတဲ့ ပေါင်မုန့်စားသူတွေဟာ. . . ခရမ်းချဉ်သီး မပါတဲ့
ပေါင်မုန့်စားသူတွေထက် စိတ်ကျေနပ်မှု ပိုရကာ နောက်ထပ်
အစာစားချင်စိတ်လျော့နည်းသွားကြောင်း လေ့လာ တွေ့ရှိရပါတယ်.
* တခြား လေ့လာ မှုတစ်ခုအရ ခရမ်းချဉ်သီးမျာ အစာ စားချင်စိတ်ကို ထိန်းချုပ်ထားတဲ့ ဟော်မုန်း Ghrelin ပမာဏာကို ပြောင်းလဲစေတဲ့ အာနိသင်ပါဝင်ကြောင်း သိရပါတယ်.
. .
* ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကလည်း ကင်ဆာလျော့ကျစေခြင်း ၊ မျိုးပွား နိုင်စွမ်းအားကောင်းခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေပါတယ်.
* ခရမ်းချဉ်သီးမှာ ဗီတာမင်စီ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် အနာကျက်နှုန်း မြန်စေခြင်းနှင့် ခန္ဓာကိုယ်မှာ သံဓာတ်စုပ်ယူအားကောင်း ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း
ရရှိစေပါတယ်. .
ဒါကြောင့် ခရမ်းချဉ်သီးကို ကိုယ်ခန္ဓာ
သွယ်လျလှပစေဖို့အတွက် စားပေးပါက တခြား ကျန်းမာရေး
အကျိုးရလာဒ်ကောင်းတွေကိုပါ. . ရရှိနိုင်မှာ ဖြစ်ပါတယ်. .
Source>အညာသားGroup
Jul
31
2011
ကြက်ဟင်းခါးသီးနှင့် ကျန်းမာရေး
ကျွန်တော်တို့စားသုံးနေတဲ့ ဟင်းလျာထဲမှာ ပါဝင်တဲ့ ကြက်ဟင်းခါးသီးဟာ ဆေးဖက်ဝင်ပါတယ်ဆိုတာ စားသုံးသူတော်တော်များ များ သိကြပါတယ်. . ဘယ်လိုရောဂါမျိုးတွေအတွက်ဆေးဖက်ဝင်တယ်ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာကြက်ဟင်းခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီးသုံးခုကို ကာကွယ်ကုသရာမှာ အထောက်အကူပြုပါတယ်..
၁။ ဆီးချို သွေးချိုရောဂါ
၂။ HIV ရောဂါ
၃။ ခုခံအားစနစ်နှင့် ပက်သက်သော ရောဂါများ (Immunological Diseases) များကို ကုသရာမှာ ထိရောက်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်. .
ဆီးချို၊သွေးချိုရောဂါအတွက်
ကြက်ဟင်းခါးသီးမှာ ပါတဲ့ အခါးဓာတ်နဲ့ အဖန်ဓာတ်တွေဟာ သွေးထဲမှာရှိတဲ့Glucose သကြားဓာတ်ကို ကျစေနိုင်တဲ့ သတ္တိရှိပါတယ်. . Glucose တွေဟာသွေးထဲကို အများကြီးရောက်မလာလို့ ဆီးချိုသွေးချို ဝေဒနာတွေအတွက်
အကျိုးရှိပါတယ်. ဒါကြောင့် ဆီးချို၊သွေးချိုသမားတွေဟာကြက်ဟင်းခါသီးကိုစားရင် များစွာာ အကျိုးရှိပါတယ်. . .
ကြက်ဟင်းခါးသီးကိုဆေးဖက်ဝင်အောင်စားရင် အစိမ်းအတိုင်း ပါးပါးလှီးပြီး တို့စရာလိုလုပ်စားမှသာ ရမှာ ဖြစ်ပါတယ်. .အပူပေးရင်လည်း ခဏတဖြုတ် အစိမ်းကြော်ကြော်သလိုမျိုး လုပ်မှ အာနိသင်ရမှာဖြစ်ပါတယ်. .
ဆီးချိုရောဂါဝေဒနာရှင်တွေက စားမယ်ဆိုရင်တော့ တစ်နေ့ကို ကြက်ဟင်းခါးသီး အနေတော် တစ်လုံးရဲ့ ¼ လောက် စားရင် လုံလောက်ပါတယ်.
HIV လူနာများကို Traditional Medicine အနေနဲ့ ကုသတဲ့ အခါမှာ ကြက်ဟင်းခါးသီးကိုအဓိကအသုံးပြုနိုင်ပါတယ် ကြက်ဟင်းခါးသီးထဲမှာ ပါတဲ့ MAP 30 ဟာ HIV-1ဗိုင်းရပ်စ်များကို မ၀င်နိုင်အောင် ဟန့်တားနိုင်တဲ့ အပြင် ကူးဆက်ပြီးသား
ဆဲလ်တွေမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးပွားများ မှုကိုပါဟန့်တားနိုင်စွမ်းရှိပါတယ်.
ကြက်ဟင်းခါးသီးကို စားတဲ့ အခါမှာ
အကြောတွေ တက်စေပတယ်. . ကြက်ဟင်းခါးသီးရဲ့ အစေ့နဲ့ အစေ့ညာတိုင်တွေကိုဖယ်ပြီး အသားချည်းပဲ စားရင်တော့ တက်တာ Blood Pressure တက်တာမျိုးမဖြစ်နိုင်ပါ. . ကိုယ်ဝန်ဆောင်တွေကတော့ကြက်ဟင်း
ခါးသီးကို လုံးဝမစားသင့်ပါဘူး နည်းနည်းစားရင် ပြသာနာမရှိပေမယ့် များများစားရင် ကိုယ်ဝန်ပျက်ကျတတ်ပါတယ်. . .
လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ Immune System လို့ခေါ်တဲ့ ခုခံအားစနစ်ရှိပါတယ်. . . အပြင်ကနေ ခန္ဓာကိုယ်ကို
ဒုက္ခပေးတဲ့ ပစ္စည်းတွေရှိပါတယ်. . .ခုခံအားနဲက ပတ်သက်တဲ့
ရောဂါတွေလျော့ပါးစေဖို့လည်း ကြက်ဟင်းခါးသီးကို စားသုံးသင့်ပါတယ်. . . .
Source>အညာသားGroup
Jul
31
2011
ဘလော့ လာလည်သူ နှင့် chat လို့ ရအောင်
ဟိဟိ .. ကျနော် တင်သော post ကို ဘယ်သူ့လာဖတ်ဖတ် မဖတ်ဖတ် အရေးမစိုက်ဘူး .. ကျနော့ အကိုကြီး ကိုမင်းသန့် ကိုပြောရရင်ကျေနပ်ပါတယ် ။။း)
ကဲကဲ ... မနောက်တော့ပါဘူးဗျာ.. အခု တင်မယ့် ပို့စ်က ကိုယ့် ဘလော့ကို လာလည်သူနဲ့ chat လို့ရတဲ့ ဘောက်စ် လေး ဘယ်လိုထည့်ရမလဲ ဆိုတာ ပြောပြမလို့ပါ ။ အောက်မှာ ပြထားတဲ့ ပုံကိုပြောတာပါဗျ ။
လုပ်နည်းလေးကတော့ ရိုးရိုးရှင်းရှင်းလေးပါ ။
Jul
31
2011
Scrollable (လင့်လေးတွေကို ခေါက်ထားရအောင်)
{ညအလင်္ကာ}အစ်ကိုရေ အစ်ကို့အောက်က ချစ်ရတဲ့ဘော်ဘော်တွေ လိုမျိုး ဘယ်လိုလုပ်ရမလဲဗျာ
ဟုတ်ကဲ့ဗျ.... လေးစားရသော ညအလင်္ကာ ခင်ဗျာ ..
ကျနော်လည်း သူငယ်ချင်းလင့်တွေကို
တစ်ယောက်ခြင်းဆီ ဖော်မပြထားပဲ Scrollable link အဖြစ်ဖော်ပြထားပါတယ်ခင်ဗျ။ အဲ့ဒီနည်းလေးကို
လုလု ဆီ ကနေ view slection source နဲ့ ကြည့်ခဲ့တာပါ ။ ဒီ sprite ရဲ့  မူရင်း ကိုကြည့်ချင်ရင်
တော့ ဒီနေရာမှာ မှာ ကြည့်နိုင်ပါတယ် ။sprite ရေးဆွဲသူကတော့ မြန်မာ မဟုတ်ဘူးလို့တော့ ထင်တာပဲဗျာ ..။ ဘယ်သူဆွဲဆွဲ အရေးမကြီးဘူး ။ အဓိက ကတော့ မသိသေးသော သူငယ်ချင်း များအတွက် လည်း အသုံးဝင်နိုင်အောင် ပို့စ် တစ်ခု အဖြစ် တင်လိုက်ပါတယ်ခင်ဗျာ..

30
2011
Jul
30
2011
kp3နည်းပညာရဲ့ဘလော့အဟောင်းထဲကPostတွေကိုအသစ်ထဲသို့ပြောင်းချင်ရင်
ကျနော်၇ဲ့အီးမေးလ်ကနေဘလော့ဂါညီလေးတစ်ယောက်က
တောင်းဆိုထားလို့သူ့၇ဲ့အီးမေးလ်ထဲမှာပြန်ပို့မယ်လို့ပါဘဲ၊
ဒါပေမဲံ့မသိကြသေးတဲ့မိတ်ဆွေတွေရှိခဲ့ရင်ပိုးပြီးအဆင်ပြေသွား
အောင်လို့ Post မှာတင်လိုက်၇ခြင်ပါ။
ဒါလေးကတော့ဘလော့အသစ်ထပ်ဖွင့်ပြီးဘလော့အဟောင်းထဲ
Postတွေကိုအသစ်ထဲသို့ပြောင်းနည်းလေးပါ။
ဘလော့အဟောင်းထဲကPostတွေကိုဘယ်လိုလုပ်ပြီးအသစ်ထဲသို့
ဘယ်လိုပြောင်းမလဲဆို၇င်
၁။ မိမိရဲ့ဘလော့Accounts နဲ့Blogger in Draft ထဲအ၇င်ဝင်ပါ>>>>
Jul
30
2011
Facebookရဲ့ Password မေ့သွားလို့ ပြန်တောင်းချင်ရင်
ရွေဘိုသားလေး: အညားသားများတို့ရေ ကျွန်တော့် facebook password ကိုမေ့နေလို့ ဖွင့်မရဖြစ်နေပါတယ် အဲဒါလေးကို ဘယ်လိုလုပ်ရမလဲဆိုတာ တစ်ဆိတ်ကူညီပေးပါခင်ဗျာ။
စီဘောက်စ် မှာ ကိုရွှေဘိုသားလေး မေးသွားတာလေးပါ။Facebook ရဲ့ Password မေ့သွားလို့ ပြန်တောင်းချင်ရင်
ပထမဆုံး Facebook webpage ကို ဦးဆုံးဖွင့်လိုက်ပါ။ ပြီးရင် အောက်က ပုံလေးမှာ ပြထားတဲ့ အတိုင်း
Forgot your password? ဆိုတဲ့ လင့်ကို ကလစ်နှိပ်လိုက်ပါ။
ထိုသို့ ကလစ်နှိပ်ပြီးပါက အောက်ပါပုံလေး ပေါ်လာပါလိမ့်မယ်။
Jul
30
2011
ဂျီတော့သုံးသူတိုင်း အက်ထားသင့်တဲ့ ဘာသာပြန်အကောင့်တွေပါ
ဂျီတော့သုံးသူတိုင်း အက်ထားသင့်တဲ့ ဘာသာပြန်အကောင့်တွေပါ
အွန်လိုင်းပေါ်မှာ ကိုယ်မသိတဲ့ ဘာသာစကားတွေနဲ့ ပြောဆိုတာ
တွေ့ရပါတယ် ကိုယ်မတတ်ရင် ဆဲဆိုသွားရင်လည်း ဘာမှ သိမှာ
မဟုတ်ပါဘူး ။
Jul
30
2011
Gmail သမိုင်းကြောင်း
Paul Buchheit
အမေရိကန်ကွန်ပျူတာပရိုဂရမ်မာ
Friend Feed တည်ထောင်သူ
Case Western Reserve တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။
Google ၏ လက်ရွေးစင်ပရိုဂရမ်မာများမှ ၂၃ ယောက်မြောက်
Jul
30
2011
Google + Facebook
တနေ့သ၌ ကျွန်ုပ်သည် အွန်လိုင်းပေါ် မရောက်သည်မှာ ကြာသဖြင့် မကြည့်ရသည်များကို အတိုးချ ကြည့်မိလေ၏။ ထူးခြားသည့် သတင်းများအနေဖြင့် Google + မှာ နာမည်ကြီး၍ နေလေသည်။ မိမိလည်း ၎င်းနှင့် ပတ်သက်သည် များကို လေ့လာကြည့်မိလေသည်။
Jul
30
2011
Gtalk မှာ zawgyi font ပြင်နည်း
Gtalk မှာ ဇော်ဂျီနဲ့ ရေးမယ်ဆို zawgyi font n keyboard install လုပ်ပြီးသားဖြစ်ရမည့်အပြင် မိမိ နဲ့ အပြန်အလှန် ချတ်သူမှာလည်း ရှိနေရပါမယ်။
ရှိထားပြီ ဆိုရင်တော့ လွယ်ပါတယ်။ နည်းနည်း ပြင်လိုက်ရုံဘဲ။
Gtalk ရဲ့ setting/general/change font/zawgyi/ok ပြီးပြီဗျာ။ မြန်မာလိုချတ်တော့ ပိုပြီး စုံစစေ့စေ့ ပြောလို့ ကောင်းတာပေါ့။
ရှိထားပြီ ဆိုရင်တော့ လွယ်ပါတယ်။ နည်းနည်း ပြင်လိုက်ရုံဘဲ။
Gtalk ရဲ့ setting/general/change font/zawgyi/ok ပြီးပြီဗျာ။ မြန်မာလိုချတ်တော့ ပိုပြီး စုံစစေ့စေ့ ပြောလို့ ကောင်းတာပေါ့။
Jul
29
2011
Jul
29
2011
ရတနာမြိုင် သင်္ကြန်(၂)
01-Intro
02-ရေတွေစိုကုန်ပြီ...ဇော်ပိုင်
03-ဖြူနီပြာဝါ...R.ဇာနည်
04-ဟိုအရင်ကသင်္ကြရက်...ရဲလေး၊သီရိ၊Bambino
05-အချမ်းပြေ...ဖြိုးကြီး
06-ဟုတ်ကိုဟုတ်နေပြီ...ချစ်သုဝေ
07-နွေကဗျာ...ဖိုးကာ
08-မနေနိုင်သင်္ကြန်...မြေပဲယို
09-သင်္ကြန်စိတ်သစ်...ဟိန်းဇော်၊ဟိန်းသူအောင်၊ငယ်ငယ်
10-ချမ်းတုန်ချမ်း...ကြာညိုသွယ်
11-လျှောက်လည်မလား...အိစံ၊ေ၀၀ါး၊မင်းသန့်
12-ချမ်းပါတယ်...NO
13-Making
Jul
29
2011
Jul
29
2011
Change Mouse cursor of your Blogger ?
ထုံးစံအတိုင်းပေါ့ဗျာ ။ ပြီးရင်</head>ကို ရှာလိုပါဗျာ ။
ကျွန်တော် တစ်ခုပြောချင်တယ် ဗျ ။ဒီလိုရှာရမှာ အစက ကျွန်တော် ရှာနည်း မသိခင်မှာ ဆိုရင် တော်တော်လေးက စိတ်ညစ်ရတယ်ဗျ ။ စာဖတ်သူတို့ စိတ်မညစ်ရအောင် တစ်ခုလောက်ညွန်ပါရစေ ... ။
တစ်ချို့တွေ သိပြီးသားဖြစ်မှာပါ ။Ctrl+Fကို တွဲနိပ်လိုက်ပါ ။ အဲဒါဆိုရင် အောက်နားမှာ Chantroom လိုမျိုးတန်းတစ်ခုတက်လာလိမ့်မယ် ။ အဲဒီမှာ ကိုယ်ရှာမယ့် စာကို ကော်ပီထည့်လိုက်ပါ ။
Jul
28
2011
တစ်မြေထဲမှာ (၁)
01.တစ်မြေထဲမှာ – Group Song
02တောင်ဇလပ်ပင်အောက်က သဇင်ချစ်သူ – အယ်လ်လွန်းဝါ
03.ဖားစည်မြေကဖိတ်ခေါ်သံ – မီးမီးခဲ
04.မဟာ (၁) – စည်သူလွင်
05.စောရအိုင် – ရေဗက္ကာဝင်း
06.မချစ်ဖူးသေးသူမို့ – ဆုန်သင်းပါရ်
07.မြေပြန့်သူလေး – စိုင်းထီးဆိုင်
08.ချစ်သောနေ့ – စင်ဒီ + ကြိုးကြာ
09.ကလေးသီချင်း – ဟက်ကက်
10.မဟာနွယ် – ၀င်းကိုခိုင်
11.ကျောင်းတုန်းကဇာတ်လမ်း – ဒေါင်းလွဏ်း
12.ကောက်သစ်စားပွဲတော် – Kဂျာနူး
13.အိမ်မက်လှလှမက်ပါစေ – ဘွေမင်းလျန်
14.မလိခမှအလွမ်းလေးတွေ – အယ်လ်ဆိုင်းဇီ
15.ရင်ငွေ့ – ချောစုခင်
16.ရင်ထဲကတောမီး – မေရီလင်း
17.ဆောရီး – အဒဲ
Jul
28
2011
တစ်မြေထဲမှာ (၂)
01.ချစ်ကြပါ – စောဖိုးခွားနှင့်အဖွဲ့
02.မနောအလှပန်းမောင့်ချစ်သူ – အယ်လ်ခွန်းရီ
03.ကောင်းလေးချစ်သူ – ဆုန်သင်းပါရ် ၊ စင်ဒီ ၊ ကြိုးကြာ ၊ မေရီလင်း
04.အပျိုဟိုင်းကြီးရဲ့  ဒေါသ – SNO
05.အလွမ်းပြေထိုင်ခုံတန်းလေး – စံပီး
06.အေးဆေးပဲ – အားမူ
07.ကမ္ဘာနဲ့အချစ် – ဘရိတ်ကီ အားမူ
08.နှုတ်ဆက်ထွက်ခွာခြင်း – ဇမ်းနူး
09.ငွေတောင်တန်းဆီပြန်လာပါ – စိုင်းဆိုင်မောဝ်
10.အိုကစ္တပ – မြတ်ခိုင်ကျော်
11.မပြောင်းလဲတဲ့အချစ် – ဘေးဘီ
12.မင်းနဲ့မှဖြစ်မယ် – စောခူဆဲ
13.ဘာမှထပ်မမေးနဲ့ – ဖြူနှင်းပွင့်သွေး
14.မလွမ်းဘူး – ကေကေ
15ကိုယ်ပိုင်အချစ် – နန်းမြတ်သန္တာကို
16.မုန်းပြီတဲ့လား – လေးလေးဝါး
17.တစ်ခုတည်းသော – ကိုင်ဇာတင်မုံ
Jul
27
2011
ပန်းလေး
ပန်းလေး
ကိုယ်ချစ်တဲ့
ပန်းလေးရယ်....
အနားမှာထား
မွှေးမွှေးပေးလိုက်ချင်တယ်
ဒါပေမယ့်......
မင်းနဲ့နှိုင်းဖို့
အနှိုင်းမဲ့
သြော်...
မနှိုင်းရက်ပါဘူး...
လှတဲ့ပန်းကလေး
ကိုယ့်ကြောင့်
နွမ်းမလား
စိုးရိမ်တယ်.....
ဇက်ဗီလင်းတန်း
Jul
27
2011
Kp3 ရဲ့ Starfallingcolour
အခုတင်တဲ့ပိုစ်လေးကတော့kp3နည်းပညာ၊၂၈၅၊ရဲ့Commentsမှာတောင်းဆိုထားတာဖြစ်ပါတယ်။ဘလော့ဂါလောကမှာ ဘယ်သူမှမသုံးသေးတဲ့StarFallingColourအသစ်လေးပါ။မိမိရဲ့ဘလော့မှာKp3ရဲ့StarFallingColourထည့်ချင်တဲ့ဘလော့မိတ်ဆွေတွေအတွက်ပါ။ အောက်မှာပုံနဲ့တကွကုဒ်လေးပေးထားပါတယ်။ဘလော့မိတ်ဆွေအားလုံးကိုခင်မင်လေးစားလျှက်ပါ။
Jul
26
2011
Cbox အကြောင်းသိကောင်းစရာလေးများ
Cbox ဆိုတာကတော့ ဘလော့ဂ်တွေ တော်တော်များများမှာ တွေ့နေရတဲ့ ဘလော့ဂ်ရေးသူနဲ့ လာလည်သူတွေကြားက communication tool လေးတစ်ခု ပါပဲ. လာလည်သူတွေ ကလည်း သူတို့ပြောချင်တဲ့ Message တွေကို Cbox မှာ ထားခဲ့တယ်။ ဘလော့ဂ်ပိုင်ရှင်ကလည်း ပြန်ပြောမယ်။ မှန်တာကို ပြောစတမ်းဆိုရင် ကိုယ့်ရဲ့ Cbox မှာ လာလည်သူတွေ များတာကို ဘလော့ဂ်ပိုင်ရှင်တိုင်း ၀မ်းသာအားရ ဖြစ်မိကြပါတယ်။
Jul
25
2011
Facebook တွင်အသစ်တင်သမျှကို Gmail ကနေကြည့်ရအောင်
Facebook သုံးသူများအတွက်ပါ။ မိမိရဲ့ Facebook ကို မိမိရဲ့ Gmail window မှာကြည့်နိုင်ပါတယ်။ သူငယ်ချင်း။တစ်ယေက်ယောက်က အသစ်တင်တာနဲ့ သင့်ရဲ့ Gmail window ထဲက Facebook gadget မှာတန်းဝင်လာမှာပါ။ အသစ်မတင်လျှင် ယခင်တင်ပြီးသား အကြောင်အရာများ ပေါ်နေမှာပါ။
Jul
25
2011
Facebook အကောင့်ကိုအသုံးမလိုတော့လို့ဖျက်ချင်သူများအတွက်
ကျွန်တော်တို့တွေအသုံးပြုနေတဲ့ Facebook အကောင့်တွေကိုအကြောင်းအမျိုးအမျိုးကြောင့်ဖျက်ချင်တဲ့သူများ
အတွက်နည်းလမ်းလေးပါ။အောက်မှာကျွန်တော်ပုံလေးတွေနဲ့လဲပြထားပေးပါတယ်။
Jul
25
2011
Cbox ထဲက comment ကိုဖျက်ချင်တယ်ဆိုရင်
မိမိရဲ့ Cbox ထဲက Comment ပေးထား၊ ရေးထားတာများကို အကြောင်းအမျိုးမျိုးကြောင့် ဖျက်ချင်တယ်ဆိုရင်. http://www.cbox.ws/ ထဲကို Signin လုပ်ပါ. ထို့နောက် Messages ကို Rightclick လုပ်လိုက်ပါ. ၄င်းထဲက Messages ကိုပဲ ထည်ရွေးပြီး ကလစ် ပါ. အောက်ကပုံလေးအတိုင်းထွက်လာပါလိမ့်မယ်.
Jul
25
2011
Facebook တွင် ကိုယ်ရေးအချက်အလက်များ ထိန်းသိမ်းနိုင်ရန်ပြုလုပ်ခြင်း
Facebook ဆိုတာဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူအများစုအသုံးပြုနေကြတဲ့ Social Network တစ်ခုဆိုတာ လူတိုင်းသိပါတယ်။ တစ်ခုရှိလာတာက လူတွေအများကြီးအသုံးပြုလာတော့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထိန်းသိမ်းနိုင်ဖို့လိုအပ်လာပါတယ်။ ဒီလိုထိန်းသိမ်းနိုင်ဖို့အတွက် Facebook ရဲ့ Privacy Setting ကိုအသုံးပြုနိုင်ဖို့လိုအပ်ပါတယ်။
Jul
25
2011
How to Delete a Blog (ဘလော့ကို Delete လုပ်နည်း)
မိမိ ဘလော့ ကိုအရင် sign in လုပ်ပါ၊
နောက် setting ကိုနှိပ်ပါ၊
ပြီးရင် Basic ကိုနှိပ်ပြီး Delete blog ကိုနှိပ်ပါ၊
နောက်ထပ် DELETE THIS BLOG ထပ်နှိပ်ပြီးလျှင် confirm လုပ်ပေးပါ၊
Jul
24
2011
အိုင်စတိုင်း
(Bene) MYMC ပရိတ်သတ်များ မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်တို့ရဲ့ Knowledge101 အစီအစဉ်လေးကို တင်ဆက်ပေးဖို့ အချိန်ရောက် လာပြန် ပါပြီ။ ဒီတစ်ပတ် အတွက် တင်ဆက်ပေးဖို့ စီစဉ်ထား တဲ့သူတော့ Modern Physics ရဲ့ဖခင်လို့ အများကတင် စားလေ့ရှိတဲ့ သိပံ္ပပညာရှင် Albert Einstein ပဲဖြစ်ပါတယ်။ E=mc2 လို့ ဆိုလိုက်တာနဲ့ German လူမျိုး သိပ္ပံပညာရှင် Einstein ကို ရင်းနှီးပြီးသား ဖြစ်မှာပါ။ ကျွန်တော်တို့အနေနဲ့ Einstein နဲ့ ပတ်သက်တဲ့ သူ့ဘ၀အကြောင်းလေးတွေနဲ့ သူ့ရဲ့သိပ္ပံလေ့လာတွေ့ရှိချက်တွေကို MYMC ပရိသတ်ကြီးကို တင်ဆက်ပေးသွားမှာ ပါ။ ကျွန်တော်နဲ့အတူ ကူညီတင်ဆက်ပေးမယ့် ဒီဂျေကတော့ ^AnGeL^ ပဲ ဖြစ်ပါတယ်။ မပြည့်စုံမူများ ရှိခဲ့တယ်ဆိုရင်လည်း နားလည်မှုနဲ့ ခွင့် လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ကဲ... ဒါဆိုရင် ပထမဦးဆုံးအနေနဲ့ DJ ကပဲ Einstein ရဲ့ ငယ်ဘ၀နဲ့ သူကြီးပြင်းလာပုံလေးကို စတင်ပြော ပေးပါအုံးနော်။
ကိုယ်ရေးအကျဉ်းနဲ့ ငယ်ဘဝ

Einstein ဟာ အတွေးအခေါ်နဲ့ စူးစမ်းလေ့လာစိတ်ရှိသူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူငယ်ရွယ်စဉ်မှာ သူ့ဖခင်ဆီကနေ အိတ်ဆောင်သံ လိုက်အိမ်မြောင်လေးတစ်ခုကို စပြီးမြင်ဖူးတဲ့ အချိန်မှာပဲ Einstein ဟာ လေဟာနယ်ထဲက အရာတစ်ခုခုက သံလိုက်အိမ်မြှောင်ရဲ့ လက်တံကို လှုပ်ရှားအောင် လုပ်နေတာဖြစ်မယ်ဆိုပြီး တွေးတောမိခဲ့ပါတယ်။ Einstein ဟာ ကြီးပြင်းလာတာနဲ့အမျှ စက်ကိရိယာတချို့ကို ကိုယ်တိုင်ဒီဇိုင်း ဆွဲတီထွင်ပြီး သူ့ရဲ့သချာင်္စွမ်းရည်ကို ပြသခဲ့ပါတယ်။ ၁၈၈၉ ခုနှစ်ကနေ ၁၈၉၄ ခုနှစ်တွေမှာတော့ Poland နိုင်ငံသား ဆေးကျောင်းသား တစ်ယောက်ဖြစ်တဲ့ Max Talmey က ၁၀ နှစ်သားအရွယ် Einstein ကို သိပံ္ပပညာရပ်တွေ၊ သချာင်္သင်ခန်းစာတွေနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ တွေးခေါ်ချက်တွေကို သူတို့နှစ်ယောက် ထမင်းအတူတူစားရတဲ့ အချိန်ပိုင်းလေးမှာ သင်ကြားပေးခဲ့ပါတယ်။ ဒီလိုမျိုး သင်ကြားပေးခဲ့မှုဟာ Einstein အတွက်တော့ သိပ္ပံပညာရပ်အပေါ် ရူးသွပ်မှုကို အစဖော်ပေးလိုက်ခြင်းပါပဲ။

Einstein ဟာ Zurich, Switzerland က Eidgenössische Polytechnische Schule (ETH) ကျောင်းဝင်ခွင့် ဖြေဆိုခဲ့ပါသေးတယ်။ အဲဒီ စာမေးပွဲကို သူကျခဲ့ပေမယ့်လည်း Mathematics နဲ့ Physics ဘာသာတွေမှာတော့ အမှတ်အလွန် ကောင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Einstein ကို သူ့မိသားစုက Switzerland မြောက်ဘက်ပိုင်းမှာရှိတဲ့ Aarau ကိုလွှတ်ပြီး Secondary School ကို ပြီးအောင် ပညာဆက်လက် သင်ကြားစေခဲ့ပါတယ်။ Aarau မှာ Einstein ဟာ Maxwell ရဲ့ Electromagnetic Theory ကို သင်ကြားခဲ့ပြီး အသက် ၁၇ နှစ်မှာ သူကျောင်းပြီးခဲ့ပါတယ်။ ကျောင်းပြီးပြီးချင်းပဲ Einstein ဟာ စစ်မှုထမ်းဥပဒေကို ရှောင်ဖယ်ဖို့အတွက် သူ့ဖခင်ရဲ့ သဘောတူညီမှုနဲ့ German နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခဲ့ပါတယ်။ ၁၈၉၆ ခုနှစ်မှာတော့ Zurich Polytechnic မှာ Mathematics နဲ့ Physics ကို ၄ နှစ်ကြာ ဆက်လက်သင်ကြားခဲ့ပါတယ်။
အိမ်ထောင်ရေးနှင့် မိသားစု

အလုပ်အကိုင်

ပညာရေးအလုပ်အကိုင်

၁၉၁၁ ခုနှစ်မှာ Einstein ဟာ သူ့ရဲ့ general relativity ကို အခြေခံပြီးတော့ နေရောင်ခြည်ရဲ့ ဆွဲငင်အားကြောင့် ကြယ်တစ်စင်းရဲ့ အလင်းရောင်ဟာ ကွေ့ကောက်သွားနိုင်တယ်ဆိုတာကို တွက်ချက်လို့ ရခဲ့ပါတယ်။ အဲဒီတွက်ချက်မှုကို ၁၉၁၉ ခုနှစ် မေလ ၂၉ ရက် Solar Eclipse မှာ အတည်ပြုခြင်း ခံခဲ့ရပါတယ်။ ဒီလိုဖြစ်ရပ်ဟာ Einstein ကို ကမ္ဘာကျော် သိပ္ပံပညာရှင်တစ်ယောက် ဖြစ်လာစေခဲ့ပါတယ်။ ၁၉၂၁ ခုနှစ်မှာတော့ Einstein ဟာ Physics ပညာရပ်မှာ Nobel Price ချီးမြှင့်ခြင်းခံခဲ့ရတဲ့အပြင် Royal Society က Copley Medal ကိုလည်း ၁၉၂၅ ခုနှစ်မှာ ရရှိခဲ့ပါသေးတယ်။
ကမ္ဘာအနှံ့ လှုပ်ရှားမှုများ

Germany ကို Hitler အုပ်ချုပ်ပြီးတဲ့နောက်တော့ Einstein ဟာ ၁၉၃၃ ခုနှစ်မှာ United States ကို အပြီးအပိုင် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ၁၉၃၃ ခုနှစ် ဧပရယ်လမှာ Einstein ဟာ US က University တွေကို သွားရောက်နေတုန်း သူကြား သိလိုက်ရတာက German အစိုးရက ဥပဒေအသစ်တစ်ခုကို ထုတ်ပြန်လိုက်ပြီးတော့ Nazi Booking Burnings ဖြစ်ပွားခဲ့ကာ သူ့ကိုလည်း $5000 နဲ့ ဖမ်းဝရမ်းထုတ်ပြန်လိုက်တယ်ဆိုတဲ့ အကြောင်းပါပဲ။ သူ့ရဲ့ ထက်မြတ်မှုဟာ Nazi တွေအတွက်တော့ ကြောက်မက်ဖွယ်ရာတစ်ခု ဖြစ်နေတဲ့အတွက်ကြောင့်ပါ။ Germany က အခြားသော သိပ္ပံပညာရှင်တစ်ချို့လည်း ဒီအဖြစ်အပျက်ကြောင့် United States ကို ပြောင်းရွှေ့ ခဲ့ကြပါတယ်။ ၁၉၄၀ မှာတော့ Einstein ဟာ US နိုင်ငံသားအဖြစ် ခံယူခဲ့ပါတယ်။
သိပ္ပံပညာ လှုပ်ရှားမှုများ
(^AnGeL^) Einstein ဟာ သူ့ဘ၀တစ်လျှောက်လုံး စာအုပ်ပေါင်းစွာနဲ့ စာတမ်းများစွာကို ရေးသားပြုစုခဲ့ပါတယ်။ များသောအားဖြင့် သူ့ရဲ့ စာအုပ်တွေဟာ Physics အကြောင်းဖြစ်ပေမယ့် တချို့စာအုပ်တွေကတော့ နိုင်ငံရေးအကြောင်း၊ ဘာသာရေးအကြောင်းနဲ့ လူမှုရေး အကြောင်းတွေဖြစ်ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့ သိပ္ပံလှုပ်ရှားမှုတွေနဲ့ တွေ့ရှိချက်တွေကို ဖော်ပြပေးပါမယ်။
Annus Mirabilis papers
Annus Mirabilis papers ကတော့ ၁၉၀၅ ခုနှစ် Annalen der Physik မှာ ပါဝင်ခဲ့တာပါ။ ဒီစာတမ်းမှာတော့ Einstein ဟာ photoelectric effect, Brownian motion, the special theory of relativity နဲ့ E = mc2 အကြောင်းကို ရေးသားထားပါတယ်။
Thermodynamic fluctuations and statistical physics
ဒီစာတမ်းကတော့ Einstein ရဲ့ ပထမဦးဆုံး ထုတ်ဝေခဲ့တဲ့ စာတမ်းဖြစ်ပါတယ်။ ဒီစာတမ်းရဲ့နောက်ဆက်တွဲ စာတမ်းတွေကိုလည်း ၁၉၀၂ ခုနှစ်၊ ၁၉၀၃ခုနှစ် နဲ့ ၁၉၀၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပါသေးတယ်။
General principles
Einstein ဟာ the Principle of Relativity ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တခြား Principle တွေဖြစ်တဲ့ the Principle of Equivalence, the Principle of Adiabatic Invariance of the Quantum Number နဲ့ Mach's Principle တို့ကိုလည်း တွေ့ရှိခဲ့ပါသေးတယ်။
Theory of relativity and E = mc2
Theory of Relativity ကို အခြေခံပြီးတော့ Einstein ဟာ E = mc2 ဆိုတဲ့ ညီမျှခြင်းတစ်ခုကို ထုတ်ခဲ့ပါတယ်။ အဲဒီညီမျှခြင်းကတော့ Nuclear စွမ်းအား ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ Einstein ရဲ့ အကျော်ကြားဆုံး ညီမျှခြင်းလို့လည်း ပြောလို့ရပါ တယ်။
Photons
၁၉၀၅ ခုနှစ်မှာ Einstein က အလင်းရောင်ထဲမှာ အလွန်သေးငယ်တဲ့ အမှုန်တွေ ပါဝင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီအဆိုကိုတော့ ၁၉၁၉ ခုနှစ်ကမှ အသိအမှတ်ပြုခြင်း ခံခဲ့ရတာပါ။
Einstein ရဲ့ အခြားတွေ့ရှိချက်တွေကတော့

Quantized atomic vibrations
Adiabatic principle and action-angle variables
Wave-particle duality
Theory of critical opalescence
Zero-point energy
General relativity and the Equivalence Principle
Hole argument and Entwurf theory
Cosmology
Modern quantum theory
Bose–Einstein statistics
Energy momentum pseudotensor
Unified field theory
Wormholes
Einstein–Cartan theory
Equations of motion တို့ဖြစ်ပါတယ်။

နောက်ဆုံးနေ့ရက်များ

Einstein ဟာ ဒီကမ္ဘာမှာ နောက်တစ်ကြိမ် ပေါ်ပေါက်လာဖို့ ခဲယဉ်းတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့တွေ့ရှိချက်တွေဟာ အံ့မခန်းတွေချည်းပါပဲ။ ကဲ.. ဒီလောက်ဆိုရင်တော့ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး Albert Einstein အကြောင်းကို MYMC ပရိသတ်ကြီး အတော်အသင့် သိပြီလို့တော့ ထင်ပါတယ်နော်။ မပြည့်စုံမှုများ ရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ MYMC ပရိသတ်တွေအနေနဲ့ ဒီနေ့ တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကို ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ ဗဟုသုတအနေနဲ့ လာရောက်ဖတ်ရူကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ထပ် ဘယ်လို အကြောင်းအရာလေးတွေကို MYMC ပရိသတ် တွေအတွက် တင်ဆက်ပေးမလဲ ဆိုတာကို စောင့်မျှော်အားပေးကြပါဦးနော်။
Video တွေကြည့်ချင်ရင်တော့ မူရင်းဆိုက် ဖြစ်တဲ့ အောက်ပါ လိဒ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။
http://www.mymclub.net/main/index.php?option=com_content&view=article&id=404&Itemid=599
Jul
24
2011
ကမ္ဘာကြီးပေါ်၌ အချမ်းသာဆုံး သူ ၏အကြောင်း.....
ကျွန်တော်တို့ အသက်ရှင်နေထိုင်ရာ ဤကမ္ဘာကြီးပေါ်၌ ဥစ္စာဓနကြွယ်ဝဆုံး၊
အချမ်းသာဆုံး ပုဂ္ဂုလ် အဖြစ် ၁၁ နှစ်တိုင်တိုင် နေရာယူခဲ့ဖူးပါသည်။
သူပိုင်ဆိုင်သည့် ဒေါ်လာငွေစက္ကူများကို ဆက်ကြည့်လိုက်လျှင် လနှင့်
ကမ္ဘာကြား ၆ ခေါက်လောက် ဆက်မှ ကုန်သွားမည်ဟု ဆိုပါသည်။
သူလျှောက်လှမ်းသွားရာ တစ်နေရာ၌ တစ်ဒေါ်လာတန် ငွေစက္ကုတစ်ရွတ်ကျနေမည်
ဟုဆိုပါအံ့။ သူ့အနေနှင့် လှမ်းကောက်ယူရန် မသင့်ဟု ဆိုကြပြန်ပါသည်။
သူတစ်ဒေါ်လာတန်ကိုကောက်ယူရမည့် အချိန်မှာ တစ်စက္ကန့်လောက် ကြာညောင်းမည်
ဖြစ်ရာ စက္ကန့်တိုင်း စက္ကန့်တိုင်း၌ ၄ ဒေါ်လာလောက် ၀င်ငွေ ရှိနေတော့
တစ်မိနစ် ဒေါ်လာ ၁၄၀။ တစ်နာရီ ဒေါ်လာ ၁၄၄၀၀။ တစ်ရက်ဆိုတော့ ဒေါ်လာ ၃၄၅၆၀၀၊
ဒေါ်လာ သုံးသိန်းခွဲနီးပါး။ ဒါ့ကြောင့်လဲ ၅၈ ဘီလျှံ ပိုင်ဆိုင်သူ အဖြစ်
ကမ္ဘာ့ အချမ်းသာဆုံးနေရာမှာ သူဆယ်စုနှစ်စွန်းသည်အထိ
ရှိနေခဲ့ခြင်းဖြစ်ပါလိမ့်မည်။ ထိုသူကတော့ ဘီလ်ကိတ် ကွန်ပြူတာ
ဆော့ဝဲလ်သူဌေးကြီး Bill Gates ။
ဘီလ်ကိတ်ကို အမေရိကန်နိုင်ငံ စီတယ်မြို့လေးမှာ မွေးသည်။ မွေးသက္ကရာဇ်က ၁၉၅၅-အောက်တိုဘာလ ၂၈ ။ အဖေက
ရှေ့နေ။ အမေက ကျောင်းဆရာမ ။ သူ့အထက်မှာတော့ အစ်မ နှစ်ယောက်ရှိပါသတဲ့ ။
၁၉၇၃ ခုနှစ်မှာ ဟားဗတ်(Harvard) တက္ကသိုလ်သို့ သူတက်ရောက်သည်၊ ၁၆၃၆
ခုနှစ်ထဲက စတင်တည်ထောင်ခဲ့သော ဟားဗတ် တက္ကသိုလ်မှာ သူက သချာင်္ကျောင်းသား ၊
သို့သော်လည်း သူဘွဲ့ရသည် အထိ မတက်ခဲ့၊ အချိန်ကုန်သည်ဟုဆိုကာ
တစ်နှစ်ကျော်နှစ်နှစ်နီးပါးမှာ ကျောင်းထွက်ခဲ့သည်။၁၉၇၅ နှစ်ကိုရောက်တော့
ကမ္ဘာကျော် မိုက်ခရိုဆော့ (Micro Soft) ကွန်ပြူတာကုမ္ပဏီကို
တည်ထောင်ခဲ့ပါသည်။ သို့နှင့် ၁၉၇၀ နှစ်လွန်များက ဗိုလ်ဆွဲထားသော IBM
ကွန်ပြူတာ ကုမ္ပဏီကို ၁၉၉၀ အလွန်နှစ်များမှာ Bill Gates ၏ မိုက်ခရိုဆော့ က
ဘေးဖယ်ထုတ်ပြစ်နိုင်ခဲ့ပါတယ်။ မိုက်ခရိုဆော့ ကုမ္ပဏီ၏ Executive Chairman
ဘီလ်ကိတ်။ ဘီလ်ကိတ် အမေ ကျောင်းဆရာမက သူ့သား ဘီလ်ကိတ်အား ငယ်ငယ်လေးထဲက
ဘ၀လမ်းညွှန်အဖြစ် ဆုံးမစကားတစ်ခုဆိုလေ့ ရှိခဲ့သည်။ ပရဟိတ လုပ်ပါတဲ့ ………
အမေ့စကားကြောင့်လားတော့မသိ ဘီလ်ကိတ်တို့ ဇနီးမောင်နှံက ၂၀၀၀
ပြည့်နှစ်တွင် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်လိုက်သည်။ Bill and Me Linda
Gates Foundation ။ မတည်ငွေ ဒေါ်လာ ၃၇.၃ ဘီလီယံ ဖြစ်သည်။ ၂၀၀၄
ကိုရောက်လာတော့ ပရဟိတ ကို စိတ်နှစ်လုပ်ဖို့ သူစဉ်းစားသည်။ ၂၀၀၆ မှာ
မိုက်ခရိုဆော့ ကုမ္ပဏီကနေ အလုပ်ထွက်ဖို့ သူဆုံးဖြတ်သည်။ ၂၀၀၈ ၊ ဇွန်လ ၂၈
ရက်နေ့တွင်တော့ တကယ့်ကိုပဲ မိုက်ခရိုဆော့ကနေ သူအလုပ်ထွက်လိုက်ပါတော့တယ်။
သို့သော် Non- Executive Chairman အဖြစ် တစ်ပတ်ကိုတစ်ရက်လောက်
ကုမ္ပဏီအလုပ် လာလုပ်ပေးဖို့ သူသဘောတူခဲ့သည်။ အဓိက ဘ၀ အစိတ်အပိုင်းကတော့
ပရဟိတ လုပ်ငန်းတွေထဲမှာ နှစ်မြှုတ်ဖို့။ ဘီလ်ကိတ်က အားလပ်ချိန်တော့မှာ
Online ကနေ ဘူမိဗေဒ။ ရူပဗေဒ နှင့် သမိုင်း တို့ကို သင်ယူမည်ဟု ဆိုသည်။
သူက ပိုင်ဆိုင်ထားသော ဒေါ်လာ ၅၈ ဘီလီယံ ကို အကုန်လှူမည်ဟု ကြေငြာထားသည်။
သူ၏ သား နဲ့ သမီးကိုပင် အမွေမပေး ။ ပညာသင်ပေးထားပြီးဖြစ်၍
လုံလောက်ပါပြီတဲ့။ဘီလ်ကိတ်က ဌက်ဖျား နဲ့ AIDS တိုက်ဖျက်ရေးတွင် သူ့ငွေတွေ
သုံးဖို့ အဓိက ရည်မှန်းသည်။ နောက် AIDS ကာကွယ်ဆေးထုတ်ဖို့ ၊
ဆင်းရဲမှုတိုက်ဖျက်ရေး၊ ရေရရှိရေး၊ ပညာရေး၊လယ်ယာမြေဖွံဖြိုးရေး
စသည်..စသည်များ အတွက် ။ ဒါ့အပြင်လောလောဆယ် ၂၀၀၈ ခုနှစ် မေလ ၂ရက်နေ့နဲ့ ၃
ရက်နေ့များက တိုက်ခတ်သွားခဲ့သော နာဂစ်မုန်တိုင်းလွန် သောကတွေ
၊မျက်ရည်စက်တွေ၊ ခြေလွတ်လက်လွတ်ဘ၀များစွာအတွက် ဒေါ်လာ ၃သန်း ပေးလှူထားသည့်
ဘီလ်ကိတ်။ တကယ့်တကယ်တမ်းတော့ အတ္တဟိတတွေနှင့် ထူထူထဲထဲ
ကျပ်ညပ်လျှက်ရှိနေသော ဤလောက ထဲမှာ ပရဟိတ စိတ်ရှိဖို့ဆိုတာ
တော်တော်လေးခဲယဉ်းပါတယ်၊ အရိုးအရင်းလေး အကြွင်းအကျန်လေးများကိုသာ
ပေးချင်သူက တော်တော်များပါတယ်၊ အကြွင်းမဲ့ ပေးဆပ်ဖို့ဆိုတာ
မဟာဒုလ္လဘတရား၊။ အခု ၅၈ ဘီလီယံတဲ့ ၊ရှိတာ အကုန်တဲ့ မျက်ရည်မခြောက်သော
ကမ္ဘာ့သားများအတွက်တဲ့ ။ မိုက်ခရိုဆော့ ကုမ္ပဏီ၏ Window System ထက်
ဘီလ်ကိတ်၏ လူသားအကျိုးပြုနှလုံးသားကို ကမ္ဘာက မှတ်တမ်း တင်ထားခဲ့ပြီ
ဖြစ်ပါသည် ………
from Ko Sithu Latt (facebook)
လူဗိုလ်ဟူသည်မှ ပြန်လည် ကူးယူပါသည်။

အိုးအိမ် မဲ့ လမ်းဘေး ဘဝ မှ ဟားရ်ဗားဒ် (Harvard) တက္ကသိုလ်သို့ 
Liz Murray အား (New York )နူးယောက် ပြည်နယ် ဘရော်းစ်(Bronx) မြို့ တွင် ၁၉၈၀ ၌ မွေဖွားခဲ့ သည်။ သူမ ၏ မိဘများမှာ ဆေး၊ဘိမ်း စွဲသူများဖြစ်ပြီး မိသားစု အတွက် ထောက်ပံ့ မည့် အစား ရသမျှ မရှိစလောက်သော ဝင်ငွေ များကို သူတို့  ခဏသာ စိတ်ဖြေ ရာ အဖြစ်သာ အသုံးပြုသည်။
လိဇ် (Liz) နဲ့ သူမ၏ အမ (Lisa) တို့ နှစ်ဦးမှာ အစာငတ် ပျက် တစ်လှည့်  အသက်ကို ကြုံရာ ဆက်နေရရှာသည်။ အဝတ်အစား ဝတ် ရန် မရှိသဖြင့်  တစ်ထည်တည်းရှိသော အဝတ် တစ်စုံကို နေ့ တိုင်း ညစ်ပတ် နံစော်နေသည် အထိ ဝတ်သည်။ စတိုးဆိုင်များမှ လွင့်ပစ်သော အစားအစာ များကို ကောက်စားရင်း တစ်နေ့ တာ ဘဝကိုတင် မျှော်လင့်ချက်ကင်းမဲစွာ ဆက်နေရသည်။
မည်သို့ ပင် ခက်ခဲစေကာမူ လိဇ် (Liz) အမ (Lisa ) တစ်ယောက် ကျောင်းကို အဆက်မပြတ် တက်နေခဲ့ သည်။ သို့ သော် စိတ်ပျက် စရာကောင်းသော သူတို့ မသားစု ၏ အငှားခန်း ၊ မိဘနှစ်ပါး ၏ သားသမီးအပေါ် ပြုစုစောင့် ရှောက်မှု ဝတ္တရား ခေါင်းပါးခြင်း၊ သွန်သင် လမ်းပြမှုလုံးဝမရှိခြင်းတို့ ကြောင့်  လိဇ် ကျောင်းတက်ချင် စိတ် မရှိပါ။
မိဘ အုပ်ထိန်းမှု အောက် တွင် မှီခို ကျောင်းတက်ရမည့်  အရွယ် ၉ နှစ် သမီး လိဇ် တစ်ယောက် ရပ်ကွပ် စတိုး ဆိုင် များ တွင် တစ်ဆိုင်ဝင် တစ်ဆိုင် ထွက် ကာ ဆိုင်နောက်ဘေး အမိုက်သိမ်း သန့် ရှင့် ရေး စသော ရရာ အလုပ်ကို လုပ်ခဲ့ သည်။ Sandwich (ဆန်းဝိခ်ျ ) တစ်ခု မျှသာ ဝယ် ရန် လုံလောက်သော တစ်နေ့ စာ လုပ်ခ ကို ပင် မိခင် ဖြစ် သူ က လူးယှက် ကာ ဆေး ဝယ် သုံး စွဲပစ် သည်။ မိခင်ဖြစ်သူ က သား သမီး များ ကို စောင့် ရှောက် မည့်  အစား သူမ၏ သမီး လိဇ် က သာ မိခင် အား ကလေး တစ်ယောက် ပမာ စောင့် ရှောက် ခဲ့ သည်။
တစ်လ သုံးရက် ခန့် သာ ကျောင်းတက်ဖြစ်သော လိဇ် မှာ အတန်းထဲ့ တွင် အခြားကျောင်းသား ကျောင်းသူ များ ၏ လှောင်ခြင်းကို လည်းနေ့ တိုင်း ခံခဲ့ ရသည်။ သူမ ၏ ညစ်ပတ် သော အဝတ်အစား နဲ့  ဖရိုဖရဲ သော ဆံပင်များ ကြောင့်  သူငယ် ချင်း ဟူ၍ လည်း မရှိပါ။ သူငယ် ချင်း အသိုင်း အဝိုင်း မှ စွန့် ပစ် ခြင်းကို ခံရသူလည်းဖြစ်သည်။
လိဇ် အမေတွင် အေအိုင်ဒီအက်စ် (AIDS) နဲ့ တီဘီ ရောဂါရှိကြောင်း သူမ အမေကိုယ်တိုင်ပြောပြ၍ လိဇ် အသက် ဆယ်နှစ် အရွယ်တွင်သိခဲ့ ရသည်။ သို့ သော် မိခင်ဖြစ်သူ ဆေးစွဲ သူသည် သူမ ကျောင်း မတက်ခဲ့ သောကြောင့်  ဤကဲ့ သို့  သော ဘဝရောက်ခဲ့ ရ ကြောင့်  လိဇ် အား နေ့တိုင်း ပြောကာ ကျောင်း ပြန် တက်ရန် လိဇ် အား တိုက်တွန်း ခဲ့ သည်။
AIDS ရောဂါဖြင့်  လိဇ် အသက် ဆယ်ငါးနှစ် အရွယ်တွင် လိဇ်၏မိခင် ဆုံးသွားခဲ့ ပြီး ဖခင် ဖြစ်သူ သည် လည်း အိမ်ခန်းငှား ခ မပေးနိုင်သောကြောင့်  အိမ်ယာ မဲ့  သူ တို့  ခိုလုံ ရာ ဒုက္ခသည် ဇရပ် သို့  ပြောင်းရွေ့ ခြင်းခံရသည်။
ထို အချိန်မှ စ၍ လိဇ် သည် အတောင် မစုံ သော ငှက် ငယ်လေး ပမာ လေလွင့် ရာ စုံ ၊ ဆန် မျှော ရင်း နားခိုရာမဲ့  လမ်းဘေးဘဝသို့  ရောက်ခဲ့ ရ ကာ ခွက်လက်စွဲ တောင်းစား ရတော့ သည်။ အပျိုပေါက် စ အရွယ် ဖြစ် သော်လည်း သူတစ် ပါး များ နဲ့ မတူ သူမ ဘဝသည် ခြားနား လွန်းလှ သည်။ Subway ၊ ရထား ၊ အဆောက် အအုံ ဟောင်း စသော နေရာများ တွင် ကြုံ ရာ အိပ် ရလေသည်။ သူမ အတွက် မနက် ဖြန် ဘယ် နေရာ တွင် အိမ်ရာ မည် ဆို သည် မှာ သေချာသော အဖြေ လုံး ဝ မရှိချေ။
သို့ သော် သူမ အတွက် လမ်းဘေး ရောက် သူတောင်းစား ဘဝ မှ လွတ်မြှောက်ရန် ထွက်ပေါက် လမ်းစ တစ်လမ်း ဤ ကမ္ဘာ တွင် ရှိရ မည် ဟု သူမ ခိုင်မာ စွာ ယုံကြည်ထားသည်။ ထို ယုံကြည် ချက်မှာ ကျောင်းပြန်တက်ရန် ဖြစ်သည် ။ မည် သို့ ပင် လိဇ် ၏ ဘဝ ခက်ခဲ့  ကြမ်း စေကာမူ ရောက်ရာ နေရာတိုင်း တွင် သူမ နဲ့ အတူ စွယ် စုံ ကျမ်း များ ကို သယ် ဆောင်သွားကာ အချိန်ရှိတိုင်း ဖတ်သည်။

လိဇ် ၏ မိခင်တွင် ဆိုးဝါး စက်စုပ် ရွံရှာ ဖွယ်ကောင်းသော ရောဂါများ ခံစား ရသည် မှာ ကျောင်း မတက် အသိပညာ ကင်းမဲ မှု များ ကြောင့်  ထိုကဲ့ သို့ သော ရော ဂါများဖြင့်  ခံစား သေဆုံး ရခြင်း ဖြစ် သည် ဟူသော မေ့ မရသည့်  ကြောက်လန့် ဖွယ် ဖြစ်ရပ် တစ်ခု သည် လိဇ် အတွက် အကောင်းဆုံး သင်ခန်းစာ သက်သေ တစ်ခု ပင်ဖြစ်သည်။
ထို့ နောက် ကျောင်းပြန်တက်ရန် ဆုံး ဖြတ်ချက် ချ ကာ ကျောင်းတစ်ကျောင်းတွင် နာမည် စရင်းသွင်း ခဲ့ သည်။ သူမ၏ နေရပ်လိပ်စာ နဲ့  ဖုန်း နံပါတ် ပေး စရာ မရှိသော ကြောင့်  သူငယ် ချင်း တစ်ယောက်ထံမှ လိပ်စာ အတုကို တောင်း ကာ သူမ၏ လိပ်စာဖြစ်ကြောင့် ကျောင်းတွင် လိမ်ပေး ခဲ့ သည်။
လိဇ် သည် တစ်ခြား ကျောင်းသား/ကျောင်းသူ များ ထက် အသက် ကြီး မှ အထက်တန်းကျောင်း တက်ရသည်။ အစာကို ကျောင်းတွင်စား ၍ ကျောင်းမတက်သော နေ့ များတွင် တစ်ရက် တစ်နက်သာ အစာစား သည်။ ကျောင်းတက်ရင်း တစ်အိမ် ဝင် တစ်အိမ် ထွက် ပုဂံဆေး ၊ ကြမ်းတုတ် ၊ သတင်းစာ ၊ဂျာနယ် များ ကို ရောင်း ရင်း နားနေရာ လမ်းဘေး သစ်ပင် များ အောက် တွင် စာကျက်သည်။
လိဇ် သည် အိပ် ချိန် ပင် လုံးဝ မရှိဟု ပြောရလောက်အောင် ရှိသမျှ အချိန် များ ကို ကျောင်းစာ ကျက် မှတ် ခြင်း ဖြင့်  အချိန်ကုန်စေသည်။ ထိုသို့  အိပ်ရေး ပျက် အပင် ပန်းခံ ကြိုးစားခြင်းသည် လမ်းဘေးတွင် လက်ဖြန့်  တောင်း စား ခြင်း နှင့်  နိုင်းယှဉ် လျှင် မိုး နဲ့  မြေ ကဲ့ သို့  ပင် ကွာဟ သော ကြောင့်  ဆင်းရဲ ဒုက္ခ ပင်ပန်း ခြင်း ကို တစ်ခါ မျှ မငြည်း ညူ ခဲ့ သူလည်း ဖြစ်သည်။
လိဇ် သည် ၄ နှစ် သင် ရ မသည့်  အထက် တန်းကျောင်း ကို ၂ နှစ် အတွင်း ပြီးစေ သည် သာမက ဘာသာရပ် တိုင်းတွင် အမှတ် ၉၅ ရာ ခိုင်နှုန်း ဖြင့်  အောင် မြင် ခဲ့ သည်။ အမှတ် အကောင်းဆုံး အတော် ဆုံး ကျောင်းသား ကျောင်းသူ ဆယ် ရောက် ( Liz) (လိဇ် အပါဝင်) တို့ အား ကျောင်းအုပ် ဆရာကြီး က ပညာ တော်သင် ဆု အနေဖြင့်  Harvard University ( America တွင် နာမည် အကြီးဆုံး တက္ကသိုလ်ထဲမှ တစ်ခု) တက္ကသိုလ် တွင် အခမဲ ခရီး လည် ပတ် စေသည်။
ထို တက္ကသိုလ် တွင် ပညာသင်ကြား နေသူ အများ စု မှာ ချမ်းသာ သော မိဘ အသိုင်း အဝိုင်း မှ သား သမီး များ ဖြစ်ကြသည် ကို လိဇ် မြင် သော အခါ တွင် သူမ ၏ ဘဝ နှင့်  ဆီ နဲ့ ရေ ကဲသို့  ကွာ ခြား နေ သည် ကို သိရ သဖြင့်  မိမိ ကိုယ် ကိုယ် စိတ်အား သိမ် ငယ် နေခဲ့  ရှာ သည်။
သို့ သော် လိဇ် အား ထို တက္ကသိုလ် တွင် ရှောက် ကြည့်  ရန် ကျောင်း အုပ် ဆရာ ကြီး က တိုက် တွန်း ခ့ဲသည်။ အထက်တန်းကျောင်း ကို အမှတ် ကောင်း စွာ ဖြင့် အောင်ခဲ့  သော်ငြားလည်း ကောလိပ် ဆက်တက် ရန် ပိုက်ဆံ မရှိ သော သူ မ ၏ ဘဝ အတွက် အထောက် အပ့ံ ဆို သည် မှာ အကယ် စင်စစ် ပင် လို အပ် နေသော အချိန် ဖြစ် သည် အားလျှော် စွာ မမျှော် လင့် ပဲ့  သတင်းစာ ကြော် ငြာ တစ်ခု ကို သူမ ဖက်မိ သည်။ ထို သတင်း စာ မှာ နူး ယောက် မြို့ အတွင်း မှ အခက် ခဲ့ ရှိသူ များ မိဘ ဝင် ငွေ နည်း သားသမီး များ အတွက် ထောက်ပံ့ ကြေး ငွေ (scholarship) ရှောက် နိုင် ကြောင်း New York Time မဂ္ဂဇင်း မှ သတင်းကြော်ငြာစာ ဖြစ် လေသည်။
လိဇ် သည် အထက် တန်း ကျောင်း တက်ခဲ့ သော အချိန် တွင် သူမ သည် အိမ်ယာ မဲ့  လမ်းဘေး က တစ် ကောင် ကြွက်ဘဝ မှ တစ်ယောက်ဖြစ်ကြောင်း မည်သူ တစ်ဦး တစ် ယောက် ကို မျှ သိခွင့် မရှိအောင် ဖုံးကွယ်ခဲ့ သော် လည်း သူ မ၏ နောင် ရှေးရေး ဘဝ အတွက် သူမ ဖွင့် ပြော ရန် အချိန်ရောက် လေပြီ။
လိဇ် မည်ကဲ့ သို့  လမ်းဘေး ပလက်ဖောင်းကို ခေါင်းအုံး အဖြစ်အသုံးပြုတစ်လှည့်  တွေ့ တစ်မျှ အရိပ် ကို မိမိ အိမ်အသွင် သက်မှတ်ကာ တစ်နေ့ စာ အတွက် မည် ကဲ့ သို့ ခက် ခဲ ကြမ်းတမ်း စွာ ရှာခဲ့ ရပုံများမှာ စိတ်ကူးယှဉ် ဆန် လှ သည် ဟုပြောရလောက်အောင် သနားဖွယ် ကောင်းသော သူမ၏ အကြောင်း ကို မျက်ရည်စက် များ နဲ့ အတူ ရေးကာ တင်ထား သော သူမ၏ ရှောက်လွှာ အား New York Time မဂ္ဂဇင်း မှ လှိုက်လှိုက် လှဲလှဲ ပင် ကြို ဆို လက်ခံ အတည်ပြု ခဲ့ လေ သည်။
New York Time မဂ္ဂဇင်း မှ လိဇ် အား ကျောင်းလခ တစ်နှစ် လျှင် ဒေါ်လာငွေ တစ်သောင်း နှစ်ထောင် ဖြင့် ကူ ညီ မည် ဟု ဂတိပေးသည် သာမက လိဇ် အား ဂုဏ်ပြု သည့်  အနေဖြင့် 
New York Time ၏ ညီလာခံပွဲတော်ကြီး တွင် လိဇ် အား ကျေးဇူး တင် စကားပြောရန် နဲ့  သူမ ၏ ဘဝ အကြောင်း တစ်စိတ် တစ်ဒေသ ပြောပြရန် တောင်းဆို ခဲ့ သည်။
ညီလာခံပွဲတော်ကြီး အပြီးတွင် လူအုပ်ကြီး ၏ လက်ခုပ်သံ များ နဲ့ အတူ နတ်သမီး အလား ရုတ်တရပ် ဆို သကဲ့ သို့  လိဇ် အတွက် အဝတ် အစား ဝယ် ပေးမည့် သူ၊ အိမ်ခန်းငှားပေးမည့် သူ ၊ ကျန်းမာ ရေး အတွက် ကုန်ကျစရိတ်အာမခံပေးမည့် သူ၊ စားနတ်ရိတ်ခါဝယ်ပေးမည့် သူ၊ စာအုပ်စာတန်းဝယ်ပေး မည့် သူ၊ ကားဝယ်ပေးမည့် သူ အစရှိသည်ဖြင့်  လိုလေသေး မရှိအောင် အလှုရှင်များ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာသည်။
ထို အချိန်မှ စ၍ လိဇ် ၏ ဘဝ ပျော်ရွင် ကြည်နှုး ခြင်းများ နဲ့ အတူ လူ့ လောက အလယ် တွင် လူတစ်ယောက်နဲ့ တူ သော အခွင့် အရေး များပိုင်ဆိုင် ထားပြီး တက္ကသိုလ် ကျောင်းသူမ ဘဝ အဖြစ် ဟားရ်ဗား(Harvard University) တွင် စတင်တက်ခဲ့ လေသည်။
2009 ခု နှစ် တွင် psychology ဖြင့်  ဟားရ် ဗား မှ ဘွဲ့ ရခဲ့ ပြီး မဟာ ဘွဲ ယူရန် ဆက်တက် နေသည်။ psychology ဖြင့်  ဒေါက်တာ ဘွဲ အထိ ရယူရန် ရည်ရွယ် ချက်ရှိ သူ လည်း ဖြစ်သည်။
ဂုဏ်ပြု ဆု မြောက်များ စွာကို လက်ခံ ရရှိသူ ၍ လူ သိ များ ကျော်ကြားသူ သာ မက ယခု အချိန်တွင် လိဇ် သည် အမေရိ ကန် နိုင်ငံ အပြင် အခြား သော နိုင်ငံများ တွင် ကျင်းပသော ညီလာခံများ ၌ သွားရောက်လည်ပတ် မိန်းခွန်းပြော ရန် ငွေကြေးဖြင့်  ငှား ခေါ် ကြ သည်။
လိဇ် သည် အမေ ရိက နိုင်ငံ၏ သမ္မတ အဖြစ် ပါဝင်ယှဉ်ပြိုင် မဲဆွယ် ရန် လည်း ရည် ရွယ် ချက် ရှိသူ ဖြစ်သည်။
Concise Translated by Peter Lin.
From" Breaking Night " Novel
--
http://kannkawchitthu.blogspot.com
Yours affectionately,
မှတ်ချက်။ ။လူဗိုလ်ဟူသည်...ဆီက ဖတ်လို့ကောင်းတာနဲ့ ပြန်လည် မျှဝေပါသည်။

23
2011
စည်သူလွင်-ဆောင်းဦးလှိုင်-အဲလက်စ်(19း18)
01. ဘာမှမသိချင်ဘူး
02. ကြေကွဲနေ့ညတွေ
03. အချစ်ကိုဦးစားပေးခဲ့သူ
04. ဆယ့်ကိုးနာရီဆယ့်ရှစ်မိနစ်
05. နေပျော်ပျော်သေပျော်ပျော်
06. မျက်နှာများ
07. ရုပ်သေးရုပ်
08. အိပ်မက်တိုင်းမှာ
09. ချစ်တိုင်းလည်းမညား
10. မပျက်စီးစေနဲ့
Jul
22
2011
ကျနော်Domain name ဝယ်လာခဲ့သော်
Domain name ၀ယ်မယ် နာမည်တွေခွဲမယ်ဆိုရင်
ဒိုမိန်းနိမ်းတစ်ခုဝယ်တာနဲ့ နာမည်တွေခွဲတာနဲ့ပတ်သတ်လို့ သူငယ်ချင်းတစ်ယောက် မေးလာတာနဲ့ပတ်သတ်ပြီး ဒီပိုစ့်ကို ရေးဖြစ်ပါတယ်။ တခြားဝယ်နည်းတွေ ကျွန်တော်မသိပါ။ blogger ကနေ ၀ယ်ယူပုံကိုသာ ဖေါ်ပြမှာဖြစ်ပါတယ်။
၁။ အောက်ကပုံလေးအတိုင်း ၀ယ်ယူလိုတဲ့ ဘလော့အတွက် Setting>Publishing>Custom Domain ကိုသွားလိုက်ပါမယ်။

21
2011
ပိုကောင်းမယ့်မနက်ဖြန်
01. Intro
02. ရည်းစားဦးဇာတ်လမ်း - စည်သူလွင်
03. ပိုကောင်းမည့်မနက်ဖြန် - စည်သူလွင်
04. ကောင်းသတင်း - အဲလက်စ်
05. အရွယ်လွန်အချစ် - အဲလက်စ်
06. ချစ်ခြင်းမေတ္တာသီချင်း - ကဗျာဘွဲ့မှူး
07. သံယောဇဉ်မပြတ်ဘူး - ကဗျာဘွဲ့မှူး
08. ခံစားရတယ် - မီးမီးခဲ
09. စားနေပြီ - မီးမီးခဲ
10. မိန်းကလေးအကြိုက် - ကဗျာဘွဲ့မှူး ၊ မီးမီးခဲ
11. စကားတစ်ခွန်း - စည်သူလွင် ၊ အဲလက်စ်
12. တစ်သက်လုံးချစ်သူ - စည်သူလွင် ၊ ကဗျာဘွဲ့မှူး
13. ဘယ်လောက်ထိချစ်လဲ - အဲလက်စ် ၊ မီးမီးခဲ
14. ကျေးဇူးတင်ခြင်း
Jul
20
2011
နှုတ်မဆက်နဲ့ ငိုချင်တယ်
01. Intro
02. နှုတ်မဆက်နဲ့ငိုချင်တယ် - စိုးပိုင်
03. လွမ်းဖွယ် - ဗစ်တာခင်ညို ၊ ချောစုခင်
04. ပန်းဘုရင်မလေး - ရာဇာဝင်းတင့်
05. တစ်သက်လုံးများကွဲမလား - ဒေါ်လာ
06. အမေတစ်ခုသားတစ်ခု - ကံ့ကော်တောမျိုးအောင်
07. စက်ခေါင်းအမှတ်၀၀၉ - ခင်မောင်ထူး
08. အရှိကိုအရှိအတိုင်း - ချစ်ကောင်း ၊ မေခလာ
09. ရထားနဲ့သွားတဲ့ခရီးလား - ရတနာဦး
10. တောင်ကြီးဧည့်သည် - ကိုင်ဇာ
11. အပြိုင်အဆိုင်ဖူးစာ - တူးတူး ၊ မေခလာ
12. သတိရနေသူ - တူးတူး
13. အချစ်ဆုံးနှင့်သူငယ်ချင်း - ခိုင်ထူး
14. ယောင်္ကျားမျက်ရည် - ဘိုဘိုပာန်
15. ဘ၀သစ္စာဆိုလေဦး - ခင်မောင်ထူး
16. မုန်းမုန်းမေ့မေ့ - စိုးပိုင် ၊ ရတနာဦး
17. ရထားနဲ့သွားတဲ့ခရီးလေး - ကိုင်ဇာ
18. ကြွေရုပ်ကလေးကောက်ရသူ - ဗစ်တာခင်ညို
19. မိန်းကလေးထဲကမိန်းကလေး - ဘိုဘိုပာန်
20. တိမ်လှိုင်းပမာမရေရာ - နွဲ့ယဉ်ဝင်း
21. သူ့အပြောလေးနဲ့သူ့ပုံပြင် - တူးတူး
22. မိန်းကလေးတို့မလှ - ကော်နီ
23. သေသည့်တိုင်အောင်လူပျိုပဲလား - ခိုင်ထူး
24. အချစ်ကိုဦးစားပေးခဲ့သူ - ဘိုဖြူ
25. ငှက်ငယ်အလားကိုယ့်အမှား - ဒေါ်လာ
26. အချစ်ပျောက်မလေးသို့ - ချစ်ကောင်း
27. ယောင်္ကျားမျက်ရည် - မေခလာ
28. ဒီတစ်ခါဘာရေးမလဲ - ကံ့ကော်တောမျိုးအောင်
Jul
20
2011
ဘလော့ရဲ့ Favicon လေးတွေပြောင်းကြည့်ကြမယ်နော်
အကုန်ဖတ်ချင်ရင် ခေါင်းစဉ်ကို တစ်ချက် ကလိပါ။
ကျွန်တော်တို့faviconပြောင်းတာကိုဘလော့တော်တော်များများမှာေ၇းထားတာတွေ၇ှိပါတယ်.....ကျွန်တော်
အခုပြောပြမဲ့နည်းကအ၇မ်းကိုလွယ်ပါတယ် အ၇င်ဆုံးမိမိတို့ဘလော့မှာအသုံးပြုချင်တဲ့faviconလေးတွေကိုဒီမှာသွားလုပ်လိုက်ပါနော်........မိမိအသုံးပြုချင်တဲ့ပုံလေးကိုသာထည့်လိုက်ပါအဆင်သင့်အသုံးပြုယုံပဲဖြစ်ပါ
ကျွန်တော်ဘယ်လိုလုပ်၇မယ်ဆိုတာကိုအောက်မှာပုံလေးတွေနဲ့ပြပေးထားပါတယ်.............
ကျွန်တော်တို့ဘလော့၇ဲ့မူ၇င်း favicon လေးပါ
ကျွန်တော်ပေးထားတဲ့လင့်လေးကိုသွားလိုက်ပြီးအ၇င်ဆုံး browse ဆိုတာလေးကိုနှိပ်လိုက်ပါ.....
Jul
20
2011
C-Box မှာနောက်ခံ ဓာတ်ပုံ ထည့်ချင်သူများအတွက်
အကုန်ဖတ်ချင်ရင် ခေါင်းစဉ်ကိုတစ်ချက် ကလိပါ။
ကျွန်တော်ကို ကို Lintan စီဘောက်မှာမေးထားတာလေးပါ..။C-box မှာနောက်ခံ Background လေးတွေဘယ်
လိုထည့်၇မလဲဆိုတာကို Saturngodေ၇းထားတဲ့ Myanmarblogmaking ဆိုတဲ့စာအုပ်လေးထဲက C-Box
Background ပြောင်းမယ်ဆိုတဲ့ပို့ဒ်လေးကိုကျွန်တော်ပုံလေးတွေနဲ့ပြန်ပြီး၇ှင်းပြပေးထားပါတယ်..။ကျန်တဲ့ဘ
လော့သူငယ်ချင်းများပါသုံးလို့၇အောင်ကျွန်တော်ပို့ဒ်လေးနဲ့တင်ပေးလိုက်ပါတယ်..။
Jul
19
2011
အလွမ်းရဲ့ည(၁)
01.မျှော်လင့်နေမယ်(R.ဇာနည်)
02.နင့်အကြောင်း(ခင်ဘုန်း)
03.အလွမ်းရဲ့ည(L.လွန်းဝါ)
04.တူညီတဲ့အချစ်(ရှင်ဖုန်း)
05.ကြုံတွေ့ဖူးသား(Bigbag)
06.ရပ်စောင့်(မောင်၂ဇော်လတ်)
07.ကြော်ငြာ
08.ငါတော့မှားပြီ(ရေဗက္က၀င်း)
09.ပြန်လာခဲ့(L.ဆိုင်းဇီ)
10.နေကြာစေ့(Antibiotic)
11.ပလက်ဖောင်းမင်းသား(Mg.Bigbag.An)
Jul
19
2011
အလွမ်းရဲ့ည(၂)
01.အပြစ်မတင်ရက်ပါ(R.ဇာနည် N ဂျေမီ)
02.အိပ်မက်ထဲကချစ်သူ(ကြိုးကြာ N စင်ဒီ)
03.ရန်ကုန်..မန္တလေး..ရန်ကုန်(ရန်ရန်ချန်း N သားစိုး)
04.မချစ်ရင်ကောင်းမယ်(NO)
05.မိုးစက်ပွင့်လေး(စိုင်းစိုင်းခမ်းလှိုင်)
06.ပွင့်လင်းစွာပြော(J Me)
07.ကျောင်းဖွင့်ချိန်(Bambino)
08.ထိုင်မနေနဲ့(ငယ်ငယ်)
09.ဆေးကျောင်းသား(Blueberry)
10.ဂီတစစ်(ရေဗက္က၀င်း)
Jul
19
2011
Blogger Page Number
Blogger Page Number လုပ်နည်းလေးပါ....ဘာမှမခက်ပါဘူး လွယ်လွယ်လေးပါ...
1) Blogger ကို Sign In ၀င်ပါ။
2) Design ထဲက page elements ကိုသွား
3) ပြီး ရင် Add A Gadget ကို ရွေးပြီး HTML/JavaScript ထဲမှာ အောက်က ပေးထား တဲ့ Code ကို ကူးလိုက်ပါ။
Jul
19
2011
blog မှာ link လေးတွေရောင်စုံပြေးနေအောင်
Guestဘလော့မှာလင့်လေးတွေရောင်စုံပြေးနေအောင်ဘယ်လိုလုပ်လဲပြောပြပေးပါ...1) Blog ကို sign in
ဟုတ်ကဲ့ပါ...ပြောပြပေးပါမယ်...လုပ်နည်းကတော့လွယ်ပါတယ်..ကဲစလိုက်ရအောင်..
2) Design ကို click
3) Edit HTML ကို click
4)ထိုမှတဆင့် HTML ကုဒ်တွေထဲမှ
Subscribe to:
Posts (Atom)