Mei Awm Law

Facebook တွင် ကိုယ်ရေးအချက်အလက်များ ထိန်းသိမ်းနိုင်ရန်ပြုလုပ်ခြင်း

Facebook ဆိုတာဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူအများစုအသုံးပြုနေကြတဲ့ Social Network တစ်ခုဆိုတာ လူတိုင်းသိပါတယ်။ တစ်ခုရှိလာတာက လူတွေအများကြီးအသုံးပြုလာတော့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထိန်းသိမ်းနိုင်ဖို့လိုအပ်လာပါတယ်။ ဒီလိုထိန်းသိမ်းနိုင်ဖို့အတွက် Facebook ရဲ့ Privacy Setting ကိုအသုံးပြုနိုင်ဖို့လိုအပ်ပါတယ်။ Privacy Setting ဆိုတာကတော့ Home Page ရဲ့ ညာဘက်ထောင့်ဆုံးက Account အောက်မှာရှိပါတယ်။ Privacy Setting ကိုမိမိစိတ်ကြိုက်ပြင်ဆင်တဲ့အခါမှာ ၎င်းရဲ့အောက်မှာရှိတဲ့ Costomize setting မှာ ၀င်ရောက်ပြင်ဆင်ရမှာဖြစ်ပါတယ်။

Customize settings ရဲ့အောက်မှာတော့ Things I Share, Things other share နဲ့ Contact Information ဆိုပြီးသုံးမျိုးရှိပါတယ်။ အဲ့ဒီသုံးမျိုးအနက်က အရေးကြီးတဲ့ အချက်အလက်လေးတွေကိုပဲပြောသွား ပေးပါမယ်။

Things I Share ထဲမှာ မိမိရဲ့ကိုယ်ရေးအချက်အလက်တွေကို လူတိုင်းမမြင်တွေ့စေချင်ရင် Friends Only ကိုသာရွေးထားပေးရမှာဖြစ်ပါတယ်။

Things other Share မှာတော့
- သူတစ်ပါး မိမိကို Video & Photo တွေမှာ Tag လုပ်လို့မရအောင်ပြုလုပ်လိုတဲ့အခါ “ Photos and Videos I’m tagged in ’’ မှာပိတ်ထားနိုင်ပါတယ်။
- မိမိရဲ့ ရေးသားထားတဲ့ စာသားတွေကို ထိန်းချုပ်လိုရင်တော့ “ Can Comment on Posts ’’ မှာပြုလုပ်နိုင်ပါ တယ်။
- မိမိရဲ့စာမျက်နှာမှာ ဘယ်သူမှစာလာရေးလို့မရအောင်ပြုလုပ်လိုရင်တော့ “ Friends can post on my Wall ’’ ရှိ “ Enable ’’ ဘေးကအမှန်ခြစ်ကိုဖြတ်ခြင်းဖြင့် ပိတ်ထားနိုင်ပါတယ်။
မိမိရဲ့ပတ်သက်တဲ့ လိပ်စာတွေ၊ ဖုန်းနံပါတ်တွေနဲ့အီးမေးလ်လိပ်စာတွေအထိ ဘယ်သူမှ မမြင်နိုင်အောင် ပြုလုပ်လိုရင်တော့ “ Contact information ’’ မှာပိတ်ထားနိုင်ပါတယ်။

Source >> Myanmar Internet Journal, April (28)

http://www.thaungyinriver.co.cc/ မှ
Back to Top