Mei Awm Law

အကြင်နာ(၂)



အကြင်နာ

တစ်ခါတစ်ခါ လွမ်းမိပါတယ်

အမြဲတမ်းတော့ မဟုတ်ပါဘူး

တိုက်ဆိုင်မှုလေးတွေ ရှိတိုင်းမှာပါ....


အကြင်နာ

တစ်ခါတစ်ခါ တွေးမိပါတယ်

မင်းနဲ့ငါ့ရဲ့ အတိတ်ကဇာတ်လမ်းလေး

အမြဲတမ်းတော့ မဟုတ်ပါဘူး

လွမ်းနေမိတဲ့ အချိန်တွေတိုင်းမှာပါ....


အကြင်နာ

တစ်ခါတစ်ခါ မင်းကိုစိတ်နာတယ်

ပိုးစုန်းကြူးက မီးကိုမြင်မြင်ရက်နဲ့

တိုးသလို

မင်းလည်း ငွေတွေမြင်မြင်ရက်နဲ့

ခုန်ချတယ်နော်

အဲဒီ အဲဒီနေ့မှာ ငါငိုခဲ့တယ်

ငွေဘက်လှည့်လိုက်တဲ့

မင်းမျက်နှာ လှလှလေး

ငါ နှမျောလိုက်တာ

မင်းဘယ်သိမလဲ...


အကြင်နာ

တစ်ခါတစ်ခါ မင်းကိုငါသနားတယ်

မင်းပါထက်က စီးတဲ့မြစ်ရေတွေက

ငါ့ရင်ဘတ်ကို လာလာတိုက်စားတယ်

အကြင်နာ

သူတို့မှာ ငွေပဲရှိတယ်

အချစ်မရှိဘူး

လောကမှာ ငွေရှိရင် ဘာမဆိုလုပ်လို့ရတယ်

ဒါပေမယ့်

ငွေကုန်ရင် ဘာမှလုပ်လို့မရပါဘူး

အကြင်နာ....


အကြင်နာ

မင်းပြောတော့

သူတို့က နေမင်းကြီးဆို

ငါ့ဘဝကို အစစအရာရာ

ပြည့်စုံအောင် ထားနိုင်မယ်ဆို


ဒီလိုဆိုကြေး ဆိုရင်

ငါလည်း လမင်းလေးပါ

ဘာအဆောင်အယောင်မှ မရှိဘူး

ဒါပေမယ့်

သေချာတာ တစ်ခုကတော့

မင်းကို ချစ်တဲ့ အချစ်စစ်တော့ရှိတယ်

မင်းအတွက် ထာဝရ

အေးမြတဲ့ အပြုံးလေးတော့ပေးနိုင်တယ်


အကြင်နာ

ဘဝမှာ အချစ်စစ်ပဲ လိုတယ်

အကြင်နာ....


တစ်ချိန်တုန်းက သိပ်ချစ်ခဲ့ဖူးတဲ့ အကြင်နာသို့....ဇက်ဗီလင်းတန်း


မကောင်းတဲ့ မှတ်ချက်တော့ မပေးပါနဲ့ မင်းလည်း ပင်ပန်းမယ်...ငါလည်းစိတ်ညစ်မယ်... အချိန်ပေးပြီး ဖတ်ပေးတာပဲ ကျေးဇူးတင်ပါတယ်။
Back to Top