Mei Awm Law

Facebook တွင်အသစ်တင်သမျှကို Gmail ကနေကြည့်ရအောင်



Facebook သုံးသူများအတွက်ပါ။ မိမိရဲ့ Facebook ကို မိမိရဲ့ Gmail window မှာကြည့်နိုင်ပါတယ်။ သူငယ်ချင်း။တစ်ယေက်ယောက်က အသစ်တင်တာနဲ့ သင့်ရဲ့ Gmail window ထဲက Facebook gadget မှာတန်းဝင်လာမှာပါ။ အသစ်မတင်လျှင် ယခင်တင်ပြီးသား အကြောင်အရာများ ပေါ်နေမှာပါ။
Gmail မှာ Facebook gadget တင်ရန် သင့် Gmail ကိုဖွင့်ပါ။ ထို့နောက် Gmail window ရဲ့ အပေါ်ညာဘက်ထောင့်မှာ Setting ကိုနှိပ်ပါ။ Gadgets ဆိုတဲ့ menu ကိုထပ်သွားပါ။ (Gadgets menu ကိုမတွေ့ပါက Labs menu ကိုသွားပါ။ ထို့နောက် Add any gadget by URL ကို Enable လုပ်ပြီး Save changes ကိုနှိပ်ပါ။ Add any gadget by URL က Labs menu ရဲ့အောက်ဆုံးမှာရှိပါတယ်။ ပြီးလျှင် Gadgets menu ကို Setting menu ရဲ့အောက်မှာတွေ့ရပါလိမ့်မယ်။) Gadgets menu မှာ Add a gadget by its URL: ဆိုတဲ့ကွပ်လပ်မှာ အောက်က စာကြောင်းကို copy ကူးပြီးထည့်ပါ။

http://hosting.gmodules.com/ig/gadgets/file/104971404861070329537/facebook.xml



ပြီးလျှင် Add ကိုနှိပ်ပါ။ သင့် Gmail window က reload ပြန်လုပ်ပြီး Facebook window လေးက သင့် Gmail ရဲ့ဘယ်ဘက် side bar မှာပေါ်လာပါလိမ့်မယ်။ သင့် Facebook account နဲ့ log in လုပ်လိုက်ပါ။ သင့် Gmail window မှနေပြီး သင့် Facebook status ကိုအလွယ်တကူ ကြည့်နိုင်ပါပြီ။

http://www.komyat.com/ မှ
Back to Top