Mei Awm Law

ပညာရှိတို့၏ အဆိုအမိန့် (အောင်သစ်)

Civilization is a method of living,an attitude of equal respect for all men.(Jane Adams)
ယဉ်ကျေးမှုဆိုတာ လူ့ဘ၀ရဲ့ နေထိုင်နည်း တစ်ရပ် ဖြစ်ပါတယ်။လူသားတိုင်း တန်းတူညီမျှမှုရှိပြီး တလေးတစား ကျင့်သုံး လိုက်နာအပ်တဲ့ သဘောထား ရပ်တည်ချက်လည်း ဖြစ်ပါတယ်။

The meaning of life cannot be told:it has to happen to a person. (Ira Progoff)
လူ့ဘ၀ရဲ့ အနှစ်သာရဆိုတာ ဖွင့်ပြောလို့ ရတာမျိုး မဟုတ်ဘူး။လူတစ်ယောက်အတွက် ကိုယ်တွေ့ကြုံမှ သဘောပေါက်မယ့် အရာသာ ဖြစ်တယ်။

Man does not live by bread alone,but by faith,by administration by sympathy.(Ralph Woldi Emerson)
လူဟာ ထမင်းစားရုံသက်သက် အသက်ရှင်နေသူ မဟုတ်၊ ယုံကြည်မှု၊စီမံအုပ်ချုပ်သူ၊ ကိုယ်ချင်းစာတရားတို့နဲ့ အသက်ရှင်နေသူဖြစ်တယ်။

The heart of the fool is in his mouth,but the mouth of the wise man is in his heart.(Benjamin Franklin)
ဥာဏ်ပညာကင်းမဲ့သူရဲ့ နှလုံးသားဟာ သူ့ပါးစပ်ထဲမှာရှိပြီး တွေးခေါ်မြောမြင်မှုနဲ့ ဥာဏ်ပညာရှိသူရဲ့ နှုတ်ကတော့ သူ့ နှလုံးသားထဲမှာပဲ ရှိပါတယ်။

Time ripens all things.
No man is bein wise. (Cervantes)
အချိန်ဟာ အရာရာကို ရင့်ကျက်စေပါတယ်။
ဘယ်သူမှ မွေးကတည်းက ပညာရှိ ဖြစ်လာကြတာ မဟုတ်ပါ။

No man can write who is not first a humanitarian. (William Fanlkher)
ရှေးဦးကတည်းက လူလူချင်း စာနာ၊သနားမှု မရှိခဲ့ရင် စာပေရေးသားခြင်းလဲ မပြုနိုင်ပါဘူး။

History is nothing more than a picture of crimes and misfortunes. (Voltaire)
သမိုင်းဆိုတာ လူသားအချင်းချင်း ပြစ်မှုကျူးလွန်မှုတွေ၊ဆိုးသွမ်းတဲ့ ကံကြမ္မာဖြစ်စဉ်တွေကို ရေးခြယ်ထားတဲ့ ပန်းချီကားတစ်ချပ်ထက် ဘာမှမပိုပါဘူး။

A man would be damn fool to predict with finality what he would do in this unpredictable world. (Barry Goldwater)
ခုလောက် မရေရာ မသေချာတဲ့ လောကကြီးထဲမှာ သေချာပေါက် ကြိုတင်ဟောကိန်း ထုတ်တဲ့လူဟာ လူရူး လူမိုက်ပဲ ဖြစ်လိမ့်မယ်။

Source>http://friendsdaygroup.ning.com
Back to Top