Mei Awm Law

Google + Facebook


တနေ့သ၌ ကျွန်ုပ်သည် အွန်လိုင်းပေါ် မရောက်သည်မှာ ကြာသဖြင့် မကြည့်ရသည်များကို အတိုးချ ကြည့်မိလေ၏။ ထူးခြားသည့် သတင်းများအနေဖြင့် Google + မှာ နာမည်ကြီး၍ နေလေသည်။ မိမိလည်း ၎င်းနှင့် ပတ်သက်သည် များကို လေ့လာကြည့်မိလေသည်။


ဆိုဒ်တော်တော်များများတွင်လည်း Google + ကို ကျယ်ကျယ်ဝင့်ဝင့် ရေးထားကြသည်ကို တွေ့ရလေ၏။ မိမိလဲ တွေ့မိသည့် အကြောင်းအရာတစ်ခု ရေးချင်စိတ် ဖြစ်မိလေသည်။ မည်သည့် ဘလော့ဂါများ ရေးနေလေရဲ့တော့ မသိ။

Google + တွင် Facebook ပါ တွဲသုံးနိုင်ရန် စီစဉ်ထားသည့် add ons တစ်ခုကို တွေ့မိသည်။ စာဖတ်သူများ အလိုရှိက သုံးနိုင်ရန် ရေးမည်ဟု စဉ်းစားမိသည်။

၁) ဒီဆုဒ်ကို သွားဖွင့်ပါ။
၂) Get Google + Facebook ကို နှိပ်ပါက ဘယ်ဘက်ဒေါင့်တွင် Allow ပေါ်လိမ့်မည်။ နှိပ်ပါ။
၃) အင်စတောလုပ်ပြီးပါက restart ချခိုင်းပါက လုပ်ပါ။
၎) Mozilla , IE, Chrome တစ်ခုခုတွင် Google + ကို ပြန်ဖွင့်ကြည့်ပါ။
၅) Home ဘေးတွင် Facebook icon လေး ပေါ်နေလိမ့်မည်။

ကျွန်ုပ်ကိုယ်တိုင်လည်း စမ်းသပ်ကြည့်ပြီး များစွာ အားရနှစ်ထောင်ရှိလှသဖြင့် စာဖတ်သူများလည်း ကျေနပ်မည် ဟု တွေးမိလေတော့သည်။
Source:http://mgsaytanar.blogspot.com/
Back to Top