Mei Awm Law

ပန်းဂေါ်ဖီစိမ်းမှ ဒြပ်ပေါင်းက ရင်သားကင်ဆာကို ဟန့်တားနိုင်

ပန်းဂေါ်ဖီစိမ်း (Broccoli) မှာ ပါဝင်တဲ့ ဒြပ်ပေါင်းတစ်မျိုးဟာ ကင်ဆာကျိတ်တွေ ကြီးထွားမှုကိုဖြစ်စေတဲ့ အဓိကဆဲလ်တွေကို ဟန့်တားနိုင်ကြောင်း အမေရိကန် သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
ကင်ဆာစတမ်းဆဲလ်တွေ (Cancer Stemcells) ဟာ အရေအတွက်နည်းပေမယ့် ကင်ဆာပြန်ဖြစ်တာနဲ့ ပျံ့နှံ့တာအတွက် အဓိကသော့ချက် ဖြစ်ပါတယ်။ မီချီဂန် တက္ကသိုလ်မှ သုတေသီတွေက ပန်းဂေါ်ဖီစိမ်းမှာပါတဲ့ Sulforaphane လို့ခေါ်တဲ့ ဒြပ်ပေါင်းဟာ ကင်ဆာကျိတ်အသစ်တွေ ဖြစ်ပေါ်မှုကို တားဆီးထားပြီး ကင်ဆာစတမ်းဆဲလ်တွေကို သတ်ပစ်တာ တွေ့ရှိခဲ့တယ်။ Sulforaphane ဟာ ကင်ဆာရောဂါအပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို အရင်ကတည်းက သိပြီးသားပါ။
ဒါပေမယ့် အခုသုတေသနက Sulforaphane ရဲ့ ရင်သားကင်ဆာစတမ်းဆဲလ်တွေကို ဆန့်ကျင်နိုင်တဲ့ အာနိသင်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ Sulforaphane တွေဟာ အဓိကကျတဲ့ ကင်ဆာစတမ်းဆဲလ်တွေကို ဦးတည်တိုက်ခိုက်ပြီး ကင်ဆာရောဂါကို ကာကွယ်နိုင်မယ် ဒါမှမဟုတ် ကုသနိုင်မယ်လို့ သုတေသီခေါင်းဆောင် Duxin Sun က ဆိုပါတယ်။
သုတေသီတွေက ရင်သားကင်ဆာဖြစ်နေတဲ့ ကြွက်တွေကို ပန်းဂေါ်ဖီစိမ်းမှ ထုတ်ထားတဲ့ Sulforaphane ဒြပ်ပေါင်းတွေ ထိုးသွင်းခဲ့ရာ သာမန်ဆဲလ်တွေအပေါ်မှာ အာနိသင် နည်းနည်းလေးသာရှိပြီး ကင်ဆာဆဲလ်တွေကိုသာ သိသိသာသာ လျော့ကျသွားစေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ကင်ဆာကျိတ်အသစ်တွေလည်း ထပ်မံမဖြစ်ပေါ်နိုင်တော့ တာကို တွေ့ရှိခဲ့ကြပါတယ်။

Source..www.oasit.co.cc/

Back to Top