Mei Awm Law

နိုင်ငံသားတစ်ဦး၏ ပြောရေးဆိုပိုင်ခွင့်အား ဖော်ထုတ်ခြင်း (သို့ မဟုတ်) Facebook စာမျက်နှာမှသည်ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်ထံသို့ 

လေးစားအပ်ပါသော ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရှင့်....

ကျမသည် ဧရာဝတီမြစ် အပါအဝင် မြန်မာနိုင်ငံ၏ တချို့ သော မြစ်တို့ တွင် ဆောက်လုပ်ဆဲ / ဆောက်လုပ်မည့် ရေကာတာ စီမံကိန်းများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသား တယောက် ထမ်းဆောင်ရမည့် အမျိုးသားရေး တာဝန်ကို ဦးထိပ်တွင် ပန်ဆင်ကာ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော လူသန်းပေါင်း ၆၀ကျော်တို့ ၏ကိုယ်စား ၊ လှည်းနေ လှေအောင်း မြင်းဇောင်း မကျန်သော သက်ရှိသက်မဲ့ အားလုံး ကိုယ်စား သမ္မတကြီးထံသို့ ဤ စာအား Facebook စာမျက်နှာမှတဆင့် ရေးသားပေးပို့  လိုက်ပေသည်။


ရည်ရွယ်ချက်မှာ ...


(၁) ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း မှီတင်း နေထိုင်ကြသည့် သန်းပေါင်း ၆၀ကျော်သော ပြည်သူတို့  တွင်ရရှိခံစား နေရသည့် ယခုလက်ရှိ ဆောက်လုပ်ဆဲ/ ဆောက်လုပ်မည့် ရေကာတာ စီမံကိန်းများနှင့် ဆက်လျဉ်း၍ မလိုအပ်သော စိုးရိမ် ထိတ်လန့် မှု များကို ဖယ်ရှားရန်။


(၂) ရေမြေတောတောင်တို့ ၏ စိမ်းလန်းသာယာလှပမှုဖြင့် တည်ဆောက်ထား၍ ပင်ကိုယ်သဘာဝ ရေခံမြေခံ ကောင်းသဖြင့် လူပေါင်းများစွာ၏ ဘဝရပ်တည်မှုအား အပြည့်ဝဆုံး ထောက်ပံ့ ပေးနိုင်သော နေရာဒေသ ဖြစ်ကြောင်းကို ရှေးယခင်ကတွေ့  ရှိခဲ့ကြသဖြင့် ဘာသာစကားနှင့် ကိုးကွယ်မှု မတူညီသည့် လူမျိုးစုပေါင်း များစွာ စုဝေးနေထိုင် ရောက်ရှိ နေထိုင်လာခဲ့ကြရာ ပြည်ထောင်စုဟူ၍ နေရာဒေသတခု တိတိကျကျ ဖြစ်ပေါ်လာခဲ့သည်။ ထိုမှ တဆင့် ရာစုနှစ်ပေါင်း များစွာကို ကျော်ဖြတ်၍ ယခုအချိန်အခါတွင် လူသန်းပေါင်း ၆၀ ကျော်ပိုင်ဆိုင်သော " မြန်မာနိုင်ငံ " ဟု အမည်နာမ တွင်ခဲ့သည့် ထိုပြည်ထောင်စုကြီးအား တို့ တာဝန် အရေးသုံးပါးထဲမှ တပါးဖြစ်သည့် "ပြည်ထောင်စု မပြိုကွဲရေး" ဆိုသည့်အချက်ကို လိုက်နာကျင့်သုံး၍ ကာကွယ်စောင့်ရှောက်ရန်။


(၃) ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ သမ္မတ ရွေးချယ်ပွဲတွင် ပြည်သူများ၏ ဆန္ဒအများဆုံးဖြင့် ရွေးချယ် တင်မြောက်ခံရသော သမ္မတကြီးသည် ဘုရားဟောကြားခဲ့သော မင်းကျင့်တရား ၁၀ပါးအား ဦးထိပ်တွင် ပန်ဆင်၍ ပြည်သူများအား တရားမျှတစွာ အုပ်ချုပ်သည့်  မင်း/ သမ္မတ တစ်ဦး ဖြစ်ကြောင်းကို သိရှိနားလည်သော ပြည်သူ သန်းပေါင်း ၆၀ကျော်၏ ခိုင်မာသည့် ယုံကြည်မှုကို ဆက်လက် မြင့်တင်ပေးရန် ....


စသည့်အချက်များပင်ဖြစ်သည်။


သို့ ရာတွင် ကျမသည် ဤစာကို ရေးသားရာ၌ မှီငြမ်းထောက်ကူစရာဟူ၍


(၁) ကျမ၏လုပ်ငန်းခွင် ဆိုင်ရာအတွေ့ အကြုံ။

(၂) တရားဝင် ထုတ်ပြန်ထားသော ဆောင်းပါးများ နှင့် လူမှုကွန်ယက်များမှ ထွက်ပေါ်လာသော ပြည်သူ့  အသံများ.။

(၃) နိုင်ငံသားတယောက်၏ နိုင်ငံသားတာဝန်ကျေပွန်လို သော အမျိုးသားရေးစိတ်ဓာတ်။


စသည် တို့ ဖြင့် ပြည်သူများ၏ ခံစားချက်ရှုထောင့်မှနေ၍ ရေးသားထားခြင်း ဖြစ်သည်။


စီမံကိန်းစာမျက်နှာများအား တိတိကျကျ ဖတ်ရှုနိုင်ခွင့် မရှိသောကြောင့် လည်းကောင်း ၊ ဖတ်ရှုခွင့်ရမည့် အခြေအနေအားလဲ စောင့်ဆိုင်းနေရန် လုံလောက်သည့် အချိန်မရှိတော့ သောကြောင့် လည်းကောင်း ၊ ကျမ ရေးသား ပေးပို့ သော ဤစာထဲတွင် မူရင်းစီမံကိန်း စာချုပ်နှင့် လွဲဖယ်မှုများ ပါရှိနေပါလျှင် ခွင့်လွှတ်ပေးပါရန် သမ္မတကြီးအား ပဏာမအနေနှင့် ဂါရဝရှေ့ ထား၍ တောင်းပန်အပ်ပါသည်။


ပြည်သူသန်းပေါင်း ၆၀ကျော်သိချင်သော အရေးကြီးသည့် အချက်များကို သမ္မတကြီးအား တင်ပြရာတွင် လက်တလော ပြည်သူများ အာရုံစိုက်မိနေသည့် ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကို ဥပမာထား၍ တင်ပြလိုပါသည်။၎င်းတို့ မှာ..


(၁) ရင်းနှီးမြုပ်နှံမှု ၊ အကျိုးအမြတ်ရလာဒ်နှင့် ဆုံးရှုံးမှုတန်ဘိုး ခွဲဝေရှင်းတမ်း ( Project Cost and Profit & Loss Ratio )။


(၂) နိုင်ငံတခုနှင့်တခု စီမံကိန်းဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရာတွင် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ အားလုံးအတွက် အပြည့်အဝ ပြန်လည် အစားထိုးပေး ကာကွယ်ပေးနိုင်သည့် အာမခံချက် ( Political Risk Insurance )။


(၃) ကမ္ဘာ့ဘဏ်တွင် ထားရှိသော ရင်းနှီးမြုပ်နှံသူ၏ စီမံကိန်းဆိုင်ရာ ကုန်ကျစရိတ်နှင့် တိုက်ရိုက် မပတ်သတ်သော သတ်မှတ်ထားသည့် ငွေကြေး အာမခံချက် ( Banker's Guarantee from World Bank ) စသည်တို့ ဖြစ်သည်။


(၁) ရင်းနှီးမြုပ်နှံမှု ၊ အကျိုးအမြတ်ရလာဒ်နှင့် ဆုံးရှုံးမှုတန်ဘိုး ခွဲဝေရှင်းတမ်း ( Project Cost and Profit & Loss Ratio )


ဤအချက်မှာ တိုင်းသူပြည်သားများ လွန်စွာရှုတ်ထွေး၍ မည်သည့်နည်းနှင့်မျှ နားမလည်နိုင်သော ပထမချက်ဖြစ်သည်။

မြန်မာလူမျိုး သန်းပေါင်း ၆၀ ကျော် ပိုင်ဆိုင်သော သဘာဝ သယံဇာတများ လွန်စွာ ပေါကြွယ်ဝသည့် ကချင်ပြည်နယ် ကဲ့သို့ သော အထင်ကရ နေရာဒေသတခုတွင် ထိုလူမျိုးစုအကုန်လုံး အတွက် အဓိက အသက်အာမခံမှုကို အထောက်အကူ ပြုပေးနေသော မြစ်ဧရာဝတီ ရေ၏ ၇.၆ ရာခိုင်နှုန်းကို နှစ်စဉ် ပိုင်နိုင်စွာသုံး၍ ရင်းနှီးလုပ်ကိုင်မည့် အခွင့်အရေးအား တိုင်းသူပြည်သား များ၏ ဆန္ဒမရှိဘဲ တရုတ်ပြည်သည် မည်သည့် အတွက်ကြောင့် ရရှိကိုင်ဆောင် ထားနိုင်ခဲ့ပါသနည်း။

ထိုရေကာတာစီမံကိန်းမှ ရရှိလာမည့် အကျိုးအမြတ်အား ရင်းနှီးမြုပ်နှံသူ တရုတ်ပြည်သည် ၇၀ ရာခိုင်နှုန်း ရယူပိုင်ဆိုင် သွားမည် ဟုအတိအလင်း ဆိုထားသည် ၊ စီမံကိန်းတွင် ပါဝင်သည့် အစိုးရ အကြီးအကဲများမှလဲ ထိုစီမံကိန်းသည် မြန်မာအမျိုးသား များ၏ ငွေကြေးအင်အား ၊ နည်းပညာ အင်အားဖြင့် မတည်ဆောက်နိုင်၍ တရုတ်တို့ ၏ အကူအညီကို ရယူခဲ့ရပါသည် ဟုဆိုလျှင် မည်သည့် အတွက်ကြောင့် မြန်မာနိုင်ငံအား စဉ်ဆက်မပြတ် စောင့်ကြည့်အကူအညီ ပေးလိုသော တရုတ်ပြည်ထံမှ ထိုကုန်ကျမည့် ရင်းနှီးမြုပ်နှံမှု ငွေကြေးပမာဏကို အတိုးသက်သက် ဖြင့်သာ ချေးယူ၍ မရခဲ့ပါသနည်း။

မြန်မာနိုင်ငံအား ထိုရင်းနှီးမြုပ်နှံမှုမှ ထွက်ရှိလာသော အကျိုးအမြတ်၏ ၂၀ ရာခိုင်နှုန်း ရရှိခံစားစေမည် ၊ စီမံကိန်း အောင်မြင်ပီးနောက် လျှပ်စစ်မီး လုံလောက်စွာ ရရှိ မည်ဟူသော အချက်များသည် ပေးအပ်လိုက်ရသော သဘာဝ သယံဇာတ ပေါကြွယ်ဝသော နယ်မြေ နှင့် ၇.၆ ရာခိုင်နှုန်းသော မြစ်ဧရာဝတီ၏ သွေးသားနှင့် နှိုင်းယှဉ်ပါလျှင် ထိုက်တန်သည်ဟု မည်သည့်နည်းနှင့် ယူဆထားပါနည်း ။ ဤသည်မှာ တရုတ်ပြည်သည် ထိုသူတို့ ၏ တိုင်းပြည် အကျိုးအတွက် တည်ဆောက်သော လျှပ်စစ် ရေကာတာ စီမံကိန်းအတွက် မြန်မာ့နယ်မြေကို ငှားရမ်းခ ၊ မြန်မာနိုင်ငံ အသက်သွေးကြော မကြီးအား ထုတ်ယူ သုံးစွဲခအား ဤမျှလောက်သော တန်ဘိုး ပမာဏလေးဖြင့် ပိုင်းဖြတ်သွားသည်ဟု ယူဆနိုင်သည်။ မြန်မာနိုင်ငံသည် ရရှိလာမည့် အကျိုးအမြတ်ကို ခံစားရယူခွင့် မဆိုထားဘိ . ပေးအပ်လိုက်ရသော ရင်းနှီးမှု၏ အရှုံးသည်ပင် မြင့်မိုရ်တောင်မက ကြီးမားနေသည်မှာ ထင်ရှားပေသည် ။ ထို့ ကြောင့် ဤစီမံကိန်းကို မည်သည့် အတွက်ကြောင့် တိုင်းသူပြည်သားများ၏ ဆန္ဒမပါပဲ လက်ခံခဲ့ပါသနည်း။

ဤမေးခွန်းများသည် ကျမကိုယ်တိုင် အပါအဝင် တိုင်းသူပြည်သားများမှ တိကျရေရာစွာ သိချင်နေသော မေးခွန်းများပင် ဖြစ်ပေသည်။

(၂) နိုင်ငံတခုနှင့်တခု စီမံကိန်းဆိုင်ရာ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရာတွင် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ အားလုံးအတွက် အပြည့်အဝ ပြန်လည် အစားထိုး ပေးနိုင်သည့် နိုင်ငံတခုလုံးနှင့် သက်ဆိုင်သော အာမခံချက် ( Political Risk Insurance )

ထိုအချက်အား မတင်ပြမှီ ရှေးဦးစွာ ပြောလိုသည်မှာ ပြည်သူ သန်းပေါင်း ၆၀သည် ယင်းအချက်ကို သီအိုရီပိုင်းအရ နားလည်ချင်မှ နားလည်ပါလိမ့်မည်။ သို့ သော် ထိုအချက်သည် သဘောတရားအရ သော်လည်းကောင်း ၊ ပြည်သူတဦးချင်း၏ ရင်တွင်းခံစားချက်၌ သော်လည်းကောင်း ကိန်းဝပ်နေကြသည်။ ထိုခံစားချက်ကို ကျမ၏ လုပ်ငန်းခွင် အတွေ့ အကြုံနှင့် Website များမှလိုအပ်သည့် အချက်များ ထုတ်ယူ၍ ယှဉ်တွဲဖော်ပြခြင်းဖြစ်သည်။


ဤသည်မှာ...

နိုင်ငံတနိုင်ငံမှ တခြားတနိုင်ငံသို့  စီမံကိန်းတခု (သို့ မဟုတ် )တခုထက်ပိုသော ရင်းနှီးမြုပ်နှံမှု များအား အကောင်အထည်ဖော် ဆောင်ရွက်ရန်ခန့် အပ်ခြင်း ခံရမည်ဆိုပါလျှင် ထိုသို့ ခန့် အပ်ခြင်းခံရသူ (ယခု အခြေအနေအရ တရုတ်ပြည် - Contractor ) သည် ခန့် အပ်သူ ( ယခု အခြေအနေအရ မြန်မာပြည်- Owner ) အား လုပ်ငန်းခွင်ဆိုင်ရာ ထိခိုက် ပျက်ဆီးမှုများ ၊ နောက်ဆက်တွဲ ပျက်ဆီး ဆုံးရှုံးမှုများ အားလုံးအတွက် အပြည့်အဝ ပြန်လည်အစား ထိုးပေးနိုင်ပါသည်ဟု တိကျစွာ ဆိုထားသော အာမခံမှုစာချုပ် (Political Risk Insurance Contract ) အား အာမခံ ပေးမည့်နိုင်ငံ (ယခု အခြေအနေအရ မြန်မာနှင့် တရုတ်မဟုတ်သော တခြားစီးပွားရေး တောင့်တင်းသည့် နိုင်ငံ - Insurance Broker) ထံမှ ဝယ်ယူပေးရမည်။


ထိုစာချုပ် ( Political Risk Insurance) တွင် ပါဝင်ရမည့် ပျက်ဆီး ဆုံးရှုံးနိုင်မည့် အခြေအနေများကို ကျွမ်းကျင်သော (တရုတ်မဟုတ်သည့်) နိုင်ငံတကာမှ ပညာရှင်များနှင့် မြန်မာပညာရှင်များ ပူးပေါင်းကာ အာမခံပေးမည့်နိုင်ငံ ( Insurance Broker ) အား ပျက်ဆီးဆုံးရှုံးမည့် အချက်များကို ရေးသားဖော်ပြရာ၌ အဓိကအားဖြင့် ၁) နည်းပညာပိုင်း ဆိုင်ရာ ပျက်ဆီးဆုံးရှုံးမည့် အခြေအနေ များအား တာဝန်ယူ ကာကွယ် ပေးနိုင်ရမည် ၊ ၂) မြန်မာပြည်သူ လူထုကြီး၏ အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးမည့် စိုးရိမ်မှု ခံစားချက်များအား တာဝန်ယူ ကာကွယ် ပေးနိုင်ရမည်ဟူသော အချက်အလက် အားလုံးကိုလဲ အဆင့်ဆင့် ထည့်သွင်း ဖော်ပြရပေမည်။


သို့ သော် စီမံကိန်း မစမှီ မြန်မာအစိုးရသည် လုပ်ငန်းခွင်ဧရိယာအတွင်း နေထိုင်နေသူ အားလုံးထံမှ မည်သည့် ခြိမ်းချောက်မှု ၊ တိုက်ခိုက်မှုမျိုးမှ မပါသော လုပ်ငန်း ဆောင်ရွက်ခွင့် သဘောတူညီချက် စာချုပ်ကို ဒို့ တာဝန် အရေးသုံးပါးထဲမှ တပါး အပါအဝင်ဖြစ်သော "တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး " ဆိုသည့် အချက်ကို အလေးထား ဆောင်ရွက်သည့် အနေဖြင့် ရှေးဦးစွာ ရယူရပေမည်။
သို့ မှသာ Political Risk Insurance Contract ကို Insurance Broker ထံတွင် Contractor (တရုတ်ပြည်)မှ လွယ်ကူစွာ ဝယ်ယူ၍ မြန်မာနိုင်ငံ (Owner) သို့ သေချာစွာ ပေးအပ်နိုင်ရန်ဖြစ်သည်။


ကျမ၏ အမျိုးသားရေးစိတ်ဓာတ် ၊ နည်းပညာပိုင်းအရ ပျက်ဆီးဆုံးရှုံးနိုင်မည့် ခန့် မှန်းချက် အခြေအနေ များနှင့် ယခုလက်ရှိ တိုင်းသူပြည်သား များ၏ စိုးရိမ်မှု အတိုင်းအတာ ၊ အခြေအနေများအရ Insurance Broker မှ တာဝန်ယူ အာမခံပေးရမည့် အချက်များအား ယေဘူယအားဖြင့် ဖော်ပြရသော်....


(၁) စီမံကိန်းပြုလုပ် ဆောင်ရွက်သော နေရာတွင် သတ်မှတ်ထားသည့် အတိုင်းအတာထက် ကျော်လွန်၍ ဖြစ်ပေါ်လာမည့် နယ်မြေ အနေအထား ဆိုင်ရာ ပျက်ဆီး ဆုံးရှုံးမှုများ မရှိနိုင်ပါဆိုသည့် အာမခံချက်


(၂) ရင်းနှီးမြုပ်နှံသူ (Contractor) ကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများ အားလုံးကို တာဝန်ယူ ကာကွယ် ပေးနိုင်ပါသည် ဟူသော အာမခံချက်

ဥပမာ.မြစ်ထဲသို့ စွန့် ပစ်သော ဓါတုပစ္စည်များကြောင့် မြစ်ရေ မသန့် ရှင်းမှုဖြစ်ကာ တိရိစ္ဆာန်များ ၊လူများ သေကြေ ပျက်ဆီးမှု မရှိခြင်းဟူသော အာမခံချက် ၊ နှစ်စဉ် သုံးစွဲနေသော ရေအင်အား ၇.၆ ရာခိုင်နှန်းသည် တိုင်းပြည်တွင် နေထိုင်သော ပြည်သူပြည်သား သန်း ၆၀ကျော်၏ အသက်မွေး ဝမ်းကျောင်းမှုအား မည်သည့် နည်းနှင့်မျှ ထိခိုက်မှု မရှိနိုင်ပါ ၊ သောင်ထွန်း၍ မြစ်ကြောင်း ပြောင်းခြင်းများလဲ မရှိပါဟူသော အာမခံချက်များ

(၃) အကယ်၍ ထိုစီမံကိန်းကြောင့် တိုင်းပြည် ပျက်ဆီးခဲ့ပါလျှင် ထိုပျက်ဆီးသွားသော တိုင်းပြည်အတွက် နောက်ထပ် တိုင်းပြည် အသစ်တခု ပြန်လည် အစားထိုး ပေးနိုင်ပါသည် ဟူသော အာမခံချက်


(၄) နောက်ဆုံးတွင် တိုင်းသူပြည်သားလူအများတို့ သည် ရင်းနှီးမြုပ်နှံသူ- Contractor ၏ လုပ်ဆောင်ချက် များကို သဘောကြ နှစ်ခြိုက်ခြင်း မရှိ၍ တတိုင်းပြည် လုံးနီးပါး ဆန့် ကျင်ခဲ့ပါလျှင် စီမံကိန်းစာချုပ်အား လွယ်ကူစွာ ဖျက်သိမ်း ပေးရန် အာမခံပါသည် ဟူသော အချက်များပင်ဖြစ်သည်။


သို့ အတွက်ကြောင့် မင်းကျင့်တရား ၁၀ပါးနှင့် ပြည့်စုံသော သမ္မတကြီးနှင့် ထိုစီမံကိန်းကို အကောင်အထည် ဖော်ဆောင်နေသော အထက် လူကြီးများသည် တိုင်းသူပြည်သားတို့  သဘောကြ နှစ်ခြိုက်ခြင်း မရှိသော ၊ ဆန့်ကျင်နေသော ၊ စိုးရိမ် ထိန့် လန့်  နေသော ထိုစီမံကိန်းနှင့် ပတ်သတ်သည့် ဆိုးကျိုးများ ၊ အခြေအနေများ အားလုံးသည် ဖြစ်လာဖွယ်ရာ မရှိပါဟူသည့် ဖြေရှင်းချက်ကို နည်းပညာ ပိုင်းဆိုင်ရာ မည်သည့် ပစ္စည်းများကို အသုံးပြုထား၍ ပြည်သူများ၏ မလိုအပ်သော စိုးရိမ်မှုများအား အတွေးထဲမှ ထုတ်ပြစ်လိုက်ပါ ဟူသည့် ဖြေသိမ့် ရှင်းလင်းချက်များကို ရေးသားဖော်ပြ နေမည့်အစား Contractor မှ ဝယ်ယူပေးအပ်ထားသည့် Original Political Risk Insurance Contract အား တိုင်းသူပြည်သားများ လွယ်ကူစွာ သိရှိစေရန် ဆောင်ရွက်ခြင်းဖြင့် အောက်ဖော်ပြပါ မလိုအပ်သော အခြေအနေများကို ဖယ်ရှားနိင်ပေမည်။

၎င်းတို့ မှာ

(၁) တရုတ် - Contractor သည် ၄င်းလုပ်ဆောင်ရမည့် စီမံကိန်းဆိုင်ရာ လုပ်ငန်းစဉ်များကို တိုင်းသူပြည်သား များ၏ သဘော တူညီမှုဖြင့် အေးဆေးစွာ လုပ်ဆောင်နိုင်မည်။

(၂) တိုင်းသူပြည်သား တို့ သည် ယင်းတို့ ၏ မလိုအပ်သော စိုးရိမ်မှုများကို လွယ်ကူစွာ ဖယ်ရှားနိုင်၍ နေ့ စဉ် ပြုလုပ်ရမည့် လုပ်ငန်း ဆောင်တာများကို အေးဆေးစွာ ဆက်လက် လုပ်ဆောင်နိုင်မည်။

(၃) တိုင်းသူပြည်သားတို့ ၏ ထောက်ခံမှုကို ရရှိ၍ တရုတ်နှင့် မြန်မာကြား ချစ်ကြည်ရင်းနှီးမှုကိုလဲ ပိုမို ခိုင်မာ စေမည် စသည့် အချက်များ ပင်ဖြစ်သည်။

နောက်ဆုံး တင်ပြလိုသည့် တတိယအချက်မှာ..

(၃) ကမ္ဘာ့ဘဏ်တွင်ထားရှိသော ရင်းနှီးမြုပ်နှံသူ၏ စီမံကိန်းဆိုင်ရာ ကုန်ကျစရိတ်နှင့် တိုက်ရိုက်မပတ်သတ်သော သတ်မှတ်ထားသည့် ငွေကြေး အာမခံချက် ( Banker's Guarantee from World Bank )

ဤအချက်သည် ရင်းနှီးမြုပ်နှံသူ တရုတ်ပြည် (Contractor) ၏ စီမံကိန်းနှင့် ပတ်သတ်သော သဘောတူ စာချုပ်ပါ အချက်အလက် များမှ တခု သို့ မဟုတ် တခုထက်ပိုသော အချက်အလက်များကို လုပ်ဆောင်ခြင်း မရှိသော အခါတွင် ၊ သို့ မဟုတ် ငြင်းဆန်သော အခါမျိုးတွင် မြန်မာပြည် (Owner) မှ ရင်းနှီးမြုပ်နှံသူ၏ ကမ္ဘာ့ဘဏ်တွင် ထားရှိသော ငွေကြေးအား ရယူပိုင်ခွင့် ရှိပါသည် ဆိုသော ဘဏ်၏ အာမခံချက် သဘောတူ စာချုပ်အား ရယူထားနိုင်ခြင်း ဖြစ်သည်။ ထိုအချက် သည်လည်း တိုင်းသူပြည်သား တို့ အား စိတ်အေး ချမ်းသာမှုကို ပေးစွမ်းနိုင်၍ စီမံကိန်းကို အကောင်အထည် ဖော်ရာတွင် လွယ်ကူစွာ ပြီးမြောက် အောင်မြင်နိုင်ပေမည်။


အထက်ပါ အကြောင်းအရာ ၃ချက်အား စီမံကိန်းဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များမှ ရှင်းလင်းစွာ ဖော်ပြထားသည့် အထောက်အထား နှင့်တကွ ပါရှိသော စာမျက်နှာများ ၊ ခိုင်လုံသော သက်သေများသည် ယနေ့ အချိန်အခါတွင် အစိုးရ သတင်းစာများမှ ရေးသားဖော်ပြလျှက် ရှိနေသော နည်းပညာပိုင်း ပိုင်ဆိုင်ရာ ရှင်းလင်းချက်များ ၊ အားပေး နှစ်သိမ့်မှုများ ထက် ပိုမိုထိရောက်စွာ သန်း ၆၀ ကျော်သော ပြည်သူ ပြည်သားတို့ ၏ မလိုအပ်သော စိုးရိမ် ထိတ်လန့်  မှုအား ကာကွယ်မှု ပေးနိုင် ပေလိမ့်မည်ဟု ကျမ ယုံကြည်ပါသည်။

အဘယ့်ကြောင့်ဆိုသော် စီမံကိန်းတွင် အသုံးပြုထားသော အရည်အသွေး မြင့်မားသည့် ပစ္စည်းများ ၊ နည်းပညာများသည် လူသန်းပေါင်း ၆၀ ကျော်သော မြန်မာပြည်သူ လူထုကြီးအား မည်သည့် နည်းနှင့်မျှ လေ့လာ စစ်ဆေးခွင့် ရနိုင်ကြလိမ့်မည် မဟုတ်ပါ။ လေ့လာ စစ်ဆေးခွင့် ရနိုင်သည် ဆိုစေကာမူ ထိုသန်း ၆၀ ကျော်သော တိုင်းသူပြည်သား အားလုံးတို့  သည် နည်းပညာ ဆိုင်ရာ အချက်အလက် များကို နားလည် ကြလိမ့်မည် မဟုတ်ပါ။

သို့ ပါသောကြောင့် တရားစောင့်သော သမ္မတကြီးသည် တိုင်းသူပြည်သား တို့ ၏ ဆန္ဒဖြင့် ရွေးချယ် တင်မြှောက် ထားသော မင်း/သမ္မတ တဦး ဖြစ်သည်နှင့် လျှော်ညီစွာ တိုင်းသူ ပြည်သားတို့  ၏အကျိုး နှင့် အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ခြင်း၊ တိုင်းသူပြည်သား တို့ ၏ စိုးရိမ် ထိတ်လန့် မှုနှင့် နှလုံးစိတ်ဝမ်း ဝမ်းနည်း ကြေကွဲခြင်းများကို တိုင်းပြည် အေးချမ်း သာယာရေးကို ရှေးရှု၍ သုတ်သင် ဖယ်ရှားပေးနိုင်ခြင်း တည်းဟူသော လုပ်ဆောင်မှု များကို မျှော်လင့် အားကိုး၍ လူသန်းပေါင်း ၆၀ ကျော်၏ ဆန္ဒနှင့် ထပ်တူကျသော ယခုစာကို သမ္မတကြီးအား ပေးပို့ လျှောက်ထား လိုက်ပေသည်။

အချုပ်အားဖြင့် ဆိုရသော် ကျမတို့ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် လှည်းနေ လှေအောင်း မြင်းဇောင်း မကျန်သော သက်ရှိသက်မဲ့ သတ္တဝါအားလုံးတို့ သည် ဘာသာတရား ထွန်းကားသော တိုင်းပြည်၏ အရိပ်အာဝါသ အောက်တွင် တည်ရှိကြသူများ ဖြစ်သည့် အားလျှော်စွာ သည်းခံခြင်း ပါရမီနှင့် အလွန်တရာ ပြည့်စုံကြွယ်ဝ ကြပေသည်။ သို့ သော် " အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး" ဟူသော မြန်မာပြည်ဖွား နိုင်ငံသားတိုင်း လေးစား လိုက်နာရမည့် တာဝန်တရပ်အား ကျေပွန်ခြင်းငှာ မိမိတိုင်းပြည် ပျောက်ဆုံး ပျက်ဆီးမည့် အရေးကို ကာကွယ်လိုခြင်း ၊ တိုင်းပြည်၏ အချုပ်အခြာ အာဏာသည် တိုင်းသူပြည်သား တို့ ၏ လက်ဝယ်တွင် မရှိဘဲ တိုင်းတပါး၏ စီမံအုပ်ချုပ်ခံ တိုင်းပြည်သို့ ရောက်ရှိမည့် အရေးအား ကာကွယ်လိုခြင်း တည်းဟူသော အမျိုးသားရေး စိတ်ဓာတ်များကား မိမိအသက် ထက်ပိုမို၍ လွန်စွာ ရှင်သန်နိုးကြား လှပေသည်။ သို့ ပါသောကြောင့် တရားစောင့်သော သမ္မတကြီးသည် တိုင်းသူပြည်သား များအား သနားကြင်နာ သောအားဖြင့် ကျမတို့ တိုင်းပြည်တွင် လက်ရှိ ရင်ဆိုင် နေရသော မြစ်ရေကာတာ စီမံကိန်းများနှင့် ဆက်လျှဉ်း၍ ဖြစ်ပေါ်နေသည့် စိုးရိမ် ထိတ်လန့် မှု များအား မင်းကျင့်တရား ၁၀ပါးနှင့် လျှော်ညီစွာ လိုအပ်သလို ဖယ်ရှား သုတ်သင် ပေးပါရန် မေတ္တာရပ်ခံ အပ်ပေသည်။

"ကျမတို့ တိုင်းပြည်ရှိ တိုင်းသူပြည်သားများသည် တိုင်းတပါး၏ အနည်းငယ်မျှ ပေးကမ်းစွန့် ကြဲသော ချမ်းသာမှု များကို ရရှိခြင်းထက် ကိုယ့်တိုင်းပြည်၏ အချုပ်အခြာ အာဏာကို လက်ဝယ် ပိုင်ဆိုင်၍ ဆင်းရဲ နေခြင်းအား ပိုမို လိုအပ် လှပေသည်။"

လေးစားစွာဖြင့်

ကြည်ဝါထွန်း

(မှတ်ချက် - ကျမသည် ယခု အချိန်အထိ အမိမြန်မာနိုင်ငံ၏ ဥပဒေအား ဆန့် ကျင်နေသည့်မည်သည့် ပါတီ၊ အဖွဲ့ အစည်းနှင့်မျှ ဆက်စပ်ခြင်း၊ တော်လှန်ပုန်ကန်ခြင်းများ မရှိခဲ့ကြောင်းကို ရှင်းလင်းရိုးသားစွာ သစ္စာကတိပြုပါသည်)

နိုင်ငံသားတစ်ယောက်ရဲ့ ပြောရေးဆိုပိုင်ခွင့်ကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။ ဧရာဝတီ ကိစ္စဟာ အမျိုးသားရေး နဲ့ သက်ဆိုင်လာတဲ့ ကိစ္စ တစ်ရပ် ဖြစ်လာတာကြောင့် ကျနော်တို့  အားလုံးလည်း နိုင်ငံသားတစ်ယောက် အနေနဲ့  ရပိုင်ခွင့် လုပ်ပိုင်ခွင့် အချို့ကို အသုံးချပြီး သမ္မကြီးနဲ့  အစိုးရ အဖွဲ့  အား အမျိုးသား အကျိုးစီးပွား ပျက်သုန်းမည့် ကိစ္စ ကို ပြန်လည်သုံးသပ် ကြစေဖို့  ၀ိုင်းဝန်းတိုက်တွန်း ကြပါစို့ ဗျာ။

Source...http://www.justice999burma.com/2011/08/facebook.html

Back to Top