Mei Awm Law

Peekaboo ပို့စ်ခေါက်နည်းအသေးစိတ်

Peekaboo ဆိုတာ Read more.. Collapse ... စတဲ့ Javascript လေးကို ဘလော့ဂါမှာ ထည့်သွင်း ခြင်းဖြစ်ပါတယ် ။ ကျွန်တော် စစလိုက်ရှာခြင်းတုန်းက javascript တွေ သေနေတာနဲ့ နောက်ပြီး code တွေအ လုပ်မလုပ်တာနဲ့အတော်လေး ဒုက္ခများခဲ့ရပါတယ် ။ အခုတော့ ဒီ ဆက်လက်ဖတ်ရှုရန်ဆိုတဲ့ ဟာလေး လုပ်နည်းကိုအ သေးစိတ်ရေးတင်ပေးလိုက်ပါတယ် ။ ကိုယ့်ရဲ့ စာမျက်နှာမှာ ပို့စ်တွေအများ ကြီးတင် ထားတဲ့အခါ အရှည်ကြီးတွေဖြစ်နေရင် အဆင်မပြေပါဘူး ။ Read more လေး ထည့်ထားတဲ့အခါ expandable ဖြစ်တဲ့အ တွက် ပို့စ်ခေါက်ရတာ အရမ်းလွယ်ကူပြီး ကြည့်ရတာ ရှင်းလင်းသပ်ရပ်စေပါတယ် ။ ၀ထ္ထုရှည်တွေရေးတဲ့အခါ ဒါလေးထည့်ထားရင်အ ရမ်းကို အဆင်ပြေမယ်လို့ထင်ပါတယ် ။ ကျွန်တော့်ဘလော့မှာ နမူနာ ထည့်ထား သလိုပေါ့ ။ ကဲ လုပ်နည်းလေးကို အသေးစိတ် ကြည့်ကြရအောင် ။

အရင်ဆုံး ဘာမှစမလုပ်ခင် ကိုယ့်ရဲ့ Template လေးကို backup လုပ်ထားပါဦး ။ Backup လုပ်နည်းတော့ သိကြမယ် ထင်တဲ့အတွက် မပြောတော့ပါဘူး ။

၁ ။ Blogger ကို sign in လုပ်ပြီး Edit Html ထိရောက်အောင်သွားပါ ။ ပြီးရင် Expand Widget Templates ဆိုတာလေးကို အမှန်ခြစ်ပေးဖို့ မမေ့ပါနဲ့ဦး ။

၂ ။ </head> ဆိုတာကိုရှာပါ ။ ရှာတွေ့ရင် သူ့ရဲ့အပေါ်မှာ အောက်မှာပေးထားတဲ့လင့်လေးကိုဖွင့်ပြီး code တွေအကုန်ကူးလိုက်ပြီး paste လုပ်လိုက်ပါ ။ ( အသင့်တင်ပြီးသားဖြစ်တဲ့ javascript code တွေ ဖြစ်ပါတယ် )

Javascript code များကော်ပီလုပ်ရန် ဒီနေရာကိုနှိပ်ပါ ။

ဒီအောက်ကလည်းအတူတူလဲ အတူတူပဲ သီသန့်ထည့်တာပါ


၃ ။ ပြီးရင် <b:includable id='post' var='post'> ဆိုတာလေးကိုတွေ့အောင်ရှာပါ ။ အဲဒီစာကြောင်းလေးအောက်ကို ဆက်ကြည့်သွားပြီး <div style='clear: both;'/> <!-- clear for photos floats --> ဆိုတာ ကိုတွေ့တဲ့အထိ ရှာပါ ။ ပြီးရင် ခုနက <b:includable id='post' var='post'> နဲ့ <div style='clear: both;'/> <!-- clear for photos floats --> ရဲ့ကြားမှာ ရှိသ မျှ code တွေအကုန်လုံးဖျက်လိုက်ပြီး အောက်မှာ အသစ်ပေးထားတဲ့ code တွေ ကို ကော်ပီ ကူးပြီး ထည့် လိုက်ပါ ။




ဒီအဆင့်မှာ အခု ကော်ပီကူးလိုက်တဲ့ code တွေမှာ Read More .... ဆိုတဲ့နေရာလေးမှာ ဆက်လက်ဖတ်ရှူရန် စသဖြင့်ရေးနိုင်ပြီး Summary only... ဆိုတဲ့နေရာမှာ ပြန်ခေါက်ပေးရန် ၊ ပြီးပါပြီ စသဖြင့်ရေးနိုင်ပါတယ် ။ ပြီးရင် save လုပ်ပါ ။

၎ ။ နောက်တစ်ဆင့်အနေနဲ့ Setting ထဲက Formatting ကိုသွားပါ ။ Post template ဆိုတဲ့ text box နေရာလေးမှာ အောက်က code လေးတွေကို ထည့်လိုက်ပါ ။

Type your summary here
<span id="fullpost">
Type rest of the post here
</span>

ပြီးရင်ဆေ့လုပ်လိုက်ပါ ။

ပို့စ်တင်တဲ့အခါ Type your summary here ဆိုတဲ့နေရာမှာ ကိုယ်Home page မှာ ပို့စ်တစ်ပုဒ် လုံးမှာ ပေါ်စေချင်တဲ့စာသားလေးကိုရေးပါ ။ အပေါ်ဆုံးတစ်ပုဒ်ပဲဖြစ်ဖြစ်ပေါ့ ။ ပြီးရင်ကိုယ်ခေါက် ချင်တဲ့နေ ရာလေးကို <span id="fullpost"> နဲ့ </span> ရဲ့ကြားထဲမှာရေးပါ ။ ဒါဆိုအိုကေ သွားပါလိမ့်မယ် ။

မရှင်းတာရှိရင် မေးသွားနိုင်ပါတယ် ။

သက်တန့်ချို

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Source...သက်တန့်ချို
များများထားတာ ပြဿနာ မရှိ...တနည်းမရရင် နောက်တနည်းပေါ့ ဟိဟိ
Back to Top