Mei Awm Law

Easy making … Read more (blogger post)

အိမ်မက်လမင်း: ပို့စ်ခေါက်တာ ဒုတိယအဆင့်မရလို့ပါ templete ကလက်မခံပါ အဲဒါဘယ်လိုထည့်ရမလဲ ပြောပြပေးပါ
Image Hosting by imagefra.me
အရင်က expandsable read more တွေအတွက် အချို့သော Template များမှာ အခက်အခဲ တော်တော်ရှိပါတယ်။ ကျနော်ရေးထားတဲ့ စံနဲ့လိုက်လုပ်ရင်တောင် အဆင်မပြေတဲ့ template တွေ အများကြီးတွေ့လာရပါတယ်။ အဲဒါတွေ ပြီးနောက်မှာတော့ blogger ရဲ့ ပြင်ဆင်ချက်အရ New Features တွေ တွေ့ရလို့ စမ်းကြည့်မိပါတယ်။ expandsable မဖြစ်ပေမယ့်၊ လွယ်ကူမှု အပြင်၊ peek.js ကို hosting လုပ်စရာလည်း မလိုတော့တဲ့အတွက် အားသာချက် ပိုရှိသွားပါတယ်။ သူ့ရဲ့ read more က jump to full post အတွက် ဖြစ်ပါလိမ့်မယ်။ နှိပ်လိုက်ရင် ဖုံးကွယ်ထားတဲ့ စာသားများ ထွက်ကျ လာတာမျိုးမဟုတ်ပဲ၊ ပို့တစ်ခုလုံး ပေါ်လာပြီး ဖက်လက်စ နေရာကို ရောက်သွားမှာဖြစ်ပါတယ်။ ကဲ စမ်းကြည့်ကြတာပေါ့ … ဘယ်ဟာ ပိုမိုက်လဲလို့ …

draft.blogger.com ကို သွားပြီး sign in ၀င်လိုက်ပါ။ (blogger.com မှာ နစ်ဝင်ပြီးသား ဆိုရင်တော့ sign in ၀င်ပြီးသား ဖြစ်နေပါလိမ့်မယ်)
မိမိ လုပ်ချင်တဲ့ ဘလော့ရဲ့ Settings ကို နှိပ်ပါ။ Basic ဆိုတဲ့ tab ထဲက Select post editor နေရာမှာ Updated editor ကို ရွေးပေးလိုက်ပါ။ (Updated editor ရဲ့ Feature ကို ဒီမှာ ကြည့်နိုင်ပါတယ်)
Image Hosting by imagefra.me

ပြီးရင် blogger ရဲ့ New Post ကို ပြန်နှိပ်ကြည့်ပါ။ post ရေးတဲ့ နေရာက standard toolbar ပြောင်းသွားပါလိမ့်မယ်။ မိမိ ရေးချင်တာများ ရေးသားပြီးလို့ စာခေါက်မယ့်နေရာကို Compose tab ရဲ့ Insert Jump break ဆိုတဲ့ ခလုပ်လေးကို နှိပ်ပေးလိုက်ပါ။
Image Hosting by imagefra.me
စာခေါက်မယ့် နေရာ အတွက် ထည့်ပေးပြီး၊ Edit HTML ကို ပြန်နှိပ်ကြည့်လိုက်ပါ။ စာခေါက် ဖို့အတွက် code ကို မြင်ရပါလိမ့်မယ်။ (wordpress ရဲ့ စတိုင်အတိုင်း blogger က ပြင်ဆင်လိုက်တာဖြစ်ပါတယ်)
Image Hosting by imagefra.me
ဘလော့ကို ပြန်ကြည့်ကြည့်ပါ။ ခုနက ရေးလိုက်တဲ့ ပို့စ်မှာ စာခေါက်ထားတဲ့ အတိုင်း အပေါ်စာသားတစ်ခုပဲ လာပြပါတယ်။ ဒါပေမယ့် read more ဆိုတဲ့ နှိပ်စရာ မပေါ်သေးပါဘူး။ (အချို့ template တွေက ဒီအဆင့်မှာတင် ပေါ်ပါတယ်)
Image Hosting by imagefra.me
Layout - Edit HTML ကိုသွား၊ Expand Widget Templates ဆိုတဲ့ check box ကို check ပေးထားပြီး၊ Ctrl+F ကို နှိပ်ပါ။ ပေါ်လာတဲ့ search box မှာ အောက်က စာသားကို ကူးထည့်ပြီး ရှာလိုက်ပါ။ (ရှိကို ရှိပါတယ်၊ space မပါ စေပဲ ထည့်ပြီး နှိပ်ရှာပါ။)
<data:post.body/>
Image Hosting by imagefra.me
အပေါ်မှာ ပြထားတဲ့ ပုံအတိုင်း မြင်ရပါလိမ့်မယ်။ သူ့ရဲ့ နောက်မှာ အောက်က စာသားကို ထည့်ပေးပါ။ အောက်မှာ ထပ်ပြထားတဲ့ ပုံအတိုင်း ဖြစ်ရပါမယ်။ သေချာကြည့်ပေးပါဦး။
 <b:if cond='data:post.hasJumpLink'>
<div class='jump-link'>
<a expr:href='data:post.url + "#more"'>Read More</a>
</div>
</b:if >
Image Hosting by imagefra.me
ပြီးရင် Save ပြီး ကြည့်လိုက်ပါ။ Read more ပေါ်လာတာကို တွေ့ပါလိမ့်မယ်။
Image Hosting by imagefra.me
အဲဒီ read more ဆိုတဲ့ စာသားကို မိမိ ကြိုက်ရာ ရေးနိုင်ဖို့အတွက် LayoutPage Elements ကို သွားပြီး၊ Body Posts ရဲ့ Edit ကိုနှိပ်ပါ။
Image Hosting by imagefra.me
Post page link text : ဆိုတဲ့ အကွက်မှာ မိမိ စိတ်ကြိုက် ရေးလိုက်ပါ။ ပြီးရင် save ….. ဒါပါပဲ ။
Image Hosting by imagefra.me
အရင် expansable read more လုပ်ရတာထက် အများကြီး သက်သာသွားတာကို တွေ့မှာပါ။ စာတစ်ပုဒ်ကို အပြည့်အစုံ ဖတ်ဖို့အတွက် new page အဖြစ် reload လုပ်ပေးပါတယ်။ အဲဒီတော့ Hit များချင်သူတွေ အကြိုက်ဖြစ်မှာပါ။ connetion မကောင်းတဲ့ နေရာတွေအတွက်တော့ နည်းနည်း ထပ်စောင့်ဦးပေါ့။ ဘာပဲ ပြောပြော … blogger ရဲ့ New Feature အတွက် ကျေးဇူးတင်ပါတယ် …………… ကြိုက်လည်း ကြိုက်ပါတယ်။ အားလုံးလည်း အဆင်ပြေမယ်ထင်ပါတယ် …

Source..သံလုံငယ်
Back to Top