Mei Awm Law

ငိုညည်းသံ



အေးစက်လွန်းတဲ့ မင်းအပြုံး
ချို့တဲ့လွန်းတဲ့ မင်းအချစ်
ရက်စက်လွန်းတဲ့ မင်းအလှ
နှိုင်းဖို့ အနှိုင်းတွေ မဲ့ခဲ့တယ်...

မင်းကိုချစ်တဲ့ နေ့စွဲများ
မင်းကိုလွမ်းတဲ့ ရက်စွဲများ
မင်းကိုမျှော်တဲ့ လများထဲ
မင်းအတွက်ကျတဲ့ မျက်ရည်စက်များ
ပေးဆပ်ရသမျှ မင်းနဲ့တန်ပါတယ်...


မင်းမုန်းတဲ့ အမုန်းများ
မင်းထားတဲ့ အညိုးများ
မင်းပေးတဲ့ ဒဏ်ရာများ
ပေးဆပ်မှုနဲ့ မမျှအောင်
လွန်လွန်းတယ်......

ဇက်ဗီ
Back to Top