Mei Awm Law

အိုင်စတိုင်း

(Bene) MYMC ပရိတ်သတ်များ မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်တို့ရဲ့ Knowledge101 အစီအစဉ်လေးကို တင်ဆက်ပေးဖို့ အချိန်ရောက် လာပြန် ပါပြီ။ ဒီတစ်ပတ် အတွက် တင်ဆက်ပေးဖို့ စီစဉ်ထား တဲ့သူတော့ Modern Physics ရဲ့ဖခင်လို့ အများကတင် စားလေ့ရှိတဲ့ သိပံ္ပပညာရှင် Albert Einstein ပဲဖြစ်ပါတယ်။ E=mc2 လို့ ဆိုလိုက်တာနဲ့ German လူမျိုး သိပ္ပံပညာရှင် Einstein ကို ရင်းနှီးပြီးသား ဖြစ်မှာပါ။ ကျွန်တော်တို့အနေနဲ့ Einstein နဲ့ ပတ်သက်တဲ့ သူ့ဘ၀အကြောင်းလေးတွေနဲ့ သူ့ရဲ့သိပ္ပံလေ့လာတွေ့ရှိချက်တွေကို MYMC ပရိသတ်ကြီးကို တင်ဆက်ပေးသွားမှာ ပါ။ ကျွန်တော်နဲ့အတူ ကူညီတင်ဆက်ပေးမယ့် ဒီဂျေကတော့ ^AnGeL^ ပဲ ဖြစ်ပါတယ်။ မပြည့်စုံမူများ ရှိခဲ့တယ်ဆိုရင်လည်း နားလည်မှုနဲ့ ခွင့် လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ကဲ... ဒါဆိုရင် ပထမဦးဆုံးအနေနဲ့ DJ ကပဲ Einstein ရဲ့ ငယ်ဘ၀နဲ့ သူကြီးပြင်းလာပုံလေးကို စတင်ပြော ပေးပါအုံးနော်။


ကိုယ်ရေးအကျဉ်းနဲ့ ငယ်ဘဝ
1(^AnGeL^) သိပံ္ပပညာရှင် Einstein ရဲ့ နာမည်အရင်းကတော့ Alert Einstein ဖြစ်ပါတယ်။ Einstein ကို ၁၈၇၉ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးရပ်ဇာတိကတော့ German Empire ကြီးထဲက မြို့တစ်မြို့ဖြစ်တဲ့ Ulm မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူရဲ့ဖခင်ကတော့ အရောင်းအ၀ယ် စီးပွားရေး သမား၊ အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Hermann Einstein ဖြစ်ပြီး မိခင်ကတော့ Pauline Einstein ဖြစ်ပါတယ်။ ၁၈၈၀ ပြည့်နှစ်မှာ Einstein တို့မိသားစုဟာ Munich မြို့ကို ပြောင်းရွေ့ခဲ့ပြီး အဲဒီမြို့မှာပဲ သူ့အဖေနဲ့ သူ့ဦးလေးဖြစ်သူတို့ဟာ လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ Company တစ်ခုကို စတင်ထူထောင်ခဲ့ပါ တယ်။ Einstein ဟာ အသက် ၅ နှစ်ကစပြီး Catholic Elementary School မှာ သုံးနှစ်ကြာ ပညာစတင် သင်ယူခဲ့ပါတယ်။ အသက် ၈ နှစ်အရွယ်မှာ Einstein ဟာ primary နဲ့ secondary ကို Luitpold Gymnasium ကျောင်းမှာ ၇ နှစ်တတ်ခဲ့ပြီးတော့ Germany ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ကလေးဘ၀တုန်းက Einstein ဟာ စကားစပြောဖို့ တော်တော်လေး အချိန်ယူခဲ့ရပေမယ့်လည်း elementary school မှာတော့ ထူးချွန်ထက်မြတ်တဲ့ ကျောင်းသားစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

Einstein ဟာ အတွေးအခေါ်နဲ့ စူးစမ်းလေ့လာစိတ်ရှိသူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူငယ်ရွယ်စဉ်မှာ သူ့ဖခင်ဆီကနေ အိတ်ဆောင်သံ လိုက်အိမ်မြောင်လေးတစ်ခုကို စပြီးမြင်ဖူးတဲ့ အချိန်မှာပဲ Einstein ဟာ လေဟာနယ်ထဲက အရာတစ်ခုခုက သံလိုက်အိမ်မြှောင်ရဲ့ လက်တံကို လှုပ်ရှားအောင် လုပ်နေတာဖြစ်မယ်ဆိုပြီး တွေးတောမိခဲ့ပါတယ်။ Einstein ဟာ ကြီးပြင်းလာတာနဲ့အမျှ စက်ကိရိယာတချို့ကို ကိုယ်တိုင်ဒီဇိုင်း ဆွဲတီထွင်ပြီး သူ့ရဲ့သချာင်္စွမ်းရည်ကို ပြသခဲ့ပါတယ်။ ၁၈၈၉ ခုနှစ်ကနေ ၁၈၉၄ ခုနှစ်တွေမှာတော့ Poland နိုင်ငံသား ဆေးကျောင်းသား တစ်ယောက်ဖြစ်တဲ့ Max Talmey က ၁၀ နှစ်သားအရွယ် Einstein ကို သိပံ္ပပညာရပ်တွေ၊ သချာင်္သင်ခန်းစာတွေနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ တွေးခေါ်ချက်တွေကို သူတို့နှစ်ယောက် ထမင်းအတူတူစားရတဲ့ အချိန်ပိုင်းလေးမှာ သင်ကြားပေးခဲ့ပါတယ်။ ဒီလိုမျိုး သင်ကြားပေးခဲ့မှုဟာ Einstein အတွက်တော့ သိပ္ပံပညာရပ်အပေါ် ရူးသွပ်မှုကို အစဖော်ပေးလိုက်ခြင်းပါပဲ။
2
(Bene) ၁၈၉၄ ခုနှစ် AC/DC current wars ဖြစ်တဲ့အချိန်မှာတော့ Einstein အဖေဖြစ်သူရဲ့ Company ဟာ အရှူံးပေါ်ခဲ့ပြီး စီပွားရေးအခြေအနေကြောင့် သူတို့မိသားစုဟာ အီတလီကို ပြောင်းရွေ့ခဲ့ကြပါတယ်။ စစချင်းမှာတော့ Milan မြို့ကို ပြောင်းရွေ့ခဲ့ပြီး နောက်တော့ Pavia ဆိုတဲ့ မြို့လေးမှာ အခြေချဖြစ်ခဲ့ကြ တယ်။ ဒါပေမယ့် Einstein ကတော့ Munich မြို့လေးမှာပဲ ကျန်ရစ်ခဲ့ပြီး သူ့ရဲ့ပညာရေးကို မထိခိုက် အောင် ဆက်လက်လေ့လာခဲ့ပါတယ်။ သူ့အဖေကတော့ သူ့သား Albert Einstein လေးကို Electrical Engineer တစ်ယောက် ဖြစ်စေချင်ခဲ့တာပါ။ ဒါပေမယ့်လည်း Einstein ဟာ စာသင်ကြားမှုလမ်းစဉ်နဲ့ ပက်သက်ပြီးတော့ ကျောင်းကအာဏာပိုင်တွေနဲ့ ကတောက်ကဆ ဖြစ်လိုက်ပါသေးတယ်။  နောက်နှစ်အ နည်းငယ်အကြာမှာ Einstein က အလွတ်ကျက်မှတ်ပြီး စာသင်ကြားခြင်းဟာ တီထွင်နိုင်မှုစွမ်းရည်ကို ကျဆင်းစေတယ်လို့ ရေးသားခဲ့ပါတယ်။ Einstein ဟာ သူ့ရဲ့ကိုယ်ပိုင် ဖုန်းနံပါတ်ကိုတောင် မှတ်မိသူ မဟုတ်ပါဘူး။ ၁၈၉၅ မှာတော့ သူ့မိသားစုရှိတဲ့ဆီကို ဆရာဝန်ရဲ့ထောက်ခံစာနဲ့ ကျောင်းထွက်ပြီး သွားခဲ့ ပါတယ်။ အဲဒီ့အချိန်ကစပြီး Einstein ဟာ "The Investigation of the State of Aether in Magnetic Fields" ဆိုတဲ့ သူ့ရဲ့ပထမဦးဆုံး သိပံ္ပလက်တွေ့ စမ်းသပ်ချက်ကို ရေးသားခဲ့ပါတယ်။

Einstein ဟာ Zurich, Switzerland က Eidgenössische Polytechnische Schule (ETH) ကျောင်းဝင်ခွင့် ဖြေဆိုခဲ့ပါသေးတယ်။ အဲဒီ စာမေးပွဲကို သူကျခဲ့ပေမယ့်လည်း Mathematics နဲ့ Physics ဘာသာတွေမှာတော့ အမှတ်အလွန် ကောင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Einstein ကို သူ့မိသားစုက Switzerland မြောက်ဘက်ပိုင်းမှာရှိတဲ့ Aarau ကိုလွှတ်ပြီး Secondary School ကို ပြီးအောင် ပညာဆက်လက် သင်ကြားစေခဲ့ပါတယ်။ Aarau မှာ Einstein ဟာ Maxwell ရဲ့ Electromagnetic Theory ကို သင်ကြားခဲ့ပြီး အသက် ၁၇ နှစ်မှာ သူကျောင်းပြီးခဲ့ပါတယ်။ ကျောင်းပြီးပြီးချင်းပဲ Einstein ဟာ စစ်မှုထမ်းဥပဒေကို ရှောင်ဖယ်ဖို့အတွက် သူ့ဖခင်ရဲ့ သဘောတူညီမှုနဲ့ German နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခဲ့ပါတယ်။ ၁၈၉၆ ခုနှစ်မှာတော့ Zurich Polytechnic မှာ Mathematics နဲ့ Physics ကို ၄ နှစ်ကြာ ဆက်လက်သင်ကြားခဲ့ပါတယ်။


အိမ်ထောင်ရေးနှင့် မိသားစု
3(^AnGeL^) Einsten ရဲ့ အိမ်ထောင်ရေးနဲ့ မိသားစုရေးရာကို ပြောရမယ်ဆိုရင်တော့ ၁၉၀၃ ခုနှစ်မှာ Einstein ဟာ သူနဲ့ ကျောင်းအတူတူတက်ခဲ့တဲ့ Mileva Maric နဲ့ ဇန်န၀ါရီလမှာ လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းအဖြစ်ကနေ အတူတူသွားလာ၊ စာပေအကြောင်း ဆွေးနွေးရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာပါ။ ၁၉၉၀ ခုနှစ်မှာ Einstein ဟာ Diploma ရခဲ့ပေမယ့် Maric ကတော့ သချာင်္ဘာသာရပ်မှာ အမှတ်နည်းတာကြောင့် စာမေးပွဲ ကျရှုံးခဲ့ပါတယ်။ ၁၉၀၄ ခုနှစ် မေလမှာ သူတို့ရဲ့သားဦး Hans Albert Einstein ကို Switzerland နိုင်ငံ Bern မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဒုတိယသား Eduard ကိုတော့ Zurich မြို့မှာ ၁၉၁၀ ပြည့်နှစ်၊ ဇူလိုင်လမှာ မွေးဖွား ခဲ့ပါတယ်။ ၁၉၁၄ ခုနှစ်မှာတော့ Einstein ဟာ Berlin ကို ပြောင်းရွေ့ခဲ့ပြီး သူ့အမျိုးသမီးကတော့ သားနှစ် ယောက်နဲ့ ကျန်ခဲ့ပါတယ်။ ကံမကောင်းစွာပဲ Einstein တို့ အိမ်ထောင်ရေးဟာ ၅ နှစ်ကြာ ခွဲပြီးနေထိုင်ခဲ့တဲ့အတွက် ၁၉၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ လမ်းခွဲခဲ့ကြပါတယ်။ ၁၉၁၉ ဇွန်လ ၂ ရက်နေ့မှာတော့ Einstein ဟာ နောက်အိမ်ထောင်ဖြစ်တဲ့ Elsa နဲ့လက်တွဲခဲ့ပါတယ်။ အမှန်တော့ Elsa နဲ့က ၁၉၁၂ ခုနှစ်ကတည်းက ဆက်သွယ်မှုရှိခဲ့ပြီး Einstein နဲ့ အမျိုးလည်းတော်ပါတယ်။ ၁၉၃၃ ခုနှစ်မှာတော့ သူတို့ဟာ United States ကို အပြီးအပိုင် ပြောင်းရွှေ့ခဲ့ကြပါတယ်။ Elsa ဟာ ၁၉၃၅ ခုနှစ်မှာ နှလုံးနဲ့ကျောက်ကပ်ရောဂါ ရရှိခဲ့ပြီး ဒီရောဂါနဲ့ပဲ ဒီဇင်ဘာ ၁၉၃၆ မှာ ကွယ်လွန်ခဲ့ပါတယ်။

အလုပ်အကိုင်
4(Bene) ဆက်လက်ပြီး Einstein ရဲ့ လုပ်ငန်းခွင်အကြောင်းလေးတွေကို ပြောပြပါမယ်။ Einstein ဟာ ဘွဲ့ရပြီးပြီးချင်း ၂ နှစ်လောက် စာသင်တဲ့အလုပ်ကို ရှာဖွေခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ Einstein ရဲ့ အတန်းဖော်တစ်ယောက်ရဲ့ ဖခင်အကူအညီနဲ့ Bern မြို့က Patent Office မှာ လက် ထောက်စာမေးပွဲစစ်ဆေးသူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၀၃ ခုနှစ်မှာတော့ Einstein ဟာ Swiss Patent Office မှာ ရာသက်ပန် ၀န်ထမ်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ များသောအား ဖြင့်တော့ သူ့အလုပ်တွေက Electric signal တွေရဲ့ Transmission ဖြစ်ပေါ်မှုတွေအကြောင်းနဲ့ Electrical, mechanical နဲ့ပတ်သတ်တဲ့ မေးခွန်းများစွာကို ဖြေရှင်းလေ့လာရပါတယ်။ Bern မြို့က သူငယ်ချင်းတစ်ခုနဲ့အတူ Einstein ဟာ Olympia Academy အဖွဲ့ဆိုပြီး နောက်နောက် ပြောင်ပြောင်ဖွဲ့ပြီးတော့ Science နဲ့ philosophy အကြောင်းတွေကို မကြာခဏ လေ့လာဆွေးနွေးလေ့ရှိပါတယ်။ သူတို့ဖတ်တဲ့၊ လေ့လာတဲ့ အကြောင်းအရာတွေထဲမှာ Einstein ရဲ့ သိပံ္ပပညာနဲ့ အတွေးအခေါ်တွေအပေါ် လွမ်းမိုးမှုအများကြီးရှိတဲ့ Henri Poincare', Ernst Mach နဲ့ David Hume တို့အကြောင်းတွေ ပါဝင်ပါတယ်။


ပညာရေးအလုပ်အကိုင်
5(^AnGeL^) ၁၉၀၁ ခုနှစ်မှာတော့ Einstein ရဲ့ စာတမ်းတစ်စောင်ဟာ Physics စာအုပ်တစ်အုပ်မှာ ပါဝင်ခဲ့ပါတယ်။ ၁၉၀၅ ခုနှစ် ဧပရယ်လ ၃၀ ရက်နေ့မှာတော့ Einstein ဟာ သူ့ရဲ့စာတမ်းပြုစုချက်ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အဲဒီစာတမ်းကြောင်းပဲ  Einstein ကို Zurich University က PhD ချီးမြှင့်ခဲ့ ပါတယ်။ ၁၉၀၅ ခုနှစ်ကို အများကတော့ Einstein ရဲ့ ကံအကောင်းဆုံးခုနှစ်လို့ ပြောရလောက်အောင် အဲဒီနှစ်မှာပဲ သူ့ကိုပညာရေးနယ်ပယ်က အသိအမှတ်ပြုသွားစေတဲ့ စာတမ်း ၄ စောင်ကိုလည်း ထုတ်ပြန်နိုင် ခဲ့ပါသေးတယ်။ ၁၉၀၈ ခုနှစ်မှာတော့ သူ့ကိုထက်မြတ်တဲ့ သိပ္ပံပညာရှင် တစ်ယောက်အဖြစ် အသိအမှတ် ပြုခြင်းခံရပြီး Bern University မှာ ဆရာအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ မကြာခင်မှာပဲ Einstein ဟာ Patent office ကနေ အလုပ်ထွက်လိုက်ပြီးတော့ Zurich University မှာ Physics ပညာရပ်ကို သင်ကြား ပို့ချခဲ့ပါတယ်။ ၁၉၁၁ ခုနှစ်မှာတော့ Professor တစ်ယောက် ဖြစ်လာခဲ့ပြီး ၁၉၁၄ ခုနှစ်မှာ Germany ကို အလုပ်တာဝန်နဲ့ ပြန်သွားခဲ့ပါတယ်။ ၁၉၁၆ ခုနှစ်မှာ Einstein ဟာ German Physical Society ရဲ့ President အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

၁၉၁၁ ခုနှစ်မှာ Einstein ဟာ သူ့ရဲ့ general relativity ကို အခြေခံပြီးတော့ နေရောင်ခြည်ရဲ့ ဆွဲငင်အားကြောင့် ကြယ်တစ်စင်းရဲ့ အလင်းရောင်ဟာ ကွေ့ကောက်သွားနိုင်တယ်ဆိုတာကို တွက်ချက်လို့ ရခဲ့ပါတယ်။ အဲဒီတွက်ချက်မှုကို ၁၉၁၉ ခုနှစ် မေလ ၂၉ ရက် Solar Eclipse မှာ အတည်ပြုခြင်း ခံခဲ့ရပါတယ်။ ဒီလိုဖြစ်ရပ်ဟာ Einstein ကို ကမ္ဘာကျော် သိပ္ပံပညာရှင်တစ်ယောက် ဖြစ်လာစေခဲ့ပါတယ်။ ၁၉၂၁ ခုနှစ်မှာတော့ Einstein ဟာ Physics ပညာရပ်မှာ Nobel Price ချီးမြှင့်ခြင်းခံခဲ့ရတဲ့အပြင် Royal Society က Copley Medal ကိုလည်း ၁၉၂၅ ခုနှစ်မှာ ရရှိခဲ့ပါသေးတယ်။


ကမ္ဘာအနှံ့ လှုပ်ရှားမှုများ
7(Bene) ၁၉၂၁ ခုနှစ် ဧပရယ်လ ၂ ရက်နေ့မှာတော့ မြို့တော်ဝန်ရဲ့ ဖိတ်ခေါ်မှုနဲ့ New York မြို့တော်ကို စာပေ ပို့ချဖို့အတွက် ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။ ဆက်လက်ပြီး Washington ကိုလည်း သွားရောက်ခဲ့ ပြီး အိမ်ဖြူတော်ကို နိုင်ငံတကာ သိပ္ပံပညာရှင်များကိုယ်စား သွားရောက်ခဲ့ပါတယ်။ Europe ကို အပြန်လမ်းမှာ လည်း သိပ္ပံပညာရှင်များစွာနဲ့ တွေ့ဆုံခဲ့ပြီးတော့ ပညာရေးဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ၁၉၂၂ ခုနှစ်မှာ အာရှဘက်ကို သွားရောက်ခဲ့ပြီး Japan မှာတော့ တော်ဝင်မိသားစုနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ သူတွေ့ခဲ့ဖူးသမျှ လူတွေထဲမှာ Japan လူမျိုးတွေကို အနှစ်သက်ဆုံးဖြစ်တယ်လို့ Einstein ဟာ သူ့ရဲ့သားဖြစ်သူကို ရေးထားခဲ့တဲ့ စာတစ်စောင်ထဲမှာ ဖော်ပြခဲ့ဖူးပါတယ်။

Germany ကို Hitler အုပ်ချုပ်ပြီးတဲ့နောက်တော့ Einstein ဟာ ၁၉၃၃ ခုနှစ်မှာ United States ကို အပြီးအပိုင် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ၁၉၃၃ ခုနှစ် ဧပရယ်လမှာ Einstein ဟာ US က University တွေကို သွားရောက်နေတုန်း သူကြား သိလိုက်ရတာက German အစိုးရက ဥပဒေအသစ်တစ်ခုကို ထုတ်ပြန်လိုက်ပြီးတော့ Nazi Booking Burnings ဖြစ်ပွားခဲ့ကာ သူ့ကိုလည်း $5000 နဲ့ ဖမ်းဝရမ်းထုတ်ပြန်လိုက်တယ်ဆိုတဲ့ အကြောင်းပါပဲ။ သူ့ရဲ့ ထက်မြတ်မှုဟာ Nazi တွေအတွက်တော့ ကြောက်မက်ဖွယ်ရာတစ်ခု ဖြစ်နေတဲ့အတွက်ကြောင့်ပါ။ Germany က အခြားသော သိပ္ပံပညာရှင်တစ်ချို့လည်း ဒီအဖြစ်အပျက်ကြောင့် United States ကို ပြောင်းရွှေ့ ခဲ့ကြပါတယ်။ ၁၉၄၀ မှာတော့ Einstein ဟာ US နိုင်ငံသားအဖြစ် ခံယူခဲ့ပါတယ်။
သိပ္ပံပညာ လှုပ်ရှားမှုများ
(^AnGeL^) Einstein ဟာ သူ့ဘ၀တစ်လျှောက်လုံး စာအုပ်ပေါင်းစွာနဲ့ စာတမ်းများစွာကို ရေးသားပြုစုခဲ့ပါတယ်။ များသောအားဖြင့် သူ့ရဲ့ စာအုပ်တွေဟာ Physics အကြောင်းဖြစ်ပေမယ့် တချို့စာအုပ်တွေကတော့ နိုင်ငံရေးအကြောင်း၊ ဘာသာရေးအကြောင်းနဲ့ လူမှုရေး အကြောင်းတွေဖြစ်ပါတယ်။ သူ့ရဲ့ထင်ရှားတဲ့ သိပ္ပံလှုပ်ရှားမှုတွေနဲ့ တွေ့ရှိချက်တွေကို ဖော်ပြပေးပါမယ်။

Annus Mirabilis papers
Annus Mirabilis papers ကတော့ ၁၉၀၅ ခုနှစ် Annalen der Physik မှာ ပါဝင်ခဲ့တာပါ။ ဒီစာတမ်းမှာတော့ Einstein ဟာ photoelectric effect, Brownian motion, the special theory of relativity နဲ့ E = mc2 အကြောင်းကို ရေးသားထားပါတယ်။
Thermodynamic fluctuations and statistical physics

ဒီစာတမ်းကတော့ Einstein ရဲ့ ပထမဦးဆုံး ထုတ်ဝေခဲ့တဲ့ စာတမ်းဖြစ်ပါတယ်။ ဒီစာတမ်းရဲ့နောက်ဆက်တွဲ စာတမ်းတွေကိုလည်း ၁၉၀၂ ခုနှစ်၊ ၁၉၀၃ခုနှစ် နဲ့ ၁၉၀၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပါသေးတယ်။
General principles

Einstein ဟာ the Principle of Relativity ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တခြား Principle တွေဖြစ်တဲ့ the Principle of Equivalence, the Principle of Adiabatic Invariance of the Quantum Number နဲ့ Mach's Principle တို့ကိုလည်း တွေ့ရှိခဲ့ပါသေးတယ်။

Theory of relativity and E = mc2
Theory of Relativity ကို အခြေခံပြီးတော့ Einstein ဟာ E = mc2 ဆိုတဲ့ ညီမျှခြင်းတစ်ခုကို ထုတ်ခဲ့ပါတယ်။ အဲဒီညီမျှခြင်းကတော့ Nuclear စွမ်းအား ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။ Einstein ရဲ့ အကျော်ကြားဆုံး ညီမျှခြင်းလို့လည်း ပြောလို့ရပါ တယ်။

Photons
၁၉၀၅ ခုနှစ်မှာ Einstein က အလင်းရောင်ထဲမှာ အလွန်သေးငယ်တဲ့ အမှုန်တွေ ပါဝင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီအဆိုကိုတော့ ၁၉၁၉ ခုနှစ်ကမှ အသိအမှတ်ပြုခြင်း ခံခဲ့ရတာပါ။

Einstein ရဲ့ အခြားတွေ့ရှိချက်တွေကတော့
Quantized atomic vibrations
Adiabatic principle and action-angle variables
Wave-particle duality
Theory of critical opalescence
Zero-point energy
General relativity and the Equivalence Principle
Hole argument and Entwurf theory
Cosmology
Modern quantum theory
Bose–Einstein statistics
Energy momentum pseudotensor
Unified field theory
Wormholes
Einstein–Cartan theory
Equations of motion
တို့ဖြစ်ပါတယ်။

နောက်ဆုံးနေ့ရက်များ
9(Bene) ၁၉၅၅ ခုနှစ် ဧပရယ်လ ၁၇ ရက်နေ့မှာ ကလီစာတွင်း သွေးကြောပေါက်ကွဲမှုကြောင့် ကွယ်လွန်ခဲ့ပါ တယ်။ ၁၉၄၈ ခုနှစ်တုန်းကလည်း ဒီနေရာကိုပဲ Dr. Rudolph Nissen နဲ့ ခွဲစိတ်ကုသမှု ခံယူခဲ့ပါသေးတယ်။ သူမကွယ်လွန်မှာ Nuclear စွမ်းအင်ကို ကောင်းတဲ့ဘက်မှာ အသုံးချဖို့ တိုက်တွန်းခဲ့ပြီးတော့ ပေါင်းစပ် စက်ကွင်း Theory ကို တင်ပြခဲ့ပါသေးတယ်။ အဲဒီ Theory ကို ပြီးပြည့်စုံအောင် ထပ်မံရှင်းမပြနိုင်ခင် ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁၈ ရက် မနက် ၁ နာရီ ၂၅ မိနစ်က Priceton ဆေးရုံမှာ သူကွယ်လွန်သွားခဲ့ပါတယ်။ တကယ်တော့ Einstein မသေဆုံးခင်မှာ သူ့ရောဂါအတွက် ထပ်မံခွဲစိတ်ကုသဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ ဒါပေမယ့် Einstein က သူ့ဘ၀မှာ လုပ်သင့်တာတွေ လုပ်ခဲ့ပြီးပြီမို့ အခုအချိန်မှာ သူသွားဖို့အချိန်တန်ပြီ။ ကံကိုသာ ပုံအပ်လိုက်တော့မယ်ဆိုပြီး ခွဲစိတ်မှုကို ပယ်ချခဲ့ပါတယ်။ သူကွယ်လွန်သွားပြီးတဲ့နောက် သူ့ရဲ့ ဦးနှောက်ကို အလှူခံပြီး Einstein ဟာ ဘာကြောင့် ဒီလောက်ထိ ဥာဏ်ကောင်းခဲ့တယ်ဆိုတာကို အဖြေရှာ ခဲ့ကြပါသေးတယ်။

Einstein ဟာ ဒီကမ္ဘာမှာ နောက်တစ်ကြိမ် ပေါ်ပေါက်လာဖို့ ခဲယဉ်းတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့တွေ့ရှိချက်တွေဟာ အံ့မခန်းတွေချည်းပါပဲ။ ကဲ.. ဒီလောက်ဆိုရင်တော့ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး Albert Einstein အကြောင်းကို MYMC ပရိသတ်ကြီး အတော်အသင့် သိပြီလို့တော့ ထင်ပါတယ်နော်။ မပြည့်စုံမှုများ ရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ MYMC ပရိသတ်တွေအနေနဲ့ ဒီနေ့ တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကို ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ ဗဟုသုတအနေနဲ့ လာရောက်ဖတ်ရူကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ထပ် ဘယ်လို အကြောင်းအရာလေးတွေကို MYMC ပရိသတ် တွေအတွက် တင်ဆက်ပေးမလဲ ဆိုတာကို စောင့်မျှော်အားပေးကြပါဦးနော်။


Video တွေကြည့်ချင်ရင်တော့ မူရင်းဆိုက် ဖြစ်တဲ့ အောက်ပါ လိဒ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။
http://www.mymclub.net/main/index.php?option=com_content&view=article&id=404&Itemid=599
Back to Top