Mei Awm Law

Peek-a-boo Post ဆိုတဲ့ Read More လုပ်တာပါ

ပန်းချစ်သူ : ပိုစ်ကိုတင်ရင် … ဘလော့ဒ်မှာ ..ဆက်ဖတ် မယ် ။ ပြန်ခေါက်ထားခဲ့ပါလို. စာတန်းပေါ်အောင် ဘယ်လိုလုပ်ရမလဲ။
ကျနော့်ကို စာခေါက်တဲ့ Peek-a-boo Post (Read More) ကိုရေးပေးပါလို့ ပြောထားကြတာ အများကြီးပဲ။ နောက်ပြီး ကျနော်လည်း easy making blog ရေးနေတာ ပို့စ်သုံးခုနဲ့ ဆက်မရေးဖြစ်တော့ဘူး ။ ဒီနေ့ ရေးမယ်ဗျာ …
အားလုံးလိုလိုက သိပြီးသားပါ။ တော်တော်များများလည်း မြန်မာလို ရေးပြီးသား။ ဒါပေမယ့် ကျနော် ရေးမှကို ကျေနပ်မယ့် လူတွေ အတွက် ရေးတယ်လို့ သဘောထားပေးကြပါ … ဟီဟီ
အရင်ဆုံး Layout – Edit HTML ကို သွားပါ။ Ctrl+F ကို နှိပ်ပြီး ပေါ်လာတဲ့ search box မှာ </head> လို့ ထည့်ရှာလိုက်ပါ။ ပြီးရင် အောက်က စာသားကို </head> ရဲ့အောက်မှာ ထည့်ပေးလိုက်ပါ။
<script src=’http://heartbrade.googlepages.com/peek.js’ type=’text/javascript’/>
ဒီလိုလေး ဖြစ်သွားပါမယ် ..

Image Hosting by Picoodle.com
တစ်ချို့က peek boo သာလုပ်ပြီးသွားတယ်။ အဲဒါတွေ မသုံးတတ်ပါဘူး။ ကျနော်လည်း စလုပ်တုန်းက read more ဆိုတဲ့ စာသားနေရာ မြန်မာလို ဖြစ်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာ သဘော မပေါက်ခဲ့ပါဘူး။ အခု အဲဒီ စာသားတွေကို အောက်အတိုင်း မြင်ပေးပါ။
ပြီးရင်တော့ save နှိပ်လိုက်ပါ။
နောက်တစ်ဆင့်က သုံးနေရာပြောင်းပေးရပါမယ်။ အရင်ဆုံး Expand widget Templates ကို check လုပ်ထားပေးပါ။

Image Hosting by Picoodle.com
Ctrl+F ကို နှိပ်ပြီး ပေါ်လာတဲ့ search box မှာ id=’post’ လို့ ထည့်ရှာလိုက်ပါ။ အောက်ပါအတိုင်း အနီနဲ့ ပြထားတဲ့ စာသားကို ထပ်ထည့်ပေးရမှာ ဖြစ်ပါတယ်။
<b:includable id=’post’ var=’post’>
<div class=’post uncustomized-post-template’ expr:id=’”post-” + data:post.id’>
<a expr:name=’data:post.id’/>
ပြီးရင် save နှိပ်ကြည့်ပါ။ error ပြတယ်ဆိုရင်တော့ Edit Clear ကို နှိပ်ပေးပြီး ဒီအဆင့်ကို ကျော်လို့ ရပါတယ်။ အချို့သော templates များအတွက် ဒီစာသား မလိုအပ်ပါဘူး။
ဒုတိယ နဲ့ တတိယကို အဲဒီအောက်မှာပဲ ဆက်ကြည့်သွားပါ။ အနီနဲ့ ပြထားတဲ့ စာသားကို ထပ်ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
<a expr:name=’data:post.id’/>
<b:if cond=’data:post.title’>
<h3 class=’post-title’>
<b:if cond=’data:post.url’>
<a expr:href=’data:post.url’><data:post.title/></a>
<b:else/>
<data:post.title/>
</b:if>
</h3>
</b:if>
<div class=’post-header-line-1′/>
<div class=’post-body’>
<b:if cond=’data:blog.pageType == “item”‘>
<p><data:post.body/></p>
<b:else/>
<style>#fullpost {display:none;}</style>
<p><data:post.body/></p>
<span id=’showlink’>
<p><a href=’javascript:void(0);’ expr:onclick=’”javascript:showFull(\”post-” + data:post.id + “\”);”‘>ဆက်လက်ဖတ်ရှူရန်…</a></p>
</span>
<span id=’hidelink’ style=’display:none’>
<p><a href=’javascript:void(0);’ expr:onclick=’”javascript:hideFull(\”post-” + data:post.id + “\”);”‘>ပြီးပါပြီ…</a></p>
</span>
<script type=’text/javascript’>
checkFull(“post-” + “<data:post.id/>”);
</script>
</b:if>
<div style=’clear: both;’/> <!– clear for photos floats –>
</div>
ပြီးရင်တော့ save နှိပ်လိုက်ပါ။ (ဆက်လက်ဖတ်ရှူရန် နဲ့ ပြီးပါပြီ ဆိုတဲ့ စာသားကို တွေ့ပါလိမ့်မယ်။ မိမိ နှစ်သက်ရာ စာသား၊ သင်္ကေတ ကို ပြောင်းထည့်ပေးလို့ရပါတယ်)
Settings – Formatting ကို သွားပါ။ အောက်ဆုံးက Post Template ဆိုတဲ့ အကွက်မှာ အောက်က စာသားလေး ထည့်ပေးလိုက်ပါ။
<span id=”fullpost”>
</span>
save ပေးပြီးတာနဲ့ new post ကို နှိပ်တိုင်း အဲဒီစာသားတွေ ပို့စ်မှာ ပါပြီး ဖြစ်နေပါလိမ့်မယ်။ (အဲလို အမြဲ ပါပြီးသားဖြစ်ရအောင် ဒီနေရာမှာ လာထည့်ပေးထားတာ ဖြစ်ပါတယ်)
Image Hosting by Picoodle.com
ပို့စ်တိုင်းမှာတော့ ဒီကုတ်တွေ ပါနေပါပြီ။ ဘယ်လိုသုံးမလဲ …
<span id=“fullpost”> = ဆက်လက်ဖတ်ရှူရန် …
</span> = ပြီးပါပြီ …
အောက်ကပုံမှာ ပြထားတဲ့ အတိုင်း မိမိ ဖျောက်ထားချင်တဲ့ စာပိုဒ်တွေကို ဆက်ဖတ်ရန် နဲ့ ပြီးပါပြီ ကြားကို ညှပ်ထားပေးရမှာ ဖြစ်ပါတယ်။
Image Hosting by Picoodle.com
အမှန်မှာတော့ အဲဒီ အတိုင်း ရေးလိုက်ရင် နိဒါန်း ဆိုတာရယ် ဆက်လက်ဖတ်ရှူရန် ပဲ ပေါ်နေပါလိမ့်မယ်။ ဆက်လက်ဖတ်ရှူရန် ဆိုတာကို နှိပ်မှ ပို့စ်တစ်ခု လုံး ပေါ်လာပြီး ပြီးပါပြီ ဆိုတာ ပေါ်မယ်။ ဆက်လက်ဖတ်ရှူရန် ပျောက်သွားပါလိမ့်မယ်။ အရမ်း အသေးစိတ်လွန်းသွားပါတယ်။ အခု မှ စလုပ်မယ့် လူတွေ နားမလည် မှာ စိုးလို့ပါ ။
ဒီလောက်ဆိုရင်တော့ စာခေါက်တာကို ကောင်းကောင်း သိသွားလောက်ပါပြီနော် … အပေါ်ဆုံးမှာ ထည့်ခဲ့တဲ့ .js ဖိုင်ကို မိမိ account နဲ့ ကိုယ်ပိုင် hosting ပြန်လုပ်ထားတာ ပိုကောင်းပါတယ်။ အဲဒါ လုပ်ဖို့ ကိုလည်း အရင် ပို့စ်တွေမှာ ရေးခဲ့ပြီး ဖြစ်ပါတယ်။
ကျနော့်ပို့စ်တွေကို မေးနဲ့ ဖတ်နေတဲ့ ဘလော့ဂါတွေ အတွက် ဒီပို့စ်က ခေတ်နောက်ကျ နေတဲ့ အနှောက်အယှက်ပေးရုံ မေးလ် တစ်ခု ဖြစ်ခဲ့ မယ်ဆိုရင် တောင်းပန်ပါတယ်ဗျာ ။ အခုမှ စလုပ်နေကြတဲ့ ဘလော့ဂါတွေ အတွက် လွယ်ကူစေချင်လို့ပါ။
ကျေးဇူးတင်ပါတယ် ….
Source.သံလုံငယ်

Back to Top